← Chapters

ရွှေအမြုတေအလယ်အဆင့်၊ ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ် အဆင့်တက်ခြင်း

Vol. 19 Ch. 375

ရွှေအမြုတေအလယ်အဆင့်၊ ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ် အဆင့်တက်ခြင်း

Vol. 19 Ch. 375

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရတနာအသင်္ချေမြို့ရှိ သူတို့၏ဂူသို့ပြန်ခဲ့ပြီးနောက် ငှားရမ်းမှုကို နောက်ထပ် နှစ်နှစ် သက်တမ်းတိုးလိုက်သည်။ အသေးအဖွဲ့ကိစ္စတချို့ကို ရှင်းပြီးနောက်မှာတော့ ကျန်းချန်ရွှမ်တို့စုံတွဲသည် အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးကို စတင်သန့်စင်ကြတော့သည်။

အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးသည် အဆင့် ၄ အလယ်အဆင့် ဆေးလုံးဖြစ်သော်လည်း ရွှေအမြုတေ နောင်းပိုင်းအဆင့်များအတွက်ပင် အကျိုးသက်ရောက်မှုရှိသေးသည်။ ထို့ကြောင့် ထိုဆေးလုံးသည် အချို့သော အဆင့် ၄ အမြင့်ဆုံးအဆင့်များထက်ပင် ပို၍ တန်ဖိုးကြီးပေသည်။

ထိုသို့ပင်၊ အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးကို သန့်စင်ရာတွင်လည်း တခြားသော အဆင့် ၄ အလယ်အဆင့်ဆေးလုံးများထက် ခက်ခဲမှုအဆင့် ပို၍မြင့်မားလေသည်။ ကံကောင်းစွာဖြင့် ရှန်းရူယန်၏ အဂ္ဂိရတ်ပညာနှင့်ဆိုလျှင်တော့ ပြဿနာမဟုတ်တော့ပေ။

ဒါ့အပြင် ကျန်းချန်ရွှမ်လို အဆင့်၃ ထိပ်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ အကူအညီပါ,ပါနေတာကြောင့် ဘာကိုမှ စိုးရိမ်နေစရာမလိုတော့ပေ။

ကျန်းချန်ရွှမ်က သူ့မီးဖိုကို ထုတ်ယူလိုက်သည်နှင့် ရှန်းရူယန်သည်လည်း မီးဖိုထဲသို့ လောင်စာများထည့်ကာ ဆေးပင်များကို သန့်စင်သည့် လုပ်ငန်းစဉ် စတင်လုပ်ဆောင်တော့သည်။ ထိုအဆင့်ကို သူမတစ်ယောက်တည်းသာ လုပ်လျှင် အချိန် လေးလလောက်ပေးရမည်ဖြစ်သည်။

ကျန်းချန်ရွှမ်၏အကူအညီပါ,ပါလာချိန်မှာတော့ ဆေးပင်များသန့်စင်သည့်အဆင့်ကို နှစ်လခွဲလောက်နှင့် လုပ်နိုင်ပေသည်။

ရှန်းရူယန်က ဆေးပင်အားလုံးကို သန့်စင်ပြီးသွားချိန်မှာတော့ ဆေးရည်အဖြစ်ပေါင်းစပ်ရန် အချိန်ကျပေပြီ။ ထိုအဆင့်ကိုသာ ကောင်းကောင်းမလုပ်နိုင်ခဲ့လျှင် ဆေးလုံးသန့်စင်သည့်လုပ်ငန်းတစ်ခုလုံး ကျရှုံးသွားမည်ဖြစ်သည်။

ကံကောင်းစွာဖြင့် ရှန်းရူယန်က ထိုအဆင့်ကို သေသေသပ်သပ် ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ခဲ့သည်။ သူမ ထိုအဆင့်ကို ပြီးဆုံးသွားချိန်မှာတော့ တစ်လခွဲထပ်ကုန်သွားပြီဖြစ်သည်။

နောက်ဆက်ပြီး ဆေးလုံးအဖြစ်သိပ်သည်းပြီး ထိုဆေးလုံးကို စွမ်းအားပြည့်ဝအောင် ပြုလုပ်ရမည့်အချိန်ပင်ဖြစ်သည်။ ဒီအဆင့်ကိုရောက်သည်နှင့် ရှန်းရူယန် ပိုလို့ပင် အာရုံစူးစိုက်လာခဲ့သည်။ သူမ နည်းနည်းလေးမှ အမှတ်တမဲ့မလုပ်ရဲပေ။

ကျန်းချန်ရွှမ်ကလည်း မီးအပူချိန်ကို ထိန်းညှိပေးရင်း သေချာဂရုတစိုက် စောင့်ကြည့်ပေးနေခဲ့သည်။

ထိုသို့ဖြင့်… ရက်နှစ်ဆယ်ကုန်လွန်သွားခဲ့သည်။

နောက်ဆုံးမှာတော့ မီးဖိုထဲမှ ဆေးရည်များသည် လေးပိုင်းကွဲသွားခဲ့သည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ထိုဆေးရည်လေးပုံသည် အလုံးလေး လေးလုံးအဖြစ်သို့ တဖြည်းဖြည်း ဖွဲ့စည်းသွားကာ ဆေးလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး မွှေးပျံ့သောရနံ့များ သိပ်သည်းစွာ ပေါ်ထွက်လာတော့သည်။

သို့သော်လည်း ထိုအချိန်မှာပဲ ရှန်းရူယန်က မျက်မှောင်ကြုတ်လိုက်လေသည်။ ထို့နောက် ဆေးလုံးအဖြစ်သို့ပြောင်းလဲနေပြီဖြစ်သည့် ဆေးရည်တစ်ပုံသည် ရုတ်တရက်ကြီး တရှဲရှဲမြည်လာခဲ့သည်။ ၎င်း၏အပေါ်ယံလွှာသည် ချက်ချင်းဆိုသလို မီးခိုးနက်ရောင်အလွှာတစ်လွှာ ဖုံးလွှမ်းသွားလေသည်။

ထိုအခြေအနေကိုမြင်သည်နှင့် ရှန်းရူယန်သည် ပြတ်ပြတ်သားသားပင် ထိုဆေးရည်ကို စွန့်ပစ်လိုက်လေသည်။ ထို့နောက် သူမ၏အာရုံအလုံးစုံကို ကျန်သည့် ဆေးလုံးသုံးလုံးပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

အချိန်က တဖြည်းဖြည်း ကုန်လွန်နေခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ လုပ်ငန်းစဉ်က အဆင်ပြေချောမွေ့နေပေသည်။

နောက်ထပ်တစ်လ ကုန်ဆုံးသွားပြီးနောက်မှာတော့…

အနီ၊အဝါ၊အပြာရောစပ်နေသည့် ဆေးလုံးသုံးလုံးက ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်တို့၏ နတ်ဘုရားအာရုံထဲတွင် ပေါ်ထွက်လာခဲ့သည်။

ညင်သာသည့်အသံတစ်သံနှင့်အတူ မီးဖိုအဖုံးကလည်း ပွင့်လာခဲ့သည်။

ရှန်းရူယန်က အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးသုံးလုံးကိုယူကာ သူမကြိုတင်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တစ်ယောက်ကိုတစ်ယောက် ပြုံးရင်း ကြည့်လိုက်မိကြသည်။

ထို့နောက်တွင်တော့ ကျန်းချန်ရွှမ်တို့စုံတွဲသည် အချိန်မဆွဲနေကြဘဲ ဝိညာဉ်ဆေးလုံးတစ်လုံးစီယူကာ သက်ဆိုင်ရာကိုယ်ပိုင်အခန်းများသို့ပြန်ပြီး စတင်ကျင့်ကြံတော့သည်။

တစ်ဖက်တွင်…

ကျန်းချန်ရွှမ်သည် အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးကို မြိုချလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် ရုတ်တရက်ဆိုသလို သိမ်မွေ့လှသည့် ဓမ္မစွမ်းအင်များက တဟုန်ထိုးစီးဆင်းသွားသည်ကို ခံစားလိုက်ရလေသည်။ သူက စစ်မှန်သောဓာတ်ငါးပါးနည်းစနစ်ကို အကြိမ်အနည်းငယ်ခန့် လှည့်ပတ်လိုက်သည်။

မည်သည့်အတားအဆီး ပိတ်ဆို့မှုကိုမှ မကြုံတွေ့ရဘဲ ကျန်းချန်ရွှမ်သည် ရွှေအမြုတေ စတုတ္ထအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့လေသည်။ တစ်နည်းအားဖြင့် ရွှေအမြုတေ အလယ်အဆင့်သို့ ရောက်ခဲ့ပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအားပမာဏသည် ယခင်နှင့်ယှဉ်လျှင် နှစ်ဆအထိတိုးသွားခဲ့တာကြောင့် သူပင့်သက်ရှိုက်လိုက်မိတော့သည်။

ရွှေအမြုတေအဆင့်ကိုရောက်ရှိပြီးနောက်တွင် အဆင့်သေးလေးတစ်ခုစီတိုင်းကပင် ကွာခြားချက် အလွန်ကြီးမားလာပေသည်။ သူ့အတွက်တော့ ရွှေအမြုတေအစောပိုင်းဆင့်နှင့် အလယ်အဆင့်ကြားတွင် သူပိုင်ဆိုင်သည့် ဓမ္မစွမ်းအားပမာဏစုစုပေါင်းသည် ယခင်ထက် နှစ်ဆသို့မဟုတ် ထိုထက်ပိုလာခဲ့ပေသည်။ ဒါ့အပြင် သူသည် လက်ရှိတွင် စတုတ္ထအဆင့်သာရှိသေးကာ သူ့အတွက် တိုးတက်ဖို့လမ်းတွေ အများကြီး ကျန်ပေသေးသည်။

သူသာ ဆဌမအဆင့်၏အထွတ်အထိပ်သို့ရောက်သွားလျှင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဓမ္မစွမ်းအားပမာဏမှာ ရွှေအမြုတေအစောပိုင်းအဆင့်တုန်းကထက် တစ်ဆနှစ်ဆထက်မက ပို၍တိုးများလာမည်မှာ အသေအချာပင်။

တချိန်တည်းမှာပဲ၊

ကျန်းချန်ရွှမ် အဆင့်တက်နေချိန်အတွင်းမှာပင် သူ၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုနှင့် ရှေးဦးဝိညာဉ်သည်လည်း အများကြီး တိုးတက်လာပုံပေါ်ပေသည်။

အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးသည် တကယ်ကိုပင် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအား၊ ခန္ဓာကိုယ်ခွန်အားနှင့် ရှေးဦးဝိညာဉ်ကိုပါ တပြိုင်တည်း တိုးတက်လာနိုင်အောင် လုပ်ပေးနိုင်ပေသည်။ ဤရလဒ်မှာ အနှစ်သာရသုံးပါးဝိညာဉ်သစ်သီးကို ဒီအတိုင်းစားလိုက်ခြင်းထက် များစွာ သာလွန်ပေသည်။

အနည်းဆုံးတော့ ကျန်းချန်ရွှမ်သည် သူ့ရှေးဦးဝိညာဉ်၏ခွန်အားသည် ရွှေအမြုတေအလယ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ခုန်တက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူ၏နတ်ဘုရားအာရုံခံနိုင်စွမ်း၏ အတိုင်းအတာပင်လျှင် နှစ်ဆတိုးသွားပေသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကတော့…

ပြောနေစရာပင်မလိုတော့ပေ။

အချိန်မရွေးဆင့်ချိုးဖြတ်နိုင်မည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

သို့သော်လည်း သူ၏အခြေခံကို ပိုမိုသန်မာလာစေပြီးမှ ရုပ်ပိုင်းဆိုင်ရာအုတ်မြစ်ကို မြှင့်တင်ရန်အတွက် ကျန်းချန်ရွှမ်သည် သူ့ခန္ဓာကိုယ်အတွက် အဆင့် ၄ အဆင့်မြင့် ရေနဂါးသွေးအဆီအနှစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။

ရေနဂါးသွေးအဆီအနှစ်လိုမျိုးအရာကို ပုံမှန်ခန္ဓာကိုယ်မွမ်းမံသည့် ဝိညာဉ်ပစ္စည်းတွေလိုမျိုး တိုက်ရိုက်အသုံးမပြုနိုင်ပေ။ ထိုအစား သူ့ကို မသုံးခင် ခန္ဓာကိုယ်မွမ်းမံခြင်းအတွက် အထောက်အကူဖြစ်စေသော ဝိညာဉ်ဆေးပင်များနှင့် ရောနှောဖို့လိုအပ်ပေသည်။

***

All Chapters