ဖြတ်ကျော်တိုကင် (၁)
Vol. 19 Ch. 379
အနည်းငယ်မူးဝေနေခဲ့သည်။
ကျန်းချန်ရွမ်သည် သူ၏မျက်လုံးကိုထပ်ဖွင့်လိုက်၍ အနားပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ သူ၏အမြင်အာရုံကိုဖုံးလွှမ်းနေသည့် မြူတွေထဲတွင်ရောက်ရှိနေကြောင်း သဘောပေါက်သွားသည်။
သူ၏နတ်အာရုံပင်လျှင် မြူများကို ဖြတ်သန်း၍ မမြင်နိုင်ပေ။
သူသည် မီတာဝက်လောက်ပဲရှိသည့် အနားပတ်လည်က အရာများကိုသာ မြင်ရသည်။
အရာအားလုံးဝါးတိုးဝါးတားဖြစ်နေခဲ့ကာ တိတ်ဆိတ်သော တောင်ကုန်းတစ်ခုပေါ်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ရုတ်တရက် ကျန်းချန်ရွှမ်သည် ကောင်းကင်မျက်လုံး၏ထိုးထွင်းသိမြင်နိုင်စွမ်းကို အသက်သွင်းလိုက်သောအခါ သူ၏မျက်လုံးများလင်းလက်လာသည်။
မြူများပျောက်ကွယ်သွားလေသည်။
သူကောင်းကင်မျက်လုံး၏ထိုးထွင်းသိမြင်နိုင်စွမ်းကိုအသုံးပြုလိုက်ချိန်တွင် သူ၏အမြင်အာရုံသို့ဝင်ရောက်လာသည်မှာ တောင်ကုန်းတစ်ခုမဟုတ်ဘဲ တိတ်ဆိတ်သည့်တောတစ်ခုသာ ဖြစ်လို့နေသည်။
ကျန်းချန်ရွှမ်သည် ချက်ချင်းပင် ၎င်းသည် သူနှင့်မဝေးသည့်နေရာတွင် မြေကြီးပေါ်၌ ပွင့်ဖတ်အကြီးကြီးများဖြင့် ပေါက်ရောက်နေသည့် အပင်အနည်းငယ်ရှိနေသည်ကို သတိပြုမိလိုက်သည်။
သူတို့သည် အနီရောင်လုံးလုံးဖြစ်၍ ပွင့်ဖတ်များ၏အလယ်ဗဟိုသည် ချွန်ထက်နေသော သွားတန်းများဖြစ်သည်။
“ဒါက...?”
ထိုအရာကဘာမှန်း ကျန်းချန်ရွှမ် သဘောပေါက်သွားချိန်မှာတော့ သူ၏ဦးရေပြားတို့ တောင့်တင်းသွားတော့သည်။
၎င်းတို့သည် အသားစားသွေးပန်းများဖြစ်သည်။
သူတို့သည် များသောအားဖြင့် နတ်အာရုံကိုတောင် ဖုံးကွယ်သွားစေနိုင်သည့် မြူများကို ထုတ်လွှတ်လေ့ရှိသည်။
မြူထဲကသားကောင်သည် နီးကပ်လာသောအခါ သူတို့သည် ၎င်းကိုတိုက်ခိုက်ပြီး သူတို့၏ပွင့်ဖတ်ထဲသို့ မျိုချပစ်သည်။
ဤမိစ္ဆာပန်းများ၏ သဘာဝသည်ပင်လျှင် အလွန်ရက်စက်ကြမ်းကြုတ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ထုတ်လုပ်သည့် အသီးများကတော့ ပထမတန်းစားကုသရေးဆေးများပင်ဖြစ်သည်။
ထို့ပြင် သူတို့ဝတ်ဆံဖို၏ဗဟိုချက်သည် အလွန်တန်ဖိုးရှိသောအရာဖြစ်သည်။
ဤအရာဝတ္ထု၏အကောင်းဆုံး ဝိသေသလက္ခဏာမှာ နတ်အာရုံကို ကာနိုင်ခြင်းဖြစ်သည်။
သူသာ ဤအသားစားသွေးပန်းများကို ကျန်းမျိုးနွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါက ကျန်းမျိုးနွယ်စုသည် အသားစားသွေးပန်းများမှထုတ်လုပ်သည့် ရတနာများကို အဆုံးမရှိထောက်ထုတ်ယူနိုင်ရုံတင်မကဘဲ မျိုးနွယ်စု၏ ကာကွယ်ရေးအဟန့်အတားအဖြစ်လဲ အသုံးပြုနိင်သည်။
အနည်းဆုံးတော့ အရေးကြီးသည့်အဓိကနယ်မြေအချို့ကို ကာကွယ်ရန်အတွက် ဤအသားစားသွေးပန်းများကို အသုံးပြုနိုင်သည်။
မည်သည့်ကိစ္စအတွက်မဆို ဤအသားစားသွေးပန်းများသည် ဉာဏ်ရည်အသုံးချနိုင်မှုမရှိပေ။ သူတို့သည် ပင်ကိုဗီဇအရဆောင်ရွက်ခြင်းသာ ဖြစ်သည်။
သေချာအသုံးပြုမည်ဆိုပါက ထိုအရာသည် ကျန်းမျိုးနွယ်စုအတွက် များစွာအကျိုးပြုနိုင်သည်။
ထိုအတွေးကြောင့် ကျန်းချန်ရွှမ်သည် ချက်ချင်း ဝိညာဉ်အမြစ်ရွှေ့ပြောင်းခြင်းနည်းလမ်းကိုသုံးလိုက်ပြီး အသားစားသွေးပန်းကို သူ၏ဝိညာဉ်အပင်အိတ်ထဲတွင် ယာယီထားရန် ကြိုးစားခဲ့သည်။
မည်သို့ပင်ဖြစ်စေ အသားစားသွေးပန်းသည် ဝိညာဉ်အပင်ဖြစ်သော်လည်း သူသည် မိစ္ဆာပန်းမျိုးပင်ဖြစ်သေးသည်။
ကျန်းချန်ရွှမ်သည် ဝိညာဉ်အမြစ်ရွှေ့ပြောင်းခြင်းနည်းလမ်းကိုသုံး၍ သူတို့ကို သူ၏ ဝိညာဉ်အပင်အိတ်ထဲတွင် ထားချင်သော်လည်း သူထင်ထားသလောက် လွယ်ကူမနေခဲ့ပေ။
သူသည် သူ၏ဗျူဟာကိုပြောင်း၍ အနီရောင်မီးတောက်ကို ခြိမ်းခြောက်ရန် အသုံးပြုကာ ဝိညာဉ်ကျောက်တုံးများနှင့် မိစ္ဆာသားရဲအသားများကို ငါးစာအဖြစ်အသုံးမပြုခင်အထိ မရခဲ့ပေ။ အသားစားသွေးပန်သည် တိုအရာကိုဟပ်မိပြီး ဝိညာဉ်အပင်အိတ်ထဲသို့ထည့်သိမ်းခြင်း ခံလိုက်ရသည်။
ဤအရာကိုပြုလုပ်ပြီးနောက် ကျန်းချန်ရွှမ်တစ်ယောက် စိတ်ကြည်လင်ရွှင်ပြသွားသည်။
ရှေးဟောင်းအပျက်အစီးနယ်မြေကို ဝင်ဝင်ချင်းမှာပင် စုဆောင်းစရာကြီးကြီးမားမားရရှိပြီးနောက် ကျန်းချန်ရွှမ်သည် ပို၍စူးစမ်းရှာဖွေဖို့ မျှော်လင့်လာမိတော့သည်။
သူလုပ်ဖို့လိုအပ်သည့်နောက်တစ်ခုမှာ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်ကို တွေ့ဆုံရန် နည်းလမ်းရှာခြင်းဖြစ်သည်။
ထိုကိစ္စခေါင်းထဲပြန်ပေါ်လာသည်နှင့် ကျန်းချန်ရွှမ်သည် သံလိုက်အိမ်မြောင်ကို ထုတ်လိုက်သည်။
ထိုသံလိုက်အိမ်မြောင်ကို ဗဟိုတူသံလိုက်အိမ်မြောင်ဟုခေါ်သည်။
သူ၏ကိုယ်ပိုင်ချီကို သံလိုက်အိမ်မြောင်ထဲသို့ ဖြည့်သွင်းချင်းဖြင့် ဗဟိုတူသံလိုက်အိမ်မြောင်များရှိသည့် သူ့အဖော်နှစ်ယောက်ကို ရှာနိုင်သည်။
ထိုအချိန်တွင် သူ၏ ချီအမျှင်တန်းကို သံလိုက်အိမ်မြောင်ထဲသို့ ဖြည့်သွင်းလိုက်သည်။
ချက်ချင်းပင် အလင်းစက်နှစ်ခု သံလိုက်အိမ်မြောင်ပေါ်တွင် ပေါ်လာသည်။
သူတို့သည် ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့၏ တည်နေရာကို ကိုယ်စားပြုသည်။
ကျန်းချန်ရွှမ်သည် တစ်ချက်ကြည့်လိုက်ပြီး တစ်ချက်မျက်မှောင်ကျုံ့လိုက်သည်။
အကြောင်းမှာ အလင်းစက်နှစ်ခု၏တည်နေရာသည် သူရှိနေသည့်နေရာနှင့် အနည်းငယ်ဝေးနေသောကြောင့်ဖြစ်သည်။
ကံကောင်းစွာပင် သူတို့သည် တစ်ယောက်စီ၏တည်နေရာကိုသိကြသည့်အတွက် မကြာမီပင် ပြန်လည်တွေ့ဆုံနိုင်လိမ့်မည်။
ထို့ကြောင့် ကျန်းချန်ရွှမ်သည် သံလိုက်အိမ်မြောင်ကို ပြန်သိမ်းလိုက်ပြီး တောအတွင်းထဲသို့ ပျံသန်းသွားလိုက်တော့သည်။
ထိုနေရာတွင် အသားစားသွေးပန်းများမရှိတော့သည့်အတွက် မြူများသည် သူ့အလိုလိုပင် ပျောက်ကွယ်သွားကြသည်။
ကျန်းချန်ရွှမ်သည် သူ၏နတ်အာရုံဖြင့် လမ်းကြောင်းကို ကင်းထောက်ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် သူပျံသန်းသွားတိုင်း သူ၏အရှိန်မှာ ပို၍ပို၍မြန်လာသည်။
နာရီအနည်းငယ်ကြာပြီးနောက်…
ကျန်းချန်ရွှမ်သည် တောအုပ်အစွန်ကိုရောက်နေပြီဖြစ်သည်။
သူ့ရှေ့တွင် မထင်မရှား အလင်းရောင်မျက်နှာပြင်တစ်ခုသာ တိတ်ဆိတ်စွာတည်ရှိလျက်ရှိသည်။
ကျန်းချန်ရွှမ်သည် အလင်းရောင်မျက်နှာပြင်ပေါ်သို့ ခြေမချခင် ခနတုံ့ဆိုင်းသွားသည်။
ကမ္ဘာ့ဆွဲငင်အားမဲ့မှုက သူ့ကိုဖုံးလွှမ်းသွားသည်။
ထိုအလင်းရောင်မျက်နှာပြင်သည် နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုဖြစ်နေလေသည်။
ကျန်းချန်ရွှမ်နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင်ရှိနေသည်မှာ တိတ်ဆိတ်သည့်ကြီးမားသောစင်္ကြံလမ်းတစ်ခုသာဖြစ်သည်။
စင်္ကြံလမ်း၏နှစ်ဖက်လုံးတွင် ဘတ်စကတ်ဘောဘောလုံးအရွယ် ညပုလဲနှစ်လုံးရှိပြီး တောက်ပ၍ သိမ်မွေ့သော အဖြူရောင်အလင်းကိုထုတ်လွှတ်လျက်ရှိသည်။
ဒီလိုပစ္စည်းမျိုးသာ သေမျိုးကမ္ဘာတွင်ပေါ်လာပါက သေချာပေါက် လူပေါင်းများစွာကို ရူးလောက်အောင် လိုချင်စိတ်များ ဖြစ်ပေါ်လာစေနိုင်သည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကျန်းချန်ရွှမ်၏စိတ်မှာ တစ်စုံတစ်ခုဆီရောက်နေသည်။
သူသည် ကွမ်းရှင်းထင်က သူတို့မဝင်လာခင်မှာ သူတို့ကိုပြောလိုက်သည့်အရာကို ပြန်လည်တွေးတောလိုက်သည်…
***