← Chapters

အခန်း (၁၁၆၁)

Vol. 78 Ch. 1161

အခန်း (၁၁၆၁)

Vol. 78 Ch. 1161

အထူးတာဝန် နှစ်ခုသည် အရှေ့တွင် ဘာဖြစ်မည် ဆိုသည်ကို ကြိုတင် သတိပေးခဲ့ပြီး ဖြစ်၏။ ပထမဆုံး ကျွင်းချောင်ရှောင်း အနေဖြင့် ရန်သူများ ရောက်ရှိလာတော့မည်ကို ကြိုတင် သိရှိသောကြောင့် ပြင်ဆင်စရာ ရှိရာကို ပြင်ဆင်ရတော့ပေမည်။

ဒုတိယ တာဝန်မှာတော့ ရိုးရှင်းလွန်းလှ၏။

"မိသားစု ဟုတ်လား "

သူ၏ တပည့်များ အားလုံးသည် သူ၏ မိသားစုဝင်များ ဖြစ်၏။ ထို့ပြင် သူဝိညာဉ် ကူးပြောင်း ရောက်ရှိလာစဉ်က ဝိုင်းဝန်း ကူညီပေးခဲ့သော အဒေါ်ဝမ်နှင့် ရွာသူရွာသား များသည်လည်း သူ၏ မိသားစုဝင်များ ဖြစ်ကြ၏။

"လက်ခံသူ ကျေးဇူးပြုပြီး ကိုယ့်ရဲ့ မိသားစုကို ကာကွယ်ပါ"

အထူးတာဝန် တစ်ခုလုံးသည် အရေးကြီးသည့် သတင်း အချက်အလက်များကို ပြသလျက် ရှိ၏။ ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့သည်။

"ချောမောလှသူရဲ့လူတွေ အခြားဂြိုလ်ကနေ ရောက်လာတာပဲ ဖြစ်ရမယ်"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "သူတို့က စကြဝဠာကို ဖြတ်ပြီးတော့တောင် လာရန်ရှာရဲတယ် ဆိုတော့ ငါတို့ကလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်

“ဖြူမဲညီနောင် "

"ရှိပါတယ်"

"ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အပြင်ဘက်မှာ စကြဝဠာထဲက လူတွေ ဝင်လာလို့ မရအောင် အကာအကွယ်တွေ ပြုလုပ်ထားရမယ်"

"ကောင်းပါပြီ"

ဆွစ် ဆွစ် ……

၎င်းတို့သည် ဂိုဏ်း၏ စောင့်ရှောက်သူများ ဖြစ်လာပြီးနောက် ပထမဆုံး တာဝန်ကို လက်ခံ ရရှိခဲ့၏။ ဖြူမဲ ညီနောင်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အပြင်ဘက်တွင် ရန်သူများ လာရောက် မတိုက်ခိုက်နိုင်ရန် စီရင် စောင်ကြပ်နေကြ၏။

"အကြီးအကဲကျန်း ဂိုဏ်းရဲ့ အကာအကွယ်ကို အသက်သွင်းထားတော့"

"ကောင်းပါပြီ"

ဒွီ …..။

သံမဏိအရိုးတောင်ကို ဗဟို ပြုပြီး တည်ဆောက်ထားသော အစီအရင်သည် အသက်ဝင်သွားခဲ့၏။ တောင်တစ်ခုလုံးကို အဖြူရောင် အလင်းတန်းများ လင်းလက်သွားပြီး ခနအကြာတွင် ကွယ်ပျောက်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အန္တရာယ်များ ဖြစ်ပေါ်လာချိန်တွင် မြို့သူမြို့သားများအား အချိန်မှီ ပြောင်းရွေ့ပေးနိုင်ရန် တပည့်များအား စေခိုင်းထား၏။

"ဒုတိယစီနီယာ အစ်ကို"

စုရှောင်မိုသည် လီချင်းယန်အား မေးမြန်းလိုက်သည်။ "အခြေအနေက ဘယ်လိုကြီးလဲ"

သူတို့သည် ဂိုဏ်းအစီအရင်အား အသက် မသွင်းခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အတိအကျဆိုလျှင် ဂိုဏ်းချုပ် ဤမျှလောက် လေးနက်နေသည်ကို မြင်ရသည်မှာ ရှားပါးလွန်းလှ၏။

"သွားစို့ သွားပြီး ကျင့်ကြံရအောင်" ရီရှင်းချန်သည် ပြောလိုက်၏။ သူတို့အနေဖြင့် အကောင်းဆုံး ပြုလုပ်နိုင်သည်မှာ ကျင့်ကြံခြင်းကို ပိုမိုတိုးတက်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ အမိန့်ပေးမှု အောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ပို၍ လေးနက်စွာ လုပ်ဆောင်လာကြသည်။ ဂိုဏ်းသားများနှင့် အကြီးအကဲများသည် ပို၍ ကျင့်ကြံခြင်းကို လုပ်ဆောင်လာကြ၏။

တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်ဟိုင်တို့သည်လည်း တံခါးပိတ် ကျင့်ကြံခြင်းကို ပြုလုပ်နေကြ၏။တင်းရှင်းဝမ် သည် သိုင်းနယ်မြေ အဆင့်ရှစ်ဆီသို့ ချိုးဖျက် ရောက်ရှိပြီးနောက် ယခုအချိန်မှာတော့သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ကို ချိုးဖျက်ရန် အနည်းငယ်သာ လိုတော့သည်။

ဂိုဏ်းထဲတွင် အဓိက ကြိုးစားလေကျင့်နေသူမှာ ခရမ်းရောင်ဘုရင်ပင် ဖြစ်၏။သူသည် လျို့ဝှက်နယ်မြေ၏ အချိန်ကာလ ကုန်ဆုံးပြီး နောက်မှာတော့ သိုင်းနည်းစနစ်များကို လေ့ကျင့်နေတော့၏။

သူသည် တော်ဝင်သားရဲ တစ်ကောင် ဖြစ်သည်နှင့် အညီ လူသားများ လေ့ကျင့်သော သိုင်းနည်းစနစ်မျာကို မလေ့ကျင့်ပေ။ သို့ပေမဲ့ လျို့ဝှက်နယ်မြေ၏ စစ်ဆေးမှုကို ခံယူပြီးနောက်မှတော့ တိုက်ခိုက်ရေး အတွေ့အကြုံများ ကို ပေါပေါသီသီ ရရှိနေသည်။

ကျွင်းချောင်ရှောင်း၏ ပဋိညာဉ် သားရဲများတွင် နဂါးလေး၊ ရှောင်မိုရှန်းတို့သည် လျို့ဝှက်နယ်မြေကို သုံးပြီး သူတို့၏ အစွမ်းများကို တိုးအောင်ပြုလုပ်နေကြ၏။ ထို့ပြင် ပေါ်လေ့ပေါ်ထ မရှိသော ခရမ်းရောင် လျှပ်စီးသားရဲသည်လည်း မိုးကြိုးဓာတ်သဘာဝ အတားအဆီးများကို ကျော်ဖျက်ရင်း အားအင် အဆင့်များ တိုးတက်အောင် ကြိုးစားနေလေ၏။

ပြောရမည်ဆိုလျှင် ဘုံကိုးပါး လျို့ဝှက် နယ်မြေသည် ဓာတ်သဘာဝများကို ပို၍ အားကောင်းအောင် ပြုလုပ် ပေးနေသော နေရာကြီးပင် ဖြစ်တော့၏။ လူသားများ ၊သားရဲများ ဟူ၍ မခွဲခြားပေ။ ထိုသို့ဆိုလျှင် ဓာတ်သဘာဝ မရှိသော သူများဆိုလျှင် မည်သို့ လုပ်မည်နည်း။ ဉပမာ ဓားကျင့်ကြံသူ ကျိုးဟုန်နှင့် ဓားမော့ ကျင့်ကြံသူ မာရုံနင်တို့ပင်။ ၎င်းတို့လည်း ကြီးမားသော တိုက်ခိုက်ရေး အတွေ့အကြုံကို ရရှိနေကြသည်။

ပြိုင်စံရှားဂိုဏ်းတွင်တော့ လေ့ကျင့်မှု အရှိန်အဟုန်သည် ပို၍ တိုးတက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် မိုးရွာမည့်နေ့ အတွက် ကြို၍ ပြင်ဆင် ထားသော်လည်း သူသည် အနည်းငယ် စိုးရိမ်နေသေး၏။

စနစ်က ပြောလိုက်သည်။ "ရန်သူတွေက ထင်ထားတာထက်တော့ အားနည်းမှာ မဟုတ်ဘူး သူတို့သာ ဒီနေရာမှာ တိုက်ခိုက်မယ် ဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကလို ဂြိုဟ်တစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ်။"

"ဒီတော့ …"

ကျွင်းချောင်ရှောင်းသည် လက်ကိုယှက်ကာဖြင့် အဓိကဟောခန်း၏ ထိုင်ခုံတွင် ထိုင်ကာ ပြောလိုက်၏။ "ဒါကြောင့်ပဲ ဖြူမဲ ညီနှောင်ကို စကြဝဠာရဲ့ အပြင်ဘက်မှာ စောင့်ကြည့်ဖို့ လွှတ်ခဲ့တာပေါ့။ အဲမှာဆိုရင် တိုက်ပွဲဖြစ်ရင်လည်း ကုန်းမြေတိုက်ကြီးကို မသက်ရောက်တော့ဘူးလေ"

ကြယ်ကြွေ ကုန်းမြတိုက်ကြီးအား ဘယ်နည်းနှင့်မှ ထိခိုက်၍ မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ အဓိက တာဝန်သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်၏။

ကုန်းရှန့်သည် သူရဲကောင်း တစ်ယောက် မဖြစ်ချင်ဘူး ဆိုသော်လည်း သူ၏ နေထိုင်ရာ ကုန်းမြေတိုက်ကြီး ကိုတော့ မည်သည့် အန္တရာယ်မှ မဖြစ်စေချင်ပေ။

………

ဂြိုလ်တိုက်ပွဲ တည်နေရာကြီးရှိ များပြားလှသည့် ဂြိုလ်များသည် ဝိညာဉ် မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ရန်မစရဲကြပေ။ အဘယ့်ကြောင့် ဆိုသော် သူတို့၏ ခေါင်းဆောင် နှင်းဆီဧကရီသည် ခံတပ်များဆီသို့ ကိုယ်တိုင် လာရောက်၍ တိုက်ခိုက်တတ်သောကြောင့် ဖြစ်၏။

သူတို့သည် သည်းမခံနိုင် ကြတော့ပေ။ ကြက်သွေးရောင် ကုန်းမြေတိုက်ကြီး၏ ဦးဆောင်မှုအောက်မှာတော့ တခြားသောဂြိုဟ်များသည် စုပေါင်း၍ မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြသည်။

အတိတ်တုန်းက ကြယ်ကြွေ ကုန်းမြေတိုက်ကြီး မောက်မာခဲ့စဉ်က ကြက်သွေးရောင် ကုန်းမြေတိုက်၊လင်းယွမ် ကုန်းမြေတိုက်နှင့် အခြားသော ဂြိုလ်များသည် မဟာမိတ် ဖွဲ့ခဲ့ဖူးကြ၏။

သို့သော် ကျွင်းချောင်ရှောင်း၏ အဆုံးစွန်သော သတ်ဖြတ်မှုကို မြင်ရပြီးသည့်နောက် ယင်းမဟာမိတ်အဖွဲ့သည် တစ်ခါတည်း ဖျက်သိမ်းခဲ့ရသည်။

"ဟမ့်"

မဟာမိတ် အစည်းအဝေးမှာတော့ ဟုန်ရောင် သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဒီအမျိုးသမီးက အားကောင်းတယ်ဆိုပေမဲ့ ကျွင်းချောင်ရှောင်း လိုတော့ မသန်မာလှဘူး ။ ကျုပ်တို့သာ စုပေါင်း တိုက်ခိုက်မယ်ဆို ကျိန်းသေပေါက် သတ်ဖြတ်နိုင်မှာပဲ"

ကွာခြားချက်သည် ကြီးမားလွန်းလှ၏။ တစ်ဖက်လူသည် အားကောင်းလှသည် ဆိုသော်လည်း ကျွင်းချောင်ရှောင်းလိုတော့ လူပေါင်းနှစ်သောင်းကျော်ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

"နန်းတော်သခင်ဟုန် ….. ကျယ်ပြောကုန်းမြေတိုက်ကြီးနဲ့ ဆားတို့ ကုန်းမြေတိုက်ကြီးတို့က အားကောင်းလှတဲ့ ကောင်းကင်အဆင့် ကျင့်ကြံသူတွေကို လွှတ်ပေးဖို့ သဘောတူလိုက်တယ် လင်းယွမ် ကုန်းမြေတိုက်၏ သခင်သည် ပျော်ရွှင်စွာပျော်လိုက်၏။

"ဒီလိုလား"

ဟုန်ရောင်သည်လည်း ပျော်ရွှင်သွားမိ၏။ ကျယ်ပြော ကုန်းမြေတိုက်ကြီးနှင့် ဆားတို့ ကုန်းးမြေတိုက်ကြီးတို့သည် အဆင့်တစ် ဂြိုလ်များ ဖြစ်ကြ၏။ ၎င်းတို့၏ အကူအညီကိုသာ ရရှိပါက ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။

"ဘုံကိုးပါးကုန်းမြေတိုက်ကြီး ကရော ဘာထူးသေးလဲ"

"မြို့တော်ဝန်မို ကတော့ ဘာမှ မပြောဘူး"

ဟုန်ရောင်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "သူ့အနေနဲ့ ကျွင်းချောင်ရှောင်းကို ကြောက်နေတာ ဖြစ်ရမယ် ၊ ဝိညာဉ် မျိုးနွယ်တွေနဲ့ ရင်ဆိုင်မယ်ဆိုတော့ စိုးရွံ့နေတာ ဖြစ်မှာပေါ့"

ဘုံကိုးပါး ကုန်းမြေတိုက်ကြီး၏ ခံတပ်အတွင်းရှိ စားပွဲဝိုင်းမှာတော့ မိုရှန်းရှမ်းသည် ရရှိလာသော သတင်းများကို ဖတ်ရှုလို့နေသည်။

"ဝိညာဉ် မျိုးနွယ်တွေက နတ်ဘုရားအဆင့်နည်းလမ်းကို တတ်မြောက်ကြတယ်လေ၊ ဒီတော့ နှင်းဆီဧကရီက အားကောင်းလွန်းနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး" သူ၏ အကြီးအကဲ တစ်ဦးသည် ပြောပြလိုက်၏။

မိုရှန့်ရှမ်းသည် တွေးလိုက်မိသည်။ "ဝိညာဉ် မျိုးနွယ်တွေက အခြား လူတွေကို တွယ်ကပ်ပြီး စိတ်ဝိညာဉ် စွမ်းအားကို စုပ်ယူနိုင်တယ် ဟုတ်လား အံဩစရာပဲ"

"ကြက်သွေးရောင် ကုန်းမြေတိုက်နဲ့ လင်းယွမ် ကုန်းမြေတိုက်က ဖိတ်ခေါ်စာ ပို့ထားသေးတယ် ၊ မြို့တော်ဝန် ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ"

မိုရှန့်ရှမ်းသည် ဖတ်လက်စ သတင်းများကို အသာချကာ ပြောလိုက်၏။ "အခြေအနေတွေက ထင်သလောက် မရိုးရှင်းလောက်ဘူး ဒီတော့ ငါတို့ဝင်မပါပဲ နေတာ အကောင်းဆုံးပဲ"

အကြီးအကဲများသည် မြို့တော်ဝန်မိုမှာ စိုးရိမ်လွန်းအားကြီးလှသည်ဟု တွေးထင်လာကြ၏။

……….

စကြဝဠာကြီး၏ အတွင်းမှာတော့ များပြားလှသည့် ရွက်သင်္ဘောများသည် သွားလာလျက် ရှိ၏။

ထိပ်ဆုံးတွင် ရှိသော ရွက်သေင်္ဘာ ပဲ့ပိုင်းမှာတော့ ဆံပင်အဖြူရောင်နှင့် အဘိုးကြီးသည် သံလိုက်အိမ်မြောင် တစ်ခုကို ကိုင်ထား၏။ သံလိုက်အိမ်မြောင်မှာတော့ တည်နေရာ တစ်ခုကို ညွှန်ပြလို့နေသည်။

အချိန်ကို နောက်ပြန်၍ ကြည့်ရှုခဲ့သော သူသည် ကြယ်နှင်ဘုရင်အား မည်သူသတ်ကြောင်းနှင့် မည်မျှ အားကောင်းကြောင်း သိရှိသွားခဲ့၏။

ရွက်သင်္ဘောများသည် တစ်ဖြည်းဖြည်းနှင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးနှင့် နီးကပ်လာတော့၏။ ကျွင်းချောင်ရှောင်သည် ပြိုင်စံရှား ဂိုဏ်းမှ နေ၍ ကောင်းကင်ရှိ တိမ်မဲများကို ကြည့်ကာ ပြောလိုက်တော့၏။

"မုန်တိုင်းက လာတော့မှာပဲ"

"ရန်သူက အားကောင်းလား" ဘယ်ကမှန်းမသိ ရောက်ရှိလာနေသော လုချင်းချင်းသည် မေးမြန်းလိုက်၏။ သူမသည် ရေခဲနန်းတော်သို့ အကြိမ်ကြိမ် သွားရောက် လေ့ကျင့်ပြီး နောက်မှာတော့ သူမ၏ ရေခဲဓာတ်များသည် ပို၍ အားကောင်းလာခဲ့သည်။

"ကောင်းတယ်" ကျွင်းချောင်ရှောင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“ချင်းယန်နဲ့ ရှောင်ကျီ တို့ က အသက်ပေးဖို့ အသင့်ပဲတဲ့ "

"ဒါဆို မင်းကကော" ကျွင်းချောင်ရှောင်းသည် မေးမြန်းလိုက်သည်။

လုချင်းချင်းသည် ပြန်၍ မဖြေချေ။ ကောင်းကင်၌ တလိမ့်လိမ့်တက်နေသော တိမ်မဲများကို ကြည့်ကာ သူမ၏ မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ချက် ချထားသည့် အရိပ်အေယာင်များ ပေါ်လွင်လို့ နေ၏။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "မင်းတို့ရဲ့ သေဆုံးခြင်းက ငါ့အတွက် နစ်နာမှုပဲလေ၊ ဒီတော့ "

ကျွင်းချောင်ရှောင်းသည် များပြားလှသည့် စိတ်ဝိညာဉ် စွမ်းအားများကို ထုတ်ယူကာ ကောင်းကင်တွင် ရှိသော တိမ်မဲများကို လက်ကြီးဖြင့် ဖမ်းယူပစ်လိုက်၏။ "ဘယ်တော့မှ ဒီလို ကိစ္စမျိုး အဖြစ်ခံမှာ မဟုတ်ဘူး"

သူ၏ အသံသည် ကောင်းကင်ရှိ တိမ်မဲများကို လွင့်စင်သွားစေရုံသာ မက ဂိုဏ်းအတွင်းတွင်ပါ ပျံနှံ့သွားတော့၏။ ထိုအသံကို ကြားရသည့် များပြားလှသော တပည့်များသည် ခန္ဓာကိုယ်ထဲရှိ သွေးများပင် ပွက်ပွက် ဆူလာကြ၏။

အမြဲတမ်း မောက်မာစွာ နေတတ်သော ရီရှင်းချန် ပင်လျှင် ကြက်သီးများထလို့နေ၏။ သူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုစိတ်များ ဖြစ်တည်လာသည်။ "ဒီဂိုဏ်း ….. ငါ့အနေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး မွေးဖွားရမယ် ဆိုရင်တောင် ကိစ္စမရှိဘူး ၊ ကျိန်းသေပေါက် ကာကွယ်ရမယ်"

"လာစမ်း ကောင်လေးတို့"

ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ကို ထုတ်ယူကာ တပည့်များနှင့် အတူ စည်းချက်ညီညီ ကခုန်နေတော့၏။

စနစ်သည် ပြောလိုက်သည်။ "မုန်တိုင်းက လာတော့မယ်၊ မင်းက ဘယ်လိုလုပ် တပည့်တွေ ခေါ်ပြီး ကနေရတာလဲ။”

All Chapters