အခန်း (၁၁၆၅ - ခ)
Vol. 79 Ch. 1165
ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ဝံပုလွေအုပ်ထဲသို့ တိုးဝင်သွားသော ကျားရိုင်းများ ကဲ့သို့ သတ်ဖြတ်ခြင်းကို ပြုမူကြ၏။
"ခင်ဗျားတို့လေးယောက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ခင်ဗျားတို့ လွှတ်လိုက်တဲ့ လူတွေက ဘာမှ မသိသာဘူး၊ ဒီတော့ အကျွင်းအကျန် ကျမ်းစာကို လိုချင်ရင် ဒီထပ်ပိုလွှတ်တာ ကောင်းမယ်နော်"
သူ၏ ဘက်တွင် လူနှစ်ထောင်လောက်သာ ရှိ၏။ တစ်ဖက်ကလည်း လူတစ်ထောင်ကျော်သာ စေလွှတ်ခဲ့၏။ ဤသည်မှာ သူ၏ တပည့်များကို အညောင်းပြေစေ ရုံသာ ရှိ၏။ ပြောရမည် ဆိုလျှင် သူ၏ တပည့်များသည် အဆင့်တူများကို တောင်မှ အသာစီး ရအောင် တိုက်ခိုက်နိုင်၏။
ဆံပင်ဖြူနှင့် အဘိုးကြီးသည် မျက်မှောင်ကြုံ့လိုက်သည်။ "သွားကြ"
သတ်လယ်ပိုင်းလူသည် ထပ်မံကာ စေလွှတ် လိုက်၏။ လူ၏ နောက်လိုက် တစ်ထောင်တို့သည် ဒဏ်ရာ ရှိနေကြ၏။ ဤအချိန်တွင် တခြားသော သုံးယောက်ဆီမှ လူများသည် တိုက်ခိုက်ပါက အကျိုးအမြတ်ရသွား လိမ့်မည် ဖြစ်၏။ သူသည် သေချာ စဉ်းစား ပြီးနောက် ပြောလိုက်တော့၏။ "အားလုံး စုပြီးတော့ သွားကြတော့"
ဆွစ် ….
သူ၏ ရွက်သင်္ဘောတွင် ရှိသော နောက်လိုက်များသည် အရှေ့သို့ ထွက်ခွာ သွားကြ၏။ မကြာမီ မှာပင် လီချင်းယန်နှင့် တပည့်များသည် သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"နှစ်ထောင်နဲ့ နှစ်သောင်း ဟုတ်လား ၊ ဒါက နည်းနည်းတော့ ဖိအားဖြစ်စေမှာပဲ"
လီချင်းယန်နှင့် အခြားသူများသည် ပိုများလာေ၎င်းတို့သည် ဂြိုလ်တိုက်ပွဲ တည်နေရာကြီးတွင် ယုဒြာ ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် သရုပ်ဆောင်နေခြင်း ဖြစ်သာကြောင့် စိတ်လွတ်ကိုယ်လွတ် မတိုက်ခဲ့ ရချေ။ ယခု အခါတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး ဆီသို့ မဖိတ်ခေါ်ထားသော ရန်သူ ရောက်ရှိ လာချိန်မှာတော့ သူတို့သည် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်ရတော့မည် ဖြစ်သည်။
"တိုက်ခိုက်မယ် … တိုက်ခိုက်မယ် ၊ သေခြင်းရှင်ခြင်း ဘဝသံသရာက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး "
ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းကာ ပြောလိုက်၏။ "ငါတို့က ဒီမှာနေပြီး သူတို့ကတော့ သေကြရလိမ့်မယ် "
ပိုင်စံရှား ဂိုဏ်းသားတို့သည် သံမဏိလို မာကြောသော စိတ်ဓာတ်တို့ဖြင့် အပြင်းအထန် တိုက်ခိုက်ကြ တော့၏။ ကောင်းကင်ယံ တစ်ခုလုံး တွင်တော့ သက်တန့်ရောင်စဉ် ကျမ်း၏ စွမ်းအင်လှိုင်းများနှင့် ဖုံးလွှမ်းလို့ နေသည်။
"ခင်များတို့ သုံးယောက်"
ဆံပင်အဖြူရောင်နှင့် အဘိုးကြီးသည် နောက်ရှိ လူများအား အသံပို့လွှတ်ကာ ပြောလိုက်၏။ "အကျွင်းအကျန်ကျမ်းတွေကို လုယူရအောင်"
"ကောင်းပြီ" ကျန်အကြီးအကဲ သုံးယောက်တို့သည်လည်း သဘောတူလိုက် ကြသည်။
ဆံပင် အဖြူနှင့် အဘိုးကြီးသည် ထပ်ကာ ပြောလိုက်၏။ "ဒီကောင်လေးရဲ့ အားအင် အဆင့်က ခန့်မှန်းလို့ မရဘူး ၊ဒီတော့ အကျွင်းအကျန်ကျမ်းကိုပဲ အာရုံစိုက်၊ သူနဲ့ ထိပ်တိုက် ရင်မဆိုင်နဲ့"
သူ့အနေဖြင့် ဤကောင်လေး၏ အားအင်ကို အမှန်ပင် ထိတ်လန့်နေခဲ့၏။ သို့ပေမဲ့ ဘာမှမရဘဲလည်း ထွက်ခွာ မသွားချင်ပေ။ ထို့ကြောင့် အလောင်းအစား လုပ်ကာ အကျွင်းအကျန်ကျမ်းကို ရယူနိုင်မလား သိချင်မိသည်။
ဘုန်း …..။
ပြိုင်စံရှား ဂိုဏ်းနှင့် လူဆိုးကြီး လေးယောက်တို့၏ နောက်လိုက်များသည် ရင်ဆိုင်တွေ့နေကြ၏။ သူတို့သည် အနည်းငယ်တော့ ခုခံနေကြ၏။
"အားတင်းထား ၊ အသက်ရှုဖို့ အခွင့်အရေး ရှိသေးတယ် ဆိုရင်တောင်မှ အရှုံးပေးမှာ မဟုတ်ဘူး" တစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝှစ် …..
သူတို့သည် ပြိုင်စံရှား ဂိုဏ်း၏ တပည့်များအား ရေလှိုင်းသဖွယ် ဝင်ရောက်တိုက်ခိုက် နေကြ၏။ သို့သော် သူတို့သည် များများ တိုက်လေ၊ များများ ဆုံးရှုံးလေ ဖြစ်နေ၏။
ထို့ပြင် တစ်ဖက် လူများသည် ထိခိုက်ဒဏ်ရာ ရတိုင်း ဆေးလုံး တစ်လုံးကို ထုတ်ကာ သောက်လိုက်ကြ၏။ ပြီးနောက် ဒဏ်ရာများမှ အလုံးစုံ ပြန်လည်ကောင်းမွန်လာပြီး ပြန်လည် တိုက်ခိုက်ကြသည်။
လက်ရှိ အချိန်မှာတော့ ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံးသည် အလုံးစုံ အစွမ်းပြလျက် ရှိ၏။ ပြိုင်စံရှား ဂိုဏ်းသားများသည် အသက်နှစ်သက် ပိုင်ဆိုင်ထားသလို ဖြစ်နေကြ၏။
နှစ်ထောင်နှင့် နှစ်သောင်း တိုက်ခိုက်ရသည့်အခါမှာတော့ လက်ရည်သည် အနည်းငယ်တော့ ကွာခြားချက် ရှိလာ၏။ သို့သော် ပြိုင်စံရှားဂိုဏ်း တပည့်များသည် အလွန်ကောင်းမွန်သော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ထို့ကြောင့် တစ်ဖက်လူများအား အဆုံးစွန်ထိ ရင်ဆိုင် တိုက်ခိုက်နိုင်သည်မှာ အံ့ဩစရာ မဟုတ်ပေ။
ဘုန်း ဘုန်း ဘုန်း …….။
လူဆိုးကြီး လေးယောက်တို့သည် ဆွံ့အလျက် ရှိနေကြ၏။ ဤ ဂိုဏ်းဝတ်စုံ ဝတ်ဆင်ထားသော လူများသည် အားကောင်းလွန်းလှ၏။ ထို့ပြင် အလွန်ကောင်းမွန်သော လက်နက်များကိုလည်း ကိုင်ဆောင် ထားကြ၏။ အလွန် အဆင့်မြင့်သော ဆေးလုံးများလည်း ရှိနေ၏။
"တိုက်ခိုက်ရအောင်" ဆံပင် တိုတိုနှင့် အဘိုးကြီးသည် ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် တိုက်ပွဲကို အာရုံစိုက် ကြည့်ရှုနေသည်။
ကောင်းကင်ယံတွင် ရှိနေသော လူဆိုးကြီး လေးယောက်တို့သည် အလျင်အမြန်ပင် ထိုးဆင်း လာကြပြီး ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ရှိနေသော သိုင်းကျမ်းကို လုယူကြ၏။ ကြီးမားသည့် စွမ်းအင် လှိုင်းများသည် စုပေါင်းကာ လက်ကြီး အသွင် ဖြစ်ပေါ်လာ၏။
ဆံပင် အဖြူနှင့် အဘိုးကြီး၏ အကြံသည် တစ်ယေက်တည်း အကုန်ဆွဲယူခြင်းမျိုး မဟုတ်ဘဲ တစ်ယောက် တစ်ခုစီ ဆွဲယူခြင်း ဖြစ်၏။ ထိုမှသာ တစ်ဖက်သူသည် မည်သူ့ကို အာရုံစိုက်ရမည်မှန်း မသိ ဖြစ်သွားပေမည်။
ကျွင်းချောင်ရှောင်းမှာတော့ တိုက်ပွဲတည်နေရာကို စိတ်ဝင်တစား ကြည့်ရှု နေသောကြောင့် အာရုံ မထားမိချေ။
ဆံပင်အဖြူနှင့် အဘိုးကြီးသည် ပျော်ရွှင်သွားမိ၏။ နောက်တစ်စက္ကန့် အတွင်းမှာတော့ သူ၏ မျက်နှာသည် အေးခဲ သွားခဲ့၏။ အဘယ့်ကြောင့် ဆိုသော် လေဟာနယ်အတွင်းတွင် အားကောင်းလှသည့် စွမ်းအင်လှိုင်း နှစ်ခုသည် ဖြစ်တည်လာပြီး ၎င်းတို့၏ စွမ်းအင်လှိုင်းများကို ရိုက်ချိုးသွားတော့၏။ ဤပြောင်းလဲမှုမှာ အလွန် မြန်ဆန်လွန်းလှချေ၏။
၎င်းတို့သည် သိုင်းကျမ်းကို ရယူရန် ရှေ့သို့ တိုးလာခဲ့ပြီး ဖြစ်သည်။ "မကောင်းတော့ဘူး "
ဘုန်း ဘုန်း ……..။
ရုတ်တရက် ဆိုသလို မိုးချိန်းသံ ကဲ့သို့ ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်း တပည့်များနှင့် လူဆိုးကြီး ငါးဦးတို့၏ နောက်လိုက်များသည် ရပ်တန့်သွားကြပြီး အသံကြားရာ နေရာသို့ လှည့်ကြည့်လိုက်မိကြ၏။
တောက်ပြောင်လှသော ခေါင်းတုံးပြောင်နှင့် ကျွင်းချောင်ရှောင်းသည် လက်ကို နောက်ပစ်ကာ ရပ်နေသည်။
"ဘယ်လိုတောင် ပေါက်လွတ်ပဲစား တိုက်ခိုက် ရဲတာလဲ"
လူဆိုးကြီးတို့၏ မျက်နှာသည် ပျက်ယွင်းသွားကြ၏။ ဤတစ်ကြိမ် တွင်တော့ သူတို့၏ မျက်လုံးများသည် ကျွင်းချောင်ရှောင်းဆီတွင် ရှိမနေပဲ အမဲရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော လူများဆီသို့ ရောက်ရှိနေ၏။
ထို့ပြင် သူတို့အနေဖြင့် သည်းမခံနိုင်ဆုံးမှာ သူတို့၏ လက်များအား ဖမ်းချုပ်ထားခြင်းပင် ဖြစ်၏။ သူတို့သည် လှုပ်ရှား၍ မရချေ။
"ခင်ဗျားတို့ လေးယောက်"
အမဲရောင်နှင့် အဖြူရောင် နတ်ဆိုးဆို့သည် ခေါင်းကို အသာငဲ့ပြီး ပြုံးလိုက်သည်။ "ခင်ဗျားတို့ ပါဝင် အသုံးတော်ခံရမဲ့ အချိန်ပဲ"
ဖြူမဲညီနောင်တို့သည် ရှေ့သို့ တက်တိုးလာခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ အားကောင်းလှသည့် စွမ်းအင် လှိုင်းများသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားတော့၏။
"ခေါင်းဆောင်တို့"
၎င်းတို့၏ ခေါင်းဆောင်များမှာ ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလို အဖမ်း ခံလိုက်ရပြီး ရိုက်နှက်ခံနေရသည်ကို မြင်ရချိန်မှာတော့ နောက်လိုက်များသည် ထိတ်လန့်သွားခဲ့ကြသည်။
ဘုန်း ……။
ကောင်းကင်ယံထက်တွင်တော့ ကြီးမားလှသည့် လှိုင်းများ ဖြစ်တည်လာပြီး ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် တုန်ခါလျက် ရှိ၏။
ခဏအကြာ မှာတော့ သက်လယ်ပိုင်း လူကြီးသည် တည်နေရာ အတားအဆီးကို ချိုးဖျက်ကာ ပြုတ်ကြ လာတော့သည်။
မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး တွင်းကြီးအတွင်းမှာတော့ ၎င်းသည် လဲလျောင်းနေပြီး ပါးစပ်မှ အမြုပ်များပင် ထွက်လို့ နေ၏။
လီချင်းယန်၊ရှောင်ကျီနှင့် အခြားသူများအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။
ကျွင်းချောင်ရှောင်းမှာတော့ တည်ငြိမ်လျက် ရှိ၏။
မကြာခင်မှာပဲ ကောင်ကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့၏။ အနီးစပ်ဆုံး မြေပြင်သည် ချိုင့်ဝင်သွားခဲ့ပြီး အကြီးအကဲ တစ်ယောက်သည် မေ့မျောနေပြန်သည်။
အဖြူအမဲ ညီနောင်တို့၏ အားအင်များသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ လူဆိုးကြီး လေးယောက်သည် မည်သို့မျှ မလှုပ်ရှားရဲ ကြပေ။
ဝှစ် ….
ဆံပင် အဖြူနှင့် အခြား အကြီးအကဲသည်လည်း မြေပေါ်သို့ ပြုတ်ကျပြီး နောက်မှာတော့ မေ့မြော သွားကြပြန်သည်။
"ခေါင်းဆောင် …."
သူတို့၏ ခေါင်းဆောင်သည် မြေပေါ်တွင် မေ့မြောသွားသည်ကို မြင်ပြီးသည့်နောက် နောက်လိုက်များသည် အလွန်ပင် ထိတ်လန့်နေကြ၏။
"အကြီးအကဲကျန်း အစီအရင်တွေ အသက်သွင်းပြီးပြီလား"
"ဟား ဟား ဟား"
ကျန်းထယ်ကျွင်းသည် အဝေး တစ်နေရာတွင် မတ်တပ်ရပ်လျက် ရှိ၏။ သူသည် မျက်နှာကို ဖုံးကွယ်ကာ ရယ်လိုက်၏။ "ဒီလူတွေနဲ့ ဒီလူတွေရဲ့ ရွက်သေင်္ဘာတွေကို အစီအရင်ထဲမှာ ပိတ်လောင်ထားပြီးပြီ။ စိတ်လိုလက်ရ သတ်ဖြတ်လို့ပြီ"
ဒွီ …. ဒွီ …..။
သူပြောပြီးပြီးချင်းမှာပဲ အစီအရင်များသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့တော့၏။ ဤအရာသည် အကာအကွယ် တစ်ခု ဖြစ်သလို မိုးကြိုး အစီအရင်များကို အဆင့်မြင့်တင်ထားသော အရာများလည်း ပါဝင်၏။
အစီအရင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး လူဆိုးကြီး လေးဦး၏ နောက်လိုက်များ အားလုံးကို ဖုံးလွှမ်းသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတွင် ထိုင်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “အကုန်သတ် တစ်ယောက်မှ မကျန်ခဲ့စေနဲ့ “
“ကောင်းပါပြီ”