အခန်း (၁၁၅၈)
Vol. 78 Ch. 1158
မြင့်မားလှသည့် တောင်တန်းများတည်ရှိနေသော အန္တရာယ်များလှသည့် တည်နေရာကြီးတစ်ခုအတွင်းမှာတော့ အလွန်အားကောင်းလှသည့် အော်ရာများထွက်ပေါ်လျက်ရှိနေသော ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့သည် လေထု ထဲတွင် ရပ်တန့်လျက်ရှိနေ၏။
ထိုရွက်သင်္ဘောပေါ်တွင် သိုင်းကျင့်ကြံသူများသည် မတ်မတ်ရပ်လျက်ရှိနေကြ၏။ ၎င်းတို့၏ အသွင်အပြင်များသည် ခြားနားနေသည်။
ဝှစ် ဝှစ် ဝှစ်
ရွက်သင်္ဘော၏ ရှေ့မှာတော့ မှန်ကဲ့သို့ကြည်လင်လျက်ရှိနေသော ကျောက်နံရံကြီးတစ်ခု တည်ရှိနေခဲ့သည်။ များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် မတူညီသည့် တည်နေရာအသီးသီးတွင် မတ်တပ်ရပ်ကာ ထိုအရာအား ကြည့်ရှုလျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် ရှေ့တွင်ရှိနေသော အတားအဆီးအစီအရင်အား တိုက်ခိုက်နေခဲ့ခြင်းပင် ဖြစ်တော့၏။
“ဒုတိယတပ်မှုး …. ဒါက လိမ်တာဖြစ်နေအုံးမယ်။” ရွက်သင်္ဘောများထဲမှ တစ်ခုပေါ်တွင်ရှိသော အသားမဲမဲနှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် တီးတိုး ပြောလိုက်သည်။
“မဖြစ်နိုင်တာ။”
ဒုတိယတပ်မှုးဟုခေါ်သော သိုင်းကျင့်ကြံသူက ပြောလိုက်၏။ “များပြားလှတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေအကုန်လုံးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာတောင်မှ ဒါကို မချိုးဖြတ်နိုင်ခဲ့ကြဘူး။ ဒီတော့ အထဲမှာ ကျိန်းသေပေါက် အကြွင်းအကျန် ကျမ်းစာက ရှိကိုရှိရမယ်။”
“ကြယ်နှင်ဘုရင်က တစ်လျှောက်လုံး လိမ်လည်နေတဲ့ကောင်။ သူပြောခဲ့တဲ့ တည်နေရာက အမှန်ဖြစ်တယ်လို့ ထင်ရဲ့လား။”
မဲနက်နေသည့် အသားအရေနှင့်လူသည် မေးခွန်းထုတ်လိုက်သည်။ ဒုတိယတပ်မှုး ဆိုသူက နှာခေါင်းရှုံ့ကာ ပြောလိုက် တော့၏။
“ဆရာကြီးတွေရဲ့ နာမည်ဂုဏ်သတင်း နဲ့ စွမ်းအားမြင့်ကျင့်ကြံခြင်းတွေအရဆိုရင် တစ်ဖက်လူက လိမ်ညာခဲ့မယ်ဆိုရင် စကြဝဠာအဆုံးထိ ပြေးရင်တောင်မှ အမဲလိုက် သတ်ဖြတ်ခံရမယ်ဆိုတာ ကောင်းကောင်း သိမှာပဲလေ။”
“ဒါကတော့ အမှန်ပဲ။”
အသားမဲမဲနှင့်လူက မျက်မှောင်ကုတ်လိုက်၏။ “ဒါပေမဲ့ ကြယ်နှင်ဘုရင်ဆိုတာက ရေထဲက ငါးရံ့လိုပဲ ဖမ်းရခက်တဲ့လူတစ်ယောက်။ လိုက်ပြီးဖမ်းမယ်ဆိုရင်တောင် တော်တော်ဖမ်းယူရမဲ့လူတစ်ယောက်မဟုတ်လား။”
“ဟားဟား ဟားဟား”
ဒုတိယတပ်မှုးက ရယ်မောလိုက်၏။
“ဒီကောင်က တစ်ခြားဂြိုလ်တွေဆီကိုသွားပြီး လုယူရတာကို နှစ်သက်တယ်လေ။ ဒီတော့ အချိန်တန်လို့ သူ့ဆီကိုသွားရင် သူလုယက်ထားတဲ့ အကျိုးအမြတ်တွေ ရရှိနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာတွေက သူ့ကို အသက်ခွင့် ပေးထားတာပဲ။”
“ကျုပ်နားလည်ပြီ။”
အသားမဲမဲနှင့်လူသည် ရုတ်တရက်နားလည်သွားမိ၏။
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ခပ်ချောချောလူဟု ခေါ်ဝေါ်သုံးစွဲနေသည့် ကြယ်နှင်ဘုရင်ဆိုသူသည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်၏။ သူမသေဆုံးခင်တွင် ပြောခဲ့သော ကြီးမားသည့် လျှို့ဝှက်ချက်ကြီးဆိုသည်မှာ သက်တန့်ရောင်စဉ်ကျမ်း (၄) နှင့် ဆက်စပ်လျက်ရှိနေသည့် အရာပင်ဖြစ်တော့သည်။
သက်တန့်ရောင်စဉ်ကျမ်းသည် အထက်နယ်မြေဆီမှ ထိပ်တန်းအဆင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ကြောင်း အားလုံးကသိရှိကြ၏။ ထိုအရာသည် သိုင်းကျင့်ကြံသူများအများအပြားကို ဆွဲဆောင်လျက်ရှိနေ၏။ သေမျိုးလောကကို မဆိုနှင့်။ အဆင့်မြင့်သည့် ဂြိုဟ်များဆီမှ သိုင်းကျင့်ကြံသူများပင်လျှင် ထိုအရာကိုလိုချင်ကြ၏။
ထို့ကြောင့် လျှို့ဝှက်ချက်ဆိုသည့်စကားကို ပြောဆိုလိုက်သည်ဆိုသည်နှင့် တစ်ဖက်လူများသည် သူ့အား အခွင့်အရေး ပေးသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့၏။ ဆိုးရွားသည်မှာ ကျွင်းချောင်ရှောင်းသည် ပုံမှန်အတိုင်း လျှောက်လှမ်း တတ်သည့် လူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ခပ်ချောချောလူသည် သူ၏ဆင်ခြေကို ထုတ်ဖော်ပြသရန် အခွင့်အရေး ကောင်းကောင်းမရလိုက်ပေ။ တစ်ခါတည်း ခေါင်းဖြတ်ကာ အသတ်ခံခဲ့ရသည်။
ဘုန်း ……။
ထိုအချိန်မှာပဲ ချောမွေ့လျက်ရှိနေသော ကျောက်နံရံကြီးဆီမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့၏။ ရှေးယခင်ကတည်းက တည်ရှိခဲ့ပုံပေါ်သော အကာအကွယ်အတားအဆီးတစ်ခုလုံးသည် ဆရာငါးယောက်တို့၏ အားအင်အဆင့် နှင့် ချိုးဖဲ့ပြီးသည့်နောက်မှာတော့ မည်သည့်အခါက မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်၏။
ဝှစ် ဝှစ် ဝှစ်
အလင်း၏ အစိတ်အပိုင်းများသည် ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ ရှေးအော်ရာများ ထုတ်ဖော်လျက်ရှိနေသော လှိုဏ်ခေါင်းကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့တော့၏။ ၎င်းတို့သည် ထိုအရှေ့သို့ အသာပျံသန်းကာ ဆင်းသက်လိုက် ကြ၏။ ပြီးနောက် အလယ်ဗဟိုတွင်ရှိနေသော ကျောက်စင်မြင့်ဆီသို့ အကြည့်ရောက်သွားသည်။
သို့ပေမဲ့ ဤကျောက်စင်မြင့်ပေါ်တွင် မည်သည့်အရာမျှမရှိချေ။
“ချီးတဲ့မှ”
ခန္ဓာကိုယ်တောင့်တောင့်နှင့် သက်လတ်ပိုင်းလူသည် ဒေါသတကြီးပြောလိုက်၏။ “ဟိုကောင် ငါတို့ကို လိမ်သွားပြန်ပြီ။ ဒီမှာဘာမှမှ မရှိတာ။”
အေးစက်သည့် မျက်လုံးများနှင့် လူတစ်ယောက်သည် သွားကို တင်းတင်းစေ့ကာဖြင့် ပြောလိုက်သည်။ “ကြယ်နှင်ဘုရင်အနေနဲ့ ဒီထဲကို ဘယ်လိုဝင်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အရင်ဦးဆုံး ဒီကျမ်းစာကို ယူသွားတာပဲဖြစ်ရမယ်။ ဒါဆိုရင် တစ်လလောက် ကျုပ်တို့အတူတူ ကြိုးစားခဲ့ရတာ အလကားဖြစ်ပြီပေါ့။”
“ငါပြောသားပဲ။ အဲကောင်ကို ယုံလို့မရပါဘူးလို့။ အခုတော့ အဲလူရဲ့ကစားခြင်းကိုခံရတဲ့ မျောက်ကလေးတွေတောင် ဖြစ်ကုန်ပြီ။”
ကျွမ်းကျင်သူ ဆရာကြီး ငါးယောက်တို့၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့ကြတော့၏။
“ဟမ့်…”
ဆံပင်ဖြူနှင့်အဘိုးအိုသည် နှာခေါင်းကိုရှုံ့လိုက်မိသည်။ “ဒီကောင် တကယ်တမ်း ငါတို့ကို လိမ်ပြီး ငြိမ်ငြိမ်သက်သက်နေလို့ရမယ် ထင်နေတာလားမသိဘူး။”
ရွှီး …။
သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ သံလိုက်အိမ်မြှောင်ကဲ့သို့သော အရာတစ်ခုသည် လေထုထဲ၌ ပေါ်ပေါက်လာခဲ့၏။ သူ၏ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပြီးသည့်နောက်မှာတော့ သံလိုက်အိမ်မြှောင်သည် ရုတ်တရက်လည်ပတ်သွားပြီးသည့်နောက် တည်နေရာတစ်ခုဆီသို့ ညွှန်ပြလျက်ရှိနေသည်။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုကပြောလိုက်၏။ “သူ့ကိုသွားပြီး ရှာရအောင်။”
ဆွစ် ဆွစ် ….။
ချက်ချင်းပဲ ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့အားလုံးသည် တည်နေရာထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့ကြ တော့၏။ ၎င်းတို့အနေနှင့် ခပ်ချောချောလူအား နားလည်မှု လွဲမှားသွားခဲ့ပြီဖြစ်သည်။ အချက်အလက်အားဖြင့် တည်နေရာ အတားအဆီးကို မချိုးဖောက်ခင်ပင် ထိုကျောက်ဂူထဲတွင်ရှိနေသော သက်တန့်ရောင်စဉ်ကျမ်း နံပါတ်လေး သည် ကုန်းရှန့်၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်တော့၏။ ထိုအရာကို ခိုးယူခြင်းဟုသုံးသပ်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာသည် ပိုင်ရှင်မဲ့ပစ္စည်းအဖြစ် လှိုဏ်ဂူထဲတွင် စည်းခတ်ခံထားရသောကြောင့်ပင် ဖြစ်သည်။
မြစ်ဝါမြစ်ထဲတွင် ကူးခတ်လျက်ရှိနေသော ခပ်ချောချောလူသည်သာ သူ၏အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီး အား ကျွင်းချောင်ရှောင်းရရှိသွားသည် ကို သိရှိခဲ့သည်ဆိုပါက ထပ်မံ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်များပင် ပေါက်လာပေလိမ့်မည်။
…….
လူသူကင်းရှင်းလှသည့် တည်နေရာကြီးတစ်ခုထဲတွင်တော့ သာမန်ထက်ပိုကာ အားကောင်းလွန်းလှသော ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်သည့် ကျွမ်းကျင်သူငါးယောက်တို့သည် တည်နေရာအပျက်ကြီးတစ်ခုထဲတွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။
ကြယ်နှင်ဘုရင်၏ အလောင်းအပါအဝင် များပြားလှသော အလောင်းများသည် တည်နေရာထဲတွင် ပြန့်ကျဲလျက် ရှိနေသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေကြသည်။
“ဒီကောင် တစ်ကယ်ပဲ အသတ်ခံလိုက်ရတာပေါ့။”
ခပ်တောင့်တောင့်နှင့် သက်လတ်ပိုင်းလူသည် လေးနက်သည့်အသံဖြင့် ပြောလိုက်၏။
“ကြယ်နှင်ဘုရင်ရဲ့အားအင်အဆင့်က ငါတို့နဲ့သိပ်ပြီး ကွာလှတာမဟုတ်ဘူးလေ။ ဒါပေမဲ့ သူက ခေါင်းဖြတ်အသတ်ခံ လိုက်ရတယ်။ ပြုလုပ်ခဲ့တဲ့လူက ပေါ့သေးသေး မဟုတ်လောက်ဘူး။ သိုလှောင်လက်စွပ်တွေ အကုန်လုံးလည်း ယူသွားပြီလေ။ ပြီးတော့ သူတို့ရဲ့ ရွက်သင်္ဘောကြီးကောပဲ။” အေးစက်စက်လူက သုံးသပ်လိုက်သည်။
အဖြူရောင်ဆံပင်များနှင့် အဘိုးအိုကပြောလိုက်၏။ “ငါတို့ သူ့ကို လွှတ်ပေးထားတာ နှစ်ဝက်လောက်ရှိပြီလေ။ ဒီတော့ ပစ္စည်းကောင်းတွေ တော်တော်များများက လက်ထဲ ရောက်နေလောက်ပြီ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က အရင်ယူသွားတယ်။ ဒါ စိတ်မချမ်းသာစရာပဲ မဟုတ်လား။ ကျင့်ကြံခြင်းအရင်းအမြစ်တွေက အရေးမကြီးဘူး။ အရေးကြီးတာက သက်တန့်ရောင်စဉ်ကျမ်း နံပါတ်လေးက ပျောက်ကွယ်သွားတာပဲ။”
“အဘိုးကြီးအို”
ခပ်တောင့်တောင့်နှင့် သက်လတ်ပိုင်းလူက မေးလိုက်၏။ “ဒါကို ဘယ်သူယူသွားတယ်ဆိုတာကို ရှာလို့ရလား။”
အဖြူရောင်ဆံပင်များနှင့် အဘိုးအိုသည် အသာထိုင်ချပြီး ပြောလိုက်သည်။ “ငါအချိန်ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်မယ်။ မင်းတို့က ငါ့ကို ကာကွယ်ပေးထား။”
“ကောင်းပါပြီ။”
၎င်းတို့လေးယောက်သည် အရပ်မျက်နှာလေးခုတွင် အချင်းချင်းယှဉ်ကာ ရပ်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ တည်ငြိမ်လေးနက်စွာဖြင့် စောင့်လျက်ရှိနေ၏။
ဆွစ် ဆွစ်
ဆံပင်ဖြူနှင့် အဘိုးအိုသည် ရှုပ်ထွေးလှသည့် လက်စည်းသင်္ကေတများကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သူ၏ နားထင်ဆီသို့ လက်ညှိုးကို အသာတင်လိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးသည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးနှင့် ပေါင်းစပ်သွားပုံ ပေါ်ပြီးသည့်နောက် သူ၏ အသိစိတ်ပင်လယ်ထဲတွင် ဤတည်နေရာ၌ ဖြစ်ပျက်ခဲ့သည် အကြောင်းအရာ တစ်ခုချင်းစီသည် ပေါ်လာ၏။
…
ပြိုင်စံရှားဂိုဏ်း
သူပြုလုပ်ခဲ့သည့် သတ်ဖြတ်မှုအတွက် တစ်စုံတစ်ယောက်သည် အချိန်ပြောင်းပြန်လည်ခြင်းနည်းစနစ်ကို အသုံးပြုကာ စုံစမ်းလျက်ရှိနေသည်ဆိုခြင်းကို ကျွင်းချောင်ရှောင်းက မသိချေ။
လက်ရှိအခြေအနေမှာတော့ သူသည် တောင်၏ အနောက်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေပြီး လေပွေတစ်ခုထဲသို့ ဝင်ပေါက်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ “ဒါက ဘုံကိုးပါးလျှို့ဝှက်နယ်မြေပဲ။ အထဲမှာ အဆင့်ကိုးဆင့်ရှိတယ်။ အဆင့်တစ်ခုချင်းစီတိုင်းက စမ်းသပ်မှုတစ်ခုပဲ။ မင်းတို့အနေနဲ့ ဒါကိုကျော်ဖြတ်ပြီး ဝင်သွားနိုင်မယ်ဆိုရင် သက်ဆိုင်တဲ့ ဆုလာဘ်တွေကို ရရှိလိမ့်မယ်။”
“ဂိုဏ်းချုပ် … ဘာဆုလာဘ်လဲ။” လီထျန်းထျန်းက မေးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထဲကို ဝင်သွားပြီးရင် သိမှာပေါ့။”
“ကောင်းပါပြီ။”
လီထျန်းထျန်းသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူသည် ဘုံကိုးပါးနယ်မြေထဲသို့ ဝင်ရောက်သည့် ပထမဦးဆုံး သော လူသားပင် ဖြစ်ပေလိမ့်မည်။
“သနားစရာကောင်လေးပဲ။” စုရှောင်မိုသည် ခေါင်းကို ခါယမ်းလိုက်၏။
အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေခဲ့သော လီချင်းယန် ပင်လျှင် လီထျန်းထျန်းအား စာနာသနားစွာဖြင့် ကြည့်ရှုလျက်ရှိနေ၏။ လုံလုံခြုံခြုံနှင့် ပြန်လည်ထွက်ခွာလာစေရန် ကြိတ်ကာ ဆုတောင်းမိနေသည်။
ဂိုဏ်း၏ စီနီယာတပည့်များဖြစ်သည်မို့ ၎င်းတို့အားလုံးသည် ဂိုဏ်းချုပ် ထုတ်ဖော်လိုက်သည့် ပစ္စည်းအသစ်များမှာ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ကောင်းကောင်း နားလည်သိရှိပြီဖြစ်ကြ၏။ အခန့်မသင့်လျှင် တစ်ခါတည်းတောင် သေဆုံးသွားနိုင်စွမ်းရှိ၏။
စီမာကျုံးတ၊ လင်းကျန့်ဟန်နှင့် တစ်ခြားသောသူများအားလုံးသည်လည်း အထဲသို့ ဝင်သွားချင်၏။ သို့ပေမဲ့ ၎င်းတို့၏ စီနီယာအစ်ကိုများသည် ငြိမ်ငြိမ်သက်သက် တည်ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ အရှေ့သို့မတိုးဘဲ ဤနေရာတွင်သာ ရပ်နေရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ဆွစ် ….။
နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ အလင်းတန်းတစ်ခုသည် လေပွေထဲဆီမှ လွင့်ထွက်လာခဲ့တော့၏။ ပြီးနောက် ဘုတ် သော အသံနှင့်အတူ အောက်သို့ ပြုတ်ကျလာခဲ့၏။
အားလုံးသောသူများသည် ပြိုင်တူပဲ ခေါင်းကို ငုံ့ကြည့်လိုက်သည့်အချိန်မှာတော့ လက်တစ်ဖက်လုံး ရောင်ကိုင်းလျက်ရှိနေသော လီထျန်းထျန်း ပြုတ်ကျလာခြင်း ဖြစ်ကြောင်း မြင်လိုက်ရတော့သည်။
စွန်းပုကုံးသည် အသာပြေးသွားပြီးသည့်နောက်မှာတော့ လက်ပေါ်တွင်ရှိသော သွေးကြောအား စမ်းကာပြောလိုက် တော့၏ “သူမသေသေးဘူး။ အသက်ရှင်နေသေးတယ်။”
တပည့်များအားလုံးသည် ချက်ချင်းပဲ စိတ်သက်သာရရသလို သက်ပြင်းချလိုက်မိ၏။ မသေဘူးဆိုမှတော့ ကိစ္စကြီး မဟုတ်တော့ချေ။
လီထျန်းထျန်းသည်သာ သတိလစ် မနေပါက ကျိန်းသေပေါက်ထ၍ ဆဲနေပေလိမ့်မည်။ ဂိုဏ်းကလူတွေ ဘယ်လိုတွေဖြစ်ကုန်တာလဲ။ မသေဘူးဆိုရင်တောင်မှ ဒဏ်ရာတွေအများကြီး ရထားတယ်လေ။ ငါ့ကို ကုပေးကြပါအုံး။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက စာမေးပွဲမအောင်တဲ့ ရလဒ်ပေါ့။ ဒီတော့ ဘုံကိုးပါးနယ်မြေထဲကို မင်းတို့ဝင်သွားမယ်ဆိုရင် သေသေချာချာ ဂရုစိုက်ဖို့ လိုတယ်။”
ရီရှင်းချန်သည် အသာလျှောက်ထွက်လာပြီးသည့်နောက်မှာတော့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ကျုပ် စမ်းကြည့်မယ်။”
ဆွစ်
သူသည် ဘုံကိုးပါးနယ်မြေထဲသို့ အသာလှမ်းဝင်လိုက်တော့၏။ သူ၏ရှေ့မြင်ကွင်းများသည် ပြောင်းလဲသွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ ထူးဆန်းသည့်မြင်ကွင်းများအဖြစ် ထင်ပေါ်လာခဲ့တော့၏။ ကောင်းကင်ယံအထက်တွင် ရွေးချယ်စရာ လုပ်ဆောင်မှု ပုံစံများ ပေါ်ပေါက်လာခဲ့သည်။
လွယ်ကူသည့် လုပ်ဆောင်သည့်ပုံစံ၊ သာမန်လုပ်ဆောင်မှုပုံစံ၊ ခက်ခဲသည့်လုပ်ဆောင်မှုပုံစံ၊ ငရဲခန်းလုပ်ဆောင်မှုပုံစံ ဟူ၍ပင်ဖြစ်၏။
ရီရှင်းချန်သည် အေးစက်စက်ဖြင့် ပြုံးလိုက်မိသည်။
သေခြင်းနှင့်ရှင်ခြင်း လျှို့ဝှက်နယ်မြေထဲသို့ ပထမဦးအကြိမ် ဝင်ရောက်ချိန်က သူသည် ငရဲခန်းလုပ်ဆောင်မှုပုံစံအား တစ်ခါတည်း ရွေးချယ်ခဲ့မိ၏။ ထို့ကြောင့်ပင် သူတော်စင်သားရဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
အခြား နည်းလမ်းလည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် သိုင်းအင်ပါယာကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ခဲ့ဖူးသည့် လူတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။
“လက်ရှိငါက အရင်တုန်းက ငါ မဟုတ်တော့ဘူး။ ဒီတော့ ….”
ဖေးအားညိုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးသည့်နောက်မှာတော့ သိုင်းအင်ပါယာတစ်ယောက်၏ အော်ရာများကို ထုတ်ဖော်ကာဖြင့် ပြောလိုက်မိသည်။ “လွယ်ကူတဲ့လုပ်ဆောင်မှုပုံစံကိုဘဲ ရွေးပြီး ယှဉ်ပြိုင်ရမှာပေါ့။”