← Chapters

အခန်း (၁၁၇၀)

Vol. 79 Ch. 1170

အခန်း (၁၁၇၀)

Vol. 79 Ch. 1170

ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၌ ကောင်းကင်ယံထက်ဆီသို့ အလင်းတန်းများ ထိုးတက်လာသည်ဆိုလျှင် အမွေ အနှစ်တည်နေရာတစ်ခု ပေါ်ပေါက်လာခြင်းပင်ဖြစ်တော့၏။ ထို့ကြောင့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ သည် ထိုအရာဆီသို့ အလုအယက် ရောက်ရှိလာခဲ့သည်။

သို့ပေမဲ့ နှင်းဆီဧကရီသည် ၎င်းတို့ထက် ပိုမိုကာ မြန်ဆန်လွန်းနေ၏။ သူမသည် အမွေအနှစ်ပေါ်ပေါက်လာရာ တည်နေရာ၏ အကောင်းဆုံးသောနေရာအား သိမ်းပိုက်ခဲ့ပြီဖြစ်ပြီး ၎င်း၏ နောက်လိုက်များအားလုံးကို စည်းခတ်ရန် အမိန့်ပေးထားခဲ့၏။ ဤနေရာသို့ ကျော်ဖြတ်လာခဲ့သည့်သူများ မည်သူမဆို အညှာအတာမရှိ သတ်ဖြတ်ပစ်ရန်လည်း မှာကြားခဲ့၏။

ဤနည်းလမ်းသည် ကျွင်းချောင်ရှောင်းတစ်ယောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း ရှာဖွေတွေ့ရှိစဉ်က ပြုလုပ်ခဲ့သည့်အရာမျိုးပင် ဖြစ်တော့၏။ သဘာဝရတနာများဆိုသည်မှာ ထိုက်တန် သည့်လူသာလျှင် ရရှိ၏။ နှင်းဆီဧကရီ၏ နည်းလမ်းသည် ဤအမွေအနှစ်တည်နေရာကြီးကို စည်းခတ်ပြီးသည့် နောက်မှာတော့ တခြားသူများ ဝင်ရောက်မလာစေရန် ကြိုတင်ကာကွယ်ခဲ့ပြီးသား ဖြစ်တော့၏။ ထိုအရာသည် အလွန်မောက်မာလွန်းလှပြီး တခြားသော ကျင့်ကြံသူအားလုံးတို့သည် ချက်ချင်း ဒေါသထွက်သွားကြသည်။

ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးမှ ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဝင်များအားလုံးသည် ထိုအချင်းအရာ ကို သိရှိပြီးသည့်နောက်မှတော့ တည်နေရာဆီသို့ လှမ်းလာခဲ့ကြ၏။ ရတနာပေါ်ပေါက်လာရာ နေရာတိုင်းတွင် တိုက်ခိုက်တတ်သည့် ဓလေ့သဘာဝတည်ရှိပြီးသား ဖြစ်တော့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အားလုံး သောသူများသည် အတူတူ စုဝေးပြီးသည်နောက် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး အား ပစ်မှတ်ထားလျက် ရှိနေ ကြတော့၏။

ကျွင်းချောင်ရှောင်းသည် အမွေအနှစ် တည်နေရာတွင် သိုင်းကျင့်ကြံသူနှစ်သောင်းကျော်အား သတ်ဖြတ်ဖူးခဲ့၏။ နှင်းဆီဧကရီမှာ အလွန်တရာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ သူမသည် ဤကဲ့သို့သော ကိစ္စများကို ပြုလုပ်ဖူးသူ တစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် အားလုံးသော သူများသည် အနည်းငယ် ကြောက်ရွံ့ကြသည် ဆိုသည်တောင်မှ အတူတူ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက တစ်ဖက်လူအား အနိုင်တိုက်နိုင်မည်ဟု တွေးထင်ထားကြပြီး ဖြစ်တော့သည်။

ဆွစ် ဆွစ် ဆွစ် …။

နှလုံးကွဲကြေတောင်ကြား၏ အပြင်ဘက်တွင်တော့ အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာကြ၏။ များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ဤတည်နေရာထဲတွင် တဖြည်းဖြည်း တိုးတက်လာ ကြပြီးသည့်နောက် လူပေါင်းတစ်သောင်းကျော်ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုလူပေါင်းတစ်သောင်းကျော်တို့သည် အမွေအနှစ်တည်နေရာအတွက် တိုက်ခိုက်ရန်ရောက်ရှိလာခဲ့သူများသာဖြစ်၏။ ဤလူများသည် ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်နှင့် တခြားသော မဟာမိတ်ဂြိုဟ်အသီးသီးဆီမှ လူများပင် ဖြစ်တော့၏။

ဤတည်နေရာကြီးတွင် ကြီးမားလှသည့် တိုက်ပွဲကြီး ဖြစ်ပေါ်မည်ကို သိရှိကြသောကြောင့် ၎င်းတို့သည် ခံတပ် အတွင်းမှ အလွန်အားကောင်းသောလူများကို စုဝေးကာ စေလွှတ်ခဲ့ကြတော့၏။ သူတို့သည် တစ်ခါတည်း ဝိညာဉ် မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ဖျက်ဆီးပစ်ရန် စီစဉ်ထားခဲ့ကြသည်။

ဟုတ်ပေသည်။ ဤတစ်ကြိမ်မှာတော့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ အဓိကကျင့်ကြံသူများအားလုံးသည် ပထမအဆင့် ဂြိုဟ်နှစ်ခု ဖြစ်သော ကျယ်ပြောကုန်းမြေတိုက်နှင့် ဆားတို့ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများ နှင့်ပါ ရင်ဆိုင်ရတော့မှာဖြစ်သည်။ ထိုပထမအဆင့် ဂြိုဟ်နှစ်ခုသည် ကောင်းကင်အဆင့် ကျင့်ကြံသူ ခြောက်ယောက်တို့အား စေလွှတ်ခဲ့ကြသည့်အပြင် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ရာကိုပါ ထပ်တိုး ထောက်ပံ့ပေးထားသေး၏။

လက်ရှိအခြေအနေမှာတော့ အားလုံးသောသူများကို စုပေါင်းကြည့်ရှုလိုက်မည်ဆိုလျှင် ကောင်းကင်အဆင့် ကျင့်ကြံသူများအပြင် စုစုပေါင်း လူဦးရေသည် ငါးသောင်းနီးပါးခန့်ပင် တိုးလာခဲ့ကြ၏။ ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်သည် စကြဝဠာမှ လူဆိုးကြီးငါးယောက်တို့၏ နောက်လိုက်များထက် ပိုမို၍ အားကောင်းလှ၏။ အနိမ့်ဆုံး သော ကျင့်ကြံခြင်းအဆင့်သည် သိုင်းအုပ်စိုးသူအဆင့် ဖြစ်လို့နေသည် မဟုတ်ပါလား။ ထို့အပြင် မတူညီသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ ဖြစ်နေသည်မို့ အမျိုးအစားစုံလင်လှသော ဓာတ်သဘာဝကျင့်ကြံသူများ မျိုးစုံပါဝင်နေပေလိမ့်မည်။

ဤသို့သောသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုသည်မှာ စဉ်းစားလိုက်သည်ဆိုနှင့်ပင် ခေါင်းနောက်စရာပင်။

နှလုံးကွဲတောင်ကြား၏ အတွင်းဘက်တွင်တော့ အစီအရင်များကို ပြုလုပ်လျက်ရှိနေသော ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူတစ်ယောက်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “မြန်မြန်ဆန်ဆန် ထွက်ခွာသွားရအောင်”

အားနည်းလွန်းလှသည့် ဂြိုဟ်တစ်ခုသာဆိုလျှင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးသည် ကျိန်းသေပေါက် ပြန်၍ တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ၎င်းတို့အား ဝန်းရံထားခဲ့သည်မှာ များပြားလှသော လူများဖြစ်နေပြီး ကောင်းကင် အဆင့် ကျင့်ကြံသူ ခြောက်ယောက်ကလည်း ပါဝင်နေသေးသည်။ ဤအရာမှာ အလွန်ပင် ပြဿနာများလှချေ၏။

အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သော နှင်းဆီဧကရီသည် သူမ၏ ပုလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူမသည် မေးထောက်ကာဖြင့် ပျင်းရိလေးကန်လှသော လေသံဖြင့် ပြောလိုက်တော့သည်။ “သူတို့ကို မရိုက်နှက် နိုင်ဘူးဆိုရင် ညံ့ရာကျတော့မှာပေါ့။ သူတို့က အကုန်စုပေါင်းပြီးတော့ ငါတို့ကို လာပြီးတိုက်ခိုက်တာပဲ။ ဒီဂြိုဟ်တွေက တကယ့်ကို အားနည်းလွန်းတယ်။ ဟမ့်”

အဝေးဆီမှ ပျံသန်းရောက်ရှိလာသော ဟုန်ရောင်သည် အကာအကွယ်တည်နေရာ၏ အရှေ့တွင် မတ်တပ်ရပ် လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အေးစက်စွာဖြင့် ပြောလိုက်သည်။ “နှင်းဆီဧကရီ... ခင်ဗျားက လူတွေ အကုန်လုံးကို ဒေါသထွက်စေတယ်။ ဆိုးဆိုးရွားရွားနဲ့ မသေဆုံးချင်ဘူးဆိုရင် အခု အလျော့ပေးပြီးတော့ အညံ့ခံတော့”

ဆွစ်

အလင်းတန်းတစ်ခုသည် တောင်ကြားဆီမှ ထွက်ပေါ်လာသည်။

“မကောင်းတော့ဘူး” ဟုန်ရောင်၏ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဖြူလျော်သွားခဲ့၏။

ဘုန်း

ထိုအချိန်မှာပဲ ကျယ်ပြောကုန်းမြေတိုက်ဆီမှ ကောင်းကင်အဆင့် ကျင့်ကြံသူသည် သူမ၏ အရှေ့ဆီသို့ ရောက်ရှိ လာ၏။ ထိုသူသည် အလွန်အားကောင်းလှသော လက်သီးချက်များကို စုဖွဲ့ကာဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ပြူမူတော့သည်။ “ကောင်မလေး... မင်းရဲ့သတ်ဖြတ်ခြင်းဆန္ဒက အရမ်းအားကောင်းနေတယ်”

နှင်းဆီဧကရီ၏ ချယ်ရီရောင်နှုတ်ခမ်းသားများသည် ကော့တက်သွားခဲ့၏။ “တူတူပဲလေ”

သူမသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲသို့ ရောက်ရှိလာကတည်းက အလွန်တရာ အားကောင်းလှသည့် လုပ်ဆောင်မှုမျိုးကို ပြုလုပ်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အောက်စည်းသို့ ရောက်ရှိနေသည်ဆိုပါက သူမ တက်နိုင်သလောက် ရန်သူများကို သတ်ဖြတ် သွားမှာ သေချာ၏။ ဥပမာအားဖြင့် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ပင်ဖြစ်သည်။

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး ရောက်ရှိလာစဉ်က ထိုကုန်းမြေတိုက်သည် သူတို့အား အနိုင်ကျင့်ရန် စောင့်စား ခဲ့ကြသည့်လူများ ဖြစ်ကြသည်မဟုတ်လား။ လက်ရှိအခြေအနေမှာတော့ နှင်းဆီဧကရီသည် တန်ပြန်ပြီး မတိုက်ခိုက်နိုင်ဘူးဆိုလျှင်တောင်မှ သူမ သေဆုံးသွားမည်ဆိုလျှင် ထိုလူများအား ဆွဲခေါ်သွားမှာ သေချာ၏။ သူမ အားနည်းသောကြောင့် တခြားသူများက လာ၍ အနိုင်ကျင့်ကြသည်လား။ ဤသို့သောအရာမျိုးကို ဘယ်တော့မှ လက်သင့်ခံလိမ့်မည် မဟုတ်ချေ။။

“ကျွန်မ နှင်းဆီဧကရီက ဒီနေ့အချိန်မှာ ဒီလို အားကောင်းလာခဲ့တာ ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကြောင့်ပဲလေ။ ရှင်တို့ လာပြီး အနိုင်ကျင့်ရဲရင် ကျွန်မကလည်း ပြန်ပြီး အနိုင်ကျင့်ရမှာပဲ။ လောကကြီးမှာ အားကောင်းတဲ့လူတွေအတွက်ပဲ နေရာရှိတယ်။ ဒီတော့ ရှုပ်ရှက်ခတ်နေတဲ့ အကြောင်းပြချက်တွေကို ပြောပြနေစရာ မလိုဘူး”

နှစ်ပေါင်းတစ်ထောင်ကျော်ကြာ တခြားနေရာများဆီသို့ သွားရောက်တိုက်ခိုက်ဖူးသော အတွေ့အကြုံကို ရရှိထား သည့် နှင်းဆီဧကရီသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ကောင်းကောင်း နားလည်၏။ ထို့ကြောင့် ဝင်ရောက်ပြီးသည့်နောက် သူမအား အနိုင်ကျင့်နိုင်သည့် ခံတပ်တည်နေရာများဆီသို့ တကူးတကသွားရောက်ကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ များပြားလှသော အဓိက ဂြိုဟ်များ သည် တရားမျှတမှု မရှိဘဲ အတူတူ စုပေါင်းကာဖြင့် ၎င်းတို့အား ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့သော ညစ်ပတ်လှသည့်လုပ်ရပ်မျိုးကို လူမြင်ကွင်းတွင် ထင်ထင်ရှားရှားပင် ပြုလုပ်လျက်ရှိနေ၏။ ဤအရာမှာ တရားလွန် လွန်းလှသည်။ ပြောနေစရာပင် မလိုချေ။

လောကကြီးတွင် အစစ်အမှန် နိယာမသဘောတရားမှာ တည်ရှိနေသေးသည်။ ကျွင်းချောင်ရှောင်းအနေနှင့် လူပေါင်းနှစ်သောင်းကျော်အား သတ်ဖြတ်ခဲ့ခြင်းသာ မဟုတ်ပါက သူနှင့် သူ၏တပည့် များအားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိနေသော လူများအားလုံး၏ ပစ်မှတ်ထားခြင်းကို ခံရတော့မှာ သေချာ၏။

ထို့ကြောင့် သိုင်းကျင့်ကြံသူများသာ လေးစားမှုကို ရရှိသော ဤလောကကြီးတွင် ဘယ်သို့သောအခါမှ တရားမျှတမှုနှင့် အကြောင်းပြချက်များကို ရှာဖွေနေစရာ မလိုချေ။ အရာအားလုံးကို လက်သီးနှင့်သာ ဖြေရှင်းရမည် ဖြစ်သည်။

“စီနီယာဟယ်”

တစ်ဖက်လူ၏ တိုက်ခိုက်ချက်ကို တားဆီးပြီး သူ့အား ကာကွယ်ပေးလိုက်သည့်လူအား လှမ်းကြည့်ပြီးသည့်နောက်မှာတော့ ဟုန်ရောင်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်တော့သည်။ “ဒီမိန်းမနဲ့ ပေါက်ရတွေ ပြောမနေနဲ့တော့။ ကျုပ်တို့ တစ်ခါတည်း လှုပ်ရှားလိုက်ကြရအောင်”

ရတနာသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်၏။ ထိုရတနာကို နှင်းဆီဧကရီသာ လုယူ၍ ပျံသန်းထွက်ခွာသွားမည် ဆိုပါက သူတို့သည် ဘာမှ မရရှိလိုက်ဘဲ နေပေလိမ့်မည်။ စီနီယာဟယ်သည် ခဏလောက် တွေးတောပြီးသည့် နောက်မှာတော့ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ကျင့်ကြံသူ ရောင်းရင်းတို့... ကျုပ်ကို ကူညီပြီး ဒီအတားအဆီးကို ချိုးဖြတ်ကြရအောင်”

“ကောင်းပါပြီ” တခြားသော ကောင်းကင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူငါးယောက်တို့သည်လည်း သဘော တူညီစွာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။

ဆွစ်

လေထုထဲတွင်တော့ အနီရောင်ကြာပန်းနတ်ဆိုးလဓားမော့ကြီးသည် ပေါ်ပေါက်လာခဲ့တော့သည်။ ပုလ္လင်ထက်တွင် ထိုင်လျက်ရှိနေသော နှင်းဆီဧကရီသည် ကျောကို ခပ်မတ်မတ် ထားလိုက်၏။ သူမ၏ ပျင်းရိလေးကန်လျက်ရှိ နေသော မျက်လုံးများသည် အေးစက်ပြီး စူးရှသွားခဲ့တော့သည်။ “ဒီတစ်နေရာကို ခြေတစ်လှမ်းဝင်ရဲတဲ့လူတွေ အကုန်လုံး ထိုက်တန်တဲ့ ပေးဆပ်မှုကို ရလိမ့်မယ်”

ဤစကားလုံးများသည် ရင်းနှီးလိုသလိုပင်။ အမှန်ပင် ဖြစ်တော့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအား မောင်ပိုင်စီးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိက ဂိုဏ်းများ၏ရှေ့တွင် ထိုကဲ့သို့သော စကားများကို ပြောဆိုခဲ့၏။

အထူးသဖြင့် တောက်ပအလင်းနတ်ဂိုဏ်းမှ အကြီးအကဲကြီးသည် သူပြောသည့်စကားကို မယုံကြည်ခဲ့ချေ။ အဆုံးသတ်မှာတော့ ရှောင်ကျီ၏ အမြှောက်ကြီးနှင့် ပစ်ခတ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ ထိုအချိန်တုန်းက ကျွင်းချောင်ရှောင်း သည် ဒုတိယအဆင့် ဂိုဏ်းတစ်ခု၏ အကြီးအကဲနှင့် တတိယအဆင့်၊ စတုတ္ထအဆင့် ဂိုဏ်းများကို ရင်ဆိုင်ခဲ့ရခြင်းသာဖြစ်၏။ လက်ရှိနှင်းဆီဧကရီ မှာတော့ ၎င်းတို့ထက် အဆပေါင်းတစ်ရာကျော် ပိုမိုအားကောင်းသောသူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“သွားတော့”

စီနီယာဟယ်သည် အေးစက်စက် အော်ဟစ်လိုက်၏။ သူ၏အဖော်များအားလုံးသည် စကားလုံး တစ်လုံး တည်းနှင့်ပင် အခြေအနေကို မည်သို့ပြုမူရမည်ကို နားလည်လိုက်သည်။ ထို့ကြောင့်ပင် အလွန်အားကောင်း လှသော စွမ်းအင်လှိုင်းများကို စုစည်းကာဖြင့် အတားအဆီး အစီအရင်ကြီးကို သွားရောက်ကာ ချိုးဖြတ်တော့၏။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိသော ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူဆိုသည်မှာ ပြည့်စုံသော သိုင်းသူတော်စင်အဆင့် ကျင့်ကြံခြင်းနှင့် ညီမျှ၏။ လက်ရှိအခြအနေမှာတော့ ထိုသို့သော စွမ်းအားမြင့်ကျင့်ကြံသူ ခြောက်ယောက်တို့သည် အတူတကွပေါင်းစပ်ကာဖြင့် အစီအရင်ကြီးကို ဖျက်ဆီးလျက် ရှိနေကြသည်။

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူတချို့သည် ဦးခေါင်းကိုသာ ခါယမ်းလိုက်မိကြ၏။ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးသည် အားကောင်းလွန်းလှသည်ဆိုသော်လည်း ထိပ်တန်းဂြိုဟ်ကြီးနှစ်ခုဆီမှ ပို့လွှတ်လိုက်သော လူများမှာ အလွန်တရာ အားကောင်းနေချေ၏။ ထို့ကြောင့် ဤတိုက်ပွဲသည် တဖက်သတ် တိုက်ပွဲပင် ဖြစ်ပေလိမ့် မည်။

ဘုန်း ဘုန်း ဘုန်း

ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းခြောက်ခုတို့သည် နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့ပြီး စည်းအတားအဆီး အစီအရင်အား ဖျက်ဆီးတော့သည်။ ခိုင်ခံ့လွန်းလှသော အတားအဆီး အစီအရင်ကြီးသည် ချက်ချင်းပဲ တုန်ခါလာ ခဲ့တော့၏။ နှင်းဆီဧကရီ၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွားခဲ့တော့၏။ ထိပ်တန်းဂြိုဟ်ဆီမှ ကောင်းကင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူများကို အထင်သေး၍ မဖြစ်နိုင်ချေ။

ဘုန်း ဘုန်း ဘုန်း

ထိုအချိန်မှာတော့ ကြမ်းတမ်းလွန်းလှသော စွမ်းအားများ၏ အောက်မှာတော့ အတားအဆီး အစီအရင်သည် ခုခံ နိုင်ရန် ခက်ခဲလာတော့၏။ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့သည်။

ဆွစ် ဆွစ်

နှင်းဆီဧကရီသည် ခြေဖျားကို ထောက်ပြီးသည့်နောက်မှာတော့ ကောင်းကင်ယံထက်သို့ နှင်းဆီပန်းများကို ပစ်လွှတ်လိုက်တော့၏။ သူမ၏နောက်တွင်ရှိနေသော နတ်ဆိုးလ ဓားမော့ကြီးသည် တောက်ပသည့် အလင်းရောင် များနှင့် ပြည့်နှက်သွားတော့၏။ “သွားစမ်း”

ကျယ်ပြောကုန်းမြေတိုက်နှင့် ဆားတို့ကုန်းမြေတိုက်တို့ဆီမှ ကျွမ်းကျင်သူ ခြောက်ယောက်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော တိုက်ခိုက်နိုင်သူမှာ နှင်းဆီ ဧကရီသာဖြစ်တော့၏။ သူမကိုသာ အနိုင်တိုက်ခိုက်နိုင်မည်ဆိုပါက ကျန်သော ကျင့်ကြံသူများ အားလုံးကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

ဝှစ် ဝှစ်

များပြားလွန်းလှသော သိုင်းကျင့်ကြံသူများသည် လေပေါ်သို့ ခုန်တက်လိုက်ပြီးသည့်နောက်မှာတော့ တည်နေရာ တစ်ခုလုံးသည် မည်သို့မှ မခံစားနိုင်တော့ဘဲ စတင်ကာ ပြိုလဲလာခဲ့တော့၏။

အဝေးတစ်နေရာတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် မျက်လုံးအပြူးသား ဖြစ်သွားသည်။ ကောင်းကင်အဆင့် သိုင်းကျင့်ကြံသူခြောက်ယောက် တို့သည့် စတင်တိုက်ခိုက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဤမြင်ကွင်းသည် ကြီးမားပြီး ခမ်းနားလွန်းလှ၏။

သို့ပေမဲ့ အားလုံးသည် ကြီးမားလွန်းသော တိုက်ပွဲကြီးဖြစ်တည်လာစေဖို့ မျှော်လင့်နေစဉ်မှာပဲ အမဲရောင်အလင်းစက်တစ်ခုသည် အဝေးဆီမှ ရောက်ရှိ လာခဲ့ပြီးသည့်နောက် ထိုတိုက်ခိုက်တော့မည့် ကျင့်ကြံသူခြောက်ယောက်တို့၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။

ဘုန်း ဘုန်း ဘုန်း …။

လက်သီးချက်များသည် ထိုသူပေါ်သို့ ကျဆင်းလာပြီးသည့်နောက်မှာတော့ စွမ်းအင်လှိုင်းများသည် ပေါက်ကွဲထွက်သွား၏။

ဝှစ် ဝှစ် ဝှစ် …။

လေများအပြင်းအထန် တိုက်ခတ်လာပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် ယိမ်းယိုင်နေတော့သည်။ အရှေ့သို့ လှမ်းတက်ရန် ပြင်နေသော နှင်းဆီဧကရီသည် ရုတ်တရက် ဆွံ့အသွားမိ၏။ အဘယ်ကြောင့်ဆိုသော် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်၏ နောက်ကျောသည် သူမ၏အရှေ့၌ တည်ရှိနေ၏။ ထိုသူအား သူမသည် အလွန်တရာ ရင်းနှီးလျက် ရှိနေတော့သည်။

“ရုပ်ဆိုးမကြီး”

ကျွင်းချောင်ရှောင်းသည် အချိန်မီအရှေ့သို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ မှုန်ကုတ်ကုတ် မျက်နှာဖြင့် ပြောလိုက်သည်။ “တစ်ယောက် - ခြောက်ယောက် တိုက်ခိုက်တာ သေချင်နေလို့လား”

သူပဲ။ သူပင်ဖြစ်သည်။

နှင်းဆီဧကရီ၏ မျက်နှာသည် ပျော်ရွှင်မှုနှင့် လင်းလက်သွားခဲ့၏။ နှင်းဆီဧကရီဆီမှ ထွက်ပေါ်နေသော အော်ရာများသည် ချက်ချင်းပဲ ငြိမ်းသက်သွားတော့သည်။

“ဟိုဘက်ကိုသွား”

ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်တာဝန် ထားလိုက်တာ့”

“အင်း” နှင်းဆီဧကရီသည် နတ်ဆိုးလဓားမော့ကြီးကို အသာသိမ်းဆည်းပြီးသည့်နောက်မှာတော့ အတားအဆီး အစီအရင်ထဲသို့ ခုန်ဝင်သွားတော့သည်။ သာမန်ထက်ပို၍ ကြည့်ကောင်းလွန်းလှသော နောက်ကျောဘက်ကို လှမ်းကြည့်ကာဖြင့် သူမသည် ပြုံးကာပြောလိုက်မိသည်။

“ယောက်ျားက အမဲရောင်ဝတ်စုံနဲ့ဆိုရင်လည်း လှတာပဲ”

ဝှစ် ဝှစ်

ရုတ်တရက် လေပြင်းများ တိုက်ခတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခေါင်းပေါ်တွင်ရှိနေသော အမဲရောင် ခြုံလွှာသည် လေထဲသို့ လွင့်ပါသွားတော့သည်။ တောက်ပြောင်လျက်ရှိနေသော ဦးခေါင်းသည် သူမ၏ မျက်စိရှေ့၌ ပေါ်လာခဲ့တော့၏။

All Chapters