← Chapters

အခန်း (၁၁၆၂)

Vol. 78 Ch. 1162

အခန်း (၁၁၆၂)

Vol. 78 Ch. 1162

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် ကြီးမားသည့်အရာကြီး ဖြစ်တော့မည်ဖြစ်ကြောင်း ကို ဂိုဏ်းချုပ်၏ ပြုမူဆောင်ရွက်နေပုံများကို ကြည့်ရှုလိုက်သည်နှင့် သိရှိပြီးဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ကျင့်ကြံ ခြင်းအပေါ်တွင် အာရုံစိုက်ကာ လေ့ကျင့်နေကြသည်။

ဤတစ်ကြိမ်လာရောက်မည့် ရန်သူသည် အလွန်တရာ အားကောင်း လှသည်ဖြစ်ကြောင်း သူတို့နားလည်မိ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်များအနေနှင့် သေဆုံးရမည် ဆိုလျှင် တောင် ကိစ္စမရှိချေ။ ၎င်းတို့၏အိမ်အတွက် ကျူးကျော်ဝင်ရောက်လာသူများကို တိုက်ခိုက်ရင်ဆိုင်ရန် စိတ်ဆုံးဖြတ် ထားပြီးပြီဖြစ်တော့၏။

“အဘိုးကြီးအို”

စကြဝဠာအတွင်းမှာတော့ ရွက်သင်္ဘောတစ်ခုသည် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိနေ၏။ အားကောင်းလွန်းလှသော ကြွက်သားအမြောင်းမြောင်းနှင့် လူတစ်ယောက်က မေးလိုက်သည်။

“ကြယ်နှင်ဘုရင်ကို သတ်ဖြတ်တဲ့ လူသတ်သမားဆီကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမှာလဲ။”

“အမြန်ဆန်ဆုံးနှုန်းနဲ့ ဆိုရင် ၇ ရက်၊ ၈ရက်လောက်ကြာအုံးမယ်။ အနှေးဆုံးဆိုရင်တော့ တစ်လလောက်ပေါ့။” ဆံပင်ဖြူနှင့်အဘိုးအိုက ပြန်ပြောလိုက်၏။

သူ့အနေနှင့် အချိန်ပြောင်းပြန်လည်ခြင်းနည်းစနစ်အရ ကျွင်းချောင်ရှောင်း၏ အသွင်သဏ္ဍာန်ကို အတည်ပြုပြီးပြီဖြစ်၏။ ထို့ကြောင့် ကျယ်ပြောလှသည့် စကြဝဠာကြီးတွင် သေသေချာချာ ပုန်းအောင်း နေမည်ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ရှာဖွေနိုင်ပေလိမ့်မည်။

သို့ပေမဲ့ အချိန် ကာလတစ်ခုတော့ လိုအပ်နေသေး၏။ လက်ရှိအခြေအနေမှာတော့ သူသည် သတ်ဖြတ်သွားသူ၏ အော်ရာများအတိုင်း လိုက်လံရှာဖွေနေခြင်းပင်ဖြစ်သည်။

“ဒီကောင်က ကြယ်နှင်ဘုရင်ကို သတ်ဖြတ်ပစ်ပြီးတော့ သိုလှောင်လက်စွပ်ကို ယူသွားတာလေ။ အကြွင်းအကျန်ကျမ်း က သူနဲ့ပါသွားတာဖြစ်ရမယ်။” အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် တိကျခိုင်မာစွာ ပြောလိုက်၏။

ဟုတ်ပေသည်။ သူ့အနေနှင့် အနည်းငယ်တော့ အံ့အားသင့်လျက်ရှိ၏။ သူပြန်လည်မြင်ရသည့် အချက်အလက်များအရ သတ်ဖြတ်သူသည် အသက်ကြီးမားလှပုံမပေါ်ချေ။ ကြယ်နှင်ဘုရင်၏ ဦးခေါင်းအား လွယ်လွယ်ကူကူ ပင် ပိုင်းဖြတ်သွားခဲ့၏။ ကြည့်ရသည်မှာ အသက်ငယ်ရွယ်သည့် ပုံပန်းသွင်ပြင်မျိုး ဟန်ဆောင်ထား သော အတွေ့အကြုံရင့် သိုင်းကျင့်ကြံသူ တစ်ယောက်များ ဖြစ်နေသည်လား။

အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ကျွင်းချောင်ရှောင်းတစ်ယောက် ချောမောလှသည့်သူ သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို ပြန်လည်ကြည့်ရှုပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် ဖြူမဲညီနောင်တို့ တိုက်ခိုက်စဉ်က အချိန်များကို ပြန်၍ မကြည့်ရှုခဲ့ပေ။ ထို့ကြောင့် ထူးဆန်းသလို ခံစားနေရခြင်းဖြစ်၏။

“ဟမ့်”

အသားမဲနက်နေသော သက်လတ်ပိုင်းလူသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီစကြဝဠာထဲမှာ ကျုပ်တို့လူဆိုးကြီး ငါးယောက်ထဲကနေ လွတ်တဲ့လူ ရှိမှမရှိတာ။”

သူတို့အနေနှင့် အချိန်အတော်ကြာ သက်တန့်ရောင်စဉ်ကျမ်းအား ရှာဖွေနေကြခြင်းပင်ဖြစ်သည်။ ကြယ်နှင်ဘုရင်ကို ရှာဖွေရသည်က မလွယ်ကူသည့်အပြင် လက်ရှိအခြေအနေမှာတော့ တစ်စုံတစ်ယောက်သည် ကြယ်နှင်ဘုရင်အား သတ်ဖြတ်ပြီးသည့်နောက် သူတို့လိုချင်နေသည့် ကျမ်းစာအား ရယူသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ရေမြေအဆုံးထိ လိုက်မှ ဖြစ်ပေလိမ့်မည်။

…

အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ကျွင်းချောင်ရှောင်းတစ်ယောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ နေထိုင်ခြင်း ဖြစ်ကြောင်းကို သေသေချာချာမသိချေ။ အော်ရာများကို အာရုံခံကာ လိုက်ရှာနေရသည်ဖြစ်သောကြောင့် အချိန်အတော်တော့ကြာမြင့်နေသေးသည်။

ပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးသည် ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ့်ကြောင့် ရပ်သွားသနည်း။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီးကို စီးနင်းခဲ့စဉ်က ဤနေရာတွင် လမ်းကြောင်းကို ပြောင်းကာဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းကာ မြန်မြန်ဆန်ဆန် ခရီးသွားခဲ့သောကြောင့်ပင် ဖြစ်၏။

ထို့ကြောင့် သူသည် ဤနေရာ၌ ရပ်တန့်ကာ အာရုံခံနေခြင်းပင်ဖြစ်၏။ အော်ရာများသည် ရုတ်တရက် ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ဤနှုန်းအတိုင်းဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ဆိုသည့် တည်နေရာအား ရှာဖွေရန် တစ်လလောက် အနည်းဆုံး ကြာမြင့်ပေလိမ့်မည်။

မုန်တိုင်းရောက်ရှိလာမည့်အချိန်ကို ကျွင်းချောင်ရှောင်းက မသိချေ။ သို့ပေမဲ့ အထူးတာဝန်က ပေးအပ်ထားသည်ဖြစ် သောကြောင့် ကျိန်းသေပေါက်ဖြစ်ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် သူသည် နေ့စဉ်ရက်ဆက် စောင့်ကြပ်လျက်ရှိနေ တော့၏။

ထို့ပြင် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးကို ဆင့်ခေါ်ကာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးနှင့် မနီးမဝေးတွင်ရှိနေသော သီးခြားဂြိုဟ်တစ်ခုခုဆီသို့ သွားရောက်ကာ ရှာဖွေနေသည်။

ဖြူမဲညီနောင်တို့သည် စကြဝဠာ၏ စွမ်းအင်များကို လစ်လျူရှုနိုင်စွမ်းရှိ၏။ ထို့ကြောင့် ကြုံသည့်နေရာတွင် တိုက်ခိုက် နိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ မပြုလုပ်နိုင်ချေ။ ထို့ကြောင့် တိုက်ခိုက်ရန် တည်နေရာတစ်ခုကို ကြိုတင်ကာ ရွေးချယ်ထားမှ ဖြစ်ပေလိမ့်မည်။

…

ဆယ်ရက် …. ရက်နှစ်ဆယ်

အချိန်များသည် တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့၏။

ဖောက် …..

တစ်ရက်မှာတော့ ရီရှင်းချန်သည် ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲမှ အသာလျှောက်လှမ်းထွက်ခွာလာခဲ့တော့၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ခမ်းနားကြီးကျယ်လွန်းလှသော အော်ရာများထွက်ပေါ်လျက်ရှိ၏။ လွန်ခဲ့သည့်တစ်လအတွင်းတွင် သူသည် ကျင့်ကြံခြင်းကို အလုံးစုံအာရုံစိုက်ထားခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အရင်ဘဝက ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိရန် သူသည် နှစ် ၁၀၀ ခန့်ကြိုးစားခဲ့ရ၏။ လက်ရှိအခြေအနေတွင် ပြန်လည် မွေးဖွားခဲ့ပြီးသည့်နောက်မှာတော့ နှစ်အနည်းငယ်အတွင်း ဤအဆင့်ဆီသို့ တိုးတက်ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။ အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မြန်ဆန်လွန်းသည်ဟု ဆိုရမည်။

ရီရှင်းချန်၏ ကျင့်ကြံခြင်းအဆင့် မြန်ဆန်မှုတွင် ထိုက်ရွှမ်ကျမ်းစာသည် ကြီးမားသည့်အခန်းကဏ္ဍက ပါဝင်လျက်ရှိနေ၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ များပြားလှသော သိုင်းအရင်းအမြစ်များသည်လည်း ကြီးမားသည့် အထောက်အကူများပင် ဖြစ်တော့သည်။

လက်ရှိ ဘုံကိုးပါးလျှို့ဝှက်နယ်မြေသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အကျိုးကျေးဇူး ပေးသည့်အရာပင် ဖြစ်၏။ ထို့ကြောင့်ပင် သူသည် ဤနေရာတွင် ဆက်၍ ကျင့်ကြံမည်ဆိုပါက သိုင်းအင်ပါယာအဆင့်ကို သို့မဟုတ် လေဟာနယ်ကို ချိုးခွဲနိုင်သည့် တည်ရှိသူတစ်ယောက်အဖြစ်သို့ တိုးတက် ရောက်ရှိသွားရန်ဆိုသည်မှာ ဖြစ်နိုင်လောက်၏။

“အားညို”

အဓိကဟောခန်း၏ ရှေ့တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မကြာခင်မှာ အရမ်းအားကောင်းတဲ့ ရန်သူတွေ ရောက်လာလိမ့်မယ်။ မင်းအနေနဲ့ ဂိုဏ်းအတွက် ရင်ဆိုင်ပြီး တိုက်ခိုက်ပေးဖို့ လိုအပ်တယ်။ မင်းရဲ့ ဂိုဏ်းတူရောင်းရင်းတွေဘက်ကနေ မင်းက မားမားမတ်မတ် ရပ်တည် ပေးရမယ်။”

သူသည် အဘယ့်ကြောင့် ဤကဲ့သို့ ပြောရသနည်း။ သူ၏အထင်အရဆိုလျှင် ရီရှင်းချန်သည် ဂိုဏ်းအပေါ်တွင် နှစ်နှစ် ကာကာ သက်ဝင်ယုံကြည်နေခြင်းမရှိချေ။ ထို့ကြောင့် ဤကျူးကျော်သူများ ရောက်ရှိလာမည့်အခြေအနေကို အခွင့်အရေးယူကာဖြင့် ၎င်းနှင့်ဂိုဏ်း၏ အကြားတွင်ရှိနေသော ခံစားချက်များကို ပိုမိုတိုးတက်အောင် ပြုလုပ်စေချင်မိ၏။

ရီရှင်းချန်သည် လေးနက်သည့်အမူအရာဖြင့်ပြောလိုက်၏။ “ကျုပ် ကျိန်းသေပေါက် လုပ်ပါမယ်။”

“မင်းအနေနဲ့ ဂိုဏ်းကို ဂိုဏ်းအဖြစ် အသိအမှတ်ပြုတဲ့ အခြေအနေတစ်ခုကို မြင်ရတော့ ငါပျော်ရွှင်မိတယ်။ ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။

“..…”

ရီရှင်းချန်သည် မျက်နှာကို တစ်ဖက်သို့လှည့်ကာဖြင့် တွေးတောလိုက်၏။ ပြိုင်စံရှားဂိုဏ်းကို တစ်ခြားလူတွေ လာရောက်ထိပါးမှာကို ကျုပ်မလိုချင်ဘူး။ ဘာလို့လဲဆိုတော့ ပြိုင်စံရှားဂိုဏ်းက ကျုပ်အတွက် နတ်ဘုံနတ်နန်းလို အရေးကြီးတဲ့ အရာတစ်ခုပဲ။ ဒီတော့ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ အရင်းအမြစ်တွေကြောင့်ပါ။

…

အဆင့်ချိုးဖြတ်နိုင်သူမှာ ရီရှင်းချန်တစ်ယောက်တည်းမဟုတ်ပေ။ လုချင်းချင်း၊ ဟယ်ဝူတီတို့အားလုံးသည်လည်း မြန်မြန်ဆန်ဆန်ဖြင့် တိုးတက်ကာ အဆင့်ချိုးဖြတ်နိုင်ခဲ့ကြ၏။

လီချင်းယန်၊ ရှောင်ကျီနှင့်တစ်ခြားသောသူများအားလုံးသည်လည်း ဤအတိုင်းမနေကြချေ။ တစ်ခြားသော စီနီယာများ နောက်ဆီသို့ လိုက်ပါလာခဲ့ကြ၏။ ဤလအတွင်းတွင် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ၏ အဆင့်တက်နှုန်းသည် ပိုမိုကာ တိုးတက်လာခဲ့ကြ၏။ အထူးသဖြင့် အတွင်းစည်းတပည့်များပင် ဖြစ်တော့သည်။

“အရာအားလုံးက ငါထင်ထားတဲ့ အတိုင်းပဲကိုး။ ငါ့ရဲ့တွက်ချက်မှုအောက်ကနေ မလွတ်ဘူး။” ကျွင်းချောင်ရှောင်းက ဂုဏ်ယူစွာ ပြောလိုက်မိ၏။

ဘုံကိုးပါးလျှို့ဝှက်နယ်မြေ၏ အသုံးပြုပုံကို ဖတ်ရှုပြီးသည့်နောက်မှာတော့ သူသည် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ကို ကြိုတင်ကာ စဉ်းစားထားပြီးသား ဖြစ်တော့၏။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ်တစ်သိန်း ဆိုသည် မှာ အလွန်ထိုက်တန်သည့်အရာပင်ဖြစ်သည်။

ဝှစ် ဝှစ်

ရုတ်တရက် အကြီးအကဲများနေထိုင်ရာ တောင်ထိပ်ပေါ်တွင် အားကောင်းလွန်းလှသော အဆင့်တက်သည့်အော်ရာများ ထွက်ပေါ်လာ၏။ တပည့်များအားလုံးသည် ထိတ်လန့်တကြားဖြင့် ခေါင်းမော့ကာ ကြည့်ရှုလိုက်ကြ၏။

“အကြီးအကဲကုန်းက သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိတော့မှာပဲ။”

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် မနာလိုပင်ဖြစ်သွားမိကြ၏။ ဤအရာသည် ၎င်းတို့ မျှော်လင့်လျက်ရှိနေသော သိုင်းကျင့်ကြံခြင်းအဆင့်ပင်ဖြစ်သည်။

အဓိကဟောခန်းထဲတွင် လဲလျောင်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာ ပြုံးကာပြောလိုက်၏။ “ဒီနေ့ကစပြီး ပြိုင်စံရှားဂိုဏ်းမှာ နောက်ထပ်သိုင်းနယ်မြေအဆင့် အကြီးအကဲတစ်ယောက် တိုးလာပြီပဲ။”

သို့ပေမဲ့ ကုန်းစွန်းဟောင်ဟိုင် သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီး ရက်အနည်းငယ်အတွင်းမှာပဲ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တစ်ခြားသော အကြီးအကဲများသည်လည်း ဘုံကိုးပါးလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် မှာတော့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူအဆင့်ဆီသို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ကြသည်။

အသစ်ရောက်ရှိလာခဲ့ကြသော ဖြူမဲညီနောင်တို့၏ အားအင်အပြင် တွက်ချက်ရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်နှင့် တစ်ခြား သောသားရဲများကလည်း တည်ရှိလို့နေသေး၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းတွင် သိုင်းနယ်မြေကျင့်ကြံသူ ၂ ယောက်နှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ ၄ ယောက်တို့ တည်ရှိနေပြီဖြစ်သည်။ ဤအရာမှာ အလွန်တရာ အားကောင်းပြီး ကြမ်းတမ်းလွန်းလှသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က သတင်းပို့လိုက်တော့၏။ “အတွင်းစည်းတပည့် ၂၀၀၀ ကျော်တို့မှာ ၃၀၀ က သိုင်းအုပ်စိုးသူတွေဖြစ်ပြီးတော့ ကျန်တဲ့လူတွေအကုန်လုံးက သိုင်းဘုရင်တွေဖြစ်နေပြီလေ။”

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ ရောက်ရှိနေသည့်အချိန်မှာတော့ ဂိုဏ်းသည် တိုးတက်မှုမယုတ်လျော့ခဲ့ချေ။ ဥပမာအားဖြင့် ဂိုဏ်း၏ အတွင်းစည်းတပည့်များယှဉ်ပြိုင်မှုသည် ပုံမှန်အတိုင်း ကျင်းပလျက်ရှိနေပြီး ကောင်းမွန်သည့် ရလဒ်များကို ရရှိသည့်တပည့်များအနေဖြင့် အတွင်းစည်းတပည့်အဖြစ် ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရရှိနေခဲ့၏။

သတင်းပို့ချက်များကို သေသေချာချာနားထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင် သည် အမိန့်ပေးလိုက်သည်။ “သူတို့အားလုံးကို ဆက်ပြီး လေ့ကျင့်ပါလေ့စေ။ ခဏလောက်တောင်မှ အာရုံမပျက်စေနဲ့။”

“ကောင်းပါပြီ။”

လီချင်းယန်သည် အလောတကြီးဖြင့် ထွက်ခွာသွားပြီး စီစဉ်စရာရှိသည်များကို စီစဉ်တော့သည်။ ကျွင်းချောင်ရှောင်း မှာတော့ များပြားလှသည့် ဟောခန်းများ၏ သတင်းပို့ချက်များကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ထိုနေရာဆီသို့ သွားကာ လိုက်လံကြည့်ရှုတော့၏။

သို့ပေမဲ့ မိုးဆွေဟောခန်းသို့ ရောက်ရှိနေသည့်အချိန်တွင် အဖြူရောင် နတ်ဆိုး၏ အသံသည် သူ၏နားထဲသို့ ပေါ်ပေါက်လာခဲ့တော့သည်။ “ညီငယ်လေး။ အပြင်ဘက်မှာ ရွက်သင်္ဘောတစ်ဒါဇင်ကျော်က ဒီကိုရောက်လာတယ်။”

“ရွက်သင်္ဘောတစ်ဒါဇင် ဟုတ်လား။”

ကြယ်နှင်ဘုရင်သည် ဤမျှများပြားလှသည့် ရန်သူများရှိနေသည်လား။ ခပ်ချောချောလူ၏ ရွက်သင်္ဘောသည် လူတစ်သောင်းလောက်ကို သယ်ဆောင်နိုင်စွမ်းရှိနေ၏။ ယခု ရွက်သင်္ဘောတစ်ဒါဇင်ကျော် လာနေသည်ဆိုမှတော့ လူတော်တော်များပေလိမ့်မည်။

“တပည့်တို့ နားထောင်ကြ။”

ကျွင်းချောင်ရှောင်းသည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “ရှေးသင်္ဘောကြီးပေါ်ကို တက်ကြတော့။ ငါ့နောက်လိုက်ခဲ့ကြ။”

“ကောင်းပါပြီ။”

ဆွစ် ဆွစ် ဆွစ်

ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် ရုတ်တရက် အသက်ဝင်သွားခဲ့တော့သည်။ အဘိုးကြီးတင်းဦးဆောင်သော ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် သံမဏိအရိုးတောင်၏ အပြင်ဘက် ရွက်သင်္ဘောကြီးပေါ်တွင် ရောက်ရှိလျက် ရှိနေကြ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသော အတွင်းစည်းတပည့်များသည်လည်း နောက်မှလိုက်ပါလာခဲ့သည်။ အချိန်တို အတွင်းမှာပဲ ရှေးရွက်သင်္ဘောကြီးပေါ်တွင် လူပေါင်းတစ်ထောင်ကျော်တို့ ပြည့်နှက်သွားခဲ့သည်။

သေသေချာချာ မြင်ကွင်းအား ကြည့်ရှုလိုက်မည်ဆိုလျှင် အားလုံးသောသူများသည် ကောင်းမွန်လွန်းလှသော ချပ်ဝတ် များကို ဝတ်ဆင်ထားခဲ့ကြပြီး အားအကောင်းဆုံးသော လက်နက်များကို ကိုင်ဆွဲထားကြ၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် နောက်ဆုံးမှ ပျံသန်းလာပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောကြီးပဲ့တည်နေရာတွင် မတ်တပ်ရပ်လိုက်သည်။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် မောင်းနှင်နိုင်သည့်အစီအရင်ထဲကို ဝင်ရောက်ကာ စတင်၍ မောင်းနှင်တော့သည်။

ဝှစ် ဟူသည့် အသံနှင့်အတူ ရှေးရွက်သင်္ဘောကြီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ပျံသန်းထွက်ခွာပြီး အဆုံးအစမဲ့လှသော စကြဝဠာအပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြ၏။

ထိုရွက်သင်္ဘောကြီးနှင့်အတူ လိုက်ပါခြင်းမရှိကြသော တပည့်များအားလုံးသည် ဂိုဏ်းချုပ်၊ အကြီးအကဲနှင့် စီနီယာ အစ်ကိုများအားလုံး လုံလုံခြုံခြုံဖြင့် ပြန်လာနိုင်စေရန် မျှော်လင့်တကြီးဖြင့် ဆုတောင်းလျက်ရှိနေကြတော့သည်။

…

တိုက်ခိုက်ရန် ဂြိုဟ်တည်နေရာကြီးကို ရွေးချယ်ရှာဖွေသည့်နေရာတွင် လီချင်းယန်နှင့်တစ်ခြားသောသူများသည် လိုက်ပါခဲ့ဖူးသူများဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ဤတစ်ကြိမ်မှာတော့ သတိကြီးကြီးဖြင့် အဆင်သင့် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေကြ၏။

“ဂိုဏ်းချုပ်”

အဘိုးကြီးတင်းသည် အဝေးတစ်နေရာဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်တော့၏။ “အဲဒါဘာတွေလဲ။”

အဆုံးအစမဲ့သော မှောင်မဲလျက်ရှိနေသည့် စကြဝဠာအတွင်းထဲမှာတော့ အလင်းစက်တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီ သို့ တိုးလာကြ၏။ တဖြည်းဖြည်း အလင်းစက်ကြီးသည် ကြီးမားလာပြီးသည့်နောက်မှာတော့ ၎င်းတို့နှစ်ခုကြားအကွာ အဝေးသည် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

“ဟမ်”

ပထမဦးဆုံးရွက်သင်္ဘောထဲမှာတော့ ခြေချိတ်ကာထိုင်လျက်ရှိနေသာ ဆံပင်ဖြူနှင့်အဘိုးအိုသည် ရုတ်တရက် မျက်လုံး များကို ဖွင့်လိုက်၏။ သူ၏ အကြည့်များသည် စူးရှသွားပြီးသည့်နောက်မှာတော့ လေဟာနယ်ကို ထိုးထွင်းကာ ကြည့်ရှု လိုက်သည်။

ရွက်လှေပေါ်တွင်ရှိနေသာလူငယ်ဆီ အကြည့်ရောက်သည့်နောက်မှာတော့ သူသည် တီးတိုးပြောလိုက်တော့၏။ “ဒီကောင်လေးက လူသတ်သမားပဲ။”

ဝှစ် ဝှစ်

ချက်ချင်းပဲ ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့သည် အရှိန်နှုန်းကို ပိုမိုတိုးပွားကာဖြင့် မောင်းနှင်လာခဲ့ကြတော့၏။ ပုံစံမျိုးစုံ တည်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ရွက်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ပေါ်လာကြသည်။

၎င်းတို့အားလုံးသည် ကြမ်းတမ်းပြီး သတ်ဖြတ်လိုခြင်းအပြည့်ဖြင့် ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းတပည့်များ အားကြည့်ရှုနေကြ၏။

အရှေ့တွင်ရှိနေသော ရွက်သင်္ဘောသည် တည်နေရာတွင် ငြိမ်သက်စွာ ရှိနေပြီး ကြည့်ရှုရသည်မှာ ၎င်းတို့အား စောင့်မျှော်နေခြင်းပင် ဖြစ်ပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ။ ဟားဟား ဟား ဟား”

လူဆိုးကြီးငါးယောက်ထဲမှ တစ်ယောက်သည် ရွက်သင်္ဘော၏ ထိပ်တစ်နေရာတွင် မတ်တပ်ရပ်ကာဖြင့် ရယ်မော လိုက်တော့၏။ “ကျမ်းစာကို ခိုးသွားတဲ့လူတွေက ထိပ်တန်းဂြိုဟ်တစ်ခုခုက ကျွမ်းကျင်သူတို့ဖြစ်မယ်လို့ ထင်ထားတာ။ အဆင့်နိမ့် ဂြိုဟ်တစ်ခုက အမှိုက်တွေဖြစ်နေတာကိုး။”

“ဒင် …။

တစ်ချက်ထိုးသတ်ဖြတ်ခြင်းအမှတ်သည် ၅ ရာခိုင်နှုန်း တိုးသွားခဲ့သည်။”

ချီးတဲ့မှ ….. ဒီလိုမျိုး အားဖြည့်လို့ရတာလား။

ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ သို့ပေမဲ့ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်မိသည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဖော်ရွေစွာနဲ့ ခင်ဗျားတို့ကို ကြိုဆိုပါတယ်။”

All Chapters