အခန်း (၁၁၆၅ - က)
Vol. 79 Ch. 1165
ယွမ် သခင်လေး ဒုဂိုဏ်းချုပ် ဖြစ်လာပြီးသည့်နောက် ခရမ်းရောင် ဘုရင်၏ အင်္ကျီများကို ဖောက်ခွဲတတ်သည့် အကျင့်မှာ တဖြည်းဖြည်း လျော့ကျလာ၏။ သို့ပေမဲ့ သူသည် အလွန်အားကောင်းလှသော သိုင်းပညာရှင်များ နှင့် တိုက်ခိုက်ရသည့် အခါမှာတော့ လေးလေးနက်နက် တိုက်ခိုက်ချင်မိ၏။
ထို့ကြောင့် သူသည် အားလုံး၏ ရှေ့သို့ သွားရာက်ပြီး အော်ရာများကို ထုတ်ဖော် လိုက်တော့၏။ သို့ပေမဲ့ သူသည် မွန်းစတား အော်ရာများကို ထုတ်ဖော်ပြီးသည့် တိုင်အောင် အင်္ကျီများမှာ ပေါက်ကွဲထွက်မသွား ခဲ့ချေ။မပေါက်ကွဲသည့်အပြင် ပို၍ပင် တင်းကြပ်လာခဲ့သည်။
"အား …
အီး …
အီး…"
သူ၏ ဝတ်စုံ ပေါက်ကွဲထွက်သွားရန် ကြိုးစားချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ချေးထွက်လုမတတ်ပင် ဖြစ်လို့ နေ၏။ သို့သော် အင်္ကျီမှာပေါက်ကွဲထွက်မသွားဘဲ ပို၍ တင်းကြပ်လာခဲ့၏။ မဖျက်စီး နိုင်သော အဝတ်အစားသည် ခရမ်းရောင် ဘုရင် အတွက် သီးသန့် တီထွင် ပေးထားသော ဝတ်စုံဟုပင် ထင်မှတ်ရ၏။
ကောင်းကင်ရှိ လူဆိုးကြီး လေးဦး "......"
သူတို့သည် အပြင်းအထန် တိုက်ခိုက်မည်ဟု စဉ်းစားထားသော်လည်း အော်မရယ်မိစေရန် ဗိုက်ကို ဖိကာ မနည်း ထိန်းထားရသည်။
"ညှစ်နေတာ တော်ပါတော့"
ကျွင်းချောင်ရှာင်းသည် အသံပို့လွှတ်ကာ ပြောလိုက်၏။ "ကျုပ်ပေးထားတဲ့ ဝတ်စုံက ခင်ဗျားရဲ့ အတွင်းခံလိုပဲ မပျက်စီးနိုင်ဘူး"
ခရမ်းရောင် ဘုရင်သည် စိတ်ဓာတ်ကျမိသွား၏။ သူ့အနေဖြင့် ကိုယ်တုံးလုံး နေမှသာလျှင် သက်သောင့်သက်သာ ရှိ၏။ ထိုမှသာ ခန္တာကိုယ်သည် သူ၏ စိတ်နှင့်တစ်သားတည်း ရှိသည်ဟု မှတ်ယူထားသည်။
"သွား"
လက်ရှိအချိန်မှာတော့ သက်လတ်ပိုင်း လူသည် ခရမ်းရောင်ဘုရင် ဘာတွေ လုပ်နေသည်ကို စိတ်မဝင်စားတော့ ချေ။ သူ၏ နောက်လိုက်များအား စေလွှတ်ကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့၏။
ဝှီး … ဝှီး …။
ချက်ချင်းပဲ သိုင်းသူတော်စင် အဆင့်နှင့် တူညီသော လူခြောက်ယောက်သည် ခရမ်းရောင်ဘုရင်အား ဝင်ရောက် တိုက်ခိုက်တော့သည်။
ခရမ်းရောင် ဘုရင်သည် သူ၏ အင်္ကျီချွတ်သည့် ကိစ္စအား အလျော့ပေးလိုက်ရ၏။
ရွှီး …
ရွှီး ….
ခရမ်းရောင် ဘုရင်သည် လေထုထဲ ရောက်ရှိသည့် အချိန်မှာတော့ သူ၏ သူတော်စင် အဆင့်နှင့် နီးကပ်နေသော စွမ်းအားများနှင့် လက်သီးချက်များကို ထုတ်ဖော်ကာ ထိုးနှက်တော့သည်။
ဘန်း ….
ဘန်း …။
လေဟာနယ်ကြီး တစ်ခုလုံးသည် ဓားနှင့် အပိုင်းခံထားရသလို စုတ်ပျက်သတ် သွားတော့၏။ ခရမ်းရောင် ဘုရင်သည် သိုင်းသူတော်စင် တစ်ယောက်အား လွင့်စင်အောင် ပြုလုပ်ပြီးနောက်မှာတော့ သူ၏ အင်္ကျီလက် တစ်ဖက်အား ချွတ်လိုက်၏။
နောက်တစ်ယောက်ကို လွင့်စင်အောင် လုပ်ပြီးသည့် အခါမှာတော့ ဘယ်ဖက်လက်ရှိ အင်္ကျီအား ချွတ်ချလိုက်ပြန်သည်။ ဖျက်စီး၍ မရနိုင်သော ဝတ်စုံသည် ဖျက်စီး၍ မရသော်လည်း ချွတ်၍တော့ ရနေသေးသည်။
"အား … ကုလို့မရတဲ့ ရောဂါပဲ" ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာ ခါယမ်းပြီး ပြောလိုက်မိ၏။
အခြားတစ်ဖက် မှာတော့ အဘိုးကြီးတင်း၊ ကုန်းစွန်းဟောင်ဟိုင်နှင့် အခြားသော အကြီးအကဲများသည် အားကောင်းလှသော ရန်သူများနှင့် ရင်ဆိုင်နေရသည်။
၎င်းတို့သည် သိုင်းနယ်မြေတစ်ပိုင်း တစ်ပိုင်း ကျင့်ကြံသူများပင် ဖြစ်၏။ စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ပျံနှံ့လို့နေ၏ ။
ထင်မှတ်ထားသည့် အတိုင်းပင် တိုက်ပွဲမှာ ပြင်းထန် လွန်းလှ၏။ ဤကဲ့သို့သော ဝိုင်းဝန်းတိုက်ခိုက်သည့် တိုက်ပွဲမှာ မြင်တွေ့ရခဲသော်လည်း တည်နေရာ တစ်ခုလုံးမှာ အလွန်ပင် သတိထားနေရသည်။
ဘုန်း ….။
ခရမ်းရောင် ဘုရင်သည် သူ၏ လက်သီးချက်များကို ထပ်မံကာ ထိုးနှက်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ သူ၏ ကိုယ်ပေါ်တွင် အဝတ်အစားများ ဟူ၍ မရှိတော့ချေ။ အနီရောင် အတွင်းခံလေး တစ်ခုသာလျှင် ကျန်ရှိနေတော့၏။
ကျွင်းချောင်းရှောင်းသည် ဤအရာကိုတော့ ထပ်မချွတ်စေရန် ကြိတ်ကာ ဆုတောင်းနေရသည်။
လူဆိုးကြီး လေးဦးနှင့် နောက်လိုက်များသည် တိုက်ခိုက်မှု အတွေ့အကြုံများ များပြားလှပြီး ဂြိုလ်များဆီသို့ လှည့်လည်ကာ လုယက်ဖူးကြသူများ ဖြစ်ကြ၏။သို့သော် အဝတ်အစားများကို ချွတ်၍ တိုက်ခိုက်သည်ကိုတော့ မမြင်ဖူးကြချေ။ ဤသည်မှာ အလွန်ထူးခြားသော ပါရမီရှင်ပင် ဖြစ်ပေလိမ့်မည်။
ဘုန်း ….။
ခရမ်းရောင် ဘုရင်သည် အဝတ်အစားများကို ချွတ်ပြီးသည့် နောက်မှာတော့ ကိုယ်နှင့် ဝိညာဉ်သည် တစ်သားတည်း ကျသွားသလို ခံစားလိုက်ရ၏။ သူ၏ လက်သီးချက်သည် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ မျက်နှာကို ထိမှန်ပြီး ပေတစ်ရာ အဝေးသို့ လွင့်စင်သွားစေ၏။
ထိုသူသည် မြေပေါ်သို့ လွင့်စင် ထွက်သွားပြီးနောက် သွေးများပင် အန်ထွက်သွားတော့သည်။
အတိတ်တုန်းကဆိုလျှင် သူသည် သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်ကို ထိခိုက်အောင် မပြုလုပ်နိုင်ပေ။ သို့သော် ဘုံကိုးပါးလျို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး နောက်မှာတော့ များပြားလှသည့် သိုင်းနယ်မြေ ကျင့်ကြံသူများကို အနိုင်ယူရန် လွယ်ကူနေတော့၏။
လက်ရှိအချိန်မှာတော့ ပြီးပြည့်စုံသော သိုင်းနယ်မြေ အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့နေ၏။ ထိုသူ၏ အော်ရာများမှာ ဆူနာမီမုန်တိုင်း ကဲ့သို့ပင် ပြင်းထန်လွန်းလှ၏။ ခရမ်းရောင် ဘုရင်သည် မျက်မှောင်ကြုံ လိုက်ပြီး ပန်းရောင် လက်အိပ်ကို စွပ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဦးအောင် တိုက်ခိုက်တော့သည်။
ထို့ပြင် တင်းရှင်းဝမ်သည်လည်း သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရသော သူများကိုပင် တိုက်ခိုက်နေ၏။ အတိတ်တုန်းက ဆိုလျှင် မည်သို့မျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။ ကျန့်ရာ ၊အဘိုးကြီးတင်းနှင့် အခြာသူများသည်လည်း သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြ၏။ ထို့ပြင် ဖိနှိမ့်ကာ တိုက်ခိုက်နိုင်ကြ၏။
တစ်ဖက်ရန်သူများမှာ စကြာဝဠာထဲတွင် လုယက်နေကြသော လူဆိုးကြီး ငါးဦးတို့၏ နောက်လိုက်များ ဖြစ်ကြ၏။ သူတို့သည် များပြားလှသော ဂြိုလ်များကို လွယ်လွယ်နှင့် သိမ်းပိုက်နိုင်ခဲ့သော်လည်း ကြယ်ကြွေ ကုန်းမြေတိုက်ကြီးဆီမှ ကျင့်ကြံဝူများနှင့် ရင်ဆိုင်ရသည့် အခါမှာတော့ ခဏလေးနှင့် အလျော့ပေး နေရသည်။
လီချင်းယန်သည် သူ၏ မိုးကြိုးဓားကို အသာဝေ့ရမ်းပြီး မိုးကြိုး ဓာတ်များကို စုစည်းလိုက်၏။
ဘုန်း ….။
သူ၏ ဓားချက် တစ်ချက်အောက်တွင် သွေးများသည် လွင့်စင်လျက် ရှိ၏။ သူသည် ဘုံကိုးပါး လျို့ဝှက် နယ်မြေအတွင်းသို့ သွားရောက်ပြီး မိုးကြိုးဓာတ်သဘာဝကို ပို၍ တိုးတက်အောင် ပြုလုပ်ခဲ့သည်။ သူ၏ မိုးကြိုး ဓားချက် အောက်မှာတော့ များပြားလှသည့် သိုင်းအုပ်စိုးသူတို့သည် ကွယ်ပျောက်သွားခဲ့ရသည်။
အခြား တစ်ဖက်တွင်လည်း ရီချင်းချန်သည်လည်း သူ၏ ကောင်ကင် စတေးခြင်းလက်နက်အား ထုတ်ယူကာ တိုက်ခိုက်နေ၏။ သူ၏ လက်နက်အောက်တွင် များပြားလှသော သိုင်းကျင့်ကြံသူများသည် အသက်ပေးခဲ့ရ၏။ ထိုလက်နက်သည် လေထဲတွင် ပျံသန်းသွားပြီး များပြားလှသော သိုင်းကျင့်ကြံသူ တို့၏ ဦးခေါင်းများအား ပိုင်းဖြတ်နေ၏။ သတ်ဖြတ်ရာတွင် ရီရှင်းချန်သည် လီချင်းယန်ထက် ပို၍ ပြတ်သား၏။
ဝှစ် …
ဝှစ် ….
ရုတ်တရက်ဆိုသလို များပြားလှသော စွမ်းအင်လှိုင်းများသည် သူ၏ အပေါ်သို့ ကျဆင်းလာ၏။သို့သော် ရီရှင်းချန်သည် မလှုပ်ရှားခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် ရှောင်ကျီသည် သူ၏ အပေါ်သို့ ရောက်ရှိလာပြီး တိမ်လှေစြုပ်ယူသွားခဲ့၏။ ၎င်းတို့ နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အပြင်ထွက်ကာ လေ့ကျင့်နေကြသူများ ဖြစ်၏။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် နားလည် သဘောပေါက်ကြ၏။
"ခင်ဗျား …. ခုခံပေးထား၊ ကျုပ် တိုက်မယ်"
"ကောင်းပြီ"
ဆွစ် … ဆွစ် … ဆွစ်…။
ရီရှင်းချန်သည် တစ်ဖက်သို့ လွင့်စင်သွားခဲ့၏။ လေထုထဲ တွင်တော့ ရန်သူများ၏ ဦးခေါင်းများသည် ပိုင်းပျက်သွားခဲ့၏။ သူသည် လင်းယွမ် ခန်းမဆောင်၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်၏။ ထို့ပြင် သူ၏ လက်တွင် တိုက်ခိုက်မှု ဆိုသော စာသည်လည်း ဖြစ်တည်ထား၏။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှုများမှာ သံဃယ ရှိစရာ မလိုချေ။
"သတ်ကြ"
လူဆိုးကြီး ငါးဦး၏ နောက်လိုက်များသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြ၏။ မည်သူမျှ ရီရှင်းချန်ကို မတားဆီးနိုင်ကြပေ။
ရှောင်ကျီသည်လည်း သူ၏ တိမ်လှေကြီးကို ထုတ်ယူကာ အစွမ်းကုန် ကာကွယ်နေ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် အချိုးညီစွာ လုပ်ဆောင်နေကြသည်။
"အမှိုက်"
ရီရှင်းချန်သည် ပြောလိုက်၏။ "သေစမ်း သေစမ်း"
စုရှောင်မိုသည်လည်း သူ၏ လေပွေ ခန္ဓာကိုယ်ကို သုံးကာ တိုက်ခိုက်လျက် ရှိ၏။ မည်သူမျှ သူ့ကို ထိခိုက်အောင် မပြုလုပ်နိုင်ပေ။
လီဖေးမှာတော့ သူ၏ အတွင်းစိတ်မိစ္ဆာကို အသက်သွင်းကာ ရန်သူများအား အတွင်းစိတ်မိစ္ဆာ ကပ်ညှိစေ၏။ ထိုအချိန်၌ စုရှောင်မိုသည် အသိစိတ်ပျောက်နေသော ရန်သူများအား သတ်ဖြတ်တော့သည်။
သူတို့၏ တိုက်ခိုက်မှုမှာ အလွန်ပင် လိုက်ဖက်ညီလှ၏။ လူအုပ်ကြားထဲတွင် ရောက်ရှိနေသော ဟယ်ဝူတီ မှာတော့ ကြမ်တမ်း လွန်းလှ၏။ သူ၏ လက်သီး ဖြတ်သန်းသွားသောနေရာရှိ ရန်သူတိုင်းသည် သေဆုံးလျက်ရှိနေ၏။
ခရက် ….
ခရက် ….
ရေခဲလှိုင်းများသည် ရုတ်တရက် ဖြစ်တည်လာပြီးနောက်မှာတော့ အေးခဲသွားကြ၏။
"မကောင်းတော့ဘူး ရေခဲဓာတ် ကျင့်ကြံသူ ရှိတယ်"
လုချင်းချင်းသည် သူ၏ ရေခဲဓာတ်ဖြင့် အေးခဲသွားသူများအား လိုက်လံ သတ်ဖြတ်တော့သည်။
အခြား တစ်ဖက်မှာတော့ ရေခဲဓာတ်ကို မခံစားရဘူး ဆိုသော်လည်း မီးဓာတ်ကို အလူးအလဲ ခံနေရ၏။ အဘယ့်ကြောင့် ဆိုသော် နဂါးလေးသည် ပါးစပ်ကြီးကို ဟကာ မီးမြိုက်၍ လိုက်လံဝါးမျိုနေသည်။
ရန်သူ သိုင်းကျင့်ကြံသူမျာသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။
နဂါးလေးသည် မျက်မှောင်ကြုံကာဖြင့်ပြောလိုက်သည်။ "သေကြစမ်းကွာ"
"မကောင်းတော့ဘူး … နောက်ကိုဆုတ်"
ရန်သူများသည် နောက်သို့ ဆုတ်သွားကြသော်လည်း နဂါးလေး၏ မီးမိုးနည်းစနစ်အောက်တွင် သေဆုံးကုန် ကြ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါ့ရဲ့ သားရဲတွေက အတော်ကို ကြမ်းတာပဲ"