အခန်း (၁၁၅၂)
Vol. 78 Ch. 1152
စစ်သူကြီးငါးဦးတို့သည် အချိန်အတိုအတွင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့၏ အမြန်နှုန်းသည် ချောမောလှ သည့် လူလောက် မမြန်ဆန်လှကြချေ။ ထို့ကြောင့် သတ်ဖြတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။
ထို့အတူ ကျွင်းချောင်ရှောင်းသည် အနည်းငယ်အားကောင်းလွန်းလို့နေ၏။
သို့ပေမဲ့ ခပ်ချောချောလူသည် ၎င်း၏နောက်လိုက်များကို သတ်ဖြတ်ခြင်းအား ခပ်တည်တည်နှင့် ရပ်ကြည့်နေရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဖက်လူ မောပန်းသွားစေရန်သာ ဖြစ်၏။ သူ့အနေနှင့် အဆုံးသတ်တွင် သူကိုယ်တိုင်ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်ပြီးသားဖြစ်သည်။
သို့ပေမဲ့ သူ၏ စစ်သူကြီးငါးဦးတို့သည် တစ်ဖက်လူကို မောပန်းသွားအောင်လုပ်ဖို့မပြောနှင့်။ တစ်ဖက်လူ၏ ဆံနွယ် တစ်ခုကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။
အမှိုက် …။
ဤအကောင်များသည် ကျိန်းသေပေါက် အမှိုက်ပင်ဖြစ်သည်။
ချောမောသည့်လူ၏ မျက်လုံးထဲတွင် ဒေါသတရား များ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သူသည် သူ၏ အဓိကလူများအားလုံး သတ်ဖြတ်ခံလိုက်ရသည်ဆိုသော်လည်း မည်သည့်နာကျင်မှုစိတ်ခံစားချက်ကိုမှ မရရှိချေ။
ဤနေရာတွင် ပြောစရာရှိသည်မှာ ကျွင်းချောင်ရှောင်းသည် ရောက်ရောက်ချင်း အဘယ့်ကြောင့် စည်းဓားမော့ကြီးကို ထုတ်ဖော်ကာ အသုံးပြုရသနည်း။
စစ်သူကြီးငါးယောက်တို့သည် လူသားမဆန်သည့်ကိစ္စရပ်များကို ပြုလုပ်ခဲ့ပြီး တစ်ခြားသော ဂြိုဟ်များဆီမှ ရတနာများ ကို လုယူသိမ်းပိုက်တတ်သည့် လူများဖြစ်ကြောင်း သူကြိုတင်သိရှိနေသည်လား။ သို့မဟုတ် စည်းဓားမော့ကြီး၏ တတိယပုံစံကို အဆင့်မြှင့်တင်ရန် အလျင်လိုနေသောကြောင့် ဒုတိယပုံစံအား တစ်ခါတည်း ထုတ်ဖော်ကာ အသုံးပြုနိုင်ခဲ့ခြင်းလား။ ဤနှစ်ခုလုံးဖြစ်နိုင်၏။
သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ မဟုတ်ပေ။ အဖြူရောင်နှင့်အမဲရောင်နတ်ဆိုးတို့ သူ့အား ခေါ်ဆောင်လာသည့်အချိန်တွင် သီးခြားတာဝန်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ပါဝင်သည့်အကြောင်းအရာမှာ ကြယ်နှင်ဘုရင်၏ နောက်လိုက်များသည် ဆိုးသွမ်းလှသည့် မိစ္ဆာများဖြစ်တော့၏။ ၎င်းတို့သည် တစ်နှစ်ပတ်လုံး ဂြိုဟ်အသီးသီးဆီသို့ သွားရောက်၍ ဆိုးယုတ်လှသည့်ကိစ္စရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် လက်ခံသူအနေနှင့် ထိုသူတို့အားလုံးအား သုတ်သင်ပြီး ရှင်းလင်းရန် အထူး အထူးတာဝန် ဟူ၍ဖြစ်၏။
“ကိုယ်တိုင် ရှင်းလင်းသုတ်သင်ရမယ်ဟုတ်လား။”
ကျွင်းချောင်ရှောင်းနားလည်သွားမိသည်။ စနစ်သည် သူ့အား ခပ်ချောချောလူ၏ တည်နေရာထဲတွင် လူပေါင်းများစွာကို သတ်ဖြတ်သည့်အလုပ်အား ပြုလုပ်စေချင်ပုံပေါ်သည်။ ထိုသို့ဆိုမှတော့ ……
“လုပ်လိုက်မယ်။”
ထို့ကြောင့်ပဲ ကျွင်းချောင်ရှောင်းသည် အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့အား အမှောင်တစ်နေရာထဲတွင် ပုန်းအောင်းခိုင်းထားပြီး သူတစ်ယောက်တည်းသည်သာ ချောမောလှသည့်လူ၏ ဌာနေဆီသို့ ရောက်ရှိလာသည့်ဟန်ပန်မျိုးဖြင့် ခပ်တည်တည်နဲ့ လှမ်းလျှောက်လာခြင်းပင်ဖြစ်၏။
ပြီးသည့်နောက်မှာတော့ သူသည် စည်းဓားမော့ကြီးကို အသုံးပြုကာဖြင့် စစ်သူကြီးငါးဦးတို့အား တစ်ခါတည်း ပွဲချင်းပြီး သတ်ဖြတ်ခဲ့သည်။
ကံကောင်းစွာဖြင့် ဤစစ်သူကြီးငါးယောက်တို့သည် မည်သူမည်ဝါဖြစ်ပြီး မည်မျှဆိုးသွမ်းလှကြောင်းကို စာရေးသူသည် အရင်အပိုင်းတုန်းက ထည့်သွင်း၍ ရေးသွင်းခဲ့မိခြင်းပင်။ မဟုတ်ပါက မည်မျှအစွမ်းထက်ပြီး မည်သူ တွေမှန်းပင် စာဖတ်သူများသိရှိကြမည်မဟုတ်ပေ။
ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြှောက်ပြီးသည့်နောက်မှာတော့ ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားရဲ့ နောက်လိုက်တွေကလည်း အားမကောင်းလှပါလား။”
“….…”
ချောမောသည့်လူ၏ မျက်လုံးများသည် အေးစက်သွားသည်။ သူသည် ချက်ချင်း လက်ကိုမြှောက်လိုက်၏။
အဓိကဟောခန်း၏ အပြင်ဘက်တွင်ရှိနေသော သူ၏နောက်လိုက်တစ်သောင်းကျော်တို့သည် အမိန့်ကို လက်ခံရရှိပြီး သည့်နောက်မှာတော့ ချက်ချင်းပဲ စတင်တိုက်ခိုက်ကြတော့သည်။
ထို့အပြင် ၎င်းတို့အားလုံးသည် စစ်သူကြီးငါးဦးတို့၏ သေသေချာချာ လေ့ကျင့်ပေးထားသည့် လူများဖြစ်သောကြောင့် စစ်သူကြီးငါးဦးတို့ သတ်ဖြတ်ခံရပြီးသည့်နောက် စိတ်ထဲတွင် အမုန်းတရားများ ဖြစ်ပေါ်နေကြ၏။
ထို့ကြောင့် ၎င်းတို့သခင်ကြီး အမိန့်ပေးလိုက်သည်ဆိုသည်နှင့်တပြိုင်နက် ကျွင်းချောင်ရှောင်းအား ဝင်ရောက်ကာ တိုက်ခိုက်ခဲ့တော့၏။
ခပ်ချောချောလူ၏ ရည်ရွယ်ချက်သည် ဤကဲ့သို့ များပြားလှသည့်လူများအား ကျွင်းချောင်ရှောင်း ဝင်ရောက် တိုက်ခိုက်သည်ဆိုသည်နှင့် ကျွင်းချောင်ရှောင်းသည် အချိန်ကာလတစ်ခုအကြာတွင် မောပန်းသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူ့အနေနှင့် တကယ်တမ်းဝင်ရောက်တိုက်ခိုက်မည်ဆိုပါက လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်စွမ်း ရှိသွားမှာ သေချာသည်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ထဲမှ သူ၏ ဓားကြီးအား အသာဝှေ့ယမ်းလိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် လေနှင့်အတူ လွင့်မျောသွားပြီးသည့်နောက်မှာတော့ များပြားလှသည့် ဓားရိပ်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ထိုဓားအဟုန်များသည် အလွန်အားကောင်းလွန်းလှသော ချုပ်နှောင်ခြင်းစွမ်းအင်များပါဝင်လျက်ရှိနေသည်။ ထို့ကြောင့် အနီးကပ် ဝင်ရောက်ခိုက်ရန်ပြင်နေသော သိုင်းကျင့်ကြံသူတစ်ရာကျော်တို့သည် တည်နေရာထဲတွင် အေးခဲသွားခဲ့ကြတော့၏။ ၎င်းတို့အား ဓားအလင်းများ ဖြတ်သန်းသွားသည်ကိုသာ တုံတိဘာဝေနှင့် ကြည့်ရှုလို့နေသည်။
ဆွီ ဆွီ ဆွီ …….။
ဓားအလင်းများ ဖြတ်သန်းပြီးသည့်နောက်မှာတော့ သွေးများသည် နေရာအနှံ့ ပြန့်ကျဲသွား၏။
“သေစမ်း။”
ဟူး ဟူး ဟူး
သူ၏နောက်တွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ရှေ့ဆီသို့ ဆက်လက်ကာ လှမ်းတက်လိုက်ကြ၏။ သိုင်းနည်းစနစ်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးတွင် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက် နေတော့သည်။
လူတစ်ယောက်၏ အားအင်အဆင့်သည် အကန့်အသတ်ရှိလွန်းလှ၏။ သို့ပေမဲ့ လူတစ်ထောင်၊ လူတစ်သောင်းတို့၏ စုဝေးတိုက်ခိုက်သည့်အချိန်မှာတော့ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလှအောင် ထိုးတက်သွားခဲ့ တော့၏။
သို့ပေမဲ့ ဤကဲ့သို့ စွမ်းအင်လှိုင်းများသည် စုဝေးပြီး ရောက်ရှိလာချိန်မှာတော့ စည်းဓားမော့ကြီး၏ ချုပ်နှောင်ခြင်းကို ထပ်မံကာ ခံခဲ့ရပြန်သည်။
ဘုန်း ဘုန်း ဘုန်း
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သိုင်းစွမ်းအင်အမျိုးမျိုးတို့သည် အင်လေထုထဲတွင် ပေါက်ကွဲကုန်ကြ တော့၏။ ကျွင်းချောင်ရှောင်းသည် လူအုပ်ကြားထဲသို့ တိုးဝင်လာပြီးသည့်နောက်မှာတော့ လူပေါင်းတစ်ထောင်ကျော် တို့အား တစ်ခါတည်းသတ်ဖြတ်ခြင်းကို ပြုမူတော့သည်။
“ဒီကောင်က တည်နေရာစွမ်းအင်ကိုလည်း ကျွမ်းကျင်နေတာကိုး။”
ခပ်ချောချောလူက မျက်မှောင်ကုတ်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင်တော့ အပြုံးတစ်ခု ခိုတွဲလာခဲ့တော့သည်။ သူ၏ အထင်အရဆိုလျှင် ချုပ်နှောင်ခြင်းစွမ်းအင်များကို ထုတ်ဖော်အသုံးပြုသည်ဆိုပါက ခန္ဓာကိုယ်ထဲတွင် ရှိသော စွမ်းအင်များအတော် ကုန်ခမ်း၏။ ၎င်း၏ နောက်လိုက်များအားလုံးသည် တစ်ဖက်လူမောပန်းသွားစေရန်အတွက် အသက်ကို ရင်းကာဖြင့် ပြုလုပ်ပေးနေသည်ဟုပင် သူက တွေးထင်ထားခဲ့တော့၏။
သူတွက်ချက်ထားသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်း၏ ချုပ်နှောင်ခြင်း စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ဆီမှ ရောက်ရှိလာခြင်းမဟုတ်ပေ။ စည်းဓားမော့ကြီးဆီမှ ရရှိလာခဲ့ခြင်းပင် ဖြစ်၏။ ထို့အပြင် သူ့၌ အလွန်တရာပေါများလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များတည်ရှိနေသောကြောင့် လူပေါင်းများစွာ တို့အား ဟင်းသီးဟင်းရွက်လှီးဖြတ်သလို သတ်ဖြတ်ရန်ဆိုသည်မှာ ကိစ္စတစ်ခု မဟုတ်ချေ။
ဆွစ် ဆွစ် ဆွစ်
ဓားအရိပ်များဖြတ်သန်းသွား၏။ တည်နေရာတစ်ခုလုံးတွင် ဓားလှိုင်းများသည် ပြည့်နှက်သွားခဲ့တော့သည်။
ဘုတ် ဘုတ် ဘုတ်
တစ်ယောက်ပြီး တစ်ယောက်သည် လေထုထဲမှ ပြုတ်ကျလာခဲ့သည်။ တည်နေရာထဲတွင်တော့ သွေးချောင်းကြီးများပင် စီးလျက်ရှိနေတော့၏။ သားသတ်သမားတစ်ယောက်ဖြစ်နေသည့် ကျွင်းချောင်ရှောင်းသည် လူအုပ်ထဲသို့ တိုးဝင်ပျံသန်း ပြီးသည့်နောက်မှာတော့ အချိန်တိုင်းအော်ဟစ်ရယ်မောကာဖြင့် သတ်ဖြတ်မှုကို ပြုလုပ်လျက်ရှိနေ၏။
စည်းဓားမော့ကြီးသည် ခပ်ချောချောလူနှင့်တိုက်ခိုက်သည့်အချိန်တွင် သိပ်၍အသုံးမဝင်လှသော်လည်း ဤကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ တစ်သောင်းမပြောနှင့်၊ တစ်သိန်းလောက်ရှိနေပင်လျှင် လုံလောက်လိမ့်မည်မဟုတ်ချေ။
“ဒင်
သီးခြားတာဝန်ပြည့်စုံ - လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ အား ရရှိပြီး
ဒင်
ဂိုဏ်းစုဆောင်းမှတ် ၉၀၀၀၀/၇၀၀၀၀
ဒင်
ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေသောကြောင့်…….
ဒင်
လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ပြုပါသည်။ ဖုံးကွယ်ထားသည့် ဆုလာဘ်ကို ရရှိသည်။ အတွေ့အကြုံအဆောင် ၁၀ ခု”
သတိပေးသံကို ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အနည်းငယ်မပျော်မရွှင်သလို ပြောလိုက်မိ၏။
“ဘာလို့ အတွေ့အကြုံအဆောင် နည်းနည်းလေးပဲ ရတာလဲ။”
“စိတ်ရှည်စမ်းပါ။” စနစ်က ပြောလိုက်သည်။
“ကောင်းပါပြီ။”
ကျွင်းချောင်ရှောင်းသည် ခပ်ချောချောလူအား လှမ်းကြည့်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားလည်း ငရဲပြည်ကို လိုက်သွားတော့။”
…
ကြယ်နှင်ဘုရင်၏ မျက်နှာသည် အေးစက်လျက်ရှိနေ၏။ တစ်ဖက်လူသည် သူ၏ နောက်လိုက်များအား ရေနွေး တစ်ခွက်သောက်သည့် အချိန်ကာလအတောအတွင်းမှာပဲ သတ်ဖြတ်ပစ်ခဲ့၏။ ထို့အပြင် သူ့အား လက်သင့်မခံနိုင် သလို ဖြစ်စေသည့်ကိစ္စမှာ တစ်ဖက်လူသည် ဤကဲ့သို့ သတ်ဖြတ်သွားပြီးသည့်နောက်၌ ပင်ပန်းနွမ်းနယ်သည့်အမူအရာ တစ်စက်ကလေး မှပင် မရှိခြင်းပင်။
“ကောင်လေး”
ခပ်ချောချောလူက အေးစက်စွာ ပြောလိုက်တော့၏။ “မင်းရဲ့အားအင်အဆင့်က ငါတွေးထားတာထက် ပိုပြီးအားကောင်းနေတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ မင်းအနေနဲ့ သေရမယ့်နည်းကလွဲရင် တစ်ခြားမရှိတော့ဘူး။”
ဆွစ် ဆွစ် ….။
အလွန်အားကောင်းလှသော အော်ရာများသည် ထွက်ပေါ်လာခဲ့တော့၏။ ထိုအရာသည် တလိမ့်လိမ့်တက်လာသော လှိုင်းကဲ့သို့ပင် ဂြိုဟ်တည်နေရာကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
“ဟမ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ တစ်ဖက်လူ ထုတ်ဖော်လိုက်သော အော်ရာများသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ထဲတွင် တိုက်ခိုက်စဉ်ကထက် ပို၍ အားကောင်းလျက်ရှိနေတော့ သည်။
ခပ်ချောချောလူမှာ မျက်နှာကို အသာအုပ်ကာဖြင့် ရယ်ကာပြောလိုက်၏။ “ငါက နတ်ဘုရားသွေးအမျိုးအစားနဲ့ ပေါင်းစပ်လိုက်တာလေ။ ဒီတော့ ငါ့ရဲ့အားအင်အဆင့်က တိုးတက်သွားတာပေါ့။ မင်းအနေနဲ့ သေဖို့အတွက် အချိန်အကြာကြီး စောင့်စရာမလိုဘူး။ ခဏလေးနဲ့ပဲ ပြီးသွားလိမ့်မယ်။”
“နတ်ဘုရားသွေးအမျိုးအစားဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် နားမလည်ချေ။ သို့ပေမဲ့ သူသည် အေးစက်စက်နှင့် ဓားကြီးကို မြှောက်ကိုင်လိုက်၏။ “ပြောချင်တာရှိတယ်ဆိုရင်လည်း ပြောလေ။ နောက်ဆိုရင် ပြောဖို့အခွင့်အရေးက ရမှာမဟုတ်တော့ဘူး။”
“ဟားဟား ဟား ဟား”
ခပ်ချောချောလူသည် အူလှိုက်သည်းလှိုက်ထ၍ ရယ်မောလိုက်၏။ “အဆင့်နိမ့်ဂြိုဟ်တစ်ခုရဲ့ အမှိုက်တစ်ကောင်က ဘယ်လောက်အားအင်ရှိလဲဆိုတာ ငါ့ကို ပြအုံး။”
ဒွီ
ပြောပြီးပြီးချင်းမှာပဲ သူသည် ကျွင်းချောင်ရှောင်း၏ အရှေ့လေထုထဲ၌ ရုတ်တရက် ပေါ်ပေါက်လာ၏။ အလွန်အားကောင်းလှသော အော်ရာများသည် ၎င်းအား လွှမ်းခြုံလျက်ရှိနေပြီး ကြီးမားသော လက်ကြီးအဖြစ်သို့ ပြောင်းလဲကာ ကျွင်းချောင်ရှောင်းအား အသာဖိနှိပ်လိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ၏ ပေါက်ကွဲမှုအောက်မှာတော့ တည်နေရာလေဟာနယ်တစ်ခုလုံးသည် ရုတ်တရက် ကွဲအက်ကုန်သည်။ နတ်ဘုရားမျိုးဆက်၏ ကောင်းချီးပေးမှုအောက်မှာတော့ ထိုခပ်ချောချောလူ၏ အားအင်အဆင့်သည် အလွန်တရာ တိုးတက်သွားခဲ့တော့၏။ တိုက်ခိုက်လိုက်သည့်အချိန်တွင် မြေပြင်တစ်ခုလုံးပင် ကွဲထွက်လုမတတ် ဖြစ်နေတော့၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် ငြိမ်ငြိမ်သက်သက်မတ်တပ်ရပ်လျက်ပင် ရှိနေသေးသည်။
“အမှိုက်”
ခပ်ချောချောလူ၏ မျက်နှာသည် ပိုမိုကာ တင်းမာခက်ထန်လာခဲ့သည်။ “ငရဲပြည်ကို သွားစမ်း။”
ဝှစ် ဝှစ် ဝှစ်
များပြားလွန်းလှသောလက်ကြီးများသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်မှာတော့ ခပ်ချောချောလူ၏ မျက်နှာသည် ရုတ်တရက် အေးခဲသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် သက်လတ်ပိုင်းအရွယ် လူနှစ်ယောက် ပေါ်ပေါက်လာသောကြောင့်ပင်ဖြစ်သည်။ ၎င်းတို့ရောက်ရှိလာသည်ကို သူသည် တစ်ချက်ကလေးမှပင် သတိမပြုမိပေ။ ၎င်းတို့၏ မျက်လုံးများသည်လည်း အေးစက်လျက်ရှိနေ၏။
ဘုန်း ဘုန်း ဘုန်း
အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ တစ်ယောက်သည် ဘယ်ဘက် ကို တိုက်ခိုက်၍ တစ်ယောက်သည် ညာဘက်ကို တိုက်ခိုက်၏။
ခပ်ချောချောလူသည် ဘယ်ကိုရှောင်ရမည်လား။ ညာကို ရှောင်ရမည်လားပင် သေသေချာချာ မသိရှိခဲ့ချေ။ အဆုံးသတ်မှာတော့ သူသည် ၃၆၀ ဒီဂရီ အနောက်ဘက်ဆီသို့ လည်ကာ လွှင့်စင်သွားတော့သည်။
ဘုန်း
သူနေထိုင်ရာ ရဲတိုက်ကြီးသည် ပြိုလဲသွားခဲ့၏။ လေထုထဲတွင်တော့ ဖုန်များ အလိမ့်လိမ့်တက်လာ၏။
ဝေါ့
ပျက်စီးသွားသော အပိုင်းအစပုံတွေထဲမှာတော့ ခပ်ချောချောလူသည် လဲလျောင်းလျက်ရှိနေ၏။ ထိုသူသည် သွေးတစ်လုတ် အန်ထုတ်လိုက်တော့သည်။ သူ၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
လူတစ်ယောက်စီသည် လက်သီးတစ်ချက်တည်းထိုးရုံနှင့် သူ၏ မရီဒန်များ ပျက်စီးသွားခဲ့၏။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
ရွှီ
သူတွေးနေတုန်းမှာပဲ အဖြူရောင်နတ်ဆိုးသည် သူ၏ ရှေ့၌ ပေါ်လာ၏။ သူ၏ ခေါင်းအား လက်တစ်ဖက်ဖြင့် ဆွဲယူကာ တစ်ခြားသော လက်တစ်ဖက်ဖြင့် အားရပါးရ ထိုးနှက်ခြင်းကို ပြုမူတော့သည်။
“ငါ့ရဲ့ ညီငယ်လေးကို အနိုင်ကျင့်တယ်ဆိုတာ ငါ့ကို အနိုင်ကျင့်တာနဲ့ အတူတူပဲကွ။”
ဘုန်း
ပျက်စီးလျက်ရှိနေသော ရဲတိုက်ကြီး၏ အလယ်တည့်တည့်မှာတော့ မြေတည်နေရာကြီးသည် ပေပေါင်းရာချီ၍ ချိုင့်ဝင် လျက်ရှိနေတော့၏။ ထိုတည်နေရာထဲတွင်ရှိနေသော အလောင်းပေါင်းတစ်သောင်းကျော်တို့အားလုံးသည် ဖြစ်ပေါ်လျက်ရှိနေသော စွမ်းအင်လှိုင်းများအောက်၌ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်လွင့်ပါးသွားခဲ့ရ၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “အဲလောက်ကြီးတောင် အားကောင်းတာလား။”
“ဟုတ်တာပေါ့။”
အမဲရောင်နတ်ဆိုးသည် ထိုသူ၏ ရှေ့တွင် မတ်တပ်ရပ်ကာဖြင့် လက်ကို ပိုက်ထား၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ဆီမှ တလိမ့်လိမ့်နှင့် ထွက်ပေါ်လျက်ရှိနေသည်။
၎င်းတို့သည် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးတွင် ကုန်းရှန့်၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံရသည့်သူများနှင့် တစ်ချက်ကလေးမျှ မတူတော့သလိုမျိုးပင်။