← Chapters

အခန်း (၁၁၄၉)

Vol. 78 Ch. 1149

အခန်း (၁၁၄၉)

Vol. 78 Ch. 1149

ကြယ်ကြွေကုန်းမြေတိုက် ……။

ကျွင်းချောင်ရှောင်းသည် နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ သူသည် နောက်ဆုံးအကြိမ် ပြန်လာစဉ်က များပြားလှသည့် တာဝန်များကို ပြည့်စုံစေခဲ့၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အဆင့် တော်တော်များများဆီသို့ တိုးတက်ခဲ့သည်။ ထို့အပြင် များပြားလှသည့် သိုင်းပညာအရင်းအမြစ်များကိုလည်း ပြန်လည် ရယူနိုင်ခဲ့၏။

ဤတစ်ကြိမ်မှာတော့ ပိုမိုကာ ကောင်းမွန်နေသည်။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေဆီမှ သိုင်းအင်ပါယာ နှစ်ယောက် တို့ကို ပြန်လည်ခေါ်ဆောင်လာသောကြောင့် ဖြစ်သည်။

သူ၏ မွေးရပ်မြေဆီသို့ ပြန်လည် ခြေချလိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သို့မှ မနေနိုင်တော့ဘဲ ပျော်ရွှင်စွာဖြင့် သီချင်း အော်ဆိုလိုက်မိ၏။

“ဟေ့ညီလေး... အိမ်ကိုပြန်ခဲ့တော့ …”

ကျွင်းချောင်ရှောင်း ၏အသံကို ကြားရသည့်အချိန်မှာတော့ အမဲရောင်နှင့် အဖြူရောင်လူ တို့သည် မျက်လုံးများ ချာချာလည်သွား၏။ ချက်ချင်းပဲ နားတွေအူကာ သတိလစ်မေ့မျောလုမတတ် ဖြစ်သွားကြသည်။

ကုန်းရှန့်သည် ဤကဲ့သို့သော အရည်အချင်းမျိုးကို တိုက်ခိုက်သည့် တိုက်ပွဲမျိုးတွင် ထုတ်ဖော်အသုံးပြုမည်ဆိုပါက တစ်ဖက်လူသည် ကျိန်းသေပေါက် တွေဝေပြီး သွေးများ ပြောင်းပြန်စီးဆင်း သွားနိုင်၏။

“ညီငယ်လေး... မဆိုပါနဲ့တော့ကွာ။ ငါတို့ အသက်ထပ်ရှင်ချင်သေးတယ်”

အမဲရောင်နှင့် အဖြူရောင် နတ်ဆိုးတို့သည် သံပြိုင်ပြောဆိုလိုက်ကြ၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်သည် ဒွါရကိုးပေါက်ဆီမှ သွေးများယိုစီးနေသကဲ့သို့ပင် ခံစားနေရပုံပေါ်သည်။

“အမ်”

ကျွင်းချောင်ရှောင်းသည် ခံစားချက်များကို ထုတ်ဖော်နေရာမှ ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ သွေးသောက်အစ်ကိုကြီး နှစ်ယောက်အား တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုပြီး အင်္သေချေမြို့ ဆီမှ ပြိုင်စံရှားဂိုဏ်းဆီသို့ ခေါ်ဆောင်လာခဲ့တော့၏။

“ဒါက မယုံနိုင်စရာပဲ”

အမဲရောင်နတ်ဆိုးသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “အဆင့်နိမ့် သေမျိုး ဂြိုဟ်ထဲမှာ တည်နေရာရွေ့ပြောင်းခြင်း အစီအရင် ရှိနေတာလား”

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း တပည့်များအား မြင်လိုက်ရချိန်တွင် ပိုမို၍ အံ့အားသင့်မိနေသည်။

“အမဲရောင်နတ်ဆိုး”

အဖြူရောင်လူ၏ မျက်လုံးများသည် ပြူးကျယ်သွား၏။ “တပည့်တွေက အဆင့်မြင့် စိတ်ဝိညာဉ် အမြစ်ကို မပိုင်ဆိုင်ကြဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကတော့ သာမာန်ထက် ပိုနေတာပဲ”

“ဒါက အမှန်ပဲ” အမဲရောင်နတ်ဆိုးသည် ခေါင်းညိတ်လိုက်သည်။

တခြားသောသူများသည် အပြင်ပိုင်း အသွင်အပြင်ကိုသာ ကြည့်ရှုကြမည်ဆိုသော်လည်း တကယ်တမ်း ကျွမ်းကျင်သူများမှာတော့ ထိုသူများ၏ အတွင်းကျကျ တည်ရှိနေမှုများကိုသာ အလေးထားကာ ကြည့်ရှုလျက် ရှိနေ၏။

ပြိုင်စံရှားဂိုဏ်းတပည့်များသည် ကြွက်သားတည်ဆောက်ခြင်းအခန်း၊ စမ်းသပ်မှုမျှော်စင်နှင့် တခြားသော အဆင့်မြင့် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲတွင် လေ့ကျင့်ကြသူများဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အားအင်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် အလွန်တရာ အားကောင်းလွန်းလှသည်။

အပြင်ဘက်လောကရှိ မိသားစု သို့မဟုတ် ဂိုဏ်းများ၌ ဆိုလျှင် အနာဂတ်ကျင့်ကြံခြင်း လမ်းစဉ်အား ၎င်းတို့ပိုင်ဆိုင်သည့် စိတ်ဝိညာဉ်အမြစ်နှင့် တိုင်းတာကြ၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲတွင်တော့ သေမျိုးအဆင့် စိတ်ဝိညာဉ်အမြစ်ရှိလျှင်တောင်မှ အလွန်တရာ ကြိုးစားဖို့သာ လိုအပ်၏။ ထိုသို့ ကြိုးစားမည် ဆိုပါက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကိုသာမက သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်မှ သည် နတ်ဘုရားအဆင့် စိတ်ဝိညာဉ်အမြစ်ထိကိုပါ ပိုင်ဆိုင်နိုင်သည့် အခြေအနေမျိုး ရောက်ရှိနိုင်လိမ့်မည်။

ထိုအချိန်မှာတော့ အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့၏ အကြည့်များသည် ပိုမိုကာ လေးနက်လာခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ပါးစပ်ထဲ၌ သွားကြားထိုးတံကို ကိုက်ကာ စားသောက်ခန်းထဲမှ ထွက်လျှောက်လာခဲ့သည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။

“ဟမ်”

ဟယ်ဝူတီသည်လည်း ထိုနှစ်ယောက်ကို သတိပြုမိလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။

“ဘာလဲ”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “အစ်ကိုကြီးတို့ သူ့ကိုသိလို့လား။ သူက နောက်ဆုံးတပည့်လေ”

“မသိပါဘူး” အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည် ခေါင်းကို ခါယမ်းလိုက်ကြ၏။

ဟယ်ဝူတီသည်လည်း ၎င်းတို့ကို မသိချေ။ သို့ပေမဲ့ တစ်ဖက်နှင့်တစ်ဖက် ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သာမန်မဟုတ်ကြောင်း သိရှိနိုင်၏။ ဖြစ်နိုင်သည်မှာ ၎င်းသည် အဆင့်မြင့် ဂြိုဟ်တစ်ခုခုဆီမှ ရောက်ရှိလာသည့်သူဖြစ်ကြောင်း သိသာသည်။

အမဲရောင်နှင့် အဖြူရောင်လူတို့သည် တစ်ဖက်လူမှာ မတူညီသည့်ဂြိုဟ်တစ်ခုဆီမှ ဖြစ်ကြောင်း သတိပြု လိုက်မိ၏။ အထက်နယ်မြေဆီမှ ရောက်လာသည့် လူတစ်ယောက်ပင် ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းမိကြသည်။ သေမျိုးဂြိုဟ်တစ်ခုတွင် အထက်နယ်မြေဆီမှ သိုင်းကျင့်ကြံသူတစ်ယောက် တကယ်ပဲ ရှိလို့နေခဲ့၏။ ထို့အပြင် နောက်ဆုံးတပည့်ဟုလည်း ဆိုနေ၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

“ညီငယ်လေး”

အဖြူရောင်နတ်ဆိုးသည် ပြုံးကာ ပြောလိုက်၏။ “နောက်ဆုံးတပည့်ရဲ့ပင်ကိုယ်စွမ်းရည်က သာမန်ထက်ပိုတာပဲ။ သူ့ရဲ့အောင်မြင်မှုက ကျိန်းသေပေါက် အကန့်အသတ်မဲ့နိုင်တယ်”

“အစ်ကိုကြီး... မြှောက်ပင့်ပြောဆိုနေပြန်ပြီ”

ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီကို ကြည့်ကာ အမိန့်ပေးလိုက်၏။ “သွား တံခါးသွားပိတ်တော့”

“ကောင်းပါပြီ” ဟယ်ဝူတီသည် ထိုသူများဆီမှ အကြည့်ကို ရုတ်သိမ်းကာဖြင့် တောင်၏ဂိတ်တံခါးဆီသို့ မြန်မြန်ဆန်ဆန် လှမ်းလျှောက်သွားတော့သည်။

အဖြူရောင်နတ်ဆိုးသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ညီငယ်လေး... မင်းရဲ့အတွင်းစည်းတပည့်က တကယ့်ကို အားကောင်းလှတဲ့ အသွင်အပြင် ရှိတယ်လေ။ ဘယ်လိုဖြစ်ပြီး တံခါးသွားပိတ်နေရတာလဲ”

“ဒါက သူ့ရဲ့တာဝန်လေ” ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်သည်။

“တာဝန်ဟုတ်လား” အဖြူရောင်နတ်ဆိုးသည် ဇဝေဇဝါ ဖြစ်မိနေ၏။

အမဲရောင်နတ်ဆိုးသည် မျက်လုံးများ ချာချာလည်လျက် ရှိသည်။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “နောက်ဆုံးတပည့်ဆိုတာက နောက်ဆုံးတံခါးကိုပိတ်ရတဲ့လူကို ပြောတာလား”

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းမှာ နောက်ဆုံးတပည့်တစ်ယောက်ပဲ ရှိတယ်”

အဖြူရောင်နတ်ဆိုးသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားတော့သည်။ အတွင်းစည်းတပည့် တစ်ယောက်အား အစစ်အမှန်ပင် တံခါးပိတ်ရန် စေခိုင်းလျက် ရှိနေတော့သည်။ “ဒါက အရမ်းထူးဆန်းလွန်းတယ်”

“အရမ်း... အရမ်း... ထူးဆန်းလွန်းတယ်”

အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့သည် ၎င်းတို့၏ နှလုံးသားထဲတွင် ကြိတ်ကာ ရေရွတ်လျက် ရှိနေကြ၏။ ပြီးသည့်နောက်မှာတော့ အချင်းချင်း အကြည့်များ လဲလှယ်ကာ ပြောလိုက်တော့သည်။

“ဖြစ်နိုင်တာ ပြိုင်စံရှားဂိုဏ်းက သက်တန့်ရောင်သူတော်စင်နဲ့ တကယ် ပတ်သတ်နေတာပဲ ဖြစ်ရမယ်”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ လီချင်းယန်သည် သတင်းကြားပြီးသည့်နောက်မှာတော့ မြန်မြန်ဆန်ဆန်ပဲ လာရောက်တွေ့ဆုံတော့သည်။

အမဲရောင်နှင့် အဖြူရောင်နတ်ဆိုး တို့၏ ထက်ရှလှသည့် အမြင်အရ ရောက်ရှိလာသည့်သူမှာ သေမျိုးဂြိုဟ်ထဲတွင် အားအကောင်းဆုံးသော စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်ကြောင်း တစ်ခါတည်း တန်း၍ သိရှိသွားကြ၏။

ပြီးသည့်နောက်မှာတော့ လမ်းတလျှောက်တွင် ၎င်းတို့နှစ်ယောက်သည် အလုံးစုံ အံ့အားသင့်မိနေကြ၏။ အဘယ်ကြောင့်ဆိုသော် စုရှောင်မို၊ လီဖေး၊ ထျန်းချီနှင့် တခြားသော အတွင်းစည်းတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာကြ၏။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်နှင့် ခန္ဓာကိုယ်အသွင်အပြင်များကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် သေမျိုးဂြိုဟ်၏ ထိပ်တန်း ပါရမီရှင်များဖြစ်ကြောင်း သိသာနိုင်သည်။

အဖြူရောင်နတ်ဆိုးသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းထဲမှာ သာမန်ဆိုတာကော ရှိသေးရဲ့လား။ ဟမ်”

ထိုအချိန်မှာပဲ ၎င်းတို့နှစ်ယောက်သည် မာယုံနင်အား မြင်လိုက်ရ၏။ ဤလူသည် သာမန်ပုံစံကျ၏။ သို့ပေမဲ့ ထိုသို့တွေးနေတုန်းမှာပဲ မာယုံနင်သည် မီးဖိုချောင်ခန်းထဲတွင် သူကိုင်ဆောင်နေကြ ဓားမကြီးကို ထုတ်၍ ဟင်းသီးဟင်းရွက်များကို စတင်ကာ ခုတ်ပိုင်းတော့၏။ ရေတွက်မရအောင် များပြား လွန်းသော ဓားရိပ်ဓားယောင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ ဟင်းသီးဟင်းရွက်များ အားလုံးသည် ညီညာစွာဖြင့် ပြတ်တောက်သွားခဲ့သည်။

“အင်း... ဒီလူကလည်း သာမန် မဟုတ်ဘူးပဲ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် တီးတိုးပြောလိုက်၏။ “ဒီနှစ်ယောက်ကို ကြည့်ရတာ မရိုးရှင်းတဲ့ပုံပဲ”

သူသည် အထက်နယ်မြေဆီမှ အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့၏ အော်ရာများကို အာရုံခံကြည့်၍ မရချေ။ သို့ပေမဲ့ အလွန်တရာကောင်းမွန်လွန်းလှသော ဟိတ်ဟန်များကို ကြည့်ရှုလိုက်မည်ဆိုသည်နှင့် သာမန်မဟုတ်ဘဲ စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်ကြောင်း သိသာနိုင်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့က သိုင်းအင်ပါယာတွေလေ။ ဘယ်လိုဖြစ်ပြီး ရိုးရှင်းမှာလဲ”

“ကျွန်တော်သိပါပြီ”

လီချင်းယန်သည် ပုံမှန်အတိုင်း ပြန်ပြောလိုက်၏။ ပြီးနောက် ရုတ်တရက် လှမ်းလျှောက်နေရာမှ ရပ်တန့်လိုက်၏။ သူ၏ ပါးစပ်များသည် ဟောင်းလောင်းဖြစ်လျက်ရှိ၏။ “သိုင်း... သိုင်းအင်ပါယာ ဟုတ်လား”

...............

ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ခေါ်ဆောင်လာခဲ့သော သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်တို့သည် သိုင်းအင်ပါယာများ ဖြစ်လို့နေခဲ့သည်။

သိုင်းအင်ပါယာ - ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ အားကောင်းလှသော ကျင့်ကြံခြင်းအဆင့်ပင် ဖြစ်တော့သည်။ ရှေးယခင်ကတည်းက သိုင်းအင်ပါယာသည် ကိုးယောက်သာရှိခဲ့၏။ ထို့အပြင် ထိုသိုင်းအင်ပါယာကိုးယောက်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်အတွင်း သူတို့၏ မျက်နှာများကို မပြသခဲ့ချေ။

လက်ရှိအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ တပည့်သောင်းကျော်တို့သည် လေ့ကျင့်ရေးကွင်းပြင်တွင် စုစည်းလျက်ရှိနေသည်။ ၎င်းတို့အားလုံးသည် အဓိကဟောခန်းထဲသို့ လှမ်းကြည့်ပြီးသည့်နောက်မှာတော့ သိုင်းအင်ပါယာတစ်ယောက်၏ မျက်နှာကို တွေ့ချင်ဇောဖြင့် စောင့်မျှော်လျက်ရှိနေကြောင်း သိသာလှသည်။

“စီနီယာအစ်ကိုစု... ဂိုဏ်းချုပ်က သိုင်းအင်ပါယာနှစ်ယောက်ကို ခေါ်ပြီးတော့ ပြန်လာတာဆို”

လီဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ကျုပ်... ကျုပ်အိမ်မက် မက်နေတာလား”

ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများ အားလုံးသည် သိုင်းအင်ပါယာဆိုသည်မှာ အလွန်တရာ အားကောင်းလှသည့်လူတစ်ယောက်ဖြစ်ကြောင်း ငယ်ရွယ်စဉ်ကတည်းက သိရှိပြီးသား ဖြစ်ကြ၏။ ထိုကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိရန် သူတို့သည် စိတ်ကူးယဉ်တောင့်တမျှော်မှန်းလျက် ရှိနေကြ၏။

စုရှောင်မိုက ပြောလိုက်တော့သည်။ “မင်း အရင်ဆုံး ငါ့ကုပ်ပေါ်က ဆင်းလို့ မရဘူးလား”

စိတ်လှုပ်ရှားလျက်ရှိနေသော လီဖေးသည် စုရှောင်မို၏ ကုပ်ပေါ်သို့ တက်ခွကာ မေးမြန်းနေခြင်းပင်ဖြစ်တော့၏။

“စီနီယာအစ်ကိုစု”

လီထျန်းထျန်းသည် ပြေးလာပြီး ပြောလိုက်၏။ “ဂိုဏ်းချုပ်ခေါ်လာတဲ့ သိုင်းအင်ပါယာ နှစ်ယောက်က ဘယ်သူတွေလဲ”

“အင်း”

စုရှောင်မိုသည် ခဏလောက်တွေးကာ ပြောလိုက်၏။ “ဒါက ညအင်ပါယာ မဟုတ်တာတော့ သေချာတယ်။ အဲ ညအင်ပါယာဆိုတဲ့ သနားစရာလူ ကအေလုအယက်နှင့် ပြေးကာ ရောက်ရှိလာသော ရီရှင်းချန်သည် စုရှောင်မိုအား ပြေး၍ ကန်ချင်စိတ်ပင် ပေါက်မိ နေသည်။

“ဂိုဏ်းချုပ်က ဘာလို့ သိုင်းအင်ပါယာနှစ်ယောက်ကို ခေါ်လာတာလဲ”

ဖေးအားညိုသည် လေ့ကျင့်ရေး ကွင်းပြင်တွင် မတ်တပ်ရပ်လျက်ရှိ၏။ သူသည် တည်ငြိမ်သည့်အမူအရာဖြင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည်။ အဖြူရောင်နှင့် အမဲရောင်လူတို့၏ မျက်နှာကို မြင်ရသည့်အချိန်မှာတော့ သူသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “ဒီနှစ်ယောက်က ဘယ်သူတွေတုန်း။ ငါ သူတို့ကို မသိပါလား”

သူနှင့် စုရှောင်မိုတို့သည် နားလည်မှုလွဲနေကြ၏။ သူနှင့် စုရှောင်မိုတို့ ထင်မှတ်ထားသည်မှာ ဂိုဏ်းချုပ် ခေါ်ဆောင်လာသော သိုင်းအင်ပါယာဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာ ကိုးယောက်ထဲမှ နှစ်ယောက်ဖြစ်သည်ဟု ထင်မှတ်ထားခဲ့ကြခြင်းဖြစ်၏။

ဟောခန်းထိပ်တွင် ထိုင်လျက်ရှိနေသော အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့ အားလုံးသည် လေ့ကျင့်ရေး ကွင်းပြင်တွင် ဂိုဏ်းတပည့်ပေါင်း သောင်းကျော် စုစည်း၍ ကြည့်ရှုနေသည်ကို သိရှိလိုက်ကြ၏။ ထိုသူတို့အားလုံး၏ ပါရမီကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူတို့နှစ်ယောက်သည် အံ့အားသင့်လျက် ရှိနေ၏။

“ဟမ်”

အဖြူရောင်နတ်ဆိုးသည် ရီရှင်းချန်အား သတိပြုမိသွား၏။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။ “ညီငယ်လေး... ဟို မျက်နှာတည်တည်နဲ့လူက သိုင်းအင်ပါယာတစ်ယောက်ရဲ့ ဟန်ပန်အမူအရာမျိုး ထွက်နေတာပဲ။ သူကလည်း နောက်ဆုံးတပည့် ဖြစ်လာနိုင်တယ်နဲ့တူတယ်”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “အစ်ကိုကြီးတို့... ဝိညာဉ်မျိုးနွယ်ကုန်းမြေ တိုက်ကြီးကနေ အခုမှ ရောက်လာတာလေ။ ဒီတော့ ဆာနေလောက်ပြီ။ ကျုပ်ရဲ့တပည့်တွေကို အစားအစာ ပြင်ဆင်ထားဖို့ အမိန့်ပေးပြီးပါပြီ”

အဖြူရောင်နတ်ဆိုးသည် သဘောမတူညီစွာဖြင့် ပြောလိုက်သည်။ “ငါနဲ့ မင်းအစ်ကိုကြီးတို့က အစားအစာတွေကို အဆာခံနိုင်တဲ့ အရည်အချင်း ရှိသွားပြီလေ။ ဒီတော့ နှစ်ပေါင်းတစ်ရာလောက် မစားရင်တောင်မှ ဆာလောင်မှုကို မခံစားရဘူး။ ဒီတော့ ထူးထူးခြားခြား အစားအစာတွေ ပြင်ဆင်ပြီးတော့ ဒုက္ခခံမနေပါနဲ့”

တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းတို့နှစ်ယောက်သည် အရသာရှိလွန်းသော အစားအစာများကိုသာ နှစ်ခြိုက်ကြ၏။ သေမျိုးလောကရှိ အစားအစာများကို စိတ်မဝင်စားလှချေ။ အထူးသဖြင့် ကျွင်းချောင်ရှောင်း နှင့်အတူ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတွင် စားသောက်ခဲ့စဉ်က သူတို့သည် ဝိုင်များကိုသာ တစ်ချိန်လုံး သောက်ခဲ့ကြ၏။ အစားအစာများကို လုံးဝ မထိတွေ့ခဲ့ကြချေ။

အထက်နယ်မြေမှ စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သည်နှင့်အညီ ၎င်းတို့နှစ်ယောက်သည် အနည်းငယ်တော့ ဇီဇာကြောင်လွန်းလှ၏။

All Chapters