← Chapters

အခန်း (၁၁၆၃)

Vol. 79 Ch. 1163

အခန်း (၁၁၆၃)

Vol. 79 Ch. 1163

“ကြိုဆိုတယ် ဟုတ်လား။ ဒီကောင်တွေက ငါတို့ကို လာကစားတယ်လို့ ထင်နေတာလား”

ဟား ဟား ဟား ဟား

ရွက်သင်္ဘောတစ်ဒါဇင်ကျော်ပေါ်တွင်ရှိနေသည့် သိုင်းကျင့်ကြံသူများအားလုံးသည် အားရပါးရ အော်ဟစ်ကာ ရယ်မောလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ရှိနေသော အထင်အမြင်သေးမှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် ခမ်းနားကြီးကျယ်လှသော ဟန်ပန်အမူအရာကို ပြုလုပ်ကာ မေးလိုက်မိ၏။ “ဒီတော့ မင်းတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးကပေါ့”

သူတို့သည် အရေးကြီးသော ဂြိုဟ်တည်နေရာများအား အမှတ်အသားများ ရေးခြယ်ထားခဲ့၏။ ဤကြယ်ကြွေ ကုန်းမြေတိုက်ဆိုသည်မှာ တကယ့်ကို အဆင့်နိမ့်လှသော ဂြိုဟ်လေးတစ်ခုပင် ဖြစ်တော့သည်။ ချောမောလှသူ သေဆုံးသွားခဲ့သော သီးသန့်ဖြစ်တည်နေသည့်ဂြိုဟ်ဆိုလျှင်တောင်မှ ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် တည်နေရာ အတားအဆီးသည် ပိုမိုကာ အားကောင်းလျက် ရှိနေသေး၏။

ရှေးယခင်တုန်းက ကြယ်ကြွေကုန်းမြေ တိုက်ကြီးသည် ဆိုးရွားလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ အစိတ်စိတ် အမွှာမွှာ ကွဲအက်ပြီးသည့်နောက်မှာတော့ အခြေအနေသည် ဤကဲ့သို့ ပြောင်းလဲသွားခဲ့ရသည်။

“အမှန်ပါပဲ” ကျွင်းချောင်ရှောင်းသည် ပြုံးလျက် ရှိနေသေး၏။

သို့ပေမဲ့ အနောက်ဘက်တွင် ရပ်လျက်ရှိနေသော ရီရှင်းချန်၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်ချင်သည့် ဆန္ဒများနှင့် ပြည့်နှက်လာခဲ့တော့သည်။ ရွက်သင်္ဘောကြီး သည် အစောကြီးကတည်းက ပုံဆိုးပန်းဆိုး ပုံစံများ ဖြစ်ကြ၏။ ထိုပေါ်တွင်ရှိနေသော လူများသည် မည်သူကိုမှ ဂရုမစိုက်ဘဲ ရယ်မောလျက် ရှိနေသေး၏။ ထို့ကြောင့် သူ့အနေနှင့် ဤအတိုင်း ကြည့်ရှုရန် မည်သို့မှ သည်းမခံနိုင် ခဲ့တော့ချေ။ ညအင်ပါယာသည် သူ၏ ထိပ်ဆုံးကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်ဆိုပါက ကျိန်းသေပေါက် ထိုနေရာဆီသို့ ပျံသန်းသွားကာ ရှိရှိနေသမျှသော လူများအားလုံးကို အစိတ်စိတ်၊ အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ် သတ်ဖြတ်ပစ်မိမှာ သေချာသည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည်လည်း မျက်မှောင်ကုတ်မိလိုက်ကြ၏။ ဤသိုင်းကျင့်ကြံ သူများအားလုံးသည် အားမနည်းကြချေ။ ထိုသူတို့နှင့်သာ တိုက်ခိုက်ရမည်ဆိုပါက ကျိန်းသေပေါက် စိတ်ဝင်စား စရာ ဖြစ်ပေလိမ့်မည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာတော့ ကုန်းရှန့်သည် သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ဖြတ်ပစ်ခဲ့ပြီး တခြားသော ဂြိုဟ်အသီးသီးကို ထိတ်လန့်တုန်လှုပ်စေခဲ့တော့၏။ သို့ပေမဲ့ သူ့အနေနှင့် သတ်ဖြတ်ခြင်း ကုန်းမြေထဲသို့ ဝင်ရောက်သည့် အချိန်တွင်တော့ ယုဒြာကုန်းမြေတိုက်ကြီးဆီ အကူအညီတောင်းခဲ့ရသေး၏။

ဤတိုက်ပွဲသည် ချစ်ခင်ရင်းနှီးမှု အပြည့်ဖြင့် ဟန်ဆောင်သရုပ်လုပ်ရင်း တိုက်ခိုက်ခဲ့ရသည် ဖြစ်သည်မို့ တစ်ယောက်နှင့်တစ်ယောက်ဆီမှ သင်ယူမှုများ မရရှိခဲ့ကြချေ။ ထို့ကြောင့် အစစ်အမှန်တိုက်ခိုက်မှု ဟူသော ခံစားချက်မျိုး မရရှိခဲ့ပေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် အပြင်းအထန် စိတ်လိုလက်ရ တိုက်ခိုက်ရန် စိတ်ဆုံးဖြတ် ထားခဲ့ကြပြီ ဖြစ်၏။ ၎င်းတို့ ဂိုဏ်းချုပ်၏ ဦးဆောင်မှု အောက်တွင်တော့ သူတို့ အားလုံးသည် စစ်သွေးကြွများပင် ဖြစ်လို့ လာခဲ့သည်။

ထို့အပြင် ဂိုဏ်း၏ နံပါတ်တစ် ဆောင်ပုဒ်သည် သေခြင်းရှင်ခြင်းကြားတွင် သံမဏိကဲ့သို့ စိတ်ထားများကို ပိုင်ဆိုင်ရမည် ဆိုခြင်းပင် ဖြစ်တော့သည်။

အဖြူရောင်ဆံပင်နှင့် အကြီးအကဲက ပြောလိုက်သည်။ “မင်း ကြယ်နှင်ဘုရင်ကို သတ်ခဲ့တာလား”

“အမှန်ပါပဲ”

“ဒါဆိုရင် မင်း သိုလှောင်လက်စွပ်တွေကို ယူသွားခဲ့တာပေါ့”

“ဒါလည်းမှန်တယ်” ကျွင်းချောင်ရှောင်းသည် မေးခွန်းမှန်သမျှကို ဖြေဆိုခဲ့၏။ ဤအရာမှာ သက်တန့်ရောင်စဉ်ကျမ်း နံပါတ်လေးသည် သူ၏ လက်ထဲတွင် ရှိနေကြောင်း လူဆိုးကြီး ငါးယောက်အား နားလည်စေခဲ့တော့၏။ အစစ်အမှန်တရားမှာတော့ နံပါတ်လေးတင် မကပေ။ တစ်၊ နှစ်၊ သုံးကပါ သူ့ဆီ၌ ရှိနေသေး၏။

“အမှိုက်လေး”

သုန်မှုန်လျက်ရှိနေသောလူသည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “မင်းအနေနဲ့ ဒီကို ပျံသန်းလာပြီး တော့ ငါတို့ကို စောင့်နေတယ်ဆိုမှတော့ မင်းရဲ့ဂြိုဟ်တစ်ခုလုံး သက်ရောက်သွားမှာကို စိုးရိမ်နေတဲ့ပုံပဲလေ။ ဒီလို ဆိုမှတော့ မြန်မြန်ဆန်ဆန် မင်းလက်ထဲမှာရှိတဲ့ ကျမ်းစာကို ငါတို့ကို လွှဲပေးလိုက်တော့။ ဒါဆိုရင် မင်းကို ခွေးတစ်ကောင်လို ဘဝမျိုးမရောက်အောင် သက်ညှာပေးလိုက်မယ်”

“ဒင်... တစ်ချက်ထိုး သတ်ဖြတ်မှု ဆယ်ရာခိုင်နှုန်း အားပြည့်သည်”

နောက်ထက်ငါးရာခိုင်နှုန်း တိုးတက်သွားခဲ့၏။

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။ ရန်သူတွေက လုံလောက်တဲ့ မောက်မာမှုမျိုးကို သူ့ဆီမှာ လာပြီး ပြသမယ်ဆိုရင် တစ်ချက်ထိုးသတ်ဖြတ်မှုရဲ့ အားအင်က ပြည့်စုံသွားမှာပဲ။”

ကျွင်းချောင်ရှောင်းအား ပိုမို၍ အံ့အားသင့်စေသည်မှာ တစ်ဖက်လူများသည် အကြွင်းအကျန် ကျမ်းစာအား တောင်းလျက်ရှိနေသည်။ ထိုအရာသည် သက်တန့်ရောင်စဉ်ကျမ်းကို ဆိုလိုနေလေသည်လား။

“ချီးတဲ့မှ.... ငါရထားတာ အချိန်တောင် သိပ်မကြာသေးဘူးလေ။ ကျင့်ကြံဖို့အချိန်တောင် မရသေးဘူး။ ဘယ်လိုဖြစ် ပြီးတော့ ငါရသွားပြီဆိုတာကို သူတို့က သိသွားရတာလဲ။ ဒါက အရမ်းမြန်လွန်းတယ်”

စနစ်ကလည်း ဆွံ့အသွားသည်။ အပိုင်းနှစ်သည် နှင်းဆီဧကရီဆီမှ ဖြစ်ပြီး အပိုင်းသုံးသည် ဖြူမဲညီနောင်ဆီမှ ဖြစ်တော့၏။ ယခု လက်ခံသူသည် အပိုင်းလေးကို ဝယ်ယူခဲ့၏။ ထိုအရာနှင့် ဆက်စပ်နေသည့်လူများသည် ချက်ချင်းပဲ ရောက်ရှိလာခဲ့တော့သည်။ ကြီးမားလွန်းလှသော စကြဝဠာကြီးသည် အဘယ်ကြောင့် တစ်ယောက်နှင့် တစ်ယောက် ဤကဲ့သို့ လွယ်လွယ်ကူကူနှင့် တွေ့ဆုံခွင့်ကို ပေးနေရသနည်း။

စနစ်က တီးတိုးရေရွတ်လိုက်၏။ “အပိုင်းတစ်က ဘယ်လောက်ကံဆိုးလိုက်တဲ့ကောင်လဲဆိုတာ ငါမသိဘူး။ အဲကောင် ဘယ်ကကောင်ပါလိမ့်”

အပိုင်းနံပါတ်တစ် အား ပိုင်ဆိုင်သော ကံဆိုးလွန်းလှသည့် သူသည် ကျွင်းချောင်ရှောင်း၏ အနောက်တွင် မတ်တပ်ရပ်လျက် ရှိနေသည်။ ဟယ်ဝူတီပင် ဖြစ်တော့၏။

“ငါ့အနေနဲ့ သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်ကို ကျင့်ကြံ နိုင်မယ်ဆိုလို့ရှိရင် ….”

ဟယ်ဝူတီက တွေးလိုက်မိသည်။ “ဒီငါးယောက်ထဲက တစ်ယောက်ကို ကျိန်းသေပေါက် အနိုင်ယူနိုင်မှာပဲ” သူသည် အထက်နယ်မြေက ဆင်းသက်လာသည့်လူတစ်ယောက် ဖြစ်သည်မို့ ဤကဲ့သို့ တိုက်ခိုက် သည့်အရာမျိုးတွင် ယုံကြည်ချက် ရှိလို့နေသည်။

“ရောင်းရင်းတို့”

ကျွင်းချောင်ရှောင်းသည် သုန်မှုန်နေသည့်လူဆီသို့ လှမ်းကြည့်၍ လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရတာ သာမန်ထက်ပိုတဲ့ သိုင်းစွမ်းအင်ကို ပိုင်ဆိုင်ပုံပဲ။ စကြဝဠာကြီး တစ်ခုခုက ဆရာကြီးတစ်ယောက် ဖြစ်လိမ့်မယ်။ ဟုတ်တယ်မလား”

သူသည် တစ်ဖက်လူများ၏ အခြေအနေကို သုံးသပ်ပြီးသားဖြစ်၏။ ထို့ကြောင့် သူ၏စိတ်ထဲတွင် အစီအစဉ် တစ်ခုကို ရေးဆွဲပြီး ဖြစ်နေတော့သည်။

“အမှိုက်လေး”

သုန်မှုန်နေသည့်လူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့အားအင်အဆင့်က အရမ်းကောင်း တာမဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ မျက်စိအမြင်ကတော့ မဆိုးဘူးပဲ။ ဒါက အမှန်ပဲ။ ငါက စကြဝဠာထဲက လူဆိုးကြီး ငါးယောက်ထဲက တစ်ယောက်ပဲလေ။ နှစ်ပေါင်းတစ်ထောင်ကျော်လိုက် စကြဝဠာကြီးမှာ သွားလာပြီးတော့ နတ်ဘုရားတွေ၊ ဗုဒ္ဓကျင့်ကြံသူတွေအကုန်လုံးကို သတ်ဖြတ်ပစ်ခဲ့တာပဲ”

“ဒင်... တစ်ချက်ထိုးသတ်ဖြတ်မှု နှစ်ဆယ်ရာခိုင်နှုန်း အားပြည့်သည်”

“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ဒီကောင်တွေ ဟန်အမူအရာအပြည့်နဲ့ မောက်မောက်မာမာ ပြုလုပ်နေမယ်ဆိုရင် ငါ့ကို အားဖြည့်သလို ဖြစ်နေတာကိုး”

တစ်ချက်ထိုးသတ်ဖြတ်မှု၏ နည်းဥပဒေသကို နားလည်ပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ ထို့ကြောင့် တစ်ဖက်လူများ ပိုမိုမောက်မာလာစေရန် စကားလုံးများနှင့် ဆွပေးရမည် ဖြစ်သည်။ တစ်ဖက်လူများ ပိုမိုမောက်မာလေ သူသည် ပိုမိုအားကောင်းလာလေဖြစ်လိမ့်မည်။

“ဒါဆိုရင် ခင်ဗျားတို့က စကြဝဠာကြီးရဲ့ လူဆိုးကြီးငါးယောက်ပေါ့။ မလေးမစား ပြုလုပ်မိတဲ့အတွက် တောင်းပန် ပါတယ်” ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။

“ဟမ့်” သုန်မှုန်နေသည့်လူသည် ခေါင်းကို အသာမော့လိုက်၏။

“ဒင်... တစ်ချက်ထိုးသတ်ဖြတ်မှု နှစ်ဆယ့်ငါးရာခိုင်နှုန်း အားပြည့်သည်”

နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်နှင့် သူ၏ သိုင်းနည်းစနစ်အား အားဖြည့်ပေးသလို ဖြစ်နေသည်။ တစ်ဖက်လူသည် အစစ်အမှန်ပင် မောက်မာသည့် လူတစ်ယောက်ပင် ဖြစ်လေ၏။

“ခင်ဗျားတို့က အကြွင်းအကျန်ကျမ်းကို လာပြီးမေးနေတယ်ဆိုမှတော့ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ” ကျွင်းချောင်ရှောင်းသည် ယဉ်ကျေးစွာဖြင့် ပြောလိုက်မိသည်။ သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ မဖိတ်ခေါ်ထားသော ဤဧည့်သည်များကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းချင်မိ၏။ ဤနေရာတွင် တိုက်ခိုက်သည် ဆိုပါက ၎င်း၏ ဂြိုဟ်ကြီးသည် ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှု လှိုင်းအဟုန်အား မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

မှုန်ကုတ်နေသည့်လူသည် ဦးနှောက်မဲ့သည့် လူတစ်ယောက် မဟုတ်ပေ။ ကျွင်းချောင်ရှောင်း၏ ရည်မှန်းချက်ကို မြင်နိုင်၏။ ထို့ကြောင့် သူသည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်မိ၏။ “မင်းက မင်းရဲ့ကုန်းမြေတိုက်ကြီး ဖျက်ဆီး ခံရမှာကို စိုးရိမ်နေသလိုပဲ။ ဒီတော့ အကြွင်းအကျန်ကျမ်းကို ငါ့ဆီကမ်းပေး။ ပြီးတော့ မင်းဆီမှာရှိတဲ့ သိုင်းပညာ အရင်းအမြစ်တွေကိုလည်းပေး။ ဒါဆိုရင် မင်းနဲ့ ဒီအမှိုက်လိုဂြိုဟ်ကြီးတစ်ခုကို ခက်ခဲအောင် ငါတို့လုပ်မှာ မဟုတ်ဘူး”

“ဒင်... တစ်ချက်ထိုးသတ်ဖြတ်မှု သုံးဆယ်ရာခိုင်နှုန်း အားပြည့်သည်”

ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။ “ကျုပ်က လူသူကင်းရှင်းတဲ့ ဂြိုဟ်တစ်ခုဆီမှာ အကြွင်းအကျန်ကျမ်းကို ထားထားတာလေ။ ခင်ဗျားတို့ အဲကိုသွားမယ်ဆိုရင် ကျုပ်က ယူပေး မှာပေါ့”

“ဒီလိုလား” ဆံပင်ဖြူနှင့် အဘိုးအို၏ မျက်လုံးထဲတွင် နှောင့်နှေးမှုများ ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် ရောက်ရှိလာကတည်းက အစအဆုံး တွေးတောနေခဲ့တော့၏။ ကြယ်နှင်ဘုရင်အား သတ်ဖြတ်နိုင်ခဲ့သည့်လူသည် သာမန်ထက်ပိုသည့် စွမ်းဆောင်ရည်မျိုး ရှိမှာ သေချာသည်။ ထို့အပြင် အကြွင်းအကျန်ကျမ်းကို ရရှိသွားပြီဖြစ်သောကြောင့် ပြန်လည်လုယူနိုင်မည်ဆိုလျှင် ၎င်းတို့ဘက်မှ ကြီးမားသည့် ပေးဆပ်မှုကိုလည်း ပြန်လည်ပေးဆပ်ရမည်ဟု တွေးတောထားပြီးပြီ ဖြစ်တော့၏။ သို့ပေမဲ့ တစ်ဖက်လူသည် အလွန်တရာ အားနည်းပုံ ပေါ်နေပြီး ပူးပေါင်း ဆောင်ရွက်မှုရှိရှိဖြင့် ပြုလုပ်လျက် ရှိနေသည်။

“မဖြစ်ဘူး”

အဖြူရောင်ဆံပင်နှင့် အဘိုးအိုက အသံပို့လွှတ်လိုက်၏။ “ဒါက ထောင်ချောက် ဖြစ်လိမ့်မယ်”

“အဘိုးကြီးဝူ”

သုန်မှုန်နေသည့်မျက်နှာနှင့်လူသည် အထင်အမြင်သေးစွာ ပြောလိုက်သည်။ “အဆင့်နိမ့်ဂြိုဟ်တစ်ခုရဲ့ အမှိုက်တစ်ခုက ကျုပ်တို့ကို လိမ်ညာလှည့်ဖျားမယ်ဆိုရင်တောင်မှ ဘာလုပ်နိုင်မှာ မို့လို့လဲ။ သူက သနားဖို့ ကောင်းတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲလေ”

“ဒင်.... တစ်ချက်ထိုးသတ်ဖြတ်မှု ခြောက်ဆယ်ရာခိုင်နှုန်း အားပြည့်သည်”

ရုတ်တရက် သုံးဆယ်ရာခိုင်နှုန်းတိတိ တိုးတက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ တစ်ဖက်လူသည် ဘာတစ်ခုမှ မပြောရသေးချေ။ အဘယ်ကြောင့် တိုးတက်သွားရသနည်း။ ဖြစ်နိုင်သည်မှာ အလွန်တရာ မောက်မာလှသည့် စကားလုံးများကို သူတို့အချင်းချင်း ပြောဆိုနေခြင်း ဖြစ်ပေလိမ့် မည်။

“ကောင်လေး”

သုန်မှုန်နေသည့်မျက်နှာနှင့်လူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ရှေ့ကနေ လမ်းပြပေး။ ဒါပေမဲ့ မင်းကိုငါ သတိပေးလိုက်မယ်။ လှည့်ကွက်တွေလုပ်ဖို့ မကြိုးစားနဲ့။ မဟုတ်ရင် အထက်နယ်မြေဆီ ပြေးမယ်ဆိုရင် တောင်မှ မင်းသေရလိမ့်မယ်”

“ဟား ဟား” အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော ဖြူမဲညီနောင်တို့သည် အေးစက်စက် ရယ်မောလိုက်မိ၏။ အထက်နယ်မြေဆီမှ စည်းအတားအဆီးများသည် အလွန် အားကောင်းလှသည်သာမက ကောင်းကင်တာအို၏ နိယာမများလည်း ပါဝင်လျက်ရှိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ၎င်း၏ နောက်ဖေးခြံဝန်းကဲ့သို့ ပြောဆိုလျက် ရှိနေလေ၏။

သုန်မှုန်နေသည့်သူ၏ သရုပ်ဆောင်စွမ်းရည်သည် ဖြူမဲညီနောင်တို့ကိုပင် ဆက်၍ မကြည့်ရှုနိုင်လောက်အောင် မောက်မာစေခဲ့တော့၏။ ထို့ကြောင့် ချက်ချင်းပဲ တစ်ချက်ထိုးသတ်ဖြတ်မှု၏ အားပြည့်နှုန်းသည် ခြောက်ဆယ် ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းဆီသို့ တိုးတက်သွားခဲ့တော့သည်။

“အနာဂတ်မှာ ငါတွေ့တဲ့လူတွေက ဒီလိုမျိုး ပိုပြီးတော့ မောက်မာလေလေ။ ငါက ပြိုင်ဘက်ကင်း ဖြစ်လာလေလေ ဖြစ်မှာပဲ”

ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောပြီးသည့်နောက်မှာတော့ ရှေးရွက်သင်္ဘောကြီးအား သူရွေးချယ်ထားသည့် သီးခြားဖြစ်တည်နေသည့် ဂြိုဟ်တစ်ခုဆီသို့ ပျံသန်းသွားလိုက်၏။

စကြဝဠာကြီးမှ လူဆိုးကြီးငါးယောက်တို့သည်လည်း အကြွင်းအကျန်ကျမ်းအတွက် သူတို့၏ နောက်မှ ပျံသန်း လိုက်ပါလာခဲ့ကြ၏။ များပြားလှသော ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့သည် အစီအရင်အတိုင်း သေချာစုဖွဲ့ကာ ပျံသန်းလိုက်ပါလာခဲ့ကြသည်။

အဖြူရောင်ဆံပင်နှင့် အဘိုးအိုက ပြောလိုက်၏။ “ဒီကောင်လေးက အကြွင်းအကျန်ကျမ်းကို လွယ်လွယ်ကူကူနဲ့ လက်လွှဲပေးမှာ မဟုတ်ဘူး။ ငါတို့ အမှုမဲ့ အမှတ်မဲ့ လုပ်လို့ မရဘူးလေ။ မဟုတ်ရင် အကုန်လုံး ပြဿနာတွေ တက်ကုန်လိမ့်မယ်”

“အင်း” ပိန်လှီနေသည့်လူနှင့် တခြားသော နှစ်ယောက်သည်လည်း ခေါင်းညိတ်လိုက်ကြသည်။

မှုန်ကုတ်ကုတ်နှင့် အသားမဲမဲလူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒီကောင်က အဝေးမှာရှိနေတဲ့ သီးသန့် ဂြိုဟ်တစ်ခုဆီ သွားနေတာ ဖြစ်မယ်။ အဲကိုရောက်ပြီဆိုတာနဲ့ ဘာမှ လုပ်စရာမလိုဘူး။ ကျုပ်ကိစ္စပဲ ထားလိုက်တော့”

ဝှစ်

ရှေးသင်္ဘောကြီးသည် စကြဝဠာကို ဖြတ်သန်းကာ သွားခဲ့၏။ ခဏကြာပြီးသည့်နောက်မှာတော့ တည်နေရာ အတားအဆီးကို ထွင်းဖောက်ကာဖြင့် သီးသန့်ဖြစ်တည်နေသော ဂြိုဟ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။ ဤနေရာတွင် သက်ရှိများ မရှိချေ။ တိုက်ခိုက်ရန်အတွက် အလွန်သင့်တော်လှသည့် ဂြိုဟ်ကြီးတစ်ခုပင် ဖြစ်တော့၏။ ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျက်စီးသွားအောင် တိုက်ခိုက်မည်ဆိုလျှင်ပင် အဆင်ပြေနိုင်သေး၏။

ဝှစ် ဝှစ်

အဘိုးကြီးတင်း၊ ခရမ်းရောင်ဘုရင်၊ လီချင်းယန်နှင့် တခြားသောလူများသည် ရွက်သင်္ဘောပေါ်မှ ခုန်ချလိုက်ကြ၏။ ၎င်းတို့သည် ဤနေရာသို့ ရောက်ရှိဖူးကြသူများ ဖြစ်သောကြောင့် တိုက်ပွဲမစခင် သွေးပူလေ့ကျင့်ခန်းများကိုပင် စတင်ကာ ပြုလုပ်နေကြသည်။

ဝှစ် ဝှစ်

ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့သည် ပျံသန်းလာကြ၏။ သို့ပေမဲ့ ရွက်သင်္ဘောကြီးသည် မရပ်တန့်ရသေးခင်မှာပဲ အသားမဲမဲနှင့် သုန်မှုန်လျက်ရှိသောလူသည် ၎င်း၏ သိုင်းအင်ပါယာအဆင့်ကျင့်ကြံခြင်းကို ထုတ်ဖော်လိုက်တော့၏။ ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် ရွက်သင်္ဘောကြီးအား ဖိနှိပ်ရန် ကြိုးစားသည်။ ၎င်း၏ အော်ရာသည် အလွန်အမင်းများပြား၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကို ဖမ်းဆီးရုံတင်သာမက ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးကို သတ်ဖြတ်ချင်သည့်အမူအရာမျိုးပင် ပြသလာခဲ့သည်။ သူသည် အလွန်ပင် အညှာအတာ ကင်းမဲ့လှသည့် လူတစ်ယောက်ဖြစ်တော့၏။

“ဒါက နည်းနည်း ပြဿနာပဲ”

အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော ဖြူမဲညီနောင်တို့သည် အရှေ့ဆီသို့ လှမ်းထွက်လာရန် ပြင်လိုက်ကြသည်။

“မလိုဘူး”

သို့ပေမဲ့ သူတို့လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံကို ကြားလိုက်ရသည်။ “ဒီကိစ္စကို ကျုပ်တာဝန်ထားလိုက်”

“ကျုပ်တာဝန် ထားရမယ် ဟုတ်လား” ဖြူမဲညီနောင်တို့သည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ ၎င်းတို့၏ သွေးသောက်ညီလေးသည် ကျောက်ရုပ်ထုကြီးအသွင်သို့ ပြောင်းလဲပြီးသည့်နောက်တွင် ကြောက်မက်ဖွယ် ရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်အသုံးပြုနိုင်စွမ်းရှိကြောင်း သိရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ကျောက်ရုပ်ထုမျိုးနွယ်၏ အထူးစွမ်းအင်ကို ထုတ်ဖော်အသုံးပြုထားခြင်း မရှိချေ။ အဘယ်သို့ သိုင်းအင်ပါယာ တစ်ယောက်ကို ရင်ဆိုင်ရမည်နည်း။

ဝှစ် ဝှစ်

ကြမ်းတမ်းလွန်းလှသော လေလှိုင်းများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာ၏။ ဤဂြိုဟ်တည်နေရာကြီးရှိ လေဟာနယ်ကြီးသည် မည်သို့မှ မခံစားနိုင်တော့ဘဲ စတင်ကာ ကွဲအက်လာခဲ့တော့သည်။

................

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ကျွင်းချောင်ရှောင်း၏ အနောက်တွင် မတ်တပ်ရပ်နေကြ၏။ ၎င်းတို့သည် ကြီးမားလှသည့်ဖိအားဓာတ်ကို ခံရပြီးသည့်နောက် မွမ်းကြပ်လာခဲ့တော့၏။ ၎င်းတို့၏ နဖူးစပ်တွင် ချွေးစီးများသည် အလုံးလိုက် ကျဆင်းလာ၏။

သိုင်းအင်ပါယာတစ်ယောက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ ၎င်းတို့သည် ဂိုဏ်းချုပ်၏နောက်တွင် မတ်မတ်ရပ်နေကြသည်ဖြစ်သောကြောင့် မည်သို့သော ကြောက်လန့်မှုကိုမှ မခံစားရချေ။

“အမှိုက်လေး... စကြဝဠာလူဆိုးကြီး ငါးယောက်ဆီက ပစ္စည်းတစ်ခုကို လုယူရဲတယ်ဆိုတော့ ဒီနေ့ မင်းအနေနဲ့ မင်းရဲ့ နောက်လိုက်တွေကိုပါ အလျော်အစား ပြန်ပေးရလိမ့်မယ်” မှုန်ကုတ်ကုတ်မျက်နှာနှင့်လူသည် သတ်ဖြတ် လိုခြင်း ဆန္ဒအပြည့်နှင့် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။ သူ၏ အပြုံးသည် ရှိနေကြသော သက်ရှိ သတ္တဝါများ အားလုံးအား ပုရွက်ဆိတ်လေးကဲ့သို့ပင် သဘောထားသည့် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လျက်ရှိသည်။

“ကျုပ်တပည့်တွေရဲ့ အသက်တွေနဲ့ အလျော်အစား ပေးရမယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ထိုစကားသံကို ကြားရပြီးသည့်နောက်မှာတော့ အလုံးစုံ ဒေါသထွက်သွားတော့သည်။ ထိုအရာသည် အထူးတာဝန်ဆယ့်နှစ်၏ အချက်အလက်နှင့်လည်း ကိုက်ညီနေသည် မဟုတ်လား

ဘုတ်

သူသည် ရှေ့ကို လှမ်းတက်ပြီးသည့်နောက် ဒေါသတကြီး ပြောလိုက်မိသည်။ “ဘယ်သူက ကျုပ်တပည့်တွေကို နာကျင်အောင် လုပ်ရဲလဲ။ ငရဲပြည်ကို အရင်ဆုံး ပို့လိုက်မယ်”

ဝုန်း

မည်သည့်တိုက်ကွက်၊ လှုပ်ရှားမှုကိုမှ ထုတ်ဖော်အသုံးမပြုခဲ့ချေ။ အလွန်အားကောင်းလွန်းလှသော အားအင်တစ်ခု သည် တည်နေရာထဲတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံး ဖုန်အလိပ်လိပ် ဖြစ်တည် သွားခဲ့၏။

ဖြောက် ဖြောက် ဖြောက် ဖြောက် …။

စွမ်းအင်လှိုင်းများ ဖြတ်သန်းသွားပြီးသည့်နေရာတွင် တည်နေရာနှင့် လေဟာနယ်ကြီးတစ်ခုလုံးသည် မြန်မြန် ဆန်ဆန်ပဲ ကွဲအက်သွားသည်။

ဆွစ် ..။

ဘန်း ဘန်း ဘန်း ဘန်း …။

မှုန်ကုတ်ကုတ် မျက်နှာနှင့်လူသည် အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်စင်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူ၏ ကိုယ်ပိုင်ရွက်သင်္ဘောဆီသို့ တိုက်ရိုက်ပင် တိုးဝင်သွား၏။ ကောင်းကင်ယံတစ်ခုလုံး၌ ပေါက်ကွဲမှုကြီး တစ်ခုလုံးသည် ကြီးမားစွာ ဖြစ်တည်လာခဲ့ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးမှာ မီးတောက်များနှင့် ဖုံးလွှမ်းသွားခဲ့တော့သည်။

ဖြူမဲညီနောင်တို့သည် မျက်စိသူငယ်အိမ်ထဲမှ မျက်လုံးများ ပြူးထွက်သွားလုမတတ်ကဲ့သို့ပင် ဖြစ်မိနေကြ သည်။ အခြားသောရွက်သင်္ဘောများပေါ်တွင် ရှိနေကြသော သူများမှာတော့ ကြောင်အလျက်ရှိနေကြ၏။ ဘာတွေ ဖြစ်သွားခဲ့သည်ဆိုခြင်းကို သူတို့ ရှင်းရှင်းလင်းလင်း သိရှိခဲ့ကြ၏။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးမှ ဖြစ်ပေါ်လာသော လှိုင်းအဟုန်ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလို့နေ၏။

ဝှစ် ဝှစ် ဝှစ်

လေလှိုင်းများ တိုက်ခတ်ပြီးသည့်နောက် ဖုန်များသည် ပျောက်ကွယ်သွားခဲ့၏။ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ကြီးမားလှသည့် တွင်းကြီးတစ်ခု၏ အလယ်တွင် ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်လျက် ရှိနေ၏။

အဘိုးကြီးတင်း၊ လီချင်းယန်နှင့် တခြားသောသူများသည် ခပ်ဝေးဝေးတည်နေရာဆီသို့ ဆုတ်လျက် ရှိနေကြပြီး ၎င်းတို့၏ မျက်နှာပေါ်တွင် ဇဝေဇဝါနှင့် နဝေတိမ်တောင် အမူအရာများ တည်ရှိလို့နေသည်။

“ငါ ဘယ်သူလဲ။ ဘယ်ရောက်နေတာလဲ။ ဘာတွေလုပ်မိနေတာလဲ” ဤကဲ့သို့သော စကားလုံးများသည် ပြိုင်စံရှား ဂိုဏ်းသားများ၏ မျက်နှာပေါ်တွင် ထင်ပေါ်လျက် ရှိနေတော့၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့မြင်နေရသည့် မြင်ကွင်းသည် ရုတ်တရက် ဆန်လွန်းလှ၏။ သေသေချာချာ ဘာတစ်ခုကိုမှ မမြင်လိုက်ရချေ။

“မဟုတ်သေးဘူး။ ငါ့ရှေ့မှာ ဘာလို့ ဆံပင်တွေ ဝဲနေရတာလဲ” အားလုံးသည် စိတ်တည်ငြိမ်သွားပြီးသည့်နောက် မှာတော့ အလောတကြီး မော့ကြည့်လိုက်ကြ၏။ ဂိုဏ်းချုပ်သည် ခြေထောက်တစ်ဖက်ကို ထောင်ကာဖြင့် တည်နေရာထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။

ဆံပင်များသည် လေထဲတွင် လွင့်လျက်ရှိပြီး တောက်ပြောင်လျက် ရှိသော ခေါင်းတုံးတစ်ခုသည် ၎င်းတို့၏ မျက်စိရှေ့၌၏။ ဂိုဏ်းချုပ်သည် ခေါင်းတုံး ဖြစ်သွားခဲ့သည်။

စနစ်သည် အော်ဟစ်လိုက်မိ၏။ “မင်း လက်သီးနဲ့ထိုးရင်လည်း သူ့ကို သတ်လို့ရတယ်။ ဘာလို့ ရုတ်တရက် ခြေထောက်နဲ့ ထကန်ရတာလဲ”

All Chapters