← Chapters

အခန်း (၁၁၅၇)

Vol. 78 Ch. 1157

အခန်း (၁၁၅၇)

Vol. 78 Ch. 1157

ကြယ်ကြွေကုန်းမြေတိုက်ကြီးအစား ဝင်ရောက်ရသော ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဝင်ရောက်လာပြီးသည့်နောက်မှာတော့ များပြားလှ သည့်တိုက်ပွဲများကို တိုက်ခိုက်ခဲ့သည် ဆိုလျှင်တောင်မှ သီလအမှတ်များ လုံလောက်အောင်မ ရရှိသေးချေ။ ထို့ကြောင့် ၎င်းတို့၏ ခံတပ်ကြီးသည် သေးငယ်လို့ နေသေး၏။

အသစ်ရောက်ရှိလာသည့်ဂြိုဟ်များကို အနိုင်ကျင့်နှိပ်စက်ရသည်ကို နှစ်သက်သဘောကျတတ်သော ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်ကြီးသည် ဂြိုဟ်အသစ်တစ်ခုရောက်ရှိသည် ဆိုသော သတင်းကို ရရှိပြီးသည့် နောက်မှာတော့ ချက်ချင်း ရောက်ရှိလာခဲ့ကြ၏။ အဆုံးသတ်မှာတော့ ၎င်းတို့ကို ဦးဆောင်လာခဲ့သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် နှင်းဆီဧကရီ၏ ရိုက်နှက်မှုကြောင့် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေတော့သည်။

အဆင့်ချင်းအရ နှိုင်းယှဉ်ရမည် ဆိုလျှင် ဤအမျိုးသမီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ကျိန်းသေပေါက် ဖြစ်ရပေလိမ့်မည်။ သူမသည် လေဟာနယ်ကို ထိုးခွင်းနိုင်သည့်အဆင့် နှင့် နီးကပ်နေသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေသည်ဖြစ်သောကြောင့် တခြားသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများထက်ပင် ပိုမိုကာ အားကောင်းနေသေး၏။

ကြယ်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးအား အနိုင်ကျင့်ရန် ရောက်ရှိ လာခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီး လာရောက်စဉ်ကထက်ပင် ပိုမိုဆိုးရွားသည့် အခြေ အနေမျိုးကို ရင်ဆိုင်နေရတော့သည်။

အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာစဉ်က ၎င်း၏ စည်းဓားမော့ကြီးကို အမှီအခိုပြုကာ တိုက်ခိုက်ခဲ့ရ၏။ ထိုဝှက်ဖဲသာ မရှိပါက ၎င်းသည် ဘာမှ မဟုတ်ပေ။

သို့ပေမဲ့ တခြားသောဂြိုဟ်အသီးသီးသို့ သွားရောက်ကာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသော နှင်းဆီ ဧကရီမှာတော့ အလွန်တရာ အားကောင်းလှသည့် အမျိုးသမီးတစ်ယောက် ဖြစ်တော့၏။ မည်သည့်ဝှက်ဖဲကိုမှ ထုတ်သုံးစရာ မလိုဘဲ လမ်းတလျှောက်တွင် သူမအား ပိတ်ဆို့တားဆီးလျက်ရှိနေသော သိုင်းကျင့်ကြံသူ များကို ရိုက်နှက်နှိပ်စက်နိုင်စွမ်း ရှိနေ၏။

အခြားသောဂြိုဟ်များဆီမှ ငွေတောင်းခံခြင်း - ထိုအရာသည် များပြားလှသော ဂြိုဟ်များအသီးသီးတွင် သူမ ပြုလုပ်ခဲ့သည့် အရာပင် ဖြစ်တော့၏။ ထိုအရာကို ကျွမ်းကျင်ရုံတင်သာမက သူမသည် ကျွင်းချောင်ရှောင်းထက် နှစ်ပေါင်းတစ်ထောင်ကျော် အသက်ကြီးမားသည့် လူတစ်ယောက် မဟုတ်ပါလား။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် အထက်စီးမှ အသာစီး မတိုက်ခိုက်နိုင်ခဲ့ ကြချေ။ ထို့အပြင် ၎င်းတို့၏ အကြီးအကဲသည်လည်း ရိုက်နှက်ဖမ်းဆီး ခံထားရသေးသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ခံတပ်ဆီသို့ ပြန်လာပြီးသည့်နောက်မှာတော့ ဟုန်ရောင်အား ဖြစ်ပျက်သမျှ အရာအားလုံး သံတော်ဦး တင်တော့သည်။

ဟုန်ရောင်သည် ချက်ချင်းပဲ ဒေါသထွက်သွားတော့၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ဒီ အသစ်ရောက်လာတဲ့ ဂြိုဟ်တွေက အရမ်းကို မောက်မာပါလား”

သူ့အနေနှင့် ကျွင်းချောင်ရှောင်း၏ အနိုင်ကျင့် ရိုက်နှက် ခြင်းကို ကြီးကြီးမားမား ခံခဲ့ရ၏။ ထို့ကြောင့် ယခု ပိုမိုကာ မောက်မာသည့် ကုန်းမြေတိုက်တစ်ခု ထပ်ရောက်လာသည်ကို ကြားလိုက်ရသည့်အချိန်မှာတော့ လုံးဝ သည်းမခံနိုင်သလို ဖြစ်မိနေသည်။

“နန်းတော်သခင်... လူတွေ ခေါ်ပြီး သွားကြရအောင်” ပင်လယ်ပြာ နန်းတော်၏ အကြီးအကဲက ပြောလိုက်သည်။

“အသစ်ရောက်လာတဲ့ဂြိုဟ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် ပိုပြီးအားကောင်းပြီး ကျွင်းချောင်ရှောင်းထက် မောက်မာနေမယ်လို့ ကျုပ်မထင်မိဘူး။ ကျုပ်တို့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးက လက်ရှိအချိန်မှာ တခြားသောဂြိုဟ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတာလေ။ ဒီလိုမျိုး အသစ်ရောက်လာတဲ့ဂြိုဟ်တစ်ခုက အနိုင်ကျင့်ဗိုလ်ကျ ရိုက်နှက်လိုက်တဲ့အကြောင်း သတင်းပြန့်သွားမယ်ဆိုရင် အပြင်ထွက်သွားရင် ခေါင်းတောင်ဖော်ရဲမှာ မဟုတ်တော့ဘူး”တခြားသော အကြီးအကဲသည် ဒေါသတကြီးဖြင့် ဝင်ကာပြောလိုက်၏။

ပင်လယ်ပြာနန်းတော်မှ အထက်ပိုင်းအကြီးအကဲများသည် ခန်းမသခင်အား ရှိရှိသမျှသော စွမ်းအားမြင့် ကျင့်ကြံသူ များကို ခေါ်ဆောင်ကာ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို သွားရောက်သင်ခန်းစာ ပေးချင်နေကြ၏။ ထိုမှသာလျှင် ၎င်းတို့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးသည် သွားရှုပ်၍ရသည့်အရာမျိုး မဟုတ်ကြောင်း တခြားသောဂြိုဟ်များ သိရှိသွားပေလိမ့်မည်။ ထိုကဲ့သို့သော အောင်မြင်မှုများကို ရရှိရန်အတွက် သူတို့သည် တိုက်ခိုက်မှပင် ဖြစ်မည်။

“ဟုတ်ပြီ”

ဟုန်ရောင်သည် မတ်တပ်ထရပ်ပြီးနောက် ထိုင်ခုံလက်ရမ်းကို ရိုက်နှက်ကာ ပြောလိုက်၏။ “ဝိညာဉ် မျိုးနွယ်ကုန်းမြေတိုက်ကြီးဆီသွားဖို့ လူတွေခေါ်ခဲ့ကြတော့”

ဤရက်မှာတော့ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး၏ ခံတပ်ဆီမှ အလင်းတန်းပေါင်းတစ်ထောင်ကျော် တို့သည် ပျံသန်းထွက်ခွာလာခဲ့ကြသည်။

တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ အဝါရောင်အဆင့်၊ အမဲရောင်အဆင့်နှင့် မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်များ ကို ထုတ်ဖော်ကာဖြင့် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီး၏ အပြင်ဘက်တည်နေရာတွင် စုဝေးလျက်ရှိနေကြ၏။

ဤမျှများပြားလှသော လူစာရင်းသည် သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်၍ တိုက်ခိုက်နိုင်ရန်ပင် လုံလောက် သည့်အရာမျိုးဖြစ်သည်။ ဟုန်ရောင်သည် အလွန်တရာလေးနက်သည့် တိုက်ခိုက်ပွဲကို ပြုလုပ်ရန်အတွက် ဤကဲ့သို့သောလူစာရင်းမျိုးကို ခေါ်ဆောင်လာခဲ့ခြင်းပင် ဖြစ်တော့၏။ လက်ရှိအခြေအနေ၌ ၎င်း၏ တိုက်ခိုက်မှု သည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး၏ ဂုဏ်သိက္ခာတရားနှင့်လည်း သက်ဆိုင်နေသည် မဟုတ်ပါလား။

အဓိက အကြောင်းအရာအားဖြင့် ကုန်းရှန့်သည် သူတို့အား အလွန်အမင်း အနိုင်ကျင့်ခဲ့၏။ ယခု ကုန်းရှန့်သည် အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သောကြောင့် တားဆီးပိတ်ပင်ခြင်းကို ခံခဲ့ရပြီဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာသည်လည်း ခဏတာ စည်းခတ်ခြင်းကို ခံခဲ့ရ၏။

သို့ပေမဲ့ ၎င်းတို့ အနေနှင့် ပျော်ရွှင်ရမည့်အချိန်လေးတောင် မရှိသေးချေ။ ယခု ပိုမိုကာ မောက်မာလွန်းလှသော ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးက ရောက်ရှိလာခဲ့တော့သည်။

ဘုန်း

ခံတပ်အတွင်းထဲမှာတော့ ကြယ်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး၏ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် သည် မြေပေါ်သို့ ပစ်ချခြင်းကို ခံခဲ့ရ၏။ များပြားလှသော ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများ အားလုံးသည် လှုပ်ရှားလာခဲ့ပြီးသည့်နောက်မှာတော့ နန်းပုလ္လင်ထက်တွင် ထိုင်လျက်ရှိနေသော နှင်းဆီဧကရီကို ဂါရဝပြုလိုက် ကြသည်။

အပြင်ဘက်တွင်ရှိနေသော များပြားလှသည့် သိုင်းကျင့်ကြံသူများကို မြင်လိုက်ရသည့်အချိန်မှာတော့ သူမသည် ပြုံးကာ ပြောလိုက်၏။ “လူလာရွေးတာပဲ။ ဒီလောက် လူတွေအများကြီး ခေါ်လာဖို့ လိုလို့လား”

ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်၏ ဧကရီပီသစွာပင် သူမ၏ ပုံပန်းသွင်ပြင်သည် အလွန်အားကောင်းလွန်းလှသည်။

ဟုန်ရောင်သည် နှာခေါင်းကိုရှုံ့ကာဖြင့် ပြောလိုက်မိ၏။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးရဲ့ ခံတပ်သခင်က မင်းလား”

နှင်းဆီဧကရီသည် သူမ၏ လက်ချောင်းများကို ယှက်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်မိသည်။ “ကျေးဇူးပြုပြီး ကျွန်မကို အရှင်မလို့ပဲ ခေါ်ပါ”

“........”

ဟုန်ရောင်၏ မျက်နှာသည် အေးစက်သွားခဲ့၏။ ပြီးနောက် သူကပြောလိုက်သည်။ “မင်း ဖမ်းဆီးထားတဲ့ ကျုပ်ရဲ့ လူကို ချက်ချင်းပြန်ပေး။ မဟုတ်ရင်”

ဘုန်း

ရုတ်တရက်ပေါက်ကွဲသံကြီးဖြစ်တည်လာခဲ့ပြီး ကောင်းကင်ယံထက်တွင် ဖုန်များ အလိပ်လိပ် တက်လာတော့၏။ ခံတပ်ထဲတွင် ထိုင်လျက်ရှိနေသော နှင်းဆီဧကရီသည် ဟုန်ရောင် ရပ်တန့်နေရာရှေ့တွင် ရောက်ရှိနေပြီ ဖြစ်၏။

ဟုန်ရောင်သည် သူရပ်တန့်နေရာဆီမှာ အနောက်ဘက်သို့ ပေပေါင်းထောင်ချီ လွင့်စင်သွားခဲ့တော့သည်။ ကြီးမား လှသည့် တောင်ကြီးတစ်ခုနှင့် တိုက်မိကာဖြင့် တစ်ကိုယ်လုံးနစ်ဝင်လျက် ရှိနေတော့၏။ လက်သီးချက် တစ်ချက် တည်းဖြင့် တိုက်ခိုက်အနိုင်ယူခဲ့ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို ကုန်းရှန့်ကဲ့သို့သောလူပင် ပြုလုပ်နိုင် လိမ့်မည် မဟုတ်ချေ။

နှင်းဆီဧကရီသည် သူမ၏အော်ရာများကို ပြန်လည်ရုတ်သိမ်းကာဖြင့် ခပ်တည်တည် ပြောလိုက်တော့သည်။ “ပိုက်ဆံပါမလာရင် လူမရဘူး”

ယောကျ်ားတစ်ယောက်အနေနှင့် ဤကဲ့သို့ မောက်မာလှသည်ကို နားလည်ပေးနိုင်စွမ်းရှိ၏။ သို့ပေမဲ့ မိန်းမ တစ်ယောက်အနေဖြင့် အဘယ်ကြောင့် ဤမျှ မောက်မာဝံ့ကြွားနေရသနည်း။

“အရှင်မ... သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ” ခံတပ်အတွင်းမှာတော့ ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“နန်းတော်သခင်” ပင်လယ်ပြာနန်းတော်ရှိ အထက်ပိုင်း အကြီးအကဲများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။

တောင်ကြီးထဲတွင် နစ်ဝင်လျက်ရှိနေသော ဟုန်ရောင်သည် အလွန်တရာ နာကျင်သည့်ခံစားချက်များကို ရရှိပြီး သည့်နောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။ “သွားကြတော့”

ဘုန်း ဘုန်း ဘုန်း …….။

သူပြော၍ မပြီးခင်မှာဘဲ အလွန်တရာ အားကောင်းလှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေများသည် လှိုင်းများသဖွယ် ပျံ့နှံ့လျက်ရှိနေ၏။ သူ၏ ခပ်ဝါးဝါးအမြင်အောက်တွင်တော့ သူ၏ နောက်လိုက် သိုင်းကျင့်ကြံသူ များသည် ပုံစံအမျိုးမျိုးဖြင့် လွင့်စင်လျက် ရှိနေလေ၏။

“လက်တစ်ထောင် ပန်းခူးခြင်း ….”

ဝှစ် ဝှစ် ဝှစ် …။

သွယ်လျလှပသော ကျောက်စိမ်းကဲ့သို့ လက်များသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိပြီး ကြက်သွေး ရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးကို ထိုးနှက်တိုက်ခိုက်လျက် ရှိနေကြတော့၏။

လက်ရှိ အခြေအနေမှာတော့ ပင်လယ်ပြာနန်းတော်မှာ အထက်ပိုင်းအကြီးအကဲများ အပါအဝင် အားလုံးသော သူတို့သည် မြေပေါ်တွင်လဲလျက်ရှိနေကြ၏။ တချို့သောသူများ၏ မျက်နှာများသည် ဖူးယောင်လျက်ရှိ၏။ တချို့သော သူများသည် သွားများပင် မရှိကြတော့ချေ။ မြင်ကွင်းသည် ကြည့်ရှုလိုက်သည်နှင့် ဆိုးရွားလွန်းလှ ချေသည်။

ဝှစ်

နှင်းဆီဧကရီသည် သူမ၏ ခန္ဓာကိုယ်ဆီမှ အစိမ်းရောင်ဓာတ်သဘာဝများကို ပြန်လည်ရုတ်သိမ်းကာဖြင့် လေထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူမသည် ဟုန်ရောင်အား ကြည့်ကာ ပြောလိုက်သည်။ “ပြန်သွားလိုက်။ ရှင်တို့ရဲ့ ခံတပ်သခင်ကို ပြောလိုက်။ လူတစ်ယောက်ချင်းစီရဲ့ခေါင်းက စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းနဲ့ ထိုက်တန်တယ်လို့။ နက်ဖြန်မှာ လာမပို့ဘူးဆိုရင် ဒီလူတွေအားလုံး သေသွားလိမ့်မယ်”

ချောမောလှသည့်လူသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတွင် အကြီးအကျယ် ပြဿနာရှာခဲ့၏။ ထို့ကြောင့် တိုင်းတာ၍ မရနိုင်အောင် များပြားလှသည့် ဆုံးရှုံးမှုများ ဖြစ်တည်လာခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ဤနေရာ သို့ရောက်ရှိလာပြီးသည့်နောက် တခြားသောဂြိုဟ်များ အသီးသီးမှ ငွေကြေးများ ပြန်လည်ရှာဖွေရန် စဉ်းစားထားသည်။ သို့ပေမဲ့ နှင်းဆီဧကရီ မထင်မှတ်ထားသည်မှာ သူပထမဦးဆုံး တိုက်ခိုက်လိုက်သောသူသည် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး၏ သခင် ဖြစ်နေသည် ဆိုခြင်းပင်။

ဟုန်ရောင်သည် ကြောင်အသွား၏။ ဤအမျိုးသမီး၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်း ချေ၏။

ကုန်းရှန့်ကဲ့သို့သောလူသည် ဝှက်ဖဲသုံးခုလုံးကို ထုတ်ဖော်၍ အသုံးပြုခဲ့ရသည်ကို ကြည့်ရှုမည်ဆိုပါက နှင်းဆီဧကရီ မည်မျှအားကောင်းသည် ဆိုသည်ကို သိရှိနားလည်နိုင်စွမ်း ရှိပေလိမ့်မည်။

................

“မင်းတို့ကြားလား။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့နေရာကို အစားဝင်လာတဲ့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး ကလည်း ပေါ့သေးသေး မဟုတ်ဘူးတဲ့။ သူတို့က ရောက်ရောက်ချင်းမှာပဲ ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်က လူတွေကို အနိုင်တိုက်ခိုက်ခဲ့တယ်တဲ့”

“ချီးတဲ့မှ... ဒီလိုအရာ တကယ်ရှိတာလား”

“ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးရဲ့ နန်းတော်သခင်ဟုန်က လူတွေအများကြီးကို ခေါ်သွားပြီး သွားပြီး တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ သူတို့ပဲ ရှုံးနိမ့်သွားတယ်တဲ့။ နောက်ဆုံး သူတို့ခံတပ်ဆီကို ပြန်ပြီးတော့ စိတ်ဝိညာဉ် ကျောက်တုံး သန်းချီကိုယူပြီး သွားပြန်လဲခဲ့ရတယ်”

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးအနေနှင့် ရောက်ရောက်လာချင်း ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီး အား တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်ဆိုသည့်သတင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ပျံ့နှံ့သွားခဲ့ပြီးသည့် နောက် အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

သို့ပေမဲ့ တစ်ရက်ခန့် ကြာပြီးသည့်နောက် နောက်ထပ် ထိတ်လန့်တုန်လှုပ်စရာ ကိစ္စရပ်များ ဖြစ်တည်လာခဲ့တော့၏။

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများသည် အပြင်ဘက်သို့ ထွက်ကာ လေ့ကျင့်လျက် ရှိနေကြပြီးသည့်နောက် လင်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများနှင့် ပဋိပက္ခဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ခံတပ်၏ သခင်များသည် အရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြပြီး တိုက်ခိုက်ရန် စီစဉ်ကြတော့သည်။ပြီးသည့်နောက်မှာ တော့ များပြားလှသည့် သိုင်းအရင်းအမြစ်များနှင့် ပြန်ကာ လာလဲရတော့သည်။

နှစ်ရက်အတွင်း ဂြိုဟ်နှစ်ခုအား ဒုက္ခပေးခဲ့ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဤဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးသည် အလွန်တရာ အားကောင်းပေ လိမ့်မည်။

“မြို့တော်ဝန်”

ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ ခံတပ်ထဲမှာတော့ အထက်ပိုင်း အကြီးအကဲတစ်ယောက်က သတင်းပို့လိုက်တော့သည်။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးရဲ့အဆင့်က ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် မြင့်မားတယ်တဲ့။ ပြီးတော့ အဲဒီခံတပ်ကို တာဝန်ယူထားတဲ့ နှင်းဆီဧကရီရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင် အဆင့်ပဲ”

မိုရှန်ရှမ်းသည် ဆွံ့အသွားမိ၏။ “ပြိုင်စံရှားဂိုဏ်းချုပ် ထွက်ခွာသွားပြီးပြီးချင်းပဲ နှင်းဆီဧကရီဆိုတဲ့လူက ရောက်လာတယ်။ အဆင့်နိမ့်ဂြိုဟ်တွေက ဘယ်တုန်းက ဒီလောက် အားကောင်းသွားတာလဲ”

အကြီးအကဲက ပြောလိုက်သည်။ “နှင်းဆီဧကရီက ကျွင်းချောင်ရှောင်းထက် ပိုပြီး အားကောင်းတယ်။ ရရှိထားတဲ့ သတင်းတွေအရဆိုရင် သူမက ရှန်းဟွမ်ကုန်းမြေတိုက်ကြီးကို ဆက်ပြီး ပြဿနာရှာတော့မယ်တဲ့”

................

မိုရှန်ရှမ်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ရောက်တာမှ ရက်အနည်းငယ်ပဲ ရှိသေးတယ်။ မြင်မြင်သမျှ အားလုံးကို လိုက်ပြီး ပြဿနာရှာနေမယ်ဆိုရင် မကြာခင်မှာပဲ အားလုံးသောလူတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာတော့ မှာပဲ။ ဒါပေမဲ့”

သူသည် ခဏလောက် ရပ်တန့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီမိန်းမက အထင်သေးလို့ မရတော့ဘူး။ သူမရဲ့နောက်မှာလည်း နောက်ခံတစ်ခုခု ရှိနေနိုင်တယ်လေ။ အထက်နယ်မြေဆီကို လွှတ်ပြီး သူတို့ရဲ့ သတင်းအချက်အလက်တွေကို သွားပြီး စုံစမ်းခဲ့လိုက်။ များများရလေ ကောင်းလေပဲ”

“ကောင်းပါပြီ”

……….

နှင်းဆီဧကရီတစ်ယောက် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် နှင်းဆီမုန်တိုင်းများအား ဖန်တီးပြုလုပ်နေသည့် အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့၏။ သူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား အသုံးပြု၍ သက်တန့်ရောင်စဉ်ကျမ်းအား ဝယ်ယူခဲ့တော့သည်။ သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည် လက်ရှိအချိန် မှာတော့ ခုနှစ်သောင်းအဖြစ်သို့ ပြန်လည် ရောက်ရှိသွား၏။ ထို့ကြောင့် သူသည် နေသာထိုင်သာရှိသလို ခံစားနေရ တော့၏။

“အင်း... ခုချိန်မှာ ကံမကောင်းတဲ့လူက ဘယ်သူများလဲ မသိဘူး”

နှင်းဆီဧကရီနှင့် ဖြူမဲညီနောင်တို့၏ အခြေအနေကို သုံးသပ်ကြည့်လိုက်ပြီးသည့်နောက်မှာတော့ သက်တန့် ရောင်စဉ်ကျမ်းဆိုသည်မှာ တခြားသောသူများဆီမှ ခိုးယူလာသည့်အရာဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက ကောင်းကောင်းသိလိုက်တော့၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူက ဂိုဏ်းစုဆောင်းမှတ်တွေနဲ့ ဝယ်ယူလိုက်တာလေ။ ဘယ်လိုဖြစ်ပြီး ခိုးယူ တယ်လို့ သုံးသပ်နိုင်မှာလဲ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်ကာ ပြောလိုက်တော့၏။ “ငါ့အနေနဲ့ ပိုက်ဆံတွေ အသုံးပြုပြီး ဝယ်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ စနစ်က ခိုးလာတာလေ။ ဒါကို ငြင်းလို့မရဘူး။”

All Chapters