← Chapters

အခန်း (၁၁၆၈)

Vol. 79 Ch. 1168

အခန်း (၁၁၆၈)

Vol. 79 Ch. 1168

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အဝါရောင်လျှို့ဝှက်သိုင်းကျမ်းအား ထုတ်ယူကာ တီးတိုးရေရွတ်လိုက်၏။ “ဒါက အချိန်ကို ပြောင်းပြန်လည်ပေးတဲ့ နည်းစနစ်ဆိုတော့ တကယ့်ကို မှော်ဆန်လွန်းတဲ့အရာ ဖြစ်နေမလား”

ဤအရာ တည်နေရာ အမျိုးအစား သိုင်းကျင်ကြံခြင်းနည်းစနစ်ပင် ဖြစ်တော့၏။ ထိုအရာကို လေ့လာပြီးသည့်နောက် တစ်စုံတစ်ယောက်သည် အချိန်နှင့် တည်နေရာကို နောက်ပြန်လှည့်ကာ သတ်မှတ် ထားသည့် အချိန်တစ်ခုဆီသို့ နောက်ပြန်လှည့်၍ရပြီး အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ကြည့်ရှု၍ ရ၏။

မည်မျှအချိန်ရောက်အောင် နောက်ပြန်လှည့်၍ ရနိုင်မည်နည်း။ ဤအရာမှာ အသုံးပြုသူ၏ ကျင့်ကြံခြင်း နည်းစနစ်ကို နားလည်မှုနှင့် ကျင့်ကြံခြင်းအဆင့်ပေါ်တွင် မူတည်လျက် ရှိနေတော့သည်။ ဥပမာအားဖြင့် အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် နှစ်တစ်ရာကျော် လေ့ကျင့်ပြီးသည့်နောက်မှာတော့ ဆယ်နှစ်အချိန်ကာလ ဆီသို့ နောက်ပြန်လှည့်ကာ ကြည့်ရှုနိုင်စွမ်း ရှိနေတော့သည်။ ထို့အပြင် ကြည့်ရှုနိုင်သည့် တည်နေရာအကွာအဝေး အတွင်းကလည်း မီတာအနည်းငယ်သာ တည်ရှိသည်။

ကျွင်းချောင်ရှောင်းသည် သိုင်းကျမ်းစာရွက် နှစ်ရွက်အား အသာလှန်လျော်ကြည့်ရှုပြီးသည့်နောက်မှာတော့ မန္တာန်သည် အလွန်တရာ ရှုပ်ထွေးလှသည်ကို တွေ့ရှိလိုက်ရတော့၏။ သူ၏ ပါရမီအရဆိုလျှင် ထိုအရာကို သင်ယူ နိုင်စွမ်းရှိပေလိမ့်မည်။ သို့ပေမဲ့ အချိန်ကာလမှာတော့ အလွန်တရာ ကြာမြင့်မှာသေချာ၏။

“အင်း”

သူသည် ခေါင်းကိုခါယမ်းကာဖြင့် အဆင့်မြင့်အသိအမြင်အဆောင်အား ထုတ်ယူလိုက်တော့သည်။ ကျင့်ကြံခြင်းဆိုသည်မှာ တစ်ဆင့်ခြင်းလေ့ကျင့်ရသည့်အရာဖြစ်သည်။ သို့ပေမဲ့ သူနှင့် ကိုက်ညီလှသည့် အရာတော့ မဟုတ်ပေ။ ဖြတ်လမ်းနည်းကို အသုံးပြုခြင်းကသည်သာ သူ၏ အကျင့်နှင့် တထပ်တည်း ကိုက်ညီသည်။

ကျွင်းချောင်ရှောင်းအနေနှင့် တခြားသောသူများသည် သူ့အား ဂိမ်းဆာဗာခိုးသည်၊ ဘာဖြစ်သည်၊ ညာဖြစ်သည် ပြောဆိုနေသည်ကိုလည်း ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ သူသည် ထိုအရာကို ချိုးဖြတ်ခါနီးမှာပဲ စိတ်တစ်ခုလုံး တွေဝေလျက် ရှိနေတော့သည်။ သူ့အား အဆင့်မြင့်အသိအမြင်အဆောင်များကို သန့်စင်နိုင်ရန် အတွက် အဆင့်မြင့်သလင်းအမြူတေများ ပေးအပ်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သော နှင်းဆီဧကရီအား စဉ်းစားမိလိုက်သောကြောင့်ပင်ဖြစ်သည်။

စနစ်က ပြောလိုက်သည်။ “ခံစားချက်ဆိုတာ သေးငယ်တဲ့အချက်အလက်လေးတွေကနေ နည်းနည်း၊ နည်းနည်းချင်းစီ ဖြစ်တည်လာခဲ့တာလေ”

“တော်စမ်း”

အသိအမြင်အဆောင်အား ချိုးချေပြီးသည့်နောက်မှာတော့ အလွန်အားကောင်းလှသော သိုင်းနည်းစနစ်၏ နားလည်မှု စွမ်းအင်များသည် သူ၏ သိစိတ်ထဲတွင် ဖြစ်တည်လာခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် စတင်ကာ ကျင့်ကြံတော့၏။ သူသည် ရံဖန်ရံခါဆိုသလို အာရုံပျောက်ကာဖြင့် စားပွဲခုံပေါ်တွင်ထိုင်ကာ မှတ်တမ်းမှတ်ရာ များကို ပြင်ဆင်လျက်ရှိနေသည့် အမျိုးသမီးအား တွေးတောနေမိတတ်သည်။

“ကျွတ် ကျွတ်”

စနစ်သည် အံ့အားသင့်မိသွား၏။ “ဒီကောင် အသိအမြင်အဆောင်ကို အသုံးပြုတဲ့အချိန်မှာ ဉာဏ်ပညာတင်မကဘူး၊ ခံစားချက်တွေပါ ပိုပြီး တိုးတက်လာတဲ့ပုံပဲ”

ဉာဏ်ပညာဖြစ်ဖြစ်၊ ခံစားချက်ဖြစ်ဖြစ်၊ သိုင်းနည်းစနစ်ဖြစ်ဖြစ် အရာအားလုံးသည် ဦးနှောက်နှင့် ဆက်နွယ် နေသော အရာပင် ဖြစ်တော့၏။ ထို့ကြောင့် အသိအမြင်အဆောင်၏ အစွမ်းသက်ရောက်မှုသည်လည်း ဦးနှောက်ကို ပိုမိုအားကောင်းစေသည့်အရာပင် ဖြစ်သည်။ ကျင့်ကြံနေရင်းနှင့် အာရုံများနေသည်ဆိုသည်မှာ ကြီးမားသော အန္တရာယ်ကြီးပင်ဖြစ်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အတွေးများရင်းနှင့် ကျင့်ကြံလျက် ရှိနေတော့၏။ သူသည် အချိန်နောက်ပြန်လှည့်ခြင်း နည်းစနစ်ကိုလည်း အောင်မြင်စွာ သင်ယူနိုင်ခဲ့ပြီဖြစ်၏။ ဤအရာမှာ တခြားသောသူများ မနာလိုရမည့်အရာပင် ဖြစ်ပေလိမ့်မည်။

အသိအမြင်အဆောင်၏ လက်ကျန်အချိန်ကာလသည် ကျန်ရှိနေသေးသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ထျန်းကျွင်းဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ကို ထုတ်ယူကာ လေးလေးနက်နက်ဖြင့် လေ့ကျင့်တော့၏။ နှစ်နာရီခန့်ကြာပြီးသည့်နောက်မှတော့ ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှ အသာထွက်လျှောက်လာခဲ့၏။ ၎င်း၏ အသွင်အပြင်၊ အော်ရာနှင့် ကိုယ်အမူအရာများသည် အနည်းငယ် ပြောင်းလဲလာခဲ့၏။

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနှင့် ထျန်းကျွင်းဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ကို နားလည်သွားခဲ့ပြီ။ ဒီတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေမယ်ဆိုရင် စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုက ပိုပြီး အားကောင်းလာလိမ့်မယ်”

“ဒါဆိုရင် ကျောက်ရုပ်ထုကြီးကို အသုံးပြုတဲ့အချိန်မှာ ငါ့ရဲ့အသိစိတ်ကို လွှမ်းမိုးလာမှုကို တားဆီးနိုင်လောက်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

စနစ်သည် ခဏလောက်စဉ်းစားကာ ပြောလိုက်တော့၏။၊ “ဒါက လက်ခံသူရဲ့ ဝိညာဉ်အားကောင်းမှုအပေါ်မှာ မူတည်တာပေါ့”

ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ ဆက်၍ မပြောတော့ချေ။

ဖြောက်

သူသည် အဓိကဟောခန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လိုက်ပြီးသည့်နောက်မှာတော့ အချိန် ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်တော့၏။ ဤနည်းစနစ်အား သူသည် အလုံးစုံ နားလည်နေပြီဖြစ်၏။ ထို့ကြောင့် အချိန်ကာလမည်မျှကြာကြာအထိ နောက်ပြန်သွားလို့ရပြီး မည်မျှအကွာအဝေး အထိ ကြည့်ရှုရသည်ဆိုသည်ကို သိချင်နေမိ၏။

ဟူး ဟူး

ထိုအချိန်မှာတော့ သူသည် မျက်လုံးကို မှိတ်ထားတော့၏။ ပြီးသည့်နောက်မှာတော့ အချိန်နောက်ပြန်လည်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်၏။ တည်နေရာစွမ်းအင်နှင့် အသွင်တူညီလှသည့် ဓာတ်သဘာဝများသည် လေထု ထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဒွီ ဒွီ …။

တည်နေရာကြီးသည် တုန်ခါလာပြီးသည့်နောက်မှာတော့ သူ၏ သိစိတ်ပင်လယ်ထဲတွင် ရုပ်ရှင်တစ်ခုကို နောက်ပြန် ရစ်လိုက်သကဲ့သို့ ပုံရိပ်များ စတင်ဖြစ်တည်လာခဲ့တော့၏။

ပြိုင်စံရှားဂိုဏ်း၏ လေ့ကျင့်ရေးကွင်းပြင်သည် လီချင်းယန်တစ်ယောက် အချိန်ပေါင်းများစွာ ပြန်လည်ပြင်ဆင်ထားသည့်အရာဖြစ်၏။ မူလအားဖြင့် ရွံ့ကဲ့သို့သော မြေများအားလုံးသည် တဖြည်းဖြည်းဖြင့် ကျောက်အခင်းများအဖြစ် ဖြစ်တည်လာခဲ့ခြင်းသာဖြစ်သည်။

အချိန်ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြုလျက်ရှိသော ကျွင်းချောင်ရှောင်းသည် မြင်ကွင်းများကိုလည်း အစီအစဉ်တကျ ပြန်လည် မြင်ယောင်လျက် ရှိနေ၏။

သူ၏ မြင်ကွင်းသည် လက်ရှိအခြေအနေမှာတော့ လွန်ခဲ့သည့် နှစ်အနည်းငယ်သို့ ရောက်ရှိလာခဲ့၏။ သူသည် သူ့ကိုယ်သူ ပြန်လည်မြင်လိုက်ရ၏။ လေ့ကျင့်ရေးကွင်းပြင်၏ အစပ်နားတွင်ရှိသော လှေကားထစ်တွင် ထိုင်လျက်ရှိနေပြီး ခေါက်ဆွဲတစ်ပန်းကန်ကိုကိုင်ကာ ငိုယိုပြီး စားသောက်လျက်ရှိသည့်သူ့ကိုယ် သူပြန်မြင်လိုက်ရသည်။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးသည့် နောက်မှာတော့ သူသည် အကူအညီမဲ့မှုနှင့် စိတ်ထိခိုက် နာကျင်မှုများ ကိုလည်း ခံစားခဲ့ရ၏။ အဘယ်ကြောင့် ဆိုသော် မရင်းနှီးသည့် လောကကြီးနှင့် ဂိုဏ်းထဲသို့ ရောက်ရှိနေရခြင်းကြောင့်ပင်။

ပြန်လည်ပြသနေသည့်မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြင်းထန်သည့် ခံစားချက်များကို ရရှိခံစားနေရတော့၏။ ထိုအချိန်တုန်းကသူသည် ချင်းယန်ရွာထဲသို့သွား၍ အဒေါ်ဝမ်၏ အိမ်တွင် သွားကာ တောင်းရမ်းစားသောက်ခဲ့ရ၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဓားနှင့် သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ အရာအားလုံးသည် အိမ်မက် မက်နေသကဲ့သိုပင်။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ ခက်ခဲလှသည့်အတိတ်ကို ပြန်လည်မြင်မိသည့်နောက်မှာတော့ အချိန် ပြောင်းပြန်လည်ခြင်းနည်းစနစ်အပေါ်တွင် အလုံးစုံ နားလည်သွားခဲ့တော့၏။ နှစ်အနည်းငယ်အတွင်း ဘာဖြစ်ခဲ့ သည်ဆိုသည်ကို သူမြင်နေရပြီဖြစ်၏။ “ငါ ထပ်ပြီးတော့ နောက်ပြန်ဆုတ်လို့ ရနိုင်သေးလား”

ဟူး ဟူး

တည်နေရာစွမ်းအင်များသည် ဆက်လက်ကာ လှုပ်ရှားလျက်ရှိနေပြီး အတိတ်၏ မြင်ကွင်းများသည် သူ၏ သိစိတ် ပင်လယ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ခဏကြာပြီးသည့်နောက်မှာတော့ အသက်သုံးဆယ်နီးပါးခန့် ရှိသော လူနှစ်ယောက်တို့သည် လေ့ကျင့်ရေးကွင်းပြင်တွင် ရပ်လျက်ရှိ၏။ ထိုနှစ်ယောက်လုံးသည် အိတ်များကို ယူဆောင်ထားခဲ့ကြ၏။ ၎င်းတို့သည် အဓိကဟောခန်းရှိရာသို့ လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ “ဂျူနီယာ ညီလေးကျွင်း... ဒီဂိုဏ်းကို မင်းလက်ထဲမှာ ထားခဲ့ပြီ။ ဒီတော့ ကောင်းကင်မှာရှိနေတဲ့ ဂိုဏ်းချုပ်ရဲ့ဝိညာဉ်ကို စိတ်မပျက်စေနဲ့”

“ချီးတဲ့မှ... ခွေးသားနှစ်ကောင်”

ထိုနှစ်ယောက်သည် ကျွင်းချောင်ရှောင်းအား အားရပါးရနှုတ်ဆက်ကာ ထားရစ်ခဲ့သော အကြီးဆုံးစီနီယာအစ်ကိုနှင့် ဒုတိယစီနီယာအစ်ကိုတို့ပင် ဖြစ်တော့၏။ ၎င်းတို့သည်သာ လက်ရှိအခြေအနေ ၌ ဂိုဏ်းထဲသာ ရှိနေမည်ဆိုလျှင် လုချင်းချင်းနှင့် လီချင်းယန်တို့သည် ၎င်းတို့အား ဆရာတူဦးလေးဟု ခေါ်ဆိုရမှာ သေချာ၏။ ကံဆိုးစွာဖြင့် ထိုနှစ်ယောက်တို့သည် ထွက်ခွာသွားပြီးကတည်းက ဘယ်သောအခါမှ ပြန်မလာခဲ့တော့ချေ။

ကျွင်းချောင်ရှောင်းအနေနှင့် ဝိညာဉ်ကူးပြောင်းရောက်ရှိကတည်းက သူ၏ စီနီယာအစ်ကိုနှစ်ယောက်အားလည်း သွားမရှာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အထင်အရ အားလုံးသောသူများသည် ကိုယ်ပိုင်ရည်မှန်းချက် ရှိလို့ နေခဲ့၏။ ထို့ကြောင့် ထွက်ခွာသွားသည်ဆိုမှတော့ ဤအတိုင်း ထားလိုက်သည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဝှစ်

သူ့ရှေ့ရှိ မြင်ကွင်းသည် ထပ်မံကာ ပြောင်းလဲသွားခဲ့၏။ လေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံးသည် ရွံကုန်းမြေကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူ၏ သေးငယ်လှသည့် ခန္ဓာကိုယ်လေးသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့ ၏။ ထိုလူငယ်လေးသည် ကြီးမားလွန်းလှသော တံမြက်စည်းကြီးကို ကိုင်ဆောင်ကာဖြင့် မြေပေါ်တွင် ရှိနေသော အရွက်ကြွေများအား လှဲကျင်းလျက်ရှိနေ၏။

“ကုန်းရှန့်”

ရုတ်တရက် အဓိကဟောခန်း၏ အထဲဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “သေသေချာချာ ရှင်းနော်”

“ဒီအသံ”

ကျွင်းချောင်ရှောင်း၏ စိတ်များသည် လှုပ်ရှားသွားခဲ့၏။ “ဒါက ဂိုဏ်းချုပ်ဝမ်ပဲ”

အချိန်ပြောင်းပြန်လည်ခြင်း နည်းစနစ်ကို အသုံးပြုပြီးသည့်နောက်မှာတော့ ပထမဂိုဏ်းချုပ်ဝမ်၏ အသက်ထင်ရှား ရှိသည့်အချိန်ကာလဆီသို့ ရောက်ရှိသွားလိမ့်မည်ဟု သူသည် မထင်မှတ်ခဲ့ချေ။ ယခုအချိန်မှာတော့ ဂိုဏ်းချုပ်ဝမ်၏ ပြောဆိုနေသည့်အသံကိုပင် သူကြားနေရ၏။ ဤကဲ့သို့ ခံ့ညားပြီး လေးနက်လွန်းလှသော အသံပိုင်ရှင်သည် ဆောင်ကြာမြိုင်ဆီသို့သွား၍ အဖမ်းခံရသည်သာမက အကျဉ်းထောင်ကိုဖောက်ကာ ထွက်ပြေးသောကြောင့် ခေါင်းဖြတ်သတ်ခံလိုက်ရသူဟု ပြောဆိုပါက မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။

အတိတ်မှ မြင်ကွင်းများအားလုံးသည် ဆက်လက်ကာ ပြသလျက်ရှိနေ၏။ ဘယ်လောက်မှန်းမသိသည့် အချိန်ကာလတစ်ခုသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာသည် ရုတ်တရက် အေးခဲသွား၏။

သူသည် အသက်လေးနှစ် သို့မဟုတ် အသက်ငါးနှစ်အရွယ်လောက်သာ ရှိနေသည်ကို ပြန်မြင်လိုက်ရ၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ဝမ်သည် သူ၏ခေါင်းပေါ်သို့ လက်တစ်ဖက်တင်ကာဖြင့် ပြုံးကာပြောလိုက်၏။ “ကောင်လေး.. မင်းရဲ့အရိုးတွေက အရမ်းကို အားကောင်းလွန်းတယ်။ လူတစ်သန်းမှာ တစ်ယောက်လောက်သာ တွေ့ရတဲ့ သိုင်းပါရမီရှင်ပဲ။ ဒီနေ့ကစပြီး မင်းက ငါတို့ဂိုဏ်းရဲ့ တတိယမြောက်တပည့် ဖြစ်သွားပြီ”

ကျွင်းချောင်ရှောင်းအနေဖြင့် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးသည့်နောက်မှာတော့ ထိုကဲ့သို့သော မှတ်ဉာဏ် များကို မရရှိခဲ့ချေ။ ဤအရာသည် မူလ ကျွင်းချောင်ရှောင်း၏ လွန်ခဲ့သော အချိန်ကာလဆီက တည်ရှိခဲ့သော မှတ်ဉာဏ်များပင် ဖြစ်ပေလိမ့်မည်။ သူ့အား ပိုမို၍ တုန်လှုပ်စေခဲ့သည်မှာ မြင်ကွင်းထဲတွင် ဂိုဏ်းချုပ်ဝမ် ပေါ်လာ သောကြောင့်မဟုတ်ပေ။ သူ့အား ဤနေရာသို့ လာရောက်ပို့ဆောင်ပေးသည့် လူတစ်ယောက်ကို မြင်လိုက်ရသောကြောင့်ဖြစ်၏။

ထိုသူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်သုံးဆယ်အရွယ်လောက် ရှိ၏။ သို့ပေမဲ့ ၎င်း၏ ဆံပင် များသည် ဖြူဖွေးလျက်ရှိနေပြီး ခါးတွင် ဝိုင်ဂျားကြီးတစ်ခုကို ချိတ်ဆွဲထားတော့၏။ ထိုသူသည် ချင်းယန်နိုင်ငံ၏ နိုင်ငံ့အုပ်ချုပ်သူပင် ဖြစ်တော့သည်။

“ယွမ်ဟယ်”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။ “သူ ဘာလို့ ဒီကို ရောက်နေရတာလဲ။ ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းချုပ်ဝမ်နဲ့ သိနေရတာလဲ”

“ဂိုဏ်းချုပ်ဝမ်”

မြင်ကွင်းထဲတွင်တော့ ယွမ်ဟယ်သည် ပြုံးကာပြောလိုက်၏။ “ဒီကလေးကို ခင်ဗျားဆီ ထားခဲ့မယ်”

“စိတ်မပူနဲ့။ ကျုပ်က သူ့ကို ပါရမီရှင်လေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးလိုက်မယ်လေ” ဂိုဏ်းချုပ်ဝမ် သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။

“ဒါ ဘာကိုဆိုလိုတာလဲ”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “သံမဏိအရိုးဂိုဏ်းထဲကို ငါ ရောက်ခဲ့တယ်ဆိုတာက နိုင်ငံ့အုပ်ချုပ်သူယွမ်နဲ့ သက်ဆိုင်နေတဲ့ကိစ္စလား”

သူသည် အတိတ်တွင် ရှိခဲ့သည့်အခြေအနေများကို ဆက်လက်ကာ ကြည့်ရှုနေသည့်အချိန်မှာပဲ ဒီထက်ပို၍ ထပ်သွားလို့ မရတော့ကြောင်းကို သိရှိလိုက်ရသည်။

စနစ်၏ အသံသည် သူ၏ နားထဲတွင်ပေါ်လာ၏။ “လက်ခံသူရဲ့ လက်ရှိအချိန်ပြောင်းပြန်လည်ခြင်းနည်းစနစ်ကို နားလည်မှုအရဆိုရင် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကိုပဲ ပြန်ပြီးသွားလို့ရတယ်”

ဝှစ်

သူ၏ရှေ့မှ မြင်ကွင်းများသည် ပျောက်ကွယ်သွားတော့၏။ ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်ဆီမှ အစစ်အမှန် လောကထဲသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ သူသည် အတွေးနက်လျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းထဲသို့ ငယ်ငယ်ရွယ်ရွယ်နှင့် ဝင်ရောက်ခဲ့ရခြင်းမှာ နိုင်ငံ့အုပ်ချုပ်သူယွမ်သည် သူ့အား ဂိုဏ်းထဲသို့ ပို့ဆောင်ခဲ့သောကြောင့်ပင် ဖြစ်၏။

“မဖြစ်သေးဘူး။ ဒါက ကိစ္စမရှိဘူး။ တကယ်လို့ ဂိုဏ်းချုပ်ဝမ်ကသာ နိုင်ငံ့အုပ်ချုပ်သူယွမ်ကို သိနေမယ်ဆိုရင် ဘာလို့ အဖမ်းခံရမှာလဲ။ ပြီးတော့ သူတို့ပြောခဲ့တဲ့စကားအရဆိုရင် ငါ့ကို သူက ဂိုဏ်းထဲကို ပို့ခဲ့တာလေ။ ဒီတော့ ငါ့ကို သိနေရမှာပေါ့။ ဘာလို့ ပထမဦးဆုံးတွေ့တုန်းက သူစိမ်းတစ်ယောက်လို ဆက်ဆံနေရတာလဲ”

မူလအားဖြင့်သူသည် အချိန်ပြောင်းပြန်လည်ခြင်းနည်းစနစ်ကို စမ်းသပ်ချင်ခဲ့ခြင်းသာဖြစ်၏။ သို့ပေမဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်က မြင်ကွင်းများကို ပြန်လည်မြင်ရသည့်အချိန်မှာတော့ နဝေတိမ်တောင်နှင့် ဇဝေဇဝါများ ဖြစ်လို့နေခဲ့ တော့သည်။

“ဖြစ်နိုင်တာက”

စနစ်သည် လေးနက်တည်ကြည်စွာ ပြောလိုက်မိ၏။ “လက်ခံသူရဲ့ အစစ်အမှန် တည်ရှိမှုက ဒီလို မဟုတ်နိုင်ဘူး။ တခြားဂြိုဟ်တစ်ခုခုမှာ တည်ရှိခဲ့ပြီးတော့ ဂြိုဟ်ကြီးဖျက်ဆီးခံရတဲ့အချိန်မှာ ယွမ်ဟယ်လို့ခေါ်တဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်က လက်ခံသူကို ဒီဂြိုဟ်ဆီ ခေါ်ဆောင်လာခဲ့တာပဲ ဖြစ်ရမယ်။ ပြီးတော့ ဂိုဏ်းချုပ်ဝမ်ဆီမှာ ဖွက်ထားပြီး သိုင်းပညာကို လေ့ကျင့်စေခဲ့တာပဲ”

ကျွင်းချောင်ရှောင်း သည် မျက်လုံးများချာချာလည်ကာ ပြောလိုက်မိ၏။ “မင်းဇာတ်လမ်းကလည်း ကောင်းလိုက်တာကွာ”

All Chapters