← Chapters

ဖြတ်ကျော်တိုကင် (၂)

Vol. 19 Ch. 380

ဖြတ်ကျော်တိုကင် (၂)

Vol. 19 Ch. 380

ဤနေရာသည် အလွန်ပင်...

ထိုအတွေးသည် သူ့စိတ်ထဲသို့ လျှပ်တစ်ပြက်ဝင်ရောက်လာစဉ် ကျန်းချန်ရွှမ်သည် တောင်ပံများ တဖျက်ဖျက် ခပ်သံကို ကြားလိုက်ရသည်။

ခနအကြာတွင် ထူထပ်သောမိစ္ဆာချီသည် သူ၏မျက်နှာကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။

ရွှမ်းရွှမ်း--

လေကြမ်းတစ်ခုတိုက်ခတ်သွားပြီးသည်နှင့် ကျန်းချန်ရွှမ်၏ရှေ့တွင် အလွန်ရှည်လျားမြင့်မားသော မိစ္စာတစ်ကောင် ရောက်ရှိလာသည်။ သူ၏ခန္ဓာကိုယ်သည် အစိမ်းရောင်၊ အဝါရောင်နှင့် အညိုရောင်တို့ဖြစ်ပြီး ထူထပ်သောသံချပ်ကာဖြင့် ဖုံးအုပ်ထားသည်။

ခေါင်းသည် သုံးပွင့်ဆိုင် ဖြစ်၍ မျက်လုံးများမှာ ကြက်သွေးရောင်ဖြစ်သည်။ သူ၏တံစဉ်ကဲ့သို့ လက်တံများသည် အနှိုင်းမဲ့စူးရှသော တောက်ပမှုနှင့်လင်းလက်နေသည်။

ထိုအရာသည် အဆင့် ၄ ရှိခိုးကောင်အမျိုးအစား မိစ္ဆာဘုရင်ဖြစ်သည်။

ထို့ပြင် ၎င်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေကို ကျူးကျော်သူများအတွက် စစ်ဆေးမှုတစ်ခုဖြစ်သည်။

တစ်ယောက်က ရှိခိုးကောင်မိစ္ဆာဘုရင်ကို ခုခံနိုင်နေလျှင် နောက်တစ်ယောက်သည် ရှေ့ဆက်သွားပေနိုင်လိမ့်မည်။

မဟုတ်ရင်တော့ သူတို့သည် လာရာလမ်းအတိုင်းလှည့်ပြန်ကြရမည်ဖြစ်သည်။

ရုတ်တရက်ပင် ရှိခိုးကောင်မိစ္ဆာဘုရင်သည် အတောင်ပံခတ်လိုက်သည်။

ခနအကြာတွင်ပင် သူ၏တံစဉ်ကဲ့သို့လက်တံများနှင့် ဓားရှည်ကို လခြမ်းသဏ္ဍာန် အလင်းတန်းများဖြင့် လှုပ်ရမ်းကာ ကျန်းချန်ရွှမ်၏ရှေ့သို့ ရောက်လာခဲ့သည်။

ဓားရောင်ခြည်များသည် ထူးခြားသည့်ကြောက်မက်ဖွယ် အော်ရာတစ်ခုကိုထုတ်လွှတ်လျက် ‌ရှုပ်ထွေးရောယှက်သွားသည်။

သာမန်ရွှေအမြုတေအဆင့်ကျင့်ကြသူများအတွက် ဤအရာသည် ခြိမ်းခြောက်ခြင်းလက္ခဏာဖြစ်စေပြီး ခြေဦးတည့်ရာလှည့်ပြေးစေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လက်ရှိကျန်းချန်ရွှမ်အဖို့တော့ ၎င်းသည်ဘာမှမဟုတ်ပေ။

သူသည် တည်ငြိမ်စွာ ရှေ့ဆက်တိုးလိုက်သည်။

ဒင်-

လေထုထဲတွင် ရုတ်တရက် မျက်စိကျိန်းစေမည့် မီးစက်မီးပွားများလိုက်ပါလာပြီး သံချပ်များတိုက်မိသည့်အသံများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်ကို ခုတ်ပိုင်းနေသည့် လခြမ်းသဏ္ဍာန်ဓားရောင်စဉ်များသည် ဓားအလင်းအောက်တွင် ခုတ်ဖြတ်ခံလိုက်ရသည်။

ခနကြာပြီးနောက်တွင်ပင် ဓားအလင်းသည် လေထဲတွင် စက်ဝန်းပြတ်တစ်ခုကိုဆွဲလိုက်ပြီး နားကွဲစေနိုင်လောက်မည့် ကျယ်လောင်သောအသံဖြင့် ရှိခိုးကောင်မိစ္ဆာဘုရင်ဆီသို့ ဦးတည်သွားခဲ့သည်။

ရှူးရှူး--

ရှိခိုးကောင်မိစ္ဆာဘုရင်သည် မျက်ရည်များစီးကျလာခဲ့သည်။

ထို့နောက် အနက်နီရောင်မီးတောက်များ သူ၏ကိုယ်ပေါ်မှ ပေါ်ထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းပင် သူ၏ခန္ဓာကိုယ်သည် နှစ်ဆပိုကြီးသွားသည်။

လက်တံနှစ်ခုကိုမြှင့်တင်လိုက်ပြီး သူတတ်နိုင်သမျှ ဓားအလင်းကိုခုတ်ချပစ်လိုက်သည်။

ဂျိုင်းခနဲမြည်သွားသည်။

လေထဲတွင် မီးဘောလုံးများ ပေါက်ကွဲထွက်သွားသည်။

ရှိခိုးကောင်မိစ္ဆာဘုရင်သည် အဝေးတစ်နေရာသို့ ဆုတ်ခွာသွားခဲ့ပြီး ရှည်လားနက်နဲသည့်တွင်းကြီးတစ်ခုကို ချန်ခဲ့လေသည်။

ကျန်းချန်ရွမ်၏ မျက်လုံးတွင် အံ့ဩခြင်းလက္ခဏာများ ဖြတ်သန်းသွားခဲ့သည်။

ပုံမှန်အားဖြင့် သူသည် သူ၏ဓားကရှိခိုးကောင်ကို နှစ်ပိုင်းပိုင်းဖြတ်နိုင်လိုက်မည်ဟု ထင်နေခဲ့သည်။

ထိုအရာကိုကြည့်ခြင်းဖြင့် သူသည်ရှိခိုးကောင်ကို လျှော့တွက်ခဲ့မှန်းသိနိုင်သည်။

ထန်! ထန်!

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မူလဓမ္မရတနာ၊ ရွှေဗလာနယ်ဓားသည် ကြီးမားသည့် ပိုက်ကွန်တစ်ခုဟု ထင်မှတ်ရလောက်သည့် ဓားအလင်းတန်းများကို တစ်ဆက်တည်း ထုတ်လွှတ်လိုက်လေသည်။

အသက်ရှုတစ်ချက်မျှတွင် မရေမတွက်နိုင်သော ဓားအလင်းများသည်ရှိခိုးကောင်ပေါ်သို့ ကျဆင်းလွှတ်ကျလာသည်။

အဆုံးတွင် ရှိခိုးကောင်မိစ္ဆာဘုရင်၏ တံစဉ်နှစ်ခုသည် ရွှေဗလာနယ်ဓားအောက်တွင် အမှန်တကယ် ပိုင်းဖြတ်ခြင်းခံလိုက်ရသည်။

ထိုမျှမကသေးဘဲ

မိစ္ဆာဘုရင်၏ မျက်ခုံးများကြားတွင် ထပ်ပေါင်း သွေးစီးကြောင်းတစ်ခုလည်း ရှိနေခဲ့သည်။

ထို့နောက် သွေးစီးကြောင်းသည် အောက်သို့ကျလာကာ ပိုမိုကျယ်ပြန်လာခဲ့သည်။

အဆုံးတွင် အဓိကကိုယ်ထည်သည် နှစ်ပိုင်းကွဲသွားကာ ဘေးတစ်ဖက်ဆီသို့ လွင့်စဉ်သွားသည်။

တစ်ချိန်တည်း၌ပင်

ရှိခိုးကောင်အလောင်း၏ ကိုယ်ခန္ဓာနှစ်ပိုင်းသည် ရုတ်တရက်လောင်မြိုက်သွားသည်။

ထို့နောက် အကုန်လောင်မြိုက်ပြီးချိန်တွင် မြေပြင်ပေါ်၌ အနီရောင်တိုကင်တစ်ခုကျန်နေခဲ့လေသည်။

၎င်းအပြင်တော့ အခြားဘာမျှမရှိပေ။

ကျန်းချန်ရွှမ်သည် ထိုနေရာသို့ လျှောက်သွားကာ အနီရောင်တိုကင်ကို ကောက်ယူလိုက်သည်။

သူသည် ထိုတိုကင်ပြားပေါ်တွင် ရှုပ်ထွေးစွာထွင်းထားသော စာလုံးများစွာ ရှိနေသည်ကို ရှာဖွေတွေ့ရှိ သွားခဲ့သည်။ ၎င်းသည် ထူးဆန်းသောလှိုင်းတစ်မျိုးကို ထုတ်လွှတ်နေသည်။

ထိုအရာသည် ကွမ်းရှင်းထင်ပြောသည့် ဖြတ်ကျော်တိုကင် ဖြစ်ပေမည်။

ဤတိုကင်ဖြင့်ဆိုလျှင် သူသည် နောက်တစ်နေရာသို့ ဝင်ရောက်နိုင်ပေမည်။

သူတွေးထားသည့်အတိုင်း ကျန်းချန်ရွှမ်အမြန်ရှေ့ဆက်သွားလိုက်သည်။

ခနကြာပြီးနောက် သူသည် အဖြူရောင်အလင်းမျက်နှာပြင်ပေါ်သို့ နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာသည်။

သူသည်ရှေ့ဆက်တိုးရန်ကြိုးစားလိုက်ပြီးနောက် ထိုအလင်းမျက်နှာပြင်ကိုမဖြတ်သန်းနိုင်မှန်း သဘောပေါက်သွားသည်။

ထို့ကြောင့်သူသည် အနီရောင်တိုကင်ကို အပေါ်မြောက်လိုက်၍ ဓမ္မစွမ်းအားတစ်စွန်းတစ်စကို ထိုထဲသို့ဖြည့်သွင်းလိုက်သည်။

ကျည် ကျည် ကျည်!

ချက်ချင်းပင် အနီရောင်တိုကင်သည် မှိန်ပျပျအလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကျန်းချန်ရွှမ်၏ရှေ့ရှိ အလင်းမျက်နှာပြင်သည် ကျန်းချန်ရွှမ်လက်ထဲရှိ အနီရောင်တိုကင်၏မတည်မငြိမ်ဖြစ်နေခြင်းကို အာရုံခံမိပုံရသည်။ စင်စစ်ပင် ပါးလွှာသည့် လေထုထဲတွင် တံခါးတစ်ချပ် ရောက်ရှိလာသည်။

ကျန်းချန်ရွှမ်ဆီ တခါးဆီမသွားမှီ ခနကြာ စဉ်းစားနေခဲ့သည်။

ဒီတစ်ခါတွင် နေရာကူးပြောင်းခြင်းကြောင့်ဖြစ်သည့် မူးဝေခြင်းကိုသက်သာအောင်မလုပ်နိုင်သေးမှီ သူ့အနားရှိ မူလဓမ္မစွမ်းအင်မတည်မငြိမ်ဖြစ်ခြင်းကို အာရုံခံမိလိုက်သည်။

၎င်းသည် ချက်ချင်းသူ့ကို နှလုံးခုန်ရပ်မတတ်ဖြစ်သွားစေခဲ့သည်။

သူအမြန်ကြည့်လိုက်သောအခါ သူနှင့်မဝေးသောနေရာတွင် လူနှစ်ယောက်‌တိုက်ခိုက်နေသည်ကို တွေ့ရှိလိုက်သည်။

ထိုသူတို့မှာ ရှောက်လျန်နဲ့ ရှဲ့ဟယ်ချွမ်းတို့ဖြစ်သည်။

သူတို့နှစ်ယောက် ဤနေရာ၌ အဘယ်ကြောင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရသည်ကိုတော့ သူ မသိပေ။

ကျန်းချန်ရွှမ်သည် အနီးနားကိုကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်လိုက်သည်။

ဒီတော့ စင်္ကြံလမ်းတစ်နေရာကဲ့သို့ နေရာမျိုးတွင်ပင် သူ ရောက်ရှိနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

တစ်ခုတည်းသောကွာခြားချက်မှာ ဤပတ်ဝန်းကျင်သည် အနည်းငယ်လင်းသည်။

ဤနေရာတွင် ပတ်ဝန်းကျင်ကို အလင်းပေးနိုင်မည့် ညလင်းပုလဲကဲ့သို့ပစ္စည်းမျိုး မလိုအပ်ပေ။

ထိုအချိန်တွင် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည့် ရှောက်လျန်နှင့်ရှဲ့ဟယ်ချွမ်းတို့လည်း ကျန်းချန်ရွှမ်ကို မြင်သွားသည်။

ရုတ်တရက် တတိယလူရောက်လာခြင်းသည် သူတို့၏အမူအယာများကို အေးစက်သွားစေခဲ့သည်။

တစ်ချိန်တည်း၌ပင် သူတို့အရှိန်လျှော့လိုက်သည်။

သူတို့သည် မတုံးအကြပေ။

အခုတတိယလူရှိနေသည့်အတွက် သူတို့တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြမည်ဆိုလျှင် ထိုသူက သူတို့ကိုတိုက်ခိုက်လာသည့်အခါ သူတို့ခုခံနိုင်စွမ်း‌မဲ့သွားလိမ့်မည်။

ကျန်းချန်ရွှမ်သည် သူတို့တွေးနေသည် ထက်ပို၍ သို့မဟုတ် အနည်းငယ်သာ တွေးနိုင်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူပါဝင်တိုက်ခိုက်ရန် စိတ်မဝင်စားပေ။

ယခုအရေးအကြီးဆုံးအရာမှာ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့ကိုတွေ့ဆုံရန် နည်းလမ်းရှာခြင်းဖြစ်သည်။

ထိုအရာကိုစိတ်တွင်မှတ်၍ ကျန်းချန်ရွှမ်သည် ဤနေရာတွင်မနေတော့ပေ။

သူ့ကိုယ်ထည်သည် အလင်းတန်းသဖွယ်ပြောင်းသွားပြီး အဝေးသို့ပျံထွက်သွားသည်။

ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်ကို အော်ပြောတော့မည့် ရှဲ့ဟယ်ချွမ်းသည် သူ၏ပါးစပ်ကို အကျည်းတန်သောအမူအယာဖြင့် ပိတ်လိုက်သည်။

ထိုအရာသည် သူ၏ဆန့်ကျင်ဘက်ရှိ ရှောက်လျန်ကို လှောင်ပြောင်သရော်စေသည်။

“ဘာလို့လဲ? မင်းသူ့ကိုမင်းကိုကူညီဖို့ပြောမလို့လား? အကူအညီတောင်းနေမယ့်အစား မင်းအရင်ကရထားတဲ့ ပစ္စည်းကို ငါ့ကိုပေးလိုက်တာကောင်းမယ်။ မင်းပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် ငါမင်းကိုလွှတ်ပေးဖို့စဉ်းစားပေးမယ်”

ရှောက်လျန်၏စကားများကိုကြားပြီးနောက် ရှဲ့ဟယ်ချွမ်းသည် အသံပြု၍သာ သရော်လိုက်သည်။

“ရှောက်လျန် ငါ့ကိုအဲ့ဒီလိုလာမလုပ်နဲ့။ တခြားသူတွေကမင်းဘယ်လိုလူစားမှန်းမသိပေမယ့် ငါပါမသိဘူးလို ထင်နေတာလား?”

“မင်းဘာပြောလိုက်တယ်”

ရှောက်လျန်၏မျက်လုံးထဲတွင် ရက်စက်မှုတစ်ခုပေါ်ပေါက်လာသည်။

သူသည် အလွန်အေးစက်သော အသံဖြင့်ပြောလိုက်သည်။

“ရှဲ့ဟယ်ချွမ်း မင်းကသေခြင်းတရားကိုဖိတ်ခေါ်နေတာပဲ”

ဘွန်း!

ထိုသို့နှင့် အားကောင်းသော ဓမ္မစွမ်းအင်လှိုင်းများ ထပ်မံပေါက်ကွဲထွက်လာပြန်သည်။

ခရီးရှည်ကြီးပျံသန်းလာခဲ့သော ကျန်းချန်ရွှမ်သည် ‌အနောက်မှလာသည့် မတည်မငြိမ်ဖြစ်ခြင်းတစ်ခုကို အာရုံခံမိလိုက်သော်လည်း သူ၏ခေါင်းကိုသာခါလိုက်ကာ အရှိန်တင်လိုက်သည်။

ထိုအချိန်တွင် သူသည်ဤ‌နယ်မြေကိုဖြတ်သန်းနေသရွေ့ အမျိုးသမီးနှစ်ယောက်နှင့် ဆုံတွေ့နိုင်ကြောင်း သေချာခံစားမိလိုက်သည်။

နောက်တွင်ကျန်ခဲ့သည့် လူနှစ်ယောက်ထဲကတစ်ယောက်တွင် ကောင်းမွန်သည့်ရတနာများရရှိထားမှန်း သူသိသော်လည်း ကြားဝင်စွက်ဖက်ရန် စိတ်မဝင်စားပေ။

နာရီအနည်းငယ်ကြာပြီးနောက်ဆုံးတွင် ကျန်းချန်ရွှမ်သည် စင်္ကြံလမ်း၏အ‌ဆုံးကို ရောက်ရှိလာသည်။

သူ့ရှေ့တွင်ရှိ‌နေသည်က တွေ့မြင်နေကျ အလင်းမျက်နှာပြင်တစ်ခု…

ကျန်းချန်ရွှမ်လည်း ဖြတ်ကျော်တိုကင်ကို ထပ်မံထုတ်ယူလိုက်ပြန်သည်။ ထူးဆန်းသည့်လှိုင်းတစ်မျိုးက တိုကင်တွင် ပေါ်လာကာ နောက်ဆက်တွဲအနေနှင့် သူ့ရှေ့ရှိ အလင်းရောင် မျက်နှာပြင်သည်လည်း တုန်ခါလာခဲ့သည်။

ခနကြာပြီးနောက်..

အခြားနယ်မြေတစ်ခုကိုဦးတည်နေသည့် တံခါးတစ်ချပ်ရောက်ရှိလာသည်။

ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ဝင်သွားတော့သည်။

***

စာစဉ် ၁၉ ပြီးပါပြီ။

All Chapters