အားလုံးစုဝေးခြင်း၊ အပျက်အစီးပွင့်ပြီ (၁)
Vol. 19 Ch. 377
ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများအားလုံးသည် ကျန်းချမ်ရွှမ်၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
သို့သော် ကျောက်စိမ်းတုံးတွင် မှတ်တမ်းတင်ထားသည်မှာ သူမျှော်လင့်ထားသကဲ့သို့ စက်သားရဲများအကြောင်း ပြီးပြည့်စုံသည့် အသေးစိတ်အမွေအနှစ်များဟုတ်မနေပေ။ ကျောက်စိမ်းပြားထဲမှ မှတ်တမ်းများမှာ အလွန်ကိုမှ အခြေခံကျလှသည်။ ထိုထဲတွင် စက်သားရဲများကို သန့်စင်နိုင်သည့်နည်းလမ်း အဆင့် ၁ မှ အဆင့် ၃ အထိသာပါဝင်လေသည်။
ကျန်းချမ်ရွှမ်တစ်ယောက် အသေးစိတ်ကြည့်လိုက်ကာ မှတ်တမ်းတင်ထားသည့် စက်သားရဲအရေအတွက်မှာ အကန့်အသတ်များရှိနေသည်ကို သဘောပေါက်ခဲ့တော့သည်။
အဆင့်၁တွင် တိုက်ခိုက်ခြင်း ခုခံခြင်း ထောက်လှမ်းခြင်းများကိုအထူးပြုထားသော အမျိုးအစားလေးမျိုးခွဲထားလေသည်။
အဆင့်၂တွင် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးသာရှိ၍ အဆင့်၃ရောက်သောအခါတွင် တစ်ခုမျှသာရှိတော့သည်။
သို့သော်လည်း ၎င်း၏အသုံးပြုပုံမှာ ထိုးစစ်လည်းမဟုတ်သလို ခံစစ်လည်းမဟုတ်ဘဲ အခင်းအကျင်းတစ်ခုအဖြစ်သာ အသုံးပြုလို့ရကာ သာမာန်အဆင့်၃ သင်္ဘောများ၏အရှိန်ကို ၃၀ရာခိုင်နှုန်းအထိ ပိုမြန်သွားစေနိုင်လေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ လူအများကြီးကို မသယ်ဆောင်နိုင်ခြင်းဖြစ်သည်။
အကယ်၍ ကျန်းမိသားစုသာ ဤစက်သားရဲသန့်စင်ခြင်းနည်းလမ်းကို ကျွမ်းကျင်တက်မြောက်သွားလျှင် အနာဂတ်မှာ ကျန်းမိသားစုအတွက် ကြီးမားသော အကျိုးကျေးဇူးများကို သယ်ဆောင်လာနိုင်ပေလိမ့်မည်။
ထို့အပြင် စက်သားရဲများ၏ အားသာချက်သည် ရုပ်သေးများလို ကျင့်ကြံသူများက သူတို့၏ နတ်ဘုရားအာရုံဖြင့် ကိုယ်တိုင်ထိန်းချုပ်ဖို့ရန် မလိုအပ်ပေ။
စက်သားရဲများသည် ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်သာ ထောက်ပံ့ပေးနိုင်သ၍ ညွှန်ကြားချက်များအတိုင်း တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပေသည်။
ကျောက်စိမ်းပြားကို ထည့်လိုက်ပြီးနောက် ကျန်းချမ်ရွှမ်တစ်ယောက် အချိန်ကိုတွက်ချက်ကြည့်တဲ့အခါ အပျက်အစီးပွင့်ဖို့အတွက် အချိန်သိပ်မလိုတော့ကြောင်း သတိထားမိသွားလေသည်။ ထို့ကြောင့် သူ၏ကျင့်ကြံခန်းထဲတွင် ဆက်မနေတော့ဘဲ အပြင်သို့ထွက်လာခဲ့လိုက်သည်။
ထို့အပြင် ရှန်းရူယန်သည်လည်း သူ့ထက်အရင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရလေသည်။
သူတို့နှစ်ဦးဆုံချိန်မှာ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက်စောင့်ရင်း အချိန်တွေ ဖြုန်းမိသွားကြောင်း သလိုက်ရသည်။
စကားပြောကြည့်ပြီးနောက်မှာတော့ ရှန်းရူယန်သည်လည်း သူ့လိုပင် ရွှေအမြုတေ အဆင့် ၄ကို ရောက်သွားပြီဖြစ်ကြောင်း ကျန်းချန်ရွှမ် သိလိုက်ရလေသည်။
ထို့အပြင် သူမသည် မိုးကြိုးနတ်ဆိုးသတ်ဖြတ်သူကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။ သူမသည်လည်း ပစ္စည်းဖလှယ်ပွဲနေ့က လဲလှယ်ခဲ့သည့် မိုးကြိုးနက္ခတ်ကျောက်တုံးကို အသုံးပြုကာ သူမ၏မူလဓမ္မရတနာဖြစ်သော မိုးကြိုးဆင်းကောင်းကင်ဘုံတံဆိပ်တော်ကို အဆင့် ၄ရောက်အောင် မြှင့်တင်နိုင်ခဲ့လေသည်။
ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းမှ အောင်မြင်လာသည့် ရှန်းရူယန်၏ ကျင့်ကြံဆင့်၊ ဓမ္မရတနာနှင့် နတ်ဘုရားစွမ်းအင်တို့သည်လည်း ကျန်းချန်ရွှမ်အောက် မနိမ့်ကျပေ။
“ဒါနဲ့၊ ယောက်ျား၊ တာအိုမိတ်ဆွေကွမ်းက ရှင့်ကိုရော စာပို့သေးလား။”
ထိုအချိန်မှာပဲ ရှန်းရူယန်က ရုတ်တရက်တွေးမိလာကာ ကျန်းချန်ရွှမ်အား မေးလိုက်လေသည်။
ကျန်းချန်ရွှမ်က ထိုအမေးကြောင့် အံ့ဩသွားလေသည်။
“သူ မင်းကို စာပို့ခဲ့လို့လား။”
“ဟုတ်တယ်။” ရှန်းရူယန် ခေါင်းညိတ်လိုက်သည်။
“မကြာသေးခင်တုန်းက သူ ကျွန်မကိုစာပို့လာပြီး သူအခု ယွီလိုင်တည်းခိုခန်းမှာရှိနေလို့ သူ့ဆီလာရှာလို့ရကြောင်း ပြောထားတယ်။”
“အဲ့လိုကိုး။”
ကျန်းချန်ရွှမ်သည် ထိုအကြောင်း တကယ်ကို မသိထားခဲ့ပေ။
ထို့နောက် သူတို့စုံတွဲလည်း ခဏမျှ စကားဆက်ပြောခဲ့ကြသည်။
ဒါပေါ့၊ ကျန်းချန်ရွှမ်က သူ စက်သားရဲများ၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ကြောင်းကို ရှန်းရူယန်အား ပြောပြခဲ့ပေသည်။
ကျန်းချန်ရွှမ်သည် အကြောင်းအရင်းမရှိ ထိုကဲ့သို့သော ပစ္စည်းများ ရရှိလာတတ်သည်ကို ရှန်းရူယန်လည်း ကျင့်သားရနေပြီဖြစ်သည်။
ကျန်းချန်ရွှမ်ကိုယ်တိုင် ဖွင့်ပြောမလာသေးသ၍ သူမလည်း မေးမည်မဟုတ်ပေ။
သို့သော်လည်း စက်သားရဲများ၏အမွေအနှစ်ကိုတော့ သူမ အတော်လေး စိတ်ဝင်စားမိလေသည်။
သူမ၏အတိတ်ဘဝတွင် လက်မှုပညာများစွာနှင့် အကျွမ်းတဝင်ရှိခဲ့သော်လည်း စက်သားရဲနှင့် ရုပ်သေးများနှင့် ဆက်စပ်ပြီးတော့ ဘာမှ မလုပ်ခဲ့ဖူးပေ။
ထို့ကြောင့် ကျန်းချန်ရွှမ်သည် သူမအတွက် ကျောက်စိမ်းပြားကို ပွားပေးခဲ့လေသည်။
ရှန်းယူယန်ဖတ်ပြီးတဲ့သောအခါ အလွန်ပင်အံ့သြသွားခဲ့သည်။
"စက်သားရဲတွေက လက်မှုပညာတွေထဲမှာ တကယ်ကိုလေးနက်တာပဲ။
အစီအရင်တွေ၊ လက်နက်သန့်စင်တာတွေ၊ အဆောင်တွေတင်မကဘူး မန္တာန်တွေနဲ့ နတ်ဘုရားစွမ်းအင်တွေပါ ပါတာပဲ"
စက်သားရဲထဲတွင် ထိုးစစ် သို့မဟုတ် ခံစစ် အစီအရင်များ ထွင်းထုလိုလျှင် သတ်ဆိုင်ရာ မန္တာန်များ သို့မဟုတ် နတ်ဘုရားစွမ်းအင်များအကြောင်း ဘာမှ မသိထားပါက အလွန်ကိုမှ ခက်ခဲပေလိမ့်မည်။
ကျန်းချမ်ရွှမ်ကဲ့သို့ပင် ဤစပ်သားရဲအမွေအနှစ်များကို သေချာအသုံးချနိုင်လျှင် ကျန်းမိသားစုအတွက် ကောင်းကျိုးများရရှိလာနိုင်သည်ကို ရှန်းယူယန်လဲ ယုံကြည်ထားခဲ့သည်။
……
ရက်အနည်းငယ်ကြာကြီးနောက်.........
ကျန်းချမ်ရွှမ်နှင့် ရှန်းယူယန်တို့ ဂူထဲမှထွက်လာခဲ့ပြီး ယွီလိုင်တည်းခိုခန်းဆီသို့ ဦးတည်းခဲ့ကြသည်။
ယွီလိုင်တည်းခိုခန်းတွင် ကွမ်းရှင်းထင်ကိုမြင်လိုက်သောအခါ ကွမ်းရှင်းထင်၏အော်ရာမှာ အရင်ကထက် ပို၍အားကောင်းနေကြောင်း သတိထားမိလိုက်ကြလေသည်။
"တာအိုမိတ်ဆွေကျန်းနဲ့ တာအိုမိတ်ဆွေကျန်း အပျက်အစီးပွင့်ဖို့ တစ်လတောင် မလိုတော့ဘူး။ ကျွန်မတို့ အခုကတည်းက စထွက်ကြရင်မကောင်းဘူးလား။
ကျွန်မတို့ အဲ့ကိုရောက်တဲ့အချိန်ကျရင် အပျက်အစီးဝင်ပေါက်ဖွင့်ဖို့ သိပ်လိုတော့လောက်မှာမဟုတ်ဘူး။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့တွင် ကန့်ကွက်စရာမရှိပေ။ နောက်မှသွားတာထက် စောစောကြိုသွားထားတာက ပိုကောင်းပေသည်။
ရတနာအသင်္ချေအင်မော်တယ်မြို့တော်မှ ထွက်ခွာပြီးနောက် သုံးဦးသားသည် သူတို့၏ဦးတည်ရာသို့ ပျံသန်းထွက်ခွာခဲ့ကြလေသည်…
***