← Chapters

အခန်း (၁၁၅၁)

Vol. 78 Ch. 1151

အခန်း (၁၁၅၁)

Vol. 78 Ch. 1151

အောင်မြင်သောလူတစ်ယောက်ဆိုသည်မှာ မည်သို့သောလူကို ခေါ်ဆိုသနည်း။ အောင်မြင်သောလူတစ်ယောက် ဆိုသည်မှာ ကိုယ်ကိုယ်တိုင် ကလဲ့စားချေရန် စွမ်းရည်မရှိပါက တစ်ခြားသောသူများကို အကူအညီတောင်းနိုင်သည့် လူများပင်ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းအနေနှင့် အောင်မြင်သောလူတစ်ယောက်ဖြစ်ကြောင်း အလုံးစုံဖော်ပြလျက်ရှိနေတော့သည်။ သူ့အနေနှင့် သူ့အား ကူညီရန် တစ်ခြားသူများကို ရှာဖွေနိုင်ခဲ့သည်သာမက လေဟာနယ်ကို ချိုးဖြတ်ပြီး သွားနိုင်ရန် အခွင့်အရေးကိုပင် အဖြူရောင်နှင့်အမဲရောင်လူတို့ဆီမှ ရယူကာ စကြာဝဠာထဲ သွားလာလျက်ရှိနေတော့၏။

“အင်း”

စနစ်သည် သက်ပြင်းချလိုက်၏။

“ဒီလူတွေကတော့ လက်ခံသူရဲ့ ပစ်မှတ်ထားခြင်းကို ခံရတာ ဘဝတစ်ခုလုံးမှာ ကံအဆိုးဆုံး ကိစ္စပဲ။”

သို့ပေမဲ့ ခြာက်ကပ်လျက်ရှိနေသော ဂြိုလ်တစ်ခုထဲမှာတော့ အလွန်တရာ ကံဆိုးလှသောလူသည် နန်းပလ္လင် တစ်ခုပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူ၏ အနားတွင်ရှိနေသော ပရိဘောဂများအားလုံးသည် ပျက်စီးလို့နေ၏။

ကြယ်နှင်ဘုရင်သည် လက်ရှိအခြေအနေမှာတော့ အလွန်တရာဒေါသထွက်လျက်ရှိနေတော့သည်။ သူသည် စကြဝဠာ ထဲကို နှစ်ပေါင်းများစွာလှည့်လည်သွားလာပြီး တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ အဆင့်နိမ့် ဂြိုဟ်တစ်ခု၏ သိုင်းကျင့်ကြံသူတစ်ယောက်လက်ထဲတွင် ရှုံးနိမ့်ခဲ့၏။ သေမလိုပင် ဖြစ်ခဲ့ရသေးသည်။

“အမှိုက်”

သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။

“ငါ့ရဲ့ဒဏ်ရာတွေ ပြန်ပြီးကောင်းတဲ့အထိ စောင့်လိုက်။ ငါမင်းကို ကောင်းကောင်းသေအောင် သတ်ပြီးတော့ မြေမြှုပ် ပစ်မယ်။”

“သခင်”

ထိုအချိန်မှာတော့ ဂျယ်လီလိုလို ဘာလိုလို သတ္တဝါတစ်ကောင်သည် သူ၏အနားဆီသို့ လျှောက်လှမ်းလာပြီး တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “ဆဋ္ဌမစစ်သူကြီးက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဝင်သွားပြီးတဲ့အချိန်မှာ ဘာသတင်းမှ မကြားရတော့ဘူး။ ဒီတော့ မတော်တဆ တစ်ခုခု ဖြစ်နေမလားဆိုတာကို စိတ်ပူမိတယ်။”

“မလိုဘူး။ … ဒီဂြိုဟ်က ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ထက်တောင် ပိုပြီးတော့ အားနည်းသေးတယ်။ ခြောက် ကလေးက ကျိန်းသေပေါက်လွယ်လွယ်ကူကူနဲ့ ရင်ဆိုင်နိုင်မှာပဲလေ။ ဒီတော့ မင်းအနေနဲ့ သူ့ဆီက ရလာမယ့်သတင်းကိုသာ စိတ်ရှည်လက်ရှည်နဲ့စောင့်နေတော့။”

“ကောင်းပါပြီ။”

ထိုသူသည် လေးစားမှုရှိရှိနှင့်ပြန်လည်ကာ ပြောဆိုလိုက်သည်။ ချောမောသောသူသည် မူလအားဖြင့် ပြန်လည်ကောင်းမွန်လာစေရန်အတွက် တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားခဲ့သည်။

သို့ပေမဲ့ သူသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီးသည့်နောက် မေးလိုက်မိ၏။ “နတ်ဘုရားသွေး ရှိသေးတယ်မလား။ ငါအမြန်ဆုံးပြန်ပြီးကောင်းဖို့လိုအပ်တယ်။ အဲဒါကို သွားယူခဲ့။”

ထိုသူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “သခင် … ဒီသွေးအမျိုးအစားက ဒဏ်ရာတွေကို ကုသတဲ့အချိန်မှာပြန်ပြီး ကောင်းမွန်စေနိုင်တယ်ဆိုပေမဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိသေးတယ်လေ။ ဒါကို မသုံးခင် နှစ်ကြိမ်လောက်ပြန်ပြီး စဉ်းစားဖို့လိုမယ် ထင်တယ်။”

“ပေါက်ပန်းလေးဆယ်တွေ မပြောနဲ့တော့။”

ချောမောသည့်လူက အေးစက်စက်ဖြင့်ပြောလိုက်သည်။ “မြန်မြန်ယူခဲ့တော့။”

“ကောင်းပါပြီ။”

ထိုသူသည် အနောက်သို့ ဆုတ်သွားရန်သာတတ်နိုင်တော့၏။ ပြီးသည့်နောက်မှာတော့ အနီရောင်သွေးများ ပါဝင်လျက် ရှိသော သေးငယ်သည့် ပုလင်းလေးတစ်ခုကို ယူဆောင်လာခဲ့၏။

“သခင်။ ကျေးဇူးပြုပြီးတော့ ဂရုတစိုက်နဲ့သုံးပါ။”

ချောမောသည့်လူသည် လက်ကို ယမ်းခါကာ ယူလိုက်သည်။ “မင်းထွက်သွားလို့ရပြီ။”

“ဟုတ်ကဲ့ပါ။”

ထိုသူသည် အပြင်ဘက်သို့ ထွက်၍လျှောက်လိုက်သည့်အချိန်မှာပဲ သူ့သခင်၏အသံသည် နားထဲသို့ တိုးဝင်လာခဲ့၏။ “တစ်ခြားဂြိုဟ်တွေမှာရှိနေတဲ့ စစ်သူကြီးငါးယောက်တို့ကို ခေါ်လိုက်။ ငါပြန်ကောင်းသွားပြီဆိုတာနဲ့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ဆီကို အတူတူ သွားကြမယ်။”

ချောမောသည့်လူသည် အလွန်တရာဒေါသထွက်လျက်ရှိ၏။ ထို့ကြောင့် သူ့အနေနှင့် သူ၏ အမိန့်ပေးမှုအောက်တွင် တည်ရှိလျက်ရှိနေသာ စစ်သူကြီးငါးယောက်တို့အား တစ်ခါတည်းစုစည်းကာ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ဖျက်ဆီးရန် ဆုံးဖြတ်လိုက်၏။

ဤကိစ္စအား ကျွင်းချောင်ရှောင်းသာသိသည်ဆိုပါက ကျိန်းသေပေါက် လက်သီးဆုပ်ကာ ပြောပေလိမ့်မည်။ “ကျေးဇူးတင်ပါတယ်။ တစ်စုတစ်စည်းတည်းခေါ်ထားတော့ အကုန်လုံးကို တစ်ခါတည်းသတ်လို့ရတာပေါ့။”

……

ဘုတ်

ပျက်ဆီးလျက်ရှိနေသော ဂြိုဟ်တစ်ခုမှာတော့ ၎င်းဂြိုဟ်ကို စောင့်ကြပ်လျက်ရှိနေသော နောက်ဆုံးစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် မြေပေါ်သို့ လဲကျနေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ သွေးများ ကျဆင်းနေသည်။

ဟားဟား ဟားဟား

အိမ်မြှောင်လို ပုံပန်းသွင်ပြင်နှင့် သတ္တဝါတစ်ကောင်သည် ၎င်း၏ဦးခေါင်းကြီးကို မော့ကာဖြင့် အားရပါးရ ရယ်လိုက်၏။ “မင်းဆီက ငါ လိုချင်တာတွေ အကုန်ယူရမှာပဲ။”

“ချီးတဲ့မှ။”

ထိုကျွမ်းကျင်သူသည် မြေပေါ်တွင် လဲလျက်ရှိ၏။ ၎င်း၏ မျက်လုံးများသည်လည်း မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက် လုမတတ်ပင် ဖြစ်နေတော့၏။ “မင်းတို့ စကြဝဠာဓားပြတွေဟာ ကျိန်းသေပေါက် မကြာခင်မှာ ပြန်ပြီး ဝဋ်လည်လိမ့်မယ်။”

ဘုန်း

ပြောပြီးပြီးချင်းမှာပဲ ၎င်း၏ ဦးခေါင်းကြီးသည် ပေါက်ကွဲထွက်သွားတော့၏။ အိမ်မြှောင်ကဲ့သို့သော သတ္တဝါသည် အလောင်းဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ အလောင်းကြီးအား ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ပြီးသည့်နောက် အေးစက်စက်ပြောလိုက်၏။ “ဒီမှာရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကိုယူ။ ပြီးတော့ မြို့ထဲမှာရှိတဲ့ လူတွေအကုန်လုံးကို သတ်ပလိုက်။”

“ကောင်းပါပြီ။”

ဆွစ် ဆွစ် ဆွစ်

သူ၏ အနောက်တွင် လိုက်ပါလာခဲ့ကြသော သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့အားလုံးသည် သေသေချာချာ ကျကျနန လေ့ကျင့်ပေးထားသည့် လူများဖြစ်ပုံပေါ်၏။ တစ်ယောက်ပြီးတစ်ယောက် တည်နေရာအနှံ့ဆီသို့ သွားရောက်ကာ မြင်မြင်သမျှ အရာအားလုံးကို လုယူ၍ သတ်ဖြတ်ခြင်းကို ပြုမူတော့သည်။

“သခင်”

ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် သတင်းလာပို့တော့၏။ “ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လာဖို့ သခင်ကြီးက အမိန့်ပေးလိုက်တယ်လေ။”

“ကောင်းပါပြီ။ သွားကြတာပေါ့။”

…..

တစ်ခြားသောဂြိုဟ်တစ်ခုတွင်တော့ ဗလတောင့်တောင့်နှင့်လူတစ်ယောက်သည် သွေးများစွန်းထင်လျက်ရှိနေသော ဓားမော့ကြီးကို ကိုင်ကာဖြင့် သိုင်းကျင့်ကြံသူတစ်ထောင်ကျော်တို့ကို အားရပါးရ သတ်ဖြတ်လျက်ရှိသည်။

ဆွီ ဆွီ

သွေးနှင့် ခြေပြတ်လက်ပြတ်များသည် ကောင်းကင်ယံအထိသို့ပင် လွင့်စင်သွားခဲ့တော့၏။ မြင်ကွင်းသည် ကြောက်မက် ဖွယ်ရာကောင်းလွန်းလှ၏။ ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အိမ်မြှောင်ကဲ့သို့သော လူနှင့် ဆင်တူလှသည်ကို သိရှိနိုင်၏။

ဘုန်း ဘုန်း ဘုန်း

အချိန်အနည်းငယ်ကြာ သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ဤဂြိုဟ်တွင် ကျန်ရှိနေခဲ့သော အထူးလက်ရွေးစင် သိုင်းကျင့်ကြံသူများအားလုံးသည် သတ်ဖြတ်ခံလိုက်ရ၏။ သွေးများသည် ချောင်းကဲ့သို့ပင် စီးဆင်းလျက်ရှိနေ၏။

ဟားဟား ဟားဟား

ကြွက်သားများ အမြောင်းမြောင်းနှင့်လူသည် ၎င်း၏ ဓားမော့ကြီးနှင့်အတူ အလောင်းများကောင်များပေါ်တက်ပြီး မတ်တပ် ရပ်ကာဖြင့် ကျယ်လောင်စွာ ရယ်မောလျက်ရှိသည်။

“ဒီလူတွေကို ခုတ်ဖြတ်သတ်ဖြတ်ရတာ တကယ့်ကို ကောင်းတဲ့ခံစားချက်ပဲ။”

“သခင်”

အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်လာ၏။ “သခင်ကြီးက ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်ခဲ့ဖို့ ပြောတယ်။”

…..

ဘုတ်

ခမ်းနားလွန်းလှသော နန်းတော်ဟောခန်းတစ်ခုအထဲမှာတော့ လူတစ်ယောက်သည် စွမ်းအင်ကင်းမဲ့စွာဖြင့် မြေပေါ်သို့ ဒူးထောက်ထိုင်လျက်ရှိ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ကြမ်းတမ်းစွာဖြင့် တုန်ခါလျက်ရှိနေတော့သည်။

ပလ္လင်ပေါ်မှာတော့ အလွန်တရာဖြူရော်နေသည့်မျက်နှာနှင့်လူတစ်ယောက်တည်ရှိလို့နေသည်။ ထိုသူသည် ခြေချိတ် ထိုင်လျက်ရှိနေပြီးသည့်နောက် ဘေးနားတွင်ရှိနေသော ချောမောလှပသည့် မိန်းကလေးငယ်တစ်ယောက်ကို အသာဆွဲယူကာ ဖက်ထားသည်။ ထိုသူက ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားဆီမှာရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ယူခဲ့ဖို့တောင်းဆိုတာ များလွန်းနေလို့လား။”

“မများပါဘူး။ မများပါဘူး။”

အောက်တွင်ရှိသောလူသည် နဖူးစပ်တွင် ချွေးများတပေါက်ပေါက်နှင့်ကျဆင်းလျက်ရှိသည်။ လူငယ်သည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ထိုသူအား စိတ်ဝိညာဉ်စွမ်းအင်များနှင့်လွှမ်းခြုံကာ အသာဆွဲယူလိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်၏။

“မများဘူးဆိုရင် ဘာလို့ မပေးသေးတာလဲ။”

“ကျုပ် … ကျုပ်”

“သခင်”

သူ၏ ဘေးနားတွင်ရှိသော နောက်လိုက်တစ်ယောက်က ပြောလိုက်၏ “သခင်ကြီးက ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လာစေချင်တယ်။”

ဝှစ်

လူငယ်သည် သူဖမ်းချုပ်ထားသည့်လူအား ကောင်းကင်ယံအမြင့်ဆီသို့ အသာဆွဲမလိုက်၏။ လုံလောက်သည့် အမြင့် တစ်ခုဆီသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အောက်ဆီသို့ ပစ်ချကာ ရိုက်သတ်လိုက်တော့၏။

“သွားစမ်း။”

…..

ဝှစ် ဝှစ် ဝှစ်

သီးသန့်ဖြစ်တည်လျက်ရှိသော ဂြိုဟ်ကြီးတစ်ခုထဲမှာတော့ ချောမောလှသည့်လူ၏ စစ်သူကြီးငါးယောက်နှင့် ၎င်းတို့၏ နောက်လိုက်တစ်သောင်းကျော်တို့အားလုံးသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ရှိနေသော ခံစားချက်ကင်းမဲ့နေသည့် မျက်နှာပေးနှင့် အပြုံးများကို မြင်ရသည်ဆိုသည်နှင့် အလွန်များပြားလွန်းလှသော အရင်းအမြစ် များကို ရယူသိမ်းဆည်းခဲ့ပုံ ပေါ်နေသည်။

“အကြံပေး”

အိမ်မြှောင်လိုလူသည် ဇဝေဇဝါဖြင့် ပြောလိုက်သည်။ “ဘာလို့သခင်ကြီးက ပြန်ခေါ်ရတာလဲ။”

ဂျယ်လီလိုလိုသတ္တဝါသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ “ဝိညာဉ်ကုန်းမြေကုန်းမြေတိုက်ကြီးမှာ သခင်ကြီးက ဒဏ်ရာရရှိခဲ့တယ်လေ။”

“ဘာ”

စစ်သူကြီးငါးယောက်တို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွား၏။ သခင်၏ အားအင်အဆင့်သည် ၎င်းတို့ထက် အများကြီး အများကြီး ပို၍ သာလွန်သည်။ ထိုသို့သော သူသည် အဆင့်နိမ့်ဂြိုဟ်တစ်ခုဆီသို့ သွားရောက်ရင်ဆိုင်သည့်အချိန်မှာ ဒဏ်ရာရရှိခဲ့သည်ဆိုခြင်းမှာ ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။

ဘုန်း …။

ထိုအချိန်မှာတော့ နန်းတော်၏ အနောက်ဘက်တောင်ကြီးတစ်ခုပေါ်မှာတော့ ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံ ကြီးတစ်ခုဖြစ်တည်လာသည်။ ခပ်ချောချောလူသည် အလွန်အားအင်အဟုန်ပြည့်ဝစွာဖြင့် လှိုဏ်ဂူထဲမှ ထွက်လျှောက် လာခဲ့တော့၏။

“ဟမ်”

ရုတ်တရက် သူသည် မျက်မှောင်ကုတ်သွားသည်။

နန်းတော်၏ အပြင်ဘက် သဲပေါ်များထဲမှာတော့ ပုံရိပ်ယောင်တစ်ခုသည် အသာလျှောက်လှမ်းလာသည်ကို သူမြင်လိုက်ရသည်။ သေသေချာချာရှင်းရှင်းလင်းလင်း ကြည့်ရှုပြီးသည့်နောက်မှာတော့ ခပ်ချောချောလူ၏ မျက်လုံးများသည် ဖြူထွက်သွားခဲ့၏။

“ဒီကောင်ကိုး။”

အမှန်ပင်ဖြစ်သည်။ ဤကဲ့သို့ ဟိတ်ဟန်ကောင်းစွာဖြင့် ခပ်တည်တည် လမ်းလျှောက်လာခဲ့သော သူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။

စစ်သူကြီးငါးဦးတို့သည်လည်း ၎င်းအား သတိပြုမိ၏။ ထို့ကြောင့် အသာလှည့်ကြည့်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီဂြိုဟ်ကြီးထဲကို ဘယ်လိုလုပ် တစ်ခြားတစ်စုံတစ်ယောက်က ရောက်နေရတာလဲ။”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မိုင်ဒါဇင်ချီအား ခြေတစ်လှမ်းအသာလှမ်းပြီးသည့်နောက် လှစ်ခနဲ ရောက်ရှိလာခဲ့၏။ သူသည် အလွန်တရာကြည့်ကောင်းလွန်းလှသော အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောလွန်းလှသော မျက်နှာ သည် တည်နေရာတစ်ခုထဲတွင် ထင်းထင်းကြီး ထင်ပေါ်လျက်ရှိနေသည်။

သူသည် ပြုံးကာ ပြောလိုက်၏။ “အားလုံးပဲ။ ကျုပ် ပြဿနာလာရှာတာပါ။”

“ပြဿနာလာရှာတာဟုတ်လား။”

စစ်သူကြီးငါးဦးတို့သည် အားရပါးရ ထ၍ ရယ်မောလုမတတ်ပင် ဖြစ်သွားတော့၏။ ဤနှစ်ပိုင်းအတွင်းတွင် သူတို့သည် သခင်ကြီးနောက်ကိုလိုက်၍ လောကကြီးအနှံ့တွင် လှည့်လည်တိုက်ခိုက်ခဲ့၏။ သူတို့ကသာလျှင် တစ်ခြားသောသူများ ကိုသွား၍ ပြဿနာရှာခဲ့ကြသူများသာဖြစ်တော့၏။ မည်သည့်အချိန်က သူတို့ကို ပြဿနာရှာမည့်လူတစ်ယောက် ပေါ်ပေါက်လာသည်ဖြစ်ကြောင်းကိုလည်း သူတို့မသိရှိခဲ့ကြချေ။

ခပ်ချောချောလူသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “မင်းက ငါ့ရဲ့ ဌာနေဆီကို တစ်ယောက်တည်းလာရဲတယ်ဆိုတော့ တော်တော်ရဲတင်းတာပဲ။”

ဆွစ်

သူသည် လက်ကို ယမ်းခါကာဖြင့် အေးစက်စက်ကြည့်၍ ပြောလိုက်တော့သည်။ “သူ့ကို တစ်ခါတည်း သတ်ပလိုက်တော့။”

“ကောင်းပါပြီ။”

စစ်သူကြီးငါးဦးတို့သည် အလင်းကဲ့သို့ပင် ပြောင်းလဲပြီး ရှေ့သို့ လှမ်းတက်သွားသည်။ ၎င်းတို့၏ မျက်လုံးများသည် သွေးဆာလွန်းသည့်အမူအရာများဖြင့် နီတွတ်လျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် တစ်ခြားသောဂြိုဟ်များဆီသို့ သွား၍ လုယက်တတ်သည့်သူများပင်ဖြစ်သည်။ သို့ပေမဲ့ သူတို့၏ အလုပ်များမပြီးသေးခင်မှာပင် သခင်ကြီးသည် သူတို့အား ပြန်လည် ဆင့်ခေါ်ခဲ့သည်။ ထို့ကြောင့် သူတို့စိတ်ထဲတွင် မပျော်ရွှင်မှုများဖြစ်လို့နေခဲ့၏။

ယခုလူတစ်ယောက်သည် ၎င်းတို့အား ပြဿနာလာရှာသည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည်ဆိုမှတော့ ကျိန်းသေပေါက် ဒုက္ခပေးမှဖြစ်ပေတော့မည်။

ဆွစ် ဆွစ်

ကြမ်းတမ်းလွန်းလှသော အားအင်ငါးခုတို့သည် တည်နေရာသုံးခုဆီမှ ပျံ့နှံ့ကာ ရောက်ရှိလာခဲ့သည်။ အထူးသဖြင့် ဓားမော့ကြီးကို ကိုင်ဆောင်သော ကြွက်သားအမြောင်းမြောင်းနှင့် လူပင်ဖြစ်တော့သည်။ ၎င်းသည် ရှေ့သို့ လှမ်းတက် လာပြီးသည့်နောက်မှာတော့ ကျယ်လောင်စွာအော်ဟစ်ကာ ပြောလိုက်တော့၏။

“ဒီကောင် ဘယ်ကလာတာလဲ။ ငါ့ကိုတောင် ပြဿနာလာရှာရဲတယ်ဟုတ်လား။”

ဆွစ်

ဓားမော့ကြီးသည် တည်နေရာကိုပင် ဖြတ်သန်းကာ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ ထိုဓားမော့ကြီးသည် ကျွင်းချောင်ရှောင်းကို ခုတ်ပိုင်းကာ အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ အသံတစ်ခုသည် သူ၏ နားထဲသို့ တိုးဝင်လာခဲ့တော့သည်။

“စည်းဓားမော့”

ရွှမ်

စွမ်းအင်လှိုင်းများသည် ချက်ချင်းပျံ့နှံ့သွားခဲ့၏။ တည်နေရာထဲတွင်ရှိနေသော ဖုန်များ၊ သဲများအားလုံးသည် လေထု ထဲတွင် အေးခဲလျက်ရှိနေ၏။

ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာတော့ စစ်သူကြီးများသည် ထိတ်လန့်တုန်လှုပ် သွားမိတော့၏။ ကြွက်သားအမြောင်းမြောင်းနှင့်လူသည် ဓားမော့ကြီးကို ခုတ်ပိုင်းနေရင်းမှ အေးခဲလျက် ရှိ၏။

ကျွင်းချောင်ရှောင်းမှာတော့ စည်းဓားမော့ကြီး၏ ဒုတိယပုံစံကို အသက်သွင်းကာဖြင့် ၎င်း၏ရှေ့မှ ဖြတ်လျှောက် သွားခဲ့သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။ “မော့ကြည့်လိုက်အုံး။ အပေါ်မှာ ကြယ်တွေအများကြီးပဲလေ။”

“ကြယ်တွေဟုတ်လား။”

ကြွက်သားအမြောင်းမြောင်းနှင့်လူသည် ခေါင်းကို မော့ကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူ၏ လည်ပင်းဆီမှ စူးရှသည့် နာကျင်မှုကို ရရှိလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ၏ ဦးခေါင်းသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

“အမလေး”

ကျန်သည့်စစ်သူကြီးလေးဦးတို့သည် မျက်လုံးအပြူးသားဖြင့် အော်ဟစ်လိုက်ကြ၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းကာဖြင့် ၎င်းတို့၏ ရှေ့ဆီသို့ ချက်ချင်းရောက်ရှိလာ သည်။

ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြန်၏။

ဆွစ်

ပြီးသည့်နောက်မှာတော့ ဓားချက်သည် လူလေးယောက်လုံးအား ပိုင်းပြီးဖြစ်နေသည်။

ဘုတ် ဘုတ် ဘုတ် ဘုတ် ….။

စစ်သူကြီးလေးယောက်လုံးသည် မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွား၏။ ၎င်းတို့၏ လည်ပင်း ပေါ်တွင်တော့ ဓားရာများပေါ်လာသည်။ ၎င်းတို့၏ ဦးခေါင်းများသည် ခန္ဓာကိုယ်နှင့်သီးခြားစီ ခွဲထွက်သွားခဲ့ကြပြီ ဖြစ်၏။

၎င်းတို့သည် တစ်ခြားသောဂြိုဟ်များဆီသို့ သွားရောက်သည့်အချိန်၌ မျက်နှာတစ်ခုလုံး ပြုံးရွှင်စွာဖြင့် တစ်ခြား သောသူများကို သတ်ဖြတ်ခဲ့ကြသူများပင် ဖြစ်ကြ၏။ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော သွင်ပြင်အမူအရာမျိုး နှင့်ပင် သတ်ဖြတ်ခြင်းခံခဲ့ရ၏။ ဤအရာသည် ဝဋ်လည်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

All Chapters