← Chapters

အခန်း (၁၁၅၅)

Vol. 78 Ch. 1155

အခန်း (၁၁၅၅)

Vol. 78 Ch. 1155

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီး၏ အစွမ်းသက်ရောက်မှု ကုန်ဆုံးသွားချိန်မှာတော့ မည်သို့မှ မဟန်နိုင်ဘဲ မြေပေါ်သို့ လဲကျသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ေပြောရမည်ဆိုလျှင် ကုန်းရှန့်သည် ဤကဲ့သို့ အားနည်းနေသည့် အကြောင်းအရာအတွက် ပျော်ရွှင်နေခြင်း မဟုတ်ပေ။ အဘယ်ကြောင့် ပျော်ရွှင်နေရသနည်းဆိုသော် ချောမောလှသည့်လူနှင့် ရင်ဆိုင်ပြီးသည့်နောက်မှာတော့ များပြားလွန်းသော ပစ္စည်းများကို ရရှိခဲ့သောကြောင့်ပင်ဖြစ်သည်။ စည်းဖွင့်ခြင်းအဆောင်အသစ်၊ သက်တန့်ရောင်စဉ်ကျမ်း စသည်တို့အား ရရှိခဲ့၏။ ထို့အပြင် ထိုသူ၏ သိုလှောင် လက်စွပ် ထဲတွင်ရှိနေသော သိုင်းအရင်းအမြစ်များကလည်း များပြားလွန်းလှသည်။

“အိုက်ယား …….. ငါဘယ်လိုနေနိုင်တော့မလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို ဖိကာဖြင့် အသာပြောလိုက်မိ၏။ “ပျော်လွန်းလို့ သေတောင်သေတော့မလိုပဲ”

“……..” စနစ်သည် ဆွံ့အနေမိသည်။

“ငါ့ဆီမှာ အတွေ့အကြုံအဆောင် ဆယ်ခု ရှိသေးတယ်လေ။ ဒါတွေကို ချိုးဖြတ်ပြီးတဲ့ အချိန်မှာ သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားမှာ မဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အလွန်တရာ ဂုဏ်ယူနေ သည့် အရိပ်အယောင်များ ထင်ဟပ်လျက် ရှိနေတော့၏။

နောက်ဆုံးမှာတော့ စနစ်သည် အခွင့်အရေးကို အရယူကာဖြင့် ဝင်ရောက်တိုက်ခိုက်တော့သည်။ “လက်ခံသူ... စဉ်းစားတာ အရမ်းများသွားပြီ။ မင်းက သိုင်းနယ်မြေအဆင့်ကိုးနဲ့အထက်က ထိပ်ပိုင်းအဆင့်ကို ရောက်သွားပြီ။ ဒီတော့ ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ဆိုရင် အထူးတာဝန်တွေကို ပြည့်စုံအောင် လုပ်ဖို့ လိုသေးတယ်”

“အခု မင်းပြောမှာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာမှန်းမသိဘဲ ငါက အဆင့်တစ်ခုရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေတာပေါ့။ အချိန်တွေ ကုန်လွန်တာ မြန်လိုက်တာ။ ဒါပေမဲ့ ဘာတစ်ခုမှ အခက်အခဲ မရှိသလိုပါပဲလား”

“..........”

စနစ်သည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ဟုတ်ပေသည်။ ကုန်းရှန့်၏ စကားများကိုသာ များပြားလှသော ဂြိုဟ်အသီးသီးမှာရှိသော စွမ်းအားမြင့်ကျင့်ကြံသူများ ကြားမည်ဆိုပါက ကျိန်းသေပေါက် တံတွေးဖြင့်ထကာ ထွေးပေလိမ့်မည်။

“အင်း... ဟုတ်ပြီ၊ အထူးပစ္စည်းကလည်း ရှိနေသေးတာကိုး”

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးဆီသို့ သွားကာ ဖွင့်ကြည့်လိုက်တော့၏။ မူလအားဖြင့် တည်ရှိနေသော ပစ္စည်းများအားလုံးသည် ပျောက်ကွယ်လျက် ရှိနေပြီး ကော်ရှင်မက် ပုံစံ ရေးဆွဲထားသော သေတ္တာကြီးတစ်လုံးသည်သာ ထိုနေရာတွင် တည်ရှိနေ၏။

အရင်တုန်းက အလယ်အလတ်စတိုး၌ အထူးပစ္စည်းတစ်ခုကို သူ ရရှိခဲ့ဖူး၏။ ထိုစဉ်က ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းကို အသုံးပြု ပြီးသည့်နောက်မှတော့ ဖျက်ဆီး၍ မရနိုင်သည့် အတွင်းခံတစ်စုံကို ရရှိခဲ့၏။ ပို၍ အရေးကြီးသည်မှာ သေခြင်းနှင့် ရှင်ခြင်းလျှို့ဝှက်နယ်မြေတစ်ခုကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့် အရေးကြီးသည်ဟု ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သေခြင်းနှင့်ရှင်ခြင်း လျှို့ဝှက်နယ်မြေ ပေါ်ပေါက် လာသည်နှင့် တပည့်များ၏ ကျင့်ကြံခြင်း သည် ပိုမိုကောင်းမွန်လာခဲ့သည်သာမက ဂိုဏ်းစုဆောင်းမှတ်များကို လည်း တော်တော်များများ ရရှိခဲ့၏။ ထို့ကြောင့် အလွန် ကောင်းမွန်သည့် အရာဖြစ်ကြောင်း ပြောဆိုရခြင်းဖြစ်၏။

“ဒီတစ်ကြိမ်မှာ ငါ ဘာပစ္စည်းကောင်းတွေ ရအုံးမှာလဲ” ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ပွတ်သပ် ကာဖြင့် ကော်ရှင်မက် (?) ပုံစံရေးဆွဲထားသော သေတ္တာအား ဖိကာ ကြည့်ရှုလိုက်၏။ အထဲတွင် မည်သည့်မိတ်ဆက်မှ မရှိချေ။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်း ဆိုသည်ကိုသာ ရှင်းလင်းစွာ ရေးသားထားတော့၏။ ဂဏန်း၏ အနောက်ဘက်တွင် ရှိနေသော သုညများကို ရေတွက်ကြည့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်၏။ “ချီးတဲ့မှ... ဒါက သောက်ရမ်း ဈေးကြီးလွန်းတယ်”

“ဘာလို့ ဈေးကြီးရလဲဆိုတော့ အကြောင်းရင်း ရှိတယ်လေ။ လက်ခံသူ … ဒါကို ဝယ်ဖို့အတွက် ကြယ်တစ်သိန်း လောက် အာမခံတယ်” စနစ်က ပြောလိုက်သည်။

“...........”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကို ငါဝယ်လိုက်မယ်ဆိုရင် အဓိက တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့တာနဲ့ တူညီတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ ဘာမှ မကျန်တော့သလိုပဲ ဖြစ်သွားမှာပေါ့”

“အနည်းဆုံးတော့ မင်း အထူးအဆင့် ပစ္စည်းတစ်ခုတော့ ရရှိလိမ့်မယ်လေ။ ပြီးတော့ ဘယ်လိုမှ မပျက်စီးနိုင်တဲ့ အဝတ်တစ်စုံကို ရရင် ရနိုင်တယ်။ ဒါကို မင်း ဟိုသားရဲကောင်ကို ပေးလိုက်မယ်ဆိုလို့ရှိရင် ဂိုဏ်းအနေနဲ့ ဂိုဏ်းဝတ်စုံတွေ ချုပ်ရတဲ့ပိုက်ဆံ တော်တော် သက်သာမှာပဲ” စနစ်က ပြောလိုက်သည်။

“ချီးတဲ့မှ”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအား အသုံးပြု၍ အထူးပစ္စည်းအား ဝယ်ယူခဲ့သည်။ ပစ္စည်း အား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

ကျွင်းချောင်ရှောင်းသည် နာကျင်နေသည့် အမူအရာမျိုးဖြင့် သူ၏ ရင်ဘတ်ကို အုပ်ကိုင်ထားမိ၏။ “ဒီဟာက ပစ္စည်းကောင်းသာ မဟုတ်ဘူးဆိုရင် တစ်ခါတည်း သေသွားနိုင်တယ်”

ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာပဲပြောပြော ဝယ်ပြီးပြီဆိုမှတော့ ကြည့်ရတော့မှာပေါ့”

ဝှစ်

သူ၏ ဝိညာဉ်သည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကြီးမားသော သေတ္တာပုံးထဲတွင် ရှိနေသည့် အထူးပစ္စည်းရှေ့ဆီသို့ ရောက်ရှိသွားခဲ့၏။ အထဲတွင် ဘာရှိသနည်းဆိုသည်ကို ဖွင့်ကြည့်မှပင် သိပေ လိမ့်မည်။

ဟူး

ကျွင်းချောင်ရှောင်းသည် သက်ပြင်းရှည်ကြီး ချပြီးသည့်နောက်မှာတော့ သေတ္တာကို လှန်၍ ဖွင့်လိုက်သည်။

ကျွီ …..။

ရွှေရောင်လှိုင်းများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ သေတ္တာကြီးသည် ပွင့်လှစ် သွားတော့သည်။

“ဒင်... လက်ခံသူအား ဂုဏ်ယူပါသည်။ ဖျက်ဆီး၍ မရနိုင်သော အမဲရောင် အင်္ကျီ၊ ဘောင်းဘီ ဝတ်စုံတစ်စုံကို ရရှိ ခဲ့သည်။ ထိုအရာများအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ “အရူးပဲ... မင်းပြောတာ မှန်နေတာပဲ …. စနစ်”

ပထမဦးဆုံးသော အထူးပစ္စည်းသည် အတွင်းခံပစ္စည်းဖြစ်သည်။ ဒုတိယမြောက်ပစ္စည်းကတော့ အဝတ်အစား ဖြစ်လို့နေခဲ့သည်။

ထို့အပြင် သူသည် အင်္ကျီနှင့် အတွင်းခံများ လိုအပ်နေသည့်လူတစ်ယောက်နှင့် ဆင်တူနေသည် လား။ အဘယ်ကြောင့် သူ့အား ထိုအရာများ ပေးစွမ်းနေရသနည်း။

“ဒင်... လက်ခံသူသည် အထူးပစ္စည်း၏ ဆုလာဘ်အဖြစ် တစ်ချက်ထိုး သတ်ဖြတ်ခြင်းအား ရရှိခဲ့သည်”

“ဒင်.. လက်ခံသူအား ဂုဏ်ပြုပါသည်။ အထူးပစ္စည်းဝယ်ယူခြင်းဆုလာဘ်အဖြစ် ဘုံကိုးပါးလျှို့ဝှက်နယ်မြေတစ်ခုကို ရရှိခဲ့သည်”

သတိပေးသံများ ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်အား စောဒကတက်ချင်သည့်စိတ် အား ချက်ချင်းပဲ ဘရိတ်အုပ်လိုက်ရ၏။

စနစ်သည် အဘယ်ကြောင့် တစ်ခါတည်း မပြောဘဲ ဆန့်ငင် ဆန့်ငင်နှင့် ပြောနေရသနည်း။

ဝှစ် ဝှစ်

ကျောက်စိမ်းပြားလေးတစ်ခုနှင့် လေဝဲပုံစံဝင်ပေါက်တစ်ခုသည် သိုလှောင်လက်စွပ်ထဲတွင် ပေါ်ပေါက်လာခဲ့တော့ သည်။

“ဘုံကိုးပါးလျှို့ဝှက်နယ်မြေ …. နာမည်ကြည့်တာနဲ့တင် ကြမ်းမဲ့ပုံပဲ”

ကျွင်းချောင်ရှောင်းသည် အသုံးပြုသည့်ပုံကို အလျင်အမြန် လှမ်း၍ကြည့်လိုက်သည်။ ဖတ်ရှုပြီးသည့်နောက် ပျော်ရွှင်သွားမိသည်။ “ငါ.. ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းကို အသုံးပြုတာ ဖြုန်းတီးတာ မဟုတ်ဘူးပဲ”

မိတ်ဆက်အရဆိုလျှင် ဤအရာသည် သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေနှင့် ဆင်တူလှသော အရာပင် ဖြစ်တော့၏။ သိုင်းကျင့်ကြံသူများအနေနှင့် ထိုအထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အစစ်အမှန် တိုက်ခိုက်ခြင်း စွမ်းအင်ကို ရရှိနိုင်စွမ်းရှိသည်။

“ချင်းယန်နဲ့ တခြားသူတွေက ဒီထဲကို ဝင်သွားမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ပိုပြီးတော့ တိုးလာတော့ မှာပဲ”

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသည် ခက်ခဲမှု အများအပြားရှိပြီး အဆင့်သုံးဆင့်နှင့် ခွဲခြားထားခဲ့၏။ ဘုံကိုးပါး လျှို့ဝှက်နယ်မြေတွင်တော့ အဆင့်ကိုးဆင့် တည်ရှိလို့နေသည်။ တစ်ဆင့်ကို ချိုးဖြတ်သွားသည့် အချိန်တိုင်း များပြားလှသည့် အတွေ့အကြုံမှတ်များကိုလည်း ရရှိပေလိမ့်မည်။ ထို့ကြောင့် ဤအရာသည် သိုင်းကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်း အစစ်အမှန်ပင် ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း အနေနှင့် ဤကဲ့သို့သော လျှို့ဝှက်နယ်မြေများကို ကျော်ဖြတ်ရန် အလွန်တရာ ခက်ခဲသည်ကို ကောင်းကောင်း သိ၏။

“ဒီအတောအတွင်း လက်ခံသူရဲ့ ကျင့်ကြံခြင်းက ဆက်တိုက် တိုးတက်နေတာလေ။ သိုင်းနယ်မြေထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိလုမတတ် ဖြစ်သွားပြီ။ ဒါပေမဲ့ လက်ခံသူရဲ့ တပည့်တွေကတော့ အနောက်မှာ တော်တော် ပြတ်ကျန်နေခဲ့ပြီ။ ဒီလို လျှို့ဝှက်နယ်မြေမျိုး ပေါ်လာတာက ဂိုဏ်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်”

“ငါလည်း ဒီလိုပဲ မျှော်လင့်မိပါတယ်”

ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို အစစ်အမှန်ပင် မျှော်လင့်နေမိ၏။ ပြီးသည့်နောက်မှာတော့ ကျောက်စိမ်းပြားအား လက်ထဲတွင် ကိုင်၍ စဉ်းစားလိုက်မိ၏။ “ဒါက သိုင်းနည်းစနစ် စွမ်းရည်နဲ့ ဆင်တူတယ်။ ဒါက လျှို့ဝှက်သိုင်းကျမ်းတစ်ခုခု ဖြစ်နေတာလား”

ကျွီ ….။

ထိုအချိန်မှာတော့ ကျောက်စိမ်းပြားသည် ရုတ်တရက် ကွဲအက်သွား၏။ ပြီးသည့်နောက်မှာတော့ သူ၏ သိစိတ် ပင်လယ်ထဲသို့ အလင်းတန်းများအဖြစ် တိုးဝင်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ ထိုအရာ၏ အချက်အလက်များအားလုံးအား သူ သိရှိနားလည်သွားခဲ့တော့၏။

“အင်း... ဒါက တစ်ချက်ထိုး သတ်ဖြတ်ခြင်းပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်မိ၏။ ထိုအချိန်မှာတော့ သူ၏ မှတ်ဉာဏ်ထဲသို့ ရောက်ရှိနေသည့် အချက်အလက်များအရ တစ်ချက်ထိုးသတ်ဖြတ်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သိရှိနားလည်ခဲ့ပြီဖြစ်သည်။ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်သည့်အချိန်တွင် သူသည် တစ်ချက်ထိုး သတ်ဖြတ်ခြင်းအားဖြင့် ရန်သူကို သတ်ဖြတ်နိုင်လိမ့်မည်ဖြစ်သည်။ “ငါ... ငါက ပြိုင်ဘက်ကင်းပဲ”

“လက်ခံသူ... တွေးတာ အရမ်းများနေပြီ”

စနစ်က ပြောလိုက်သည်။ “ဒီလို သိုင်းစွမ်းရည်မျိုးဆိုတာက အခြေအနေ နဲ့ အချိန်အခါ ကိုက်ညီမှ အသုံးပြုလို့ရတဲ့ အရာမျိုးပဲလေ။ အကန့်အသတ်တွေ အများကြီးရှိတယ်”

တစ်ချက်ထိုးသတ်ဖြတ်ခြင်းအတွက် လုံလောက်သည့် အခြေအနေတစ်ခုသည် ကျွင်းချောင်ရှောင်း၏ အရှေ့၌ ရန်သူသည် အလွန်တရာ မောက်မာရပေလိမ့်မည်။ ထိုမောက်မာမှုသည် အခြေအနေတစ်ခုဆီသို့ တိုးတက်ရောက်ရှိ သွားမှသာလျှင် ထိုသိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြု၍ ရမှာဖြစ်သည်။ ထို့အပြင် ဤအရာသည် ဘေးထွက် ဆိုးကျိုးလည်း တည်ရှိလို့နေသေး၏။

တစ်ချက်ထိုးသတ်ဖြတ်ခြင်းကို အသုံးပြုပြီးသည့်နောက်မှာတော့ ဆံပင်အားလုံးသည် ခေါင်းပေါ်မှ ကျွတ်ကာ ခေါင်းတုံးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ တစ်နှစ်၊ နှစ်နှစ်လောက် အားနည်းနေမည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် လက်သင့်ခံနိုင်သေး၏။ သို့ပေမဲ့ သူ၏ အမဲရောင်ဆံနွယ်များ ပျောက်ကွယ်သွားရမည့် အဖြစ်ကို တွေးတောပြီးသည့်နောက်မှာတော့ သူသည် မည်သို့မှ မခံနိုင်ချေ။ ထို့အပြင် ဤကဲ့သို့ ခေါင်းတုံးပြောင်ပြောင် အား နှစ်သက်သဘောကျနေသည့် နှင်းဆီဧကရီကလည်း ရှိနေသေးသည် မဟုတ်ပါလား။

စနစ်က ပြောလိုက်သည်။ “လက်ခံသူဆီမှာ ဆံပင်ပေါက်ဆေး ရှိနေတာပဲ။ ခေါင်းတုံးဖြစ်တဲ့အတွက် ဘာကြောက်စရာ လိုလဲ”

“ဒါကတော့ မှန်တယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ဒီသိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုဖို့အတွက် အခြေအနေနဲ့ အချိန်အခါက မကိုက်ညီမှာ စိုးရတယ်လေ”

မောက်မာမှု၊ မောက်မာမှု ….။

ထိုအရာကို သူမည်သို့ လက်ခံရမည်နည်း။ သူ့ထက်ပို၍ အလွန်တရာ မောက်မာလှသည့် လူတစ်ယောက်နှင့် ရင်ဆိုင်တွေ့မည်ဆိုပါက ချက်ချင်းပဲ ရှိရှိသမျှ ဝှက်ဖဲများကို အသုံးပြုကာ တိုက်ခိုက်သတ်ဖြတ် သည့်အမူအကျင့်ကလည်း သူ့၌ တည်ရှိလို့နေခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် ပက်ပက်စက်စက် မောက်မာသည် ဆိုခြင်းမှာ သူ့အတွက် အဓိပ္ပာယ် မရှိလှချေ။

“ဒီတော့ …”

စနစ်က ပြောလိုက်သည်။ “ဒါဆိုရင် ဝှက်ဖဲအဖြစ်ပဲ အသုံးပြုရမှာပေါ့။ လက်ခံသူအနေနဲ့ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာဖို့အတွက် လမ်းက အရှည်ကြီး ရှိသေးတယ်လေ။ ဒါကို သေသေချာချာ သိမ်းထားရမယ်”

All Chapters