← Chapters

အခန်း (၁၁၆၉)

Vol. 79 Ch. 1169

အခန်း (၁၁၆၉)

Vol. 79 Ch. 1169

အချိန်ပြောင်းပြန်လည်ခြင်းနည်းစနစ်သည် ကျွင်းချောင်ရှောင်းအား သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်စဉ် လွန်ခဲ့သည့် နှစ် ၂၀ က မြင်ကွင်းများကို ပြန်လည်မြင်ရစေခဲ့၏။ သို့ပေမဲ့ အဘယ့်ကြောင့် ယွမ်ဟယ်သည် ဤနေရာတွင် ရှိနေရ သနည်း။

“ငါ ဒါကို မဖြေရှင်းနိုင်သေးဘူး။ စဉ်းစားလို့လည်းမရဘူး”

ကျယ်ဝန်းသည့်ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိ၏။ “ဒီကိစ္စကို ငါ စဉ်းစားလို့ကို မရဘူး။”

“စဉ်းစားလို့မရတဲ့ အရာကို တွေးမနေနဲ့တော့လေ။”

စနစ်က ပြောလိုက်သည်။ “အမှန်တရားဆိုတာ အချိန်တန်ရင် ဖြည်းဖြည်းချင်း ပေါ်လာမှာပေါ့။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။

“မင်းတွေးသလိုဆိုရင် ငါက ကြယ်ကြွေကုန်းမြေတိုက်ကြီးက မဟုတ်ဘဲနဲ့ တစ်ခြားလောကကနေ ဒီကိုဆွဲခေါ် ခံလိုက်ရတဲ့ လူတစ်ယောက်ပဲ။ ဒီတော့ အထူးတာဝန် ၁၂ က သက်ဆိုင်နေတဲ့ အမျိုးအဆွေတွေဆိုတာကလည်း တစ်ခြားကမ္ဘာမှာ ရှိရင် ရှိနေနိုင်တယ်မဟုတ်လား။”

“ငါကတော့ ဒီတာဝန်ရဲ့ ပတ်သက်ဆက်နွယ်မှုက မင်းရဲ့ မိန်းမနဲ့ဆိုင်တယ်လို့ပဲထင်တယ်။”

“………”

ကျွင်းချောင်ရှောင်းသည် လစ်လျူရှုထားလိုက်၏။ ပြီးသည့်နောက်မှာတော့ အလွန်ကြည့်ကောင်းလှသည့် ဟန်ပန်အမူ အရာနှင့်အတူ အတွေးနက်လျက်ရှိနေတော့၏။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ယွမ်သခင်လေးသည် လျှောက်ဝင်လာခဲ့၏။ သူသည် ပထမဦးဆုံး ဂိုဏ်းကိစ္စများကို သတင်းပို့တော့၏။ ပြီးသည့်နောက်မှာတော့ ….

“ဂြိုဟ်ကြီးတွေဆီကနေပြီးတော့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရရင် ပိုပြီးတော့ ကောင်းမယ်။”

“တစ်စုံတစ်ခုနဲ့ ထပ်ပြီးတော့ လဲရရင် ကောင်းမလား။”

လူဆိုးကြီးငါးဦးနှင့် ၎င်း၏ နောက်လိုက်များဆီမှ ရရှိခဲ့သော အရင်းအမြစ်များသည် အလွန်ပေါများလွန်းလှ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင် တော်တော်များများ အသုံးမဝင်ချေ။ ထို့ကြောင့် ဤအရာများအားလုံးကို ကြီးမားလှသောဂြိုဟ်ကြီးများ၏ စိတ်ဝိညာဉ်ကျောက်တုံးများနဲ့ လဲလှယ်ရမည်ဆိုလျှင် အကောင်းမွန်ဆုံးဖြစ်ပေလိမ့် မည်။

“ဒါက ဟုတ်တာပဲ။”

ကျွင်းချောင်ရှောင်း က သဘောတူညီလိုက်သည်။ ဂိုဏ်းသည် လောလောဆယ် တပည့်များ အလုံးစုံ တိုးတက်လာစေရန် အတွက် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်လျက်ရှိနေ၏။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားတာဝန်ထားလိုက်မယ်။”

ယွမ်သခင်လေးသည် နာနာကျင်ကျင်မျက်နှာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ် …. ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာရှိတဲ့ ကျုပ်တို့ ခံတပ်ကြီးက စည်းခတ်ခံလိုက်ရပြီလေ။ ကျုပ်တို့သွားလို့မှ မရတာ။”

“စည်းခတ်ခံလိုက်ရတယ်ဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်သွားကြည့်အုံးမယ်။”

ထိုနေ့မှာပဲ သူသည် တည်နေရာလမ်းကြောင်းမှတဆင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာခမ်းနားကြီးကျယ်လှသော လွင့်မျောနေသည့် တောင်တန်းပေါ်တွင် မတ်တပ် ရပ်လိုက်တော့၏။ မည်သည့်ပြောင်းလဲမှုမှ မရှိချေ။ သို့ပေမဲ့ ပတ်ဝန်းကျင်တည်နေရာအား အလင်းတန်းများဖြင့် ကာရံထားပြီး ပိတ်လှောင်ခံထားရကြောင်း ကျွင်းချောင်ရှောင်းသည် ရှင်းရှင်းလင်းလင်း နားလည်လိုက်မိ၏။ မည်သူမှသည် အပြင်ဘက်သို့ ခုန်လွှား၍ ထွက်ခွာရန် မဖြစ်နိုင်ချေ။

ဆွစ် …။

သူသည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ စည်းအတားအဆီးအား အသာထိကြည့်လိုက်၏။ ပြီးသည့်နောက်မှာ တော့ အနောက်သို့ အနည်းငယ်ကန်ထွက်သွား၏။ ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါ နည်းနည်းမများလွန်းဘူးလား။”

သူ့အနေနှင့် ဤကဲ့သို့သော ကြီးမားလှသည့် ခံတပ်ကြီးကို တည်ဆောက်ရန်အတွက် အားအင်များစိုက်ထုတ်ခဲ့ရ၏။ သို့ပေမဲ့ အပြင်ဘက်သို့ သွားလာနိုင်သည့်စည်းသည် ပိတ်ပင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရာကို သူလုံးဝလက်သင့်မခံ ချင်ပေ။

“ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ”

မကြားတာကြာပြီဖြစ်သော အမျိုးသမီးစနစ်၏ အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။

“သင်သည် အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဟု သူတို့ အထက်နယ်မြေက သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနဲ့ ဒီထဲကိုဝင်ရောက်ဖို့ ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရပြီ။ ထာဝရပိတ်ပင်ခံလိုက်ရခြင်းလည်း ဖြစ်သည်။”

“……”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။

“ကျုပ်က ကျုပ်ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ လာရတာလေ။ ပြီးတော့ ကျုပ်ရဲ့ နည်းလမ်းအတိုင်းပဲ တိုက်ခိုက်ခဲ့တယ်။ ဘယ်လိုဖြစ်လို့ ဒါကို ပြစ်မှုတစ်ခုလို သဘောထားပြီးတော့ ချုပ်နှောင်ထားချင်ရတာလဲ။”

သူသည် လှည့်စားကာ ဝင်ရောက်ခဲ့သည်ဖြစ်ကြောင်းကိုလည်း ဝန်ခံပြီးဖြစ်သည်။ သို့ပေမဲ့ ခံတပ်ကြီးကို တည်ဆောက် နေစဉ်အတောအတွင်းတွင် များပြားလှသည့် စည်းမျဉ်းစည်းကမ်းများချိုးဖောက်မှုနှင့် အပြစ်ပေးခံရပြီးလည်း ဖြစ်နေတော့၏။

ဤကဲ့သို့ အပြစ်ပေးခံရမှုများဆီမှ လွတ်မြောက်အောင် ကြိုးစားခဲ့ပြီးသည့်နောက်မှာတော့ အဆုံးသတ်တွင် တည်နေရာကြီးတစ်ခုလုံးကို ပိတ်ပင်ချုပ်နှောင်ခဲ့၏။ ဤအရာမှာ များပြားလွန်းလှသည်။

ရွှီ

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာဖြင့် ဒေါသတကြီးပြောလိုက်၏။ “စွေ့ဟွာ … ဒါကို ကိုက်ပြီး ဖွင့်လိုက်စမ်း။”

“ကောင်းပါပြီ သခင်။”

ဆင့်ခေါ်ခံလိုက်ရသည့် စွေ့ဟွာသည် ချက်ချင်းပဲ သူမ၏မူလပုံစံကို အသွင်ပြောင်းလိုက်၏။ ပြီးနောက် ရှည်လျား ချွန်ထက်လွန်းလှသော သွားများကို အသုံးပြု၍ တည်နေရာအတားအဆီးအား ကိုက်ကာ ဝါးမြိုတော့၏။ သူမသည် တည်နေရာအတားအဆီးထဲတွင် ကြီးမားလှသည့် အပေါက်ကြီးတစ်ခုဖြစ်အောင် ဖန်တီးလိုက်၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ပြုံးပြုံး ပြုံးပြုံးနှင့် ထိုအထဲမှ ပျံသန်းထွက်ခွာသွားလိုက်သည်။

“ငါ့ကို ဒီလိုမျိုးတွေလုပ်တဲ့အတွက် အပြစ်ပေးတယ်ပေါ့။ ကောင်းပြီ။ ငါကလည်း တစ်ခြားနည်းလမ်းတစ်ခုကို အသုံးပြုပြီးတော့ ထပ်ပြီးလုပ်အုံးမှာပဲ။”

အချိန်နှင့်တည်နေရာပိုးကောင်ကို ပိုင်ဆိုင်သော ကုန်းရှန့်သည် ပြိုင်ဘက်ကင်းပင်ဖြစ်နေတော့၏။ တည်နေရာ လမ်းကြောင်းများမရှိဘူး ဆိုလျှင်ပင်လျှင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ တွင်းတူကာ သွားနိုင်စွမ်းရှိနေပြီ ဖြစ်၏။

…

ယုဒြာကုန်းမြေတိုက်ကြီး၏ ခံတပ်အပြင်ဘက်တွင်တော့ ကဲ့ကျင်းနန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။

“မတွေ့တာကြာပြီ ဂိုဏ်းချုပ်ကျွင်း။ တော်တော်ကြီးတိုးတက်လာခဲ့တာပဲ။”

ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးသည့်နောက်မှာတော့ ဟာသလုပ်လိုက်သည်။ “ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ ယဉ်ယဉ်ကျေးကျေးတွေ လုပ်နေရတာလဲ။ ဟား ဟား ဟား ဟား”

ကဲ့ကျင်းနန်သည် ရယ်ကာ ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်းက ဒီကိုလာတာ ဆေးလုံးတွေ ထပ်ပြီး ရောင်းမလို့လား။”

သူမသည် ကျွင်းချောင်ရှောင်းနှင့် စီးပွားရေးကိစ္စများကို ယခင်က ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ ကျွင်းချောင်ရှောင်းဆီမှ ရရှိခဲ့ သော စိတ်ဝိညာဉ်ဆေးလုံးများအား သူမ၏ ဂြိုဟ်ဆီ သွားရောက်ကာ ရောင်းချရာတွင် ပိုက်ဆံတော်တော်များများကို ရရှိခဲ့သည်။

“အခုက ဆေးလုံးရောင်းဖို့ မဟုတ်ဘူး။”

ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာဖြင့် အရာဝတ္ထုအနည်းငယ်ကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီကျောက်ရိုင်းနဲ့ ဆေးပင်တွေရောင်းချင်တာ။”

“ဟမ်”

ကဲ့ကျင်းနန်သည် အနည်းငယ်စိတ်ပျက်သွားခဲ့၏။ သို့ပေမဲ့ သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း … ဒီကျောက်ရိုင်းနဲ့ဆေးပင်တွေရဲ့ အရည်အသွေးက တကယ့်ကို မနိမ့်ကျဘူးလေ။ ဒါက အဆင့်မြင့် ဂြိုဟ်တွေဆီမှာပဲ ပေါက်ရောက်နိုင်တဲ့ အရာမျိုးတွေ ဖြစ်လိမ့်မယ်။”

ဂြိုဟ်များသည် အားကောင်းလွန်းသည်ဆိုလျှင် ရရှိနိုင်သည့် အရင်းအမြစ်သည်လည်း အလွန်တရာအားကောင်း ပေလိမ့်မည်။ ထိုအရာမှာ မပြောင်းလဲနိုင်သည့် စည်းမျဉ်းစည်းကမ်းပင် ဖြစ်တော့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ကျောက်ရိုင်းတုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် ဘုံကိုးပါးကုန်းမြေ တိုက်ကြီးအတွင်း သွား၍ ရောင်းချသည်ဆိုပါက အမှိုက်ဟုပင် သတ်မှတ်နိုင်စွမ်းရှိသည်။ ကျွင်းချောင်ရှောင်း ထုတ်ယူလိုက်သော ကျောက်ရိုင်းနှင့်ဆေးပင်များအားလုံးသည် စကြဝဠာလူဆိုးကြီးငါးဦးနှင့် ကြယ်နှင်ဘုရင်တို့ တစ်ခြားဂြိုဟ်များဆီမှ သွားရောက်ကာ လုယက်ထားသည့်အရာများဖြစ်သောကြောင့် အလွန် အရည်အသွေးပြည့်မီလွန်းလှသည်။

“ရောင်းရင်းကဲ့။ ကျုပ်ဆီမှာ ဒီလိုကျောက်ရိုင်းနဲ့ဆေးပင်တွေ အများကြီးရှိတယ်လေ။ တကယ်လို့ ခင်ဗျားလိုတယ် ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲကြတာပေါ့။”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ထိန်းသိမ်းထားချင်မိ၏။ အနာဂတ်တွင် အသုံးဝင်လာကောင်း ဝင်လာနိုင်သည်။ သို့ပေမဲ့ သူ၏ တပည့်များသည် ပိုမိုအားကောင်းရန် ရောင်းချဖို့ လိုအပ်နေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး များနှင့် လဲလှယ်နိုင်မည်ဆိုပါက သူ့အတွက် ပိုမိုကာ အကျိုးရှိမည်ဖြစ်တော့သည်။

ကဲ့ကျင်းနန်က ပြောလိုက်၏။ “ယုဒြာကုန်းမြေတိုက်ကြီး၏ လက်ရှိအားအင်အဆင့်အနေနဲ့ ဒီလိုမျိုး အဆင့်မြင့်ကျောက်ရိုင်းနဲ့ ဆေးပင်တွေကို ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ ခက်ခဲတယ်လေ။ ဂိုဏ်းချုပ်ကျွင်း …တကယ်လို့ လဲလှယ်ချင်တယ်ဆိုရင် ထိပ်တန်းအဆင့် ဂြိုဟ်တွေဆီကို သွားမှဖြစ်မယ်။”

ဤအရာသည် ပစ္စည်းကောင်းများဖြစ်တော့၏။ သို့ပေမဲ့ ထိုသို့သောပစ္စည်းကောင်းများကို ထိန်းသိမ်းထားရန် အရည် အသွေးကလည်း ပိုင်ဆိုင်မှဖြစ်ပေလိမ့်မည်။ ယုဒြာကုန်းမြေတိုက်ကြီးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် ပိုမိုကာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ အရမ်းကြီးအားကောင်းလှသည်တော့ မဟုတ်ပေ။

အဆင့်မြင့်ဂြိုဟ်များဆီမှ ရရှိသော အရင်းအမြစ်များအားလုံးသည် သူတို့အတွက် ဆေးလုံးနှင့်ပစ္စည်းပစ္စယများကို သန့်စင်နိုင်သည့်အရာမျိုးဖြစ်သည်ဆိုလျှင်တောင်မှ အကျိုးသက်ရောက်မှုကို ပြည့်စုံစွာ ထုတ်ဖော်နိုင်ရန်တော့ ခက်ခဲ လှ၏။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဒါဆိုလည်း ကျုပ်အရင်သွားပါအုံးမယ်။”

သူသည် အချိန်ဖြုန်းမနေတော့ချေ။ ချက်ချင်းပဲ ဘုံကိုးပါးကုန်းမြေတိုက်ကြီးဆီသို့ လှမ်းသွားလိုက်တော့သည်။

“ထူးဆန်းလိုက်တာ။”

ကုန်းရှန့်တစ်ယောက် ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးနောက် ကဲ့ကျင်းနန်သည် ဇဝေဇဝါဖြစ်သွား၏။ “ဂိုဏ်းချုပ်ကျွင်းက ဘယ်လိုဖြစ်ပြီးတော့ သူ့ရဲ့ခေါင်းကို အမဲရောင်အဝတ်ကြီးနဲ့ အုပ်လာရတာလဲ။”

…

“မြို့တော်ဝန်”

ဟောခန်းထဲမှာတော့ နောက်လိုက်တစ်ယောက်က သတင်းပေးပို့လာသည်။ “ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်က လာလည်ပါတယ်။”

မိုရှန်ရှမ်းနှင့်အကြီးအကဲများအားလုံးသည် ဆွေးနွေးလျက်ရှိနေတုန်းမှာပဲ မျက်လုံးအပြူးသားဖြစ်သွားကြ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာသည် အထက်နယ်မြေ၏ စည်းခတ်ခြင်းကို ခံထားရသည်မဟုတ် ပါလား။ ထို့အပြင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးနှင့်ပင် အစားထိုးခဲ့ပြီးပြီဖြစ်သည်။ အဘယ့်ကြောင့် ဤလူသည် ထပ်မံကာ ရောက်ရှိလာရသနည်း။

မိုရှန်ရှမ်းက သက်ပြင်းချလိုက်သည်။ “သူက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်နေနိုင်တာပဲ။”

ဆွစ်

တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ သူသည် အပြင်ဘက်သို့ ပျံသန်းထွက်ခွာကာ လက်သီးဆုပ်၍ ပြောလိုက် သည်။ “ဂိုဏ်းချုပ်ကျွင်း …. ဒီကိုလာလည်တာလား။ ချက်ချင်းကြီး ထွက်ပြီးမကြိုနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ။”

ကဲ့ကျင်းနန်သည် ပိုက်ဆံများ အများအပြားရရှိခဲ့၏။ ထို့အတူ မိုရှန်ရှမ်းလည်း ထိုနည်း၎င်းပင်၊ သူသည် တစ်စက္ကန့် ငေါက်ခနဲထထိုင်ဆေးလုံးများကို ရောင်းချပြီးသည့်နောက် စိတ်ဝိညာဉ်ကျောက်တုံးအများအပြားကို ပြန်လည်ရှာဖွေ နိုင်ခဲ့တော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းဆိုသည်မှာ သူ၏မျက်လုံးထဲတွင် ကြီးမားလှသည့်စီးပွားရေးလုပ်ငန်း ကြီးပင် ဖြစ်တော့၏။

တစ်ဖက်လူ လာရောက်ဆွေးနွေးသည်ဆိုခြင်းမှာလည်း စီးပွားရေးကိစ္စပြုလုပ်ရန်ဖြစ်ကြောင်း သူအကြမ်းဖျဉ်း ခန့်မှန်းမိ၏။ ထင်ထားသည့်အတိုင်းပင် ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်ကို ကြားရှိပြီးသည့်နောက်မှာတော့ မိုရှန်ရှမ်းသည် မျက်လုံးများ လင်းလက်သွားသည်။

“ကျွင်းက ဒီအချိန်လာတာက ဆေးလုံးတွေ လာရောင်းတာမဟုတ်ဘူး။ ကျောက်ရိုင်းတုံးနဲ့ ဆေးပင်အနည်းငယ်ကို လာပြီးတော့ရောင်းတာ။ အရည်အသွေးကတော့ အရမ်းကောင်းတယ်လေ။”

“ကျောက်ရိုင်းတုံးနဲ့ဆေးပင်တွေဟုတ်လား။”

မိုရှန်ရှမ်း၏ စိတ်ဝင်စားမှုသည် လျော့ကျသွားခဲ့သည်။ ဘုံကိုးပါးကုန်းမြေတိုက်ကြီးတွင် ရေတွက်၍ မရအောင် များပြားသော ကျောက်ရိုင်းတုံးနှင့်ဆေးပင်များ တည်ရှိနေသည်။ ထို့ကြောင့် သူသည် ထိုအရာများကို သိပ်၍ ဂရုမစိုက်ချေ။

သို့ပေမဲ့ တကူးတကလာရောက်၍ စီးပွားရေးပြုလုပ်လဲလှယ်ရသည့် အရာဖြစ်သောကြောင့် ရိုးရှင်းလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် မိုရှန်ရှမ်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ထုတ်ပြပါအုံး။ ကြည့်ရအောင်။”

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်း သည် များပြားလှသည့် ကျောက်ရိုင်းတုံးနှင့်ဆေးပင်များကို အသီးသီးထုတ်ဖော်ကာ ပြသလိုက်၏။ မိုရှန်ရှမ်းသည် တစ်ခုချင်းစီကို စစ်ဆေးပြီးသည့်နောက်မှာတော့ အလန့်တကြားဖြင့် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း … ဒါတွေက အရမ်းကို အရည်အသွေးမြင့်တဲ့ အရာတွေဖြစ်နေတာကိုး။”

“ခင်ဗျားဒါတွေကိုလိုလား။”

“လိုတာပေါ့။”

“ကျုပ်ဆီမှာ လောလောဆယ် ကျောက်ရိုင်းတုံး ငါးထောင် ကီလို နဲ့ ဆေးပင်တွေလည်း ထောင်ချီရှိနေသေးတယ်။ ကျုပ်တို့က သိကောင်းကျွမ်းဟောင်းတွေ ဖြစ်ပြီဆိုမှတော့ ဈေးကို ခင်ဗျားပဲပြောတော့။”

မိုရှန်ရှမ်းသည် တုန်လှုပ်သွားသည်။

ဤကဲ့သို့ များပြားလှသည့်အရည်အသွေးနှင့် ကျောက်ရိုင်းတုံး၊ ဆေးပင်များအားလုံး မည်သည့်နေရာက ရရှိလာ သနည်း။ ဖြစ်နိုင်သည်မှာ အထက်နယ်မြေမှလူ တစ်စုံတစ်ယောက်သည် တိတ်တဆိတ် ကြိတ်ကာ ပေးပို့လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

သေသေချာချာ စဉ်းစားသုံးသပ်ပြီးသည့်နောက်မှာတော့ မိုရှန်ရှမ်းသည် ကျွင်းချောင်ရှောင်း၏ ပစ္စည်းများအားလုံးကို ဆဋ္ဌဂံကြယ်ကျောက်တုံးတစ်သန်းအသုံးပြုကာ ဝယ်ယူလိုက်၏။

“ခင်ဗျားနဲ့အလုပ်တွဲလုပ်ရတာ ပျော်တယ်လေ။”

“အတူတူပါပဲ။”

နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် အပြုံးများဖြစ်တည်နေသည်။

“မြို့တော်ဝန်မို”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ကျောက်ရိုင်းနဲ့ဆေးပင်တွေ လိုအပ်နေတဲ့ တစ်ခြား ပထမတန်းစားဂြိုဟ်တွေကို ခင်ဗျားသိသေးလား။”

“သိတယ်လေ။” မိုရှန်ရှမ်းက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ခဏလောက်စဉ်းစားကာ ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် သူတို့နဲ့သွားပြီး စီးပွားရေးကိစ္စပြောလိုက်အုံးမယ်။”

မိုရှန်ရှမ်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီအတောအတွင်း မသွားတာ ပိုကောင်းမယ်လေ။”

“ဘာကြောင့်လဲ။”

“အခုလောလောဆယ်မှာ ခင်ဗျားတို့ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့နေရာကို အစားထိုးဝင်လာတဲ့ ဂြိုဟ်တစ်ဂြိုဟ်ကို တိုက်ခိုက်ဖို့ဆိုပြီး သူတို့အားလုံးက စုပေါင်းအလုပ်လုပ်နေကြတယ်။”

သူ၏ ဂြိုဟ်သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖြတ်ခဲ့သည်ဖြစ်သောကြောင့် တားဆီးပိတ်ပင်ခြင်းကို ခံလိုက်ရ၏။ သူတို့၏ ဂြိုဟ်အစား တစ်ခြားသော ဂြိုဟ်တစ်ခုကို အစားထိုးကာ ဤနေရာသို့ ထည့်သွင်းလိုက်သည်ဖြစ်ကြောင်းကို သူသတိရသွားမိ၏။ ထို့ကြောင့် ပြုံးလိုက်သည်။

“မြို့တော်ဝန်မို”

“ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဂြိုဟ်အစား ရောက်ရှိလာတဲ့ဂြိုဟ်က ဘယ်လိုကံမကောင်းလှတဲ့ ဂြိုဟ်လဲ။”

“ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်လေ။”

“ဟမ်”

ကုန်းရှန့်၏ မျက်နှာပေါ်မှ အပြုံးများသည် အေးခဲသွားသည်။

သို့ပေမဲ့ သူ၏ အမူအရာပြောင်းလဲမှုကို မိုရှန်ရှမ်းက သတိမပြုမိပေ။ ထို့ကြောင့် ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်က တော်တော်ကြီးကို အားကောင်းတယ်။ ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ရောက်ရှိတဲ့ လအနည်းငယ်အတွင်းမှာပဲ ရန်သူပေါင်းများစွာကို ဖန်တီးခဲ့တယ်။ အခုနှင်းဆီဧကရီဆိုတဲ့ သခင်မက သူ့ရဲ့ နောက်လိုက်တွေကို ခေါ်ယူပြီးတော့ အမွေအနှစ်တည်နေရာတစ်ခုကို သွားတိုက်ခိုက်နေတယ်လေ။ အခု နှလုံးကွဲ တောင်ကြားထဲမှာ ပိတ်မိနေကြတယ်။ ဂြိုဟ်အသီးသီးက လူတွေအကုန်လုံးစုပေါင်းပြီး သူတို့ကို တိုက်ခိုက်တော့ မှာလေ။”

“နေပါအုံး။ ဂိုဏ်းချုပ်ကျွင်း ဘယ်ရောက်သွားတာလဲ။”

သူ၏ ရှေ့တွင် ရပ်တန့်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် မရှိတော့ချေ။

လေထုထဲတွင် အလွန်တရာ အားကောင်းလှသော အေးစက်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည်လည်း ကျန်ရစ်ခဲ့ တော့၏။

မိုရှန်ရှမ်းသည် မြေခွေးအိုကြီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ နှလုံးကွဲတောင်ကြားဆီသို့ အပြင်းအထန်ပြေးလွှားသွားခဲ့သည့် ဂိုဏ်းချုပ်ကျွင်း အား မြင်လိုက်ရတော့၏။ ထို့ကြောင့် သူသည် တစ်စုံတစ်ခုကို နားလည်သွား၏။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကလည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ ပတ်သက်နေတာလား။”

All Chapters