← Chapters

အခန်း (၁၁၇၁)

Vol. 79 Ch. 1171

အခန်း (၁၁၇၁)

Vol. 79 Ch. 1171

နှင်းဆီဧကရီ အန္တရာယ် မကျရောက်ခင် ကျွင်းချောင်းရှောင်းသည် ရှေ့မှနေ၍ စွမ်းအင်လှိုင်းများကို ခုခံ ကာကွယ် ပေးခဲ့၏။ သူသည် ဓားနှင့် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနောက် ထိုသို့ ပြုလုပ်နိုင်ခဲ့၏။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံ အောက်၌ ရွှမ်ယွမ် နတ်ဘုရား ချပ်ဝတ်ကို ဝတ်ဆင် ထား၏။ ဟုတ်ပေသည် ၊အဘယ်ကြောင့် ရွှမ်ယွမ် နတ်ဘုရား ချပ်ဝတ်ကို အောက်မှ နေ၍ ဝတ်ဆင်ထား သနည်း။ ပြီးနောက် ဦးခေါင်းကိုလည်း လွှမ်းခြုံ ထားသေးသည်။

အကြောင်းအရင်းမှာ ရိုးရှင်း လွန်းပေသည်။ သူသည် တစ်ချက်ထိုး လက်သီးကို အသုံးပြုပြီးနောက် သူ၏ ဆံပင်များသည် ပြောင်သခင်းခါသွားခဲ့၏။ ထိုအရာအား သူ လက်မခံနိုင်ချေ။ ထို့ကြောင့် ဂိုဏ်းကို အမြန်သွား၍ ဆံပင်ပေါက်ဆေးကို အသုံးပြုခဲ့၏။ သို့သော် မည်သို့မျှ ထူးခြား မလာခဲ့ချေ။

စနစ် ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ တစ်ချက်ထိုး လက်သီး၏ ဘေးထွက် ဆိုးကျိုးသည် မှော်ပညာဖြင့် အဆင့်မြင့်ထားသော ဆံပင်ပေါက်ဆေးပင်လျှင် အသုံး မဝင်ချေ။

သူသည် စနစ်အား အကြီးအကျယ် ဒေါသ ထွက်လျက် ရှိ၏။ နောက်ဆုံးတွင်တော့ မည်သို့မှ မဆဲနိုင်တော့ပဲ ခေါင်းကို ခြုံထားရန်သာ ရွေးချယ်လိုက်ရ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလေးစားခံရဆုံးနှင့် ဂြိုလ်တိုက်ပွဲ တည်နေရာကြီး၌ အမောက်မာဆုံးသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်သော သူအနေနှင့် ထိုကိစ္စကို မည်သို့မျှ လက်မခံနိုင်ပေ။

ထိုအချက်ကို ကြည့်လျှင် ကျွင်းချောင်ရှောင်းသည် သူ၏ ဂုဏ်သိက္ခာကို အလေးထားသူ ဖြစ်ကြောင်း ထင်ရှား၏။ ဤနေရာတွင် ခရမ်းရောင် ဘုရင်ဆိုပါက ရန်သူများနှင့် ရင်ဆိုင်ချိန်တွင် ကိုယ်လုံးတီး ဖြစ်သွားလျှင် တောင်မှ ဂရုစိုက်မည် မဟုတ်။ ခေါင်းပြောင်တာ လောက်တော့ ထည့်ကို မတွက်ချေ။

ခန့်ညားလွန်းလှသော အရှိန်အဝါနှင့် ရောက်ရှိလာပြီးသည့်နောက် ဘာမှန်းမသိသော လေသည် ခပ်ပြင်းပြင်း တိုက်ခတ်သွားသည်။ သူ၏ အမဲရောင် ခြုံလွှာကြီးသည် လေထဲသို့ လွှင့်စင်သွားပြီး သူ၏ တောက်ပနေသော ခေါင်းတုံးကြီး ပေါ်လာခဲ့တော့၏။

နှင်းဆီဧကရီ၏ လှပသော မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူမသည် မနေနိုင်ဘဲ ရှေ့သို့ ပြေးကာ ပွတ်သတ်ချင် စိတ်များပင် ဖြစ်ပေါ်နေသည်။ "ငါကြိုက်တာ သူသိလို့ ခေါင်းတုံး တုံးထားတာ ထင်တယ်၊ ဒါဆို ဘာလို့ ငါ့ကို ဂရုမစိုက်တဲ့ပုံ လုပ်နေရတာလဲ"

သူမသည် တစ်ယောက်တည်း ရှက်ရွံ့စွာ တွေးတော နေမိ၏။ ပြီးသည့် နောက်မှာတော့ မိန်းမတစ်ယောက်၏ ချစ်မြတ်နိုးလှသော အကြည့်နှင့် ကြည့်ရှုနေ၏။

ကျွင်းချောင်ရှောင်းသည် မနေနိုင်တော့ဘဲ နောက်သို့ လှည့်ကာ ပြောလိုက်သည်။ "လျှောက်တွေးမနေနဲ့။ ဒါ ခင်ဗျား အကြိုက်ဖြစ်အောင်လို့ လုပ်လာတာ မဟုတ်ဘူး"

"ဘာပဲ ဖြစ်ဖြစ် ခေါင်းတုံးက ခေါင်းတုံးပဲလေ"

…………

လေထုထဲတွင် ရှိနေသော စီနီယာဟယ် က မေးလိုက်၏။ "ခေါင်းတုံး .. မင်း က ဝိညာဉ် မျိုးနွယ်က ပဲလား"

၎င်းတို့ ခြောက်ယောက်၏ အားအင်များကို ချိုးဖျက်ခဲ့သော ဤခေါင်းတုံးသည် အသက်ငယ်လှသေးသော်လည်း အထင်သေး၍ မရကြောင်း သူ ချက်ချင်း နားလည်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် နီရဲနေသော မျက်လုံးများဖြင့် လည့်ကြည့်ကာ မေးလိုက်၏။ "ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တယ် "

သူ၏ အကြည့်တွင် အကြီးအကဲခြောက်ယောက်တို့သည် တုန်ယင်သွား၏။

မနီးမဝေးတွင် ရှိနေသော ဟုန်ယောင်မှာတော့ ခြေဖျားလက်ဖျားများပင် အေးစက်နေတော့၏။ ၎င်း၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ် နှင့် တုန်ခါနေသည်။

"နန်းတော်သခင်ဟုန် … ဘာဖြစ်တာလဲ" ကောင်းကင်အဆင့်ကျွမ်းကျင်သူသည် လှမ်းကာ မေးလိုက်၏။

"သူ … သူ … သူ"

ဟုန်ရောင်သည် အချိန် အတော်ကြာ ထစ်အနေပြီး နောက်ဆုံး စကားကို မနည်းပြောလိုက်သည်။ "သူက ကျွင်းချောင်ရှောင်းပဲ"

ကောင်းကင်အဆင့် ကျင့်ကြံသူများသည် မျက်မှောင်ကုတ်ကာ ကြည့်လိုက်၏။ သူတို့၏ မျက်နှာများသည် ချက်ချင်း ပြောင်းလဲ သွားကြသည်။ ပြီးနောက် အမှတ်မထင် ထ၍ အော်လိုက်ကြ၏။ "သိုင်းကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ပစ်ခဲ့တဲ့ ပြိုင်စံရှားဂိုဏ်းက လူလား"

"ဟုတ်ပါတယ်" ဟုန်ရောင်သည် စိတ်ပျက် အားလျော့စွာ ပြောလိုက်မိ၏။ ကျွင်းချောင်ရှောင်း ဤနေရာသို့ အဘယ့်ကြောင့် ရောက်ရှိလာကြောင်း အရူးပင်လျှင် ခန့်မှန်းနိုင်၏။ သေချာပေါက် ၎င်းတို့ နှစ်ယောက်သည် ပတ်သက်မှု ရှိရမည်။

အခြားသူများ ဆိုပါက မည်မျှ အားကောင်းလှသော နောက်ခံရှိပါစေ၊သူ ဂရုစိုက်လိမ့်မည် မဟုတ်။ သို့သော် ယခု အခါမှာတော့ ကျွင်းချောင်ရှောင်း ဖြစ်လို့နေ၏။ ကျွင်းချောင်ရှောင်း သည် သတ်ဖြတ်ခြင်း နတ်ဘုရားပင် ဖြစ်၏။

“ကြက်သွေးရောင် ကုန်းမြေတိုက်ကြီးက သူနဲ့ ရန်သူဖြစ်လို့ မရဘူး"

မဟာမိတ်များကို စုစည်းပြီး ဝိညာဉ် ကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့သော ဟုန်ရောင်သည် ယခုအခါမှာတော့ သွေးများပင် နောက်ပြန်စီး၍ သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။

ကျွင်းချောင်ရှောင်းမှာ မည်သည့် အရှိန်အဝါကိုမှ မထုတ်ဖော်ချေ။ နှင်းဆီဧကရီ၏ ရှေ့တွင် ရပ်နေရုံဖြင့် သူအား ဖိအားကြီးကြီးမားမား ပေးထားလေသည်။

ဟုတ်ပေသည်။ ရှန်ဟွမ် ကုန်းမြေတိုက်နှင့် အခြားသော ကုန်းမြေမှ အကြီးအကဲမျာသည် သွေးများ ပြောင်းပြန် စီးဆင်းကုန်ပြီး သွေးများပင် အန်ထွက်လာခဲ့ကြ၏။

"နန်းတော် သခင်ဟုန်"

ကျွင်းချောင်ရှောင်းသည် ကြည့်ကာ ပြောလိုက်သည်။ "ဝိညာဉ် ကုန်းမြေတိုက်ကြီးက ဘာအပြစ်တွေများ လုပ်ထားလို့ ဝိုင်းပြီး တိုက်ရတာလဲ"

ဟုန်ရောင် "...."

စောစောကတည်းက ခန်းမထဲမှာ လက်ဖက်ရည်သောက်ပြီး နေခဲ့သင့်တယ်။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။

"မွှေးလိုက်တာ"

မိုရှန်ရှမ်းမှာတော့ အဓိက ဟောခန်းထဲ၌ ထိုင်ရင်း သူ၏ လက်ဖက်ရည်ကို ဇိမ်ခံ၍ သောက်လို့နေ၏။

"ယောက်ျား"

နှင်းဆီဧကရီက ပြောလိုက်၏။ "ကျွန်မတို့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးက စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တဲ့ သောက်တလွဲ ဂြိုဟ်တ်ခု အစား ဒီနေရာကို ဝင်လာရတာ။ ဒါပေမဲ့ ရောက်လာပြီး မကြာခင်မှာပဲ သူတို့က ကျွန်မတို့ကို တိုက်ခိုက်ကြတယ်။ မနိုင်တော့ အခု အဖွဲ့ဖွဲ့ပြီး ပြန်ရောက်လာကြတာပဲ"

“……..”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ ခင်ဗျားပြောတာ ကျုပ်ရဲ့ ကြယ်ကြွေ ကုန်းမြေ တိုက်ကြီးပဲ။

ဟုန်ရောင်နှင့် အခြားသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။

ယောက်ျား ဟုတ်လား။ ဤနှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ မိန်းမ ဖြစ်လို့နေသည်လား။

သူတို့သည် ယခု ချက်ချင်းပင် ကျွင်းတူးကာ ပုန်းလိုက် ချင်မိ၏။ ထိုမှသာ ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းမှ ကင်းဝေး နိုင်ပေလိမ့်မည်။

ထူးဆန်းသည်မှာ ကျွင်းချောင်ရှောင်းသည် သူ့အား ယောက်ျားဟု ခေါ်ဆိုခြင်းကို မငြင်းပယ်ပဲ သူ့တို့အား အေးစက်စွာ ပြောလိုက်၏။ "ခင်ဗျားတို့ထဲက ဘယ်သူက ခေါင်းဆောင်လဲ"

လင်းယွမ် ကုန်းမြေတိုက်၊ ရှန်ဟွမ် ကုန်းမြေတိုက်နှင့် အခြားသော အဆင့်မြင့် ကျင့်ကြံသူများသည် ဟုန်ရောင်အား ဝိုင်း၍ လက်ညိုး ထိုးလိုက်ကြသည်။

"ချီးတဲ့မှ"

ဟုန်ရောင်သည် အစကတည်း ကမှ စိတ်ဓာတ် ပြိုလဲနေပြီ ဖြစ်၏။ ယခုအခါမှာတော့ သူ၏ အဖော်များသည် သူ့အား ဝိုင်း၍ လက်ညိုး ထိုးနေကြ၏။

"နန်းတော်သခင်ဟုန်"

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းအား လက်ဖြင့် ပွတ်ကာ ပြောလိုက်သည်။ "ခင်ဗျား အသစ်ရောက်လာတဲ့ ဂြိုလ်တွေကို အနိုင့်ကျင့်တတ်တဲ့ အကျင့် ဘယ်တော့ ပျောက်မှာလဲ"

"ဂိုဏ်းချုပ်ကျွင်း ဒါက နားလည်မှု လွဲတာပါ"

ဟုန်ရောင်သည် အလျင်အမြန် ပြောလိုက်၏။ သူသည် အသက်ရှင်စိတ်များ ပြင်းပြနေ၏။ သူ၏ အမူအရာများ ပျက်ယွင်းနေသည် ဆိုတောင်မှ အလျော့မပေးချေ။ သူသည် အားကြိုးမာန်တက်ဖြင့် ပြောလိုက်မိ၏။ "ဒါက အကြီးအကျယ် နားလည်မှု လွဲတာပါ"

သူသည် ပြောပြီးပြီးချင်း ကိုယ်ကို ကွေးညွန့်ကာ သိုလှောင်လက်စွပ်များကို ထုတ်ယူလိုက်သည်။ "ကျေးဇူးပြုပြီး ရှင်းပြချက်ကို နားထောင်ပေးပါ"

ဆွစ် ….။

ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းပြီး သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်၏။ စိတ်ဝိညာဉ် အာရုံဖြန့်ကြည့်သည့် အခါမှာတော့ အထဲတွင် စိတ်ဝိညာဉ် ကျောက်တုံး တော်တော်များများ ရှိလို့နေ၏။ "ခင်ဗျားတို့ကို ရှင်းပြဖို့ အခွင့်အရေး ပေးမယ်"

ဟုန်ရောင်သည် ကြိတ်ကာ သက်ပြင်း ချလိုက်မိ၏။ အတွေးများကို စုစည်းပြီး စကားလုံးများကို စီကာ ပြောလိုက်သည်။ "ဒီနေရာက အမွေအနှစ်ပေါ်တဲ့ နေရာလေ ၊ကျုပ်တို့မဟာမိတ် အဖွဲ့က အမွေအနှစ်ကြောင့် ရောက်လာတာ ၊ ကျွင်းအမျိုးသမီး ကို အနှောင့်အယှက် ပေးဖို့ မဟုတ်ပါဘူး"

"ကျွင်းအမျိုးသမီး ဟုတ်လား"

နှင်းဆီဧကရီသည် ကြိတ်ကာ တွေးလိုက် မိ၏။ "ကြည့်ရတာ အခြား ဂြိုလ်တွေမှာ ယောက်ျားလေးတွေရဲ့ မျိုးရိုးနာမည်ကို မိန်းကလေးတွေက ယူရတယ်နဲ့တူတယ်"

ဝိညာဉ် မျိုးနွယ်၏ ဓလေ့အရ ဆိုလျှင် ယောက်ျားလေးများမှာ မိန်းကလေးများ၏ မျိုးရိုးနံမည်ကို ယူရ၏။ ထို့သို့ဆိုလျှင် ကျွင်းချောင်ရှောင်းမှာ သခင်လေးဟွာ ဖြစ်ပေလိမ့်မည်။

"ဒီလိုဆိုရင် …"

ကျွင်းချောင်ရှောင်းသည် အခြားသူများအား ကြည့်ရှုလိုက်၏။

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ဂြိုလ်အသီးသီးမှ အကြီးအကဲများသည် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြ၏။ ချက်ချင်းပင် သူတို့၏ သိုလှောင် လက်စွပ်များအား ထုတ်ယူကာ ကမ်းပေးလိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် ထိုလက်စွပ်များကို ကျွမ်းကျင်စွာ သိမ်းယူပြီးနောက် ပြောလိုက်သည် “အမွေအနှစ်ဆိုတာ ကံတရားအပေါ် မူတည်ပြီး ရတာလေ၊ ခင်ဗျားတို့ အတင်းလုပ်ယူလို့မရဘူး။ ပြီးတော့ ဘယ်လို့ဖြစ်ပြီး မဟာမိတ်တွေတောင် ဖွဲ့ပြီး အမွေအနှစ်ကို လာလုရရတာလဲ"

"ဂိုဏ်းချုပ်ကျွင်း ပြောတာ အမှန်ပါပဲ"

ဟုန်ရောင်သည် လက်သီးဆုပ်ကာ ပြောလိုက်၏။ "ကျုပ် လုပ်စရာလေးတွေ ရှိသေးလို့ သွားလိုက်ပါအုံးမယ်"

"သွား သွား သွား"

ဟုန်ရောင်သည် နဖူးပေါ်ရှိ ချွေးများကို သုတ်ရင်း ခပ်သုတ်သုတ် ထွက်ခွာသွားသည်။ သို့ပေမဲ့ အဝေးသို့ မရောက်မီမှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏ နားထဲသို့တိုးဝင်လာခဲ့သည် "နန်းတော်သခင်ဟုန် …. ဒီကျွင်းက တစ်နေ့ ခင်ဗျားဆီ လာလည်အုံးမယ်"

ဝေါ့ …

နန်းတော်သခင်ဟုန်သည် သွေးတစ်လုတ် ထပ်မံ အန်ထွက်သွားရသည်။ တစ်ဖက်လူသည် ထပ်မံ၍ သူ့အား ငွေညစ်ရန် ကြံစည်နေ၏။

နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ မိန်မ ဖြစ်ပြီး သူတို့သည် ဝိုင်း၍ ပူးပေါင်းကာ သတ်ဖြတ်ပစ်ရန် ကြံစည်ခဲ့ကြ၏။ ဤကိစ္စသည် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်းလောက်နှင့် ပြီးဆုံးသွားမည့် အရာ မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် ဤမျှ သဘောကောင်းသူ မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။

ဆွစ် …

ဆွစ် …။

လင်းယွမ်ကုန်းမြေတိုက်နှင့် အခြားသော ကုန်းမြေတိုက်မှ လူများသည် အသီးသီးထွက်ခွာသွားကြ၏။ သူတို့သည် မသွားခင်မှာ ကျွင်းချောင်ရှောင်း၏ လာလည်မည် ဟူသော စကားကို ကြားခဲ့ကြရ၏။

"ခင်များတို့က ပထမ အဆင့်ဖြစ်တဲ့ ကျယ်ပြော ကုန်းမြေတိုက်နဲ့ ဆားတို့ကုန်းမြေတိုက်က လူတွေမလား"

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် ကျင့်ကြံသူများအား လှမ်း၍ အော်ပြောလိုက်သည်။ "ခင်ဗျားတို့ ခေါင်းဆောင်တွေကို ပြောလိုက် ။ ဒီကျွင်းက လာလည်မယ်လို့"

ဆိုလိုသည်မှာ ‘ခင်ဗျားတို့ခေါင်းဆောင်တွေကို ငွေများများ ပြင်ထားဖို့ ပြောလိုက်’ ဟူ၍ ဖြစ်သည်။ စွမ်းအားမြင့် ကျင့်ကြံသူများသည် အလျင်အမြန်ပင် ထွက်ခွာ သွားကြ၏။

ဤနေရာတွင် လာရောက် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူ ခြောက်သောင်း ၊ ခုနှစ်သောင်းခန့်သည်လည်း ထွက်ခွာသွားကြ၏။ သူတို့သည် ကြီးမားသည့် တိုက်ပွဲကို ကြည့်ရှုရန် လာရောက်ကြခြင်း ဖြစ်သည်။

"တစ်ကယ်ကို တလွဲလူတွေပဲ"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ ပြီးနောက် ရုတ်တရက် ဆိုသလို သူသည် နှင်းဆီဧကရီ၏ လက်အား ဖမ်းဆွဲလိုက်၏။ "ဘာတွေ လာပွတ်နေပြန်တာလဲ"

နှင်းဆီဧကရီသည် သူ့အား မြွေတစ်ကောင် ကဲသို့ ဖက်တွယ်ထား၏။ သူမ၏ လက်တစ်ဖက်မှာ ဦးခေါင်းပေါ်တွင် ရှိနေပြီး ပွတ်သပ်နေဆဲပင်။ သူမက တီးတိုးပြောလိုက်သည်။ "ယောက်ျား ခေါင်းက လုံးလုံးလေးနော်။ ပြီးတော့ ချောမွတ်နေတာပဲ"

All Chapters