အခန်း (၁၁၅၆)
Vol. 78 Ch. 1156
ကျွင်းချောင်ရှောင်းသည် တစ်ချက်ထိုးသတ်ဖြတ်ခြင်းဆိုသည့် သိုင်းနည်းစနစ်နှင့်ပတ်သက်၍ ထပ်မံကာ မစဉ်းစား တော့ချေ။ ထိုအစား ဘုံကိုးပါးလျှို့ဝှက် နယ်မြေဆိုသည့်အရာကိုသာ အာရုံစိုက်ထားတော့၏။
တပည့်များ အနေနှင့် ပိုမိုကောင်းမွန်သည့် ကျင့်ကြံခြင်းတည်နေရာကို ရရှိမည်ဆိုပါက ပိုမိုအားကောင်းသည့် အကျိုးကျေးဇူးများကို ရရှိမှာ သေချာသည်။ ထိုအရာသည် ဂိုဏ်းအား ပြိုင်စံရှားဂိုဏ်း ဖြစ်လာစေရန် ကြီးမားသည့် အထောက်အကူ ဖြစ်ပေလိမ့်မည်။
“ငါ ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းဆီကို ပြန်ပြီးတော့ ဒီကိစ္စတွေအားလုံးကို အခြေချပေးရမယ်”
ကျွင်းချောင်ရှောင်း သည် ဖျက်ဆီး၍ မရနိုင်သော အဝတ်အစားနှင့် ဘောင်းဘီများကို တစ်ချက်ကြည့်ကာဖြင့် တွေးလိုက်သည်။ ဒါကို ခရမ်းရောင်ဘုရင်ကို ပေးရမယ်။ ဒါမှ အနာဂတ်မှာ အင်္ကျီတွေ ဖောက်ခွဲပစ်လို့ မရမှာ။
ဂိုဏ်းသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ အမူအကျင့်များကိုလည်း ကျိန်းသေပေါက် ပိုမို၍ အာရုံစိုက်ရပေ လိမ့်မည်။ ဟောခန်းသခင်ကျိ၏ အဝတ်အစားများကို ဖောက်ခွဲစုတ်ပြတ်အောင် ပြုလုပ်တတ်သည့် အမူအကျင့် သည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်၏။
“ဂုဏ်သိက္ခာ ဟုတ်လား”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ ရှိနေမှာတော့ အဲဒီဂုဏ်သိက္ခာဆိုတာ ဂိုဏ်းမှာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး”
“ဘာ... ငါက အမူအကျင့်ပိုင်းဆိုင်ရာ လိုအပ်နေသေးတယ်လို့ ဆိုလိုတာလား”
“တချိန်လုံး လူတွေကို လှည့်ပတ်လိမ်ညာနေတဲ့လူက ဘယ်လိုလုပ်ပြီး အမူအကျင့်လိုတာကို ကိုယ့်ကိုယ်ကိုယ် မသိရတာလဲ”
“ချီးတဲ့မှ..”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ငါက ဂိုဏ်းရဲ့အကျိုးစီးပွားအတွက် လုပ်နေရတာကွ။ ပုံမှန်အတိုင်းဆိုရင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဘာမှမကြိုးစားဘဲ ဂိုဏ်းကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် နှစ်တစ်ရာ ကြာသွားတာနဲ့ ချိန်ကိုက်ဗုံးက ပေါက်ကွဲသွားမှာ မဟုတ်လား”
သူ့အနေနှင့် တစ်ခါတစ်ရံ ရိုက်ချင်စရာ ကောင်းလှသည့် အပြုအမူများကို ပြုလုပ်ခဲ့၏။ တစ်ခါတစ်ရံတွင် အရှက်ကင်းမဲ့စွာဖြင့် အပြုအမူတချို့ကိုလည်း ပြုလုပ်ခဲ့သေး၏။ သို့ပေမဲ့ ထိုသို့ ပြုလုပ်ခဲ့သည့်အရာများ အားလုံးသည် ဂိုဏ်းကြောင့်ပင် ဖြစ်တော့၏။ မဟုတ်ပါက သူ့အနေနှင့် ပွင့်ပွင့်လင်းလင်း နေထိုင်ရန် စဉ်းစား ဆုံးဖြတ်နေမည်ဖြစ်ပြီး ဖြူမဲညီနောင်အားလည်း ဂိုဏ်းထဲသို့ ဝင်ရောက်ရန် လှည့်စားနေလိမ့်မည် မဟုတ်ချေ။
“စစ်သူကြီးတွေဆိုတာက လူအရိုးပေါင်းသောင်းကျော်ကို နင်းလျှောက်ပြီးမှသာ အောင်မြင်မှုကို တည်ဆောက်နိုင် တာလေ”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်မိသည်။ “အလုပ်ကြီး အကိုင်ကြီး လုပ်မယ့်လူတွေက ဒီကိစ္စလောက်ကို ဂရုစိုက်နေဖို့ မလိုပါဘူး”
“..........” စနစ်သည် ဆွံ့အသွားမိ၏။
အထူးပစ္စည်းကို ဖွင့်လှစ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စည်းဖွင့်ခြင်း အဆောင် (၃) အား အသာကြည့်ရှုလိုက်၏။ သံသယရှိစရာမလိုဘဲ ထိုအရာသည် အဆင့်မြှင့်တင်ပြီးသော စည်းဓားမော့ နံပါတ် (၃) အား အသုံးပြုရမည့်အရာပင် ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ငါ အဆင့်မြှင့်တင်ဖို့ လိုအပ်နေပြီလား” သူ့အနေနှင့် ဒုတိယမြောက် စည်းဖွင့်ခြင်းအဆောင်ကို အသုံးပြုရန် ကျန်ရှိနေသေး၏။ ထို့ကြောင့် အနည်းငယ်တွန့်ဆုတ်လျက် ရှိနေ၏။
“ဒါကို အဆင့်မြှင့်တင်လိုက်တော့”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က ဓားနဲ့ သိုင်းနယ်မြေအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်လေ။ ဒီတော့ စည်းဓားမော့ကို အသုံးမပြုဘူးဆိုရင်တောင်မှ ရန်သူ တွေကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်ပြီ။ ဘာလို့ ဒီဟာကို သိမ်းထားနေရအုံးမှာလဲ။ တတိယမြောက် အဆင့် မြှင့်တင်မှုကို မြန်မြန်ဆန်ဆန် လုပ်လိုက်တော့”
“ဒါလည်း ဟုတ်တာပဲ”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ အဆင့်မြှင့်တင်မည့် စိတ်ဝိညာဉ်ကျောက်တုံးအား ထုတ်ယူလိုက်၏။ ပြီးနောက် သူ၏ စိတ်ဝိညာဉ်နှင့်ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ထိုအရာသည် အရည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် စည်းဓားမော့ကို ထုတ်ယူပြီးသည့်နောက် မှာတော့ တတိယမြောက် အဆင့်မြှင့်တင်မှုကို စတင်ကာ ပြုလုပ်တော့သည်။
ပြုလုပ်ရသည့်လုပ်ငန်းစဉ် အကြောင်းကို သေသေချာချာ ပြောဆိုနေရန် မလိုအပ်တော့ချေ။ တစ်နာရီခန့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ စည်းဓားမော့ကြီးသည် အောင်မြင်စွာ အဆင့်မြှင့်တင်သွားခဲ့ပြီဖြစ်၏။ ကြည့်ရ သည်မှာ ယခင်ကအတိုင်းပင်ဖြစ်သည်။ သို့ပေမဲ့ ဓားအား ဓားအိမ်ထဲမှ ထုတ်လိုက်မည်ဆိုလျှင် မည်သို့ပုံစံမျိုး ပြောင်းလဲသွားမည်ဖြစ်ကြောင်း သူသေသေချာချာ မသိချေ။
“ဒါ အရမ်းကောင်းတဲ့အရာ ဖြစ်မှာပဲ”
ဤစည်းဓားမော့ကြီး၏ ဒုတိယမြောက်ပုံစံသည် အလွန်တရာ ကောင်းမွန် လွန်းလှ၏။ ထို့ကြောင့် တတိယမြောက်ပုံစံသည် ပိုမိုကာ ကြည့်ကောင်း၍ အသုံးဝင်သည့်အရာ ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက ခန့်မှန်းမိပြီးသား ဖြစ်တော့သည်။
“ညီငယ်လေး”
ထိုအချိန်မှာပဲ အဖြူရောင်နတ်ဆိုး၏အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာ၏။ “ဘာတွေ တွေးနေတာလဲ”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ဆရာ့ရဲ့ အမူအကျင့်က ပြောင်းလဲသွားခဲ့တယ်လေ။ သူက အရမ်းကို စကားနည်းတဲ့ လူတစ်ယောက်ဖြစ်သွားတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဘာတစ်ခုကိုမှ မပြောတော့ဘူး။ ဆရာက လမ်းကိုပဲ ညွှန်ပြပြီးတော့ ကျင့်ကြံခြင်းကတော့ ကိုယ့်ပေါ်မှာပဲ မူတည်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုတောင်မှ မကောင်းတတ်လို့ ပြောသလို ပြောဆိုသွားခဲ့တာ”
ဤကဲ့သို့သော လိမ်ညာမှုမျိုးသည် ကြီးမြတ်သောတုံးကု၏ တိုက်ရိုက်တပည့်ဖြစ်ကြောင်း စနစ်ကပင် ယုံကြည်လုမတတ် ဖြစ်သွားတော့၏။
အဖြူရောင်နတ်ဆိုးသည် ရယ်မောလိုက်မိ၏။ “ဘယ်လောက်အားကောင်းလွန်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖြစ် ညီငယ်လေး... ဒီလိုမျိုး ထူးဆန်းတဲ့အမူအကျင့်တွေက တည်ရှိနေတာပဲလေ။ စီနီယာတုံးကုရဲ့ တိုက်ရိုက် တပည့်တောင် ဖြစ်လာခဲ့ပြီးပြီ ဆိုမှတော့ ပါရမီရှင်တွေ အများအပြားက မနာလိုရတဲ့ လူတစ်ယောက် ဖြစ်နေပြီလေ”
ရွက်သင်္ဘောကြီးကို ထိန်းချုပ်လျက်ရှိနေသော အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “သာမန်အခြေအနေမှာ ဆိုရင် ဒီရွက်သင်္ဘောကြီးကို မောင်းဖို့အတွက် အဆင့်မြင့် စွမ်းအင်ကျောက်တုံးတွေ လိုအပ်တယ်လေ။ ညီငယ်လေး... နည်းနည်းလောက် ရှာပြီး စမ်းကြည့်ပါလား”
“ကျုပ် ကြိုးစားပြီးသွားပြီ။ ဒါက ပျံသန်းမှုရဲ့ အမြန်နှုန်းကိုပဲ တိုးစေတာလေ။ တည်နေရာကို ဖြတ်သန်းပြီး ခရီး သွားလာလို့မရဘူး”
“မင်းက ဘယ်လိုမျိုး စွမ်းအင်ကျောက်တုံးတွေ အသုံးပြုလိုက်တာလဲ” အမဲရောင်နတ်ဆိုးက မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဆဋ္ဌဂံကြယ်ကျောက်တုံးအား ထုတ်ယူကာ ပေးလိုက်၏။ “ဒါလေ”
အမဲရောင်နတ်ဆိုးက လှမ်းယူလိုက်၏။ သေသေချာချာ အာရုံခံကြည့်ပြီးသည့်နောက်မှာတော့ အထင်အမြင်သေးစွာ ပြောလိုက်မိ၏။ “ဒီလို အမှိုက်မျိုးက အထက်နယ်မြေဆီမှာ အဆင့်နိမ့်ကျောက်တုံးထက် ဘာမှ မပိုဘူးလေ။ ဒီတော့ ရှေးသင်္ဘောကြီးကို တည်နေရာဖြတ်သန်းပြီး သွားလာဖို့အတွက် မောင်းလို့မရဘူးဆိုတာ အဓိပ္ပာယ် ရှိတာပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဆဋ္ဌဂံကြယ်ကျောက်တုံးဆိုသည်မှာ သူတွေ့မြင်ဖူးသမျှသော စိတ်ဝိညာဉ်ကျောက်တုံးများထဲတွင် အဆင့်အမြင့်ဆုံး ကျောက်တုံးလည်းဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် ထိုအရာအား အမှိုက်တစ်ခုကဲ့သို့ပင် ခေါ်ဝေါ်သုံးစွဲလျက်ရှိနေတော့၏။
အမဲရောင်နတ်ဆိုးသည် ရွက်သင်္ဘောကြီး မောင်းနှင်သည့်နေရာရှေ့ရှိ အစီအရင် တည်နေရာအား လက်ညှိုး ထိုးပြကာ ပြောလိုက်သည်။ “ဒီနေရာမှာ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ထည့်လိုက်မယ်ဆိုရင် တည်နေရာဖြတ်သန်းပြီး ခရီးသွားလာနိုင်တယ်လေ”
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်း၍ ကြည့်လိုက်သည်။ “ဟမ်” ဤနေရာ၏ မောင်းနှင် သည့်ပုံစံသည် သူ၏ ရှေးရွက်သင်္ဘောကြီး မောင်းနှင်သည့်ပုံစံနှင့် ဆင်တူလျက် ရှိနေသည်။
“သေမျိုးလောကထဲမှာ ဘုံကိုးပါးကုန်းမြေတိုက်ကြီးရဲ့ စိတ်ဝိညာဉ်ကျောက်တုံးထက် ပိုပြီးတော့ စွမ်းအင်အရင်း အမြစ်ကောင်းတာတွေ ရှိနေသေးတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“ဘုံးကိုးပါးကုန်းမြေတိုက်ကြီး ဟုတ်လား”
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “ငါ... ဒီဂြိုဟ်ကို ကြားဖူးတယ်။ သူတို့ရဲ့ အားအင်အဆင့်က မဆိုးဘူးဆိုပေမဲ့ ထိပ်တန်းဂြိုဟ်ပေါင်းတစ်သောင်းထဲမှာဆိုရင်တော့ ထိပ်ဆုံး အဆင့်တောင် မဝင်ဘူး။ ဒီထက်ပိုပြီး အားကောင်းတဲ့ ဂြိုဟ်တွေ အများကြီး ရှိသေးတယ်”
“ဟုတ်လား”
“အဓိကအားဖြင့် ကောင်းကင်ကုန်းမြေတိုက်၊ ကြယ်သမုဒ္ဒရာ ကုန်းမြေတိုက် ဒါတွေက အားကောင်းကြတယ်လေ”
အဖြူရောင်နတ်ဆိုးက ပြောလိုက်သည်။ “ဒီဂြိုဟ်တွေက အရမ်းကို အားကောင်းတယ်။ ပြီးတော့ သူတို့ဆီမှာ အသုံးပြုတဲ့ စွမ်းအင်အရင်းအမြစ်တွေကလည်း ဆဋ္ဌဂံကြယ်ကျောက်တုံးထက် အများကြီး အားကောင်းတယ်”
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင် ပြုံးလိုက်မိတော့၏။ သူ့အနေနှင့် သေမျိုးလောကဆီမှသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီသို့ ဝင်ရောက်ပြီးသည့်နောက်တွင် တော်တော်များများကို သိရှိနားလည်ခဲ့ရ၏။ သို့ပေမဲ့ ဖြူမဲ ညီနောင်တို့ ပြောဆိုနေသည့်အကြောင်းအရာကို ကြားသိပြီးသည့်နောက်မှာတော့ သူသိသမျှ အရာအားလုံးတို့သည် သမုဒ္ဒရာထဲမှ ရေစက်လေးမျှသာဖြစ်ကြောင်းကို နားလည်လိုက်မိတော့၏။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆိုသည်မှာ တိုက်ခိုက်ရေးတည်နေရာကြီး တစ်ခုသာဖြစ်၏။ အထက်နယ်မြေ အနေဖြင့် ဤကဲ့သို့သော ဂြိုဟ်များအား ရွေးချယ်၍ အထဲသို့ ဝင်ခွင့်ပေးခဲ့ခြင်းသာဖြစ်သည်။ ရှိရှိနေသမျှ ဂြိုဟ်များ အားလုံး စုဝေးတည်ရှိနေခြင်း မဟုတ်ကြပေ။ ထို့ကြောင့် အလွန်အားကောင်းလွန်းသော ဂြိုဟ်များသည် အထဲသို့ မဝင်နိုင်သေးချေ။ အကြောင်းအရာမှာ အလွန်အားကောင်းလွန်းသောကြောင့်သာ ဖြစ်တော့၏။ ထိုမှသာလျှင် အထဲတွင် ရှိနေသော ဟန်ချက်ကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည် မဟုတ်ပါလား။
အဖြူရောင်နတ်ဆိုး ပြောပြခဲ့သော ကုန်းမြေတိုက်ကြီးနှစ်ခု၏ အလုံးစုံသော အားအင်အဆင့်သည် အားကောင်း လွန်းသည်သာမက အထက်နယ်မြေတွင် ၎င်းတို့၏ လူများ တည်ရှိလို့နေခဲ့သည်။
“အင်း..ဟုတ်ပြီ။ ညီငယ်လေး”
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “ကြယ်နှင်ဘုရင်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တွေ ရှိနေနိုင်တယ်လေ။ ဒါတွေကို အသုံးပြုပြီးတော့ ခရီးသွားလာလို့ ရနိုင်တယ်”
“ကျုပ် ကြည့်လိုက်အုံးမယ်” ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။
သေချာ ပေသည်။ တခြားစိတ်ဝိညာဉ်ကျောက်တုံးတွေနှင့် ခြားနားကာ ပိုမို အားကောင်းလွန်းလှသော စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်းခန့်ကို သူတွေ့ရှိလိုက်ရ၏။ ထိုအထဲတွင်ရှိနေသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးသည် ဆဋ္ဌဂံကျောက်တုံးထက် ဆယ်ဆလောက် ပိုမိုကာ အားကောင်းလျက် ရှိသည်။
“ငါ ချမ်းသာပြီပဲ” ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို ဖုံးကာကာဖြင့် ရယ်မောလိုက်တော့သည်။ ဆဋ္ဌဂံကြယ် ကျောက်တုံးထက် ဆယ်ဆပိုကာ အားကောင်းသည့် စိတ်ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့်ဆိုလျှင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် တူညီပေနေလိမ့်မည်။
ဘုံကိုးပါးနယ်မြေကို ဖွင့်လှစ်ပြီးသည့်နောက်မှာတော့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း ရရှိခဲ့၏။ ဂိုဏ်း၏ အလုံးစုံသော အားအင်သည် တိုးတက်သွားသည်သာမက သူ၏ အတွင်းစည်းတပည့်နှင့် အဆင့်မြင့် အကြီးအကဲများ အားလုံးအား အချိန်တိုအတွင်း ပိုမိုအဆင့်မြင့်မားအောင် ပြုစုပျိုးထောင်၍ ရပေလိမ့်မည်။
................
“ညီငယ်လေး... စိတ်ဝိညာဉ်ကျောက်တုံးတွေ ထည့်ပြီးပြီလား”
စကြဝဠာအတွင်းမှာတော့ ရွက်သင်္ဘောကြီးသည် တည်ငြိမ်စွာဖြင့် ခရီးသွားလာလျက်ရှိနေ၏။ အဖြူရောင်နတ်ဆိုးသည် အစီအရင်ထဲတွင်ရှိနေသော ဆဋ္ဌဂံကြယ် ကျောက်တုံးများအား ထုတ်ယူလိုက်ပြီးသည့် နောက်မှာတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အစားထိုး လိုက်၏။
“ငါတို့ အခု သွားလို့ရပြီ” အမဲရောင်နတ်ဆိုးသည် လက်ပိုက်ကာ ပြောလိုက်သည်။
“အင်း” ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်ကာဖြင့် အစီအရင်နှင့် ပေါင်းစပ်လိုက်တော့သည်။ ပြီးသည့်နောက် ဘန်းဟူသော အသံနှင့်အတူ သူသည် ထိန်းချုပ်ခန်းထဲတွင် လဲကျသွားခဲ့တော့၏။
ဝှစ်
ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းမှာတော့ ရွက်သင်္ဘောကြီးသည် အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ရွေ့လျားလျက်ရှိနေ၏။ ပုံမှန်ရွက်သင်္ဘောကြီး သွားလာသည်ထက် အဆပေါင်းများစွာ မြန်ဆန်လွန်း သောကြောင့် ပျံသန်းနေသည်နှင့်မတူဘဲ တည်နေရာ ရွေ့ပြောင်းသွားလာနေခြင်းနှင့်ပင် ဆင်တူနေ တော့၏။
“ကောင်းကင်ဘုံ... ဒါကြီးက မြန်လိုက်တာ”
နတ်ဆိုးဖြူ၏ ဖေးမခြင်းကို ခံထားရသော ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲလျက် ရှိနေသည်။
အမဲရောင်နတ်ဆိုးက ပြောလိုက်တော့သည်။ “တကယ်လို့ ငါတို့ဆီမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေသာ ရှိမယ်ဆိုရင် စီနီယာတုံးကုရဲ့ သင်္ဘောကြီးကို ဒီထက်မြန်အောင် မောင်းလို့ရသေးတယ်။ မတူညီတဲ့ဂြိုဟ်နှစ်ခုဆီကို ခရီးသွားလာဖို့အတွက်ဆို နှစ်နာရီထက် ပိုကြာမှာ မဟုတ်တော့ဘူး”
ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဒါက ခရီးသွားပြီးတော့ တခြားလူတွေရဲ့အိမ်ကို သွားပြီး လုယက်တဲ့အချိန်မှာ မရှိမဖြစ် ရှိသင့်တဲ့ ပစ္စည်းမျိုးပဲ”
...................
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ရွက်သင်္ဘောကြီးအား အသက် သွင်းကာ တည်နေရာအား ဖြတ်သန်းသွားလာနိုင်စွမ်း ရှိနေတော့၏။ ထိုအချင်းအရာကို သိရှိပါက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိနေသော တခြားသောဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူတို့သည် ထိတ်လန့် ကြောက်ရွံ့နေကြပေလိမ့်မည်။
……….
ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲမှာတော့ လက်ရှိ တကယ်လည်း ထိတ်လန့်ကြောက်ရွံ့လျက်ရှိနေတော့၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ဒဏ်ရများဗရပွနှင့် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။
ဘုတ် ဘုတ် ဘုတ်
အလွန်ကြည့်ကောင်းလှသော ခန္ဓာကိုယ်အမူအရာနှင့် လူတစ်ယောက်သည် အသာလျှောက်လှမ်းလာပြီးသည့် နောက်မှာတော့ မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူ၏ရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ၎င်း၏ ဦးခေါင်းအား ခြေထောက်ဖြင့် နင်းချေကာ ပြောလိုက်တော့သည်။ “ပြန်သွားပြီးတော့ ရှင်တို့ရဲ့သခင်တွေကို ပြန်လာရွေးဖို့ ပြောလိုက်။ မဟုတ်ရင် ဒီလူတွေရဲ့ အလောင်းပဲရမယ်လို့”
ဂလု
ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူသည် တံတွေးကို မျိုချမိလိုက်တော့၏။ “ချီးတဲ့မှ... ကြယ်ကြွေကုန်းမြေတိုက်ကြီးနေရာကို အစားထိုး ရောက်လာတဲ့လူက ဟိုရူးကြောင်ကြောင် ကျွင်းချောင်ရှောင်း ထက်တောင် ပိုပြီးတော့ အားကောင်းနေပါလား”