အခန်း (၁၁၅၃)
Vol. 78 Ch. 1153
ဘုန်း …
ဘုန်း …..
ပေါက်ကွဲမှုကြီးသည် ကျယ်လောင်စွာ ဖြစ်ပွားလျက် ရှိ၏။ မြေပြင်တွင်တော့ ကြီးမားလှသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး များပြားသော စွမ်းအင်လှိုင်းများသည် ပျံနှံ့ကာ လေဟာနယ်ပင်လျှင် ကွဲအက်ကုန်၏။
အမဲရောင်နတ်ဆိုးသည် ဟန်ထုတ်၍ မည်သို့မှ ဆက်လက်မကြည့်ရှုနိုင်တော့သောကြောင့် ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် ရိုက်နှက်နေခြင်း ဖြစ်၏။ ချောမောလှသော လူသည် အမဲရောင်နတ်ဆိုး၏ ရိုက်နှက်ခြင်းကို ခံရပြီး နောက်မှာတော့ အပျက်အစီးပုံများ ကြားတွင် ဘောလုံးတစ်လုံးကဲ့သို့ ခွေခွေလေး ဖြစ်နေသည်။
သနားစရာ ကောင်းလွန်းလှ ချေသည်။ သူသည် နတ်ဘုရားအဆင့် သွေးမျိုးစက်ကို သုံးကာ သူ၏ အစွမ်းကို တိုးတက်အောင်ပြုလုပ်ခဲ့သည်။။ သို့သော် ဘာမှ မပြုလုပ်ရသေးခင် အထက်နယ်မြေမှ လူနှစ်ယောက် ရောက်လာပြီး သူ့အား ရိုက်နှက်ခံ၏။
"အစ်ကိုကြီး "
ကျွင်းချောင်ရှောင်းသည် အလောတကြီး အော်လိုက်၏။ "ကျုပ်အတွက် ခနလောက် အသက်ရှင်ခွင့် ပေးထားလိုက်ပါအုံး"
သူ၏ တာဝန်သည် ကြယ်နှင်ဘုရင်အား သတ်ဖြတ်ခြင်း သို့မဟုတ် အနိုင်ယူခြင်း ဖြစ်၏။ အမဲရောင်နတ်ဆိုး၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရပြီးနောက် အခက်မသင့်၍ သေဆုံးသွားမည်ကို သူစိုးရိမ်နေမိ၏။
ဘုတ် ….။
အဖြူရောင်နတ်ဆိုးသည် ကြယ်နှင်ဘုရင်အား အပျက်အစီးပုံများကြားမှ ဆွဲထုတ်ပြီး ကျွင်းချောင်ရှောင်း၏ ရှေ့သို့ လှမ်းပစ်လိုက်သည်။
ဆွစ် …။
စည်းဓားမော့ကြီးသည် ကြယ်နှင်ဘုရင်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွား၏။
ကျွင်းချောင်ရှောင်းသာ လက်ကို အနည်းငယ်လှုပ်ရှားလိုက်ပါက ဦးခေါင်းသည် ပြတ်ထွက်သွားပေလိမ့်မည်။
သို့သော် စနစ်သည် သူ့အား သတိပေးလိုက်သည်။ "အဓိက တာဝန်က ကြယ်နှင်ဘုရင်ကို သတ်ဖြတ်တာ ဒါမှအဟုတ် အနိုင်ယူတာလေ။ လက်ခံသူအနေနဲ့ မတိုက်ခိုက်ပဲ ဒီလို အစာပိတ်လေး ဝင်တွယ်တာကတော့ တာဝန်ကို ပြည့်စုံစေဖို့ ခက်မယ်ထင်တယ်"
"ဒါကတော့ ဟုတ်တယ်"
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကြယ်နှင်ဘုရင်၏ အသက်သည် တစ်ခုတည်းသာ ရှိ၏။ အကယ်၍ သတ်ဖြတ်ပြီးမှ တာဝန်မပြည့်စုံဘူး ဆိုလျှင်လည်း ဒုက္ခများပေလိမ့်မည်။ အသက်ပြန်သွင်း၍ နောက်တစ်ခါ ထပ်သတ်၍လည်း မရချေ။
"သိပြီ"
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြယ်နှင်ဘုရင် ၏ လက်ကို ဆွဲယူကာ သူ့အား ရိုက်နှက်စေခဲ့၏။ သူသည် ချက်ချင်းပဲ သွေးများ အန်ထွက်လာပြီး အနောက်သို့ လွင့်စင်သွားသည်။
အမဲနှင့် အဖြူရောင် နတ်ဆိုးတို့သည် ကြောင်အနေကြ၏။ ညီငယ်လေးသည် မည်သို့သော လုပ်ရပ်မျိုးကို လုပ်နေသနည်း။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ပြန်တိုးသွားပြီး ချောမောလှသူ၏ လက်ကို ဆွဲယူကာ သူ့အား ရိုက်နှက်စေပြန်သည်။ သူသည် အနောက်သို့ ထပ်မံ၍ လွင့်စင်သွားဟန် ပြုလုပ်လိုက်၏။ ပြီးနောက် တွေးလိုက်မိ၏။ ဒီလောက်ဆို တိုက်ခိုက်တယ်လို့ မှတ်ယူလို့ ရတယ်မလား၊ သူ့ကို သတ်လို့ရပြီ မလား။
“………”
စနစ်သည် ဆွံ့အ သွားခဲ့၏။ လက်ခံသူသည် ဤကဲ့သို့ ကလေးအတွေးကို တွေးကာ ပြုလုပ်နိုင်သူ ဖြစ်၏။
ကြယ်နှင်ဘုရင်သည် နာကျင်မှုကို သည်းခံပြီး သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည် "အမှိုက် … အမှိုက် …. တစ်ကယ်လို့ မင်းမှာသာ အကူအညီတွေ မရှိဘူး ဆိုရင် ငါ့လက်ထဲမှာ အကြိမ်တစ်သောင်းလေက် သေသွားလောက်ပြီ …"
"အားနာပါတယ် …”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “တစ်ကယ်လို့ ဆိုတာ မရှိဘူး၊
ရွှီး ..။
“ငရဲပြည်ကို သွားပြီး ခင်ဗျားရဲ့ နောက်လိုက်တွေနဲ့ သွားတွေ့လိုက်တော့၊ ဟိုမှာ ခင်ဗျားကို စောင့်နေကြတယ်"
ပြောပြီးပြီးချင်းမှာပဲ လည်ပင်းပေါ်တွင် ရှိနေသော ဓားမော့ကြီးသည် လှုပ်ရှားသွားခဲ့၏။ ချောမောလှသူသည် အလွန်ခြောက်ခြား သွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ထင်ပေါ်လာသည်။ သူသည် ကြောက်လန့်တကြား ပြောလိုက်၏။ "မသတ်ပါနဲ့ … ငါ့မှာ အကြီးမားဆုံး လျို့ဝှက်ချက် ….."
"ရွှီ"
သူပြော၍မပြီးသေးခင်မှာပဲ သူ၏ ဦးခေါင်းသည် လေထဲသို့ လွင့်စင်သွား၏။ သွေးများသည် ပန်းထွက်လာကာ မြေပြင်တစ်ခုလုံးကို နီရဲသွားစေသည်။
၎င်း၏ ဝိညာဉ်သာ တည်ရှိနေပါက ဘေးနားတွင် ထိုင်ကာ ငိုကြွေးနေပေလိမ့်မည်။ "ပုံမှန်ဆိုရင် ငါက လျို့ဝှက်ချက်ကြီး ရှိတယ်ဆိုရင် မင်းက စောင့်ပြီး နားထောင်ပေးရမှာ မဟုတ်ဘူးလား"
ကြယ်နှင်ဘုရင်သည် များပြားလှသော ဂြိုလ်များကို သွားရောက် လုယက်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူသည် လှည့်ကွက် တော်တော်များများကို နားလည်၏။ သည်သာ အချိန်အနည်းငယ်သာ ဆွဲထားနိုင်ပါက လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်မှာ သေချာသည်။ လှည့်ကွက်များသည် သူ၏ အသက်ကို ကယ်နိုင်ကြောင်း သူကောင်းကောင်းသိ၏။
သို့သော် ဤတစ်ကြိမ် သူရင်ဆိုင်ရသည့် ရန်သူမှာ ပုံမှန် လမ်းစဉ်အတိုင်း ဆောင်ရွက်တတ်သူ မဟုတ်ပေ။ သူ့တွင် မည်မျှအရေးကြီးသော လျို့ဝှက်ချက် ရှိရှိ ကျိန်းသေပေါက် သတ်ဖြတ်ပစ်မှာသေချာသည်။
စနစ် ပြောလိုက်သည်။ "မင်းက လက်ခံသူရဲ့ မိန်းမကိုပါ ရန်သွားစတာကို"
"ငါက ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် သူ့ကို သတ်ခဲ့တာ။ ဟိုမိန်းမကြောင့် မဟုတ်ဘူး" ကျွင်းချောင်ရှောင်းသည် သဘောမတွေ့သလို အော်လိုက်၏။
စနစ်က တီးတိုးရေရွတ်လိုက်သည် “ငါက ပြောရုံ ပြောတာပါ၊ ဘာလို့ အဲလောက်ကြီး စိတ်တိုနေတာလဲ။ ဘာလဲ ငါပြောတာ မှန်သွားလို့လား"
“…….”
ကျွင်းချောင်ရှောင်းသည် ဓားကိုပြန်သိမ်းပြီး နောက်မှာတော့ သူ၏ လည်ပင်းကို သူပြန်ညစ်ကာ စနစ် နှင့် အပြင်းအထန် ရန်ဖြစ်တော့၏။ ၎င်းအား ကြည့်ရှုရသည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေသည်နှင့်ပင် ဆင်တူ၏။
"ညီငယ်လေး … ဘာတွေ ဖြစ်နေတာလဲ"
အမဲရောင်နှင့် အဖြူရောင်နတ်ဆိုး တို့သည် အံ့အားသင့်လျက် ဖြစ်နေကြ၏။
၎င်းတို့၏ ညီငယ်လေးသည် အလွန်ဒေါသကြီးသူ တစ်ယောက် ဖြစ်လို့နေ၏။ ကြမ်းတမ်းသည့်နေရာ တွင် စံတင်ရလောက်သည့်သူ ဖြစ်သည်။ အခြားသူတစ်ယောက်ကို သတ်ဖြတ်ပြီး နောက်တွင်တောင်မှ ဒေါသကို မထိန်းနိုင်သေးဘဲ ကိုယ့်လည်ပင်းကိုယ် ပြန်ညစ်နေသေးသည်။ အလွန်အံ့ဩဖွယ် ကောင်းလှချေ၏...။
………
သိုင်းနယ်မြေ ကျင့်ကြံခြင်း ထိပ်ဆုံးတောင် မရောက်ရှိသေးသော ကျွင်းချောင်ရှောင်းသည် သိုင်းအင်ပါယာ တစ်ယောက်ကို အစစ်အမှန်ပင် သတ်ဖြတ်ခဲ့၏။ ဤအရာသည် ဆယ်စုနှစ် တစ်ခုလုံး ကြွားဝါဖို့ကောင်းသော အရာပင် ဖြစ်သည်၊
ဟုတ်ပေသည်။
ခပ်ချောချောလူနှင့် ၎င်း၏ နောက်လိုက်များကို သတ်ဖြတ်ပြီး နောက်မှာတော့ သိုလှောင်လက်စွပ်များသည် သူတို့အတွက် ဖြစ်လာခဲ့၏။
ကျွင်းချောင်ရှောင်သည် ပထမဆုံး စစ်သူကြီးငါးယောက်၏ သိုလှောင်လက်စွပ်များကို အရင် ထုတ်ယူလိုက်၏။ ၎င်းတို့သည် အခြားသူများထံမှ လုယှက်ပြီး ပြန်လာကြသူများ ဖြစ်သောကြောင့် ပုံမှန်ထက် ပိုမို၍ များပြားသော အရင်းအမြစ်များ တည်ရှိနေမှာ သေချာသည်။
များပြားလှသော သိုင်းနည်းစနစ်များသည် သိုလှောင်လက်စွပ် အတွင်းတွင် တည်ရှိလို့နေ၏။ ကုန်းရှန့်၏ မျက်လုံးများသည် တလက်လက်နှင့် တောက်ပသွားခဲ့၏။ "ဟား ဟား ဟား ငါချမ်းသာပြီကွ"
ကုန်းရှန့်သည် ခပ်ချောချောလူ၏ သိုလှောင်လက်စွပ်ထဲသု့ိ ဝင်ကြည့်ပြီး နောက်မှာတော့ သတိမေ့မြောမတတ် စိတ်လှုပ်ရှားသွားခဲ့၏။ ဂြိုလ်များကို လှည့်ပတ်ကာ သိမ်းယူနေသော ကြယ်နှင်ဘုရင်၏ သိုလှောင်လက်စွပ် ထဲတွင် မတူညီသော စိတ်ဝိညာဉ် အမြူတေများနှင့် ကျောက်ရိုင်းများ၊ ဆေးပင်များ၊ သိုင်းနည်းစနစ်များ၊ လက်နက်များနှင့် ဆေးလုံးများလည်း တည်ရှိနေသည်။
"ဟား ဟားဟား"
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ အားပါးတရ ရယ်မောနေတော့၏။ ဤ အရင်းအမြစ်များကိုသာ ဂိုဏ်း၏ တိုးတက်ရေးအတွက် အသုံးပြုလိုက်ပါက အများကြီး တိုးတက်သွားမည်မှာ သေချာ၏။
သို့သော် ကြယ်နှင်ဘုရင်အား သတ်ဖြတ်ပြီးဖြစ်သော်လည်း သူ၏ အဓိက တာဝန်မှာ မပြီးဆုံးသေးဘဲ ရှိနေသည်။
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ရုတ်တရက် အေးခဲသွားခဲ့၏။ သူသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။ ငါက နောက်ဆုံးမှ အစာပိတ် အနေနဲ့ ဝင်တွယ်လိုက်လို့ တာဝန် မပြည့်စုံဘူးလို့ သတ်မှတ်တာလား။
"မဖြစ်နိုင်ဘူး"
စနစ်က ပြောလိုက်၏။ "ငါက တစ်လောကလုံးမှာ ရင်အနာရဆုံး ၊ပါးရိုက်အခံရဆုံး စနစ်တစ်ယောက်ပါ။ ငါပြောရင် လွဲရမှာ မဟုတ်လား။"
စနစ်သည် သူ့အကြောင်းသူ ကောင်းကောင်း နားလည်လို့နေသည်။ “ဒါဆိုရင် မင်းကိုယ်တိုင် မတိုက်ခိုက်လို့ ထည့်ပြီး မတွက်ချက်တာနေမယ်။ ကျိန်းသေပြီ။ အခု အဓိက တာဝန်က ကျရှုံးပြီပဲ”
"ဒင် … ဒုတိယ အဓိက တာဝန်သည် ပြီးဆုံးခဲ့သည်။ ဆုလာ်ကို တွက်ချက်နေသည် …."
"ဝေါ့"
ကြေညာသံနှင့် အတူ ကျွင်းချောင်ရှောင်း၏ နားထဲတွင် သွေးအန်သံ တစ်ခုလည်း ပေါ်ထွက်လာခဲ့၏။ စနစ်သည် မည်သို့မှ မခံနိုင်တော့ဘဲ သွေးပင်အန်ထွက်လာရ၏။
ကျွင်းချောင်ရှောင်းမှာတော့ ကျောက်တုံးပေါ်တွင် ထိုင်ကာ မျက်နှာကို လက်ဖြင့် အုပ်ပြီး အရူးတစ်ယောက်လို ရယ်မောနေ၏။ စနစ်စတင်ပြီး ကတည်းက သူသည် အဓိက တာဝန်ကို ပြီးဆုံးအောင် တစ်ခါမှ မပြုလုပ်ခဲ့ဖူးချေ။
ရရှိမည့် ဆုလာဒ်များမှာလည်း ပိုပြီး များပြားမှာ သေချာ၏။ သိုင်းအင်ပါယာ အဆင့်သို့ တစ်ခါတည်း ချိုးဖျက်သွားနိုင်မည် ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း စိတ်ကူးယဉ်နေတုန်းမှာပဲ အဖြူရောင်နတ်ဆိုးသည် လှမ်းလျှောက်လာပြီး အပေါ်ရှိ ရွက်သင်္ဘောကြီးကို ညွှန်ပြကာ ပြောလိုက်၏။ "ဒါက ပစ္စည်ကောင်းပဲ"
"ဒါက ဘာလဲ"
"ဒါက စကြဝဠာကြီးမှာ ဘယ်နေရာကိုမဆို သွားနိုင်တဲ့ ရွက်လှေလေ ၊ တည်နေရာ အတားအဆီး တွေကိုတောင် ကျော်လွှားလို့ရတယ် "
"အဲလောက် ကောင်းတာလား"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အပေါ်သို့ တက်ကာ ကြည့်ရှုလိုက်၏။ ကုန်းပတ်ပေါ်တွင်တော့ များပြားလှသော တံမြက်စည်းများ၊ ၊ ရေပုံးများ တည်ရှိနေ၏။ ချောမောလှသူနှင့် သူ၏ လူများသည် ဤ ရွက်လှေ အား သေချာ ထိန်းသိမ်းထားပုံ ပေါ်၏။
ကျွင်းချောင်ရှောင်းသည် လှည့်ပတ်ကြည့်ပြီး နောက်မှာတော့ စိတ်ပျက်စွာ ပြောလိုက်သည်။ "အစ်ကိုကြီးတို့ ….. ဒါက သာမန်ပါပဲ၊ စကြဝဠာကို ဖြတ်ကူးနိုင်တယ် ဆိုတာ တစ်ကယ်ကော ဟုတ်လား"
"ဘာ … သာမန်ပဲ ဟုတ်လား"
အဖြူရောင်နတ်ဆိုးက ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒါမျိုးက အထက်နယ်မြေမှာ တွေ့ရတာ သာမန်ဆိုပေမဲ့ အဆင့်နိမ့်နယ်မြေမှာတော့ တစ်စီးပိုင်ရုံနဲ့ ကြီးမားတဲ့ ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သလိုပဲ"
"ကျုပ်ဆီမှာလည်း တစ်စီး ရှိပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ဘာ"
အဖြူရောင်နတ်ဆိုးသည် အံ့အားသင့်သွားခဲ့၏။ "မင်းဆီမှာ ရွက်လှေရှိတယ် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ကုတ်ကာ ပြောလိုက်၏။ "ပုံပန်း အသွင်အပြင် အရဆို ကျုပ်ရွက်လှေ ကတောင် ပိုကောင်းသေးတယ်။ ဒါပေမဲ့ စကြဝဠာကိုတော့ ဖြတ်ကူးလို့ မရဘူး"
"ထုတ်ကြည့်လိုက် … ငါတို့ ကြည့်ရအောင်" အမဲရောင် နတ်ဆိုးသည် ဝင်ကာ ပြောလိုက်သည်။
ဆွစ် ….။
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးအား ဆင့်ခေါ်ပြီး ချောမောလှသည့် လူ၏ သင်္ဘောဘေးတွင် အသာယှဉ် ချလိုက်၏။
သာမန် မျက်လုံးနှင့် ကြည့်မည် ဆိုပါက ရွက်လှေ၏ လက်ရာနှင့် ပြုလုပ်ထားသည့် ကုန်ကြမ်းများကို မြင်သည်နှင့် ချောမောလှသူ၏ သင်္ဘောထက် ပိုကောင်းကြောင်း သိသာနေသည်။
"အစ်ကိုကြီးတို့ …”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒါက ကျုပ်ရဲ့ "
ကျွင်းချောင်ရှောင်းသည် သူ၏ စကားများ ကို ဆုံးအောင်ပင် မပြောလိုက်ရချေ။ အဘယ့်ကြောင့် ဆိုသော် အမဲရောင်နှင့် အဖြူရောင် နတ်ဆိုးတို့သည် ရွက်သင်္ဘောကြီးအား မျက်လုံးများပြူးထွက် မတက် ကြည့်ရှု နေကြ၏။
"အမဲရောင် "
"အဖြူရောင်"
သူတို့သည် တီးတိုးရေရွတ် နေကြ၏။ "ဒါကြီးကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ"
အမဲရောင်နတ်ဆိုးသည် တုန်ယင် နေသည့်အသံဖြင့် ပြောလိုက်သည်။ "ငါတို့ မမှားဘူးဆိုရင် ဒါက စီနီယာ တုံးကု ရဲ့ သင်္ဘောမလား"
"ရှေးတာအို ဆွေးနွေးပွဲတုန်းက စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကို တစ်ပြိုင်နက် စိန်ခေါ်ခဲ့တဲ့သူလား" အဖြူရောင် နတ်ဆိုး၏ မျက်လုံးများသည် လေးစားမှုများနှင့် ပြည့်နှက်အေမဲရောင်နတ်ဆိုးသည် လေးလေးနက်နက် ပြန်ပြောလိုက်သည်။ "ဟုတ်တယ် သူပဲ"
ပြောပြီးနောက်မှာတော့ သူသည် အလျင်အမြန်ပင် လှည့်ကြည့်လိုက်၏။ ပြီးသည့် နောက်မှာတော့ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြောလိုက်၏။ "ဒီတော့ မင်းက စီနီယာ တုံးကု ရဲ့ တိုက်ရိုက်တပည့်ပေါ့"
"အမ်"
ကုန်းရှန့်၏ မျက်နှာသည် ချက်ချင်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။
သို့သော် သူ၏ ဦးနှောက်ကို ချက်ချင်းပဲ အလုပ်ပေးပြီး ပုံမှန် ကိုယ်အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်သည်။ သူသည် ချက်ချင်းပဲ အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့အား ကျောပေးပြီး ကောင်းကင်ပေါ်သို့ လေးဆယ့်ငါး ဒီဂရီ မော့ကြည့်လိုက်၏။ ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ "အဆုံးသတ်မှာတော့ အစ်ကိုကြီးတို့ သိသွားပြီကို"