← Chapters

အခန်း (၁၁၇၂)

Vol. 79 Ch. 1172

အခန်း (၁၁၇၂)

Vol. 79 Ch. 1172

နှင်းဆီဧကရီသည် ခေါင်းတုံးမြင်တိုင်း ကြိုက်နှစ်သက်သူ တစ်ယောက်တော့ မဟုတ်ပေ။ အဓိက အားဖြင့် ကျွင်းချောင်ရှောင်း၏ ခေါင်းတုံးကိုသာ ကြိုက်နှစ်သက်သည်။ တုနန်ကဲ့သို့သော ခေါင်းတုံးမျိုးဆိုလျှင် ပွတ်ဖို့မပြောနှင့် လှည့်၍ပင်ကြည့်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်မှာတော့ သူမသည် သူမ၏ ယောက်ျားအား ပျော့ခွေနေသော မြွေတစ်ကောင် ကဲ့သို့ ရစ်ပတ်ကာ တင်းတင်းကြပ်ကြပ် ဖက်ထား၏။

ကုန်းရှန့် မည်မျှတားဆီး နေပါစေ ၊ သူမ၏ လက်သည် ဦးခေါင်းအား ပွတ်သပ်နေတော့၏။

"ဒင် …. လက်ခံသူသည် အဆင့်မြင်တင်ထားသော ဆံပင်တုအား ဝယ်ယူခဲ့သည် ။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ"

"ဒင် … ဂိုဏ်းစုဆောင်းမှတ် ခြောက်သောင်းခွဲ/ခုနှစ်သောင်း"

မည်သို့မျှ သည်းမခံနိုင်သော ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းကို သုံး၍ ဆံပင်တု တစ်ခု ဝယ်ယူကာ သူ၏ ခေါင်းပေါ်တွင် တင်ထားလိုက်တော့၏။ သို့ပေမဲ့ ဤ ဆံပင်တုသည် သူ့အား သွေးအန်အောင် ပြုလုပ်နေတော့၏။

အဘယ်ကြောင့် ဆိုသော် အဆင့်မြင့်တင်ထားသော ဆံပင်တုသည် ဆံပင် အစစ်နှင့် ခွဲခြား၍ မရအောင် တူလှသော်လည်း အချိန်အခါကို လိုက်၍ ပုံသဏ္ဍန်ပြောင်းလဲနိုင်စွမ်း ရှိ၏။ လက်ရှိအချိန်မှာတော့ သူ၏ ဆံပင်သည် ကပ္ပလီဆံပင် ကဲ့သို့ ခွေကောက်နေလေသည်။

"ဟား ဟား ဟား"

စနစ်သည် မည်သို့မျှ မနေနိုင်ပဲ အားရပါးရ ထရယ်လိုက်မိ၏။

နှင်းဆီဧကရီ မှာတော့ သဘောမတွေ့ သလို ပြောလိုက်သည်။ "ခေါင်းတုံးနဲ့ ပိုလိုက်တာကို ဘာလို့ ဒါကြီး စွပ်ထားတာလဲ"

ကျွင်းချောင်ရှောင်းသည် ရင်ထဲမှ ဖြစ်တည်လာသော ဒေါသများကို ထိန်း၍ အသာ ပြန်ပြောလိုက်၏။ "ဘာလို့လဲ ဆိုတော့ ကျုပ် သဘောမကျလို့ပေါ့"

ပြီးနောက် သူသည် သိုလှောင်လက်စွပ် အတွင်းမှ သိုင်းအရင်းအမြစ်များကို ကြည့်ရှုလိုက်သည်။

နှင်းဆီဧကရီသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ ကမ်းပေးရင်းမှ ပြောလိုက်၏။ "ကျွန်မ နှင်းဆီဧကရီက ကိုယ့်ယောက်ျားရဲ့ အကူအညီကို အလကား မယူတတ်ဘူး၊ ရော့ … ဒါကျွန်မကို ကယ်တဲ့ အတွက် ဆုလာဘ်ပဲ"

"အစ်မကြီး တကယ်ကို အလိုက်သိတာပဲ”

“ဒါပေမဲ့"

နှင်းဆီဧကရီ၏ အကြည့်များသည် အေးစက်သွား၏။ "ကျွန်မ သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

သူမသည် ကျွင်းချောင်ရှောင်းသာ ရောက်မလာပါက လာရောက်စုဖွဲ့တိုက်ခိုက်ကြသော ဂြိုဟ်ပေါင်းများစွာတို့အား တစ်ယောက်တည်း ရင်ဆိုင်ရမှာ ဖြစ်၏။ ထိုစဉ်က သူမသည် မနိုင်လျှင်တောင်မှ တစ်ဖက်လူများအနေဖြင့် ထိုက်တန်သော တန်ဖိုးကြီးကြီး ပေးဆပ်ရအောင် ပြုလုပ်ရန်တွေးထားခဲ့သည်။

"ခင်ဗျား ဘာလုပ်ချင်လို့လဲ ..."

ဤအမျိုးသမီး၏ အတွေးသည် ကျွင်းချောင်းရှောင်း၏ အတွေးနှင့် တူညီနေတော့၏။ သူတို့သည် ဂြိုလ်များဆီသို့ သွားရန် အစီအစဉ် ဆွဲတော့၏။

စနစ်သည် ပြောလိုက်သည်။ "ဒါမှ လင်မယား ပီသတာ ၊ငွေညစ်တဲ့ နေရာမှာတော့ တစ်ပုံစံတည်းပဲ "

"ဒင် … လက်ခံသူသည် အထူးတာဝန်ကို ပြည့်စုံစေခဲ့ပါသည် ဆုလာဘ်များအား တွက်ချက်နေပါသည်"

"ဒင် … လက်ခံသူသည် ချစ်ခင်နှစ်သက်သူအား ကာကွယ်ပေးနိုင်ခဲ့၏။ ထို့ကြောင့် လက်ခံသူသည် လိုအပ်ချက်များနှင် ကိုက်ညီသွားခဲ့၏။ ဂိုဏ်းစုဆောင်းမှတ် ခုနှစ်သောင်းခွဲအား ဆုလာဘ် အဖြစ် ရရှိပါသည်။ "

"ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၁၄၀၀၀၀ / ၇၀၀၀၀”

"ဒင် … ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြာင် …့"

"ဟား ဟား ဟား"

စနစ်သည် အားရပါးရ ရယ်မောလိုက်၏။ "ငါပြောသားပဲ။ ချစ်ခင်ရသူက ဒါပါဆို။ ဒီတစ်ခါတော့ ပါးရိုက်ခံ ရတဲ့ ခံစားချက်မျိုး မရတော့ဘူးကွ"

စနစ်သည် အမှန်ပင် ရယ်မောနေ၏။ သူသည် တစ်နှစ်ပတ်လုံး ပါးရိုက်ခံရသော စနစ် ဖြစ်လို့ နေ၏။ ယခု အခါမှာတော့ သူသည် လောက၏ အလင်းရောင်အား ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်၏။

ကျွင်းချောင်းရှောင်း မှာတော့ သူ၏ ကပ္ပလီ ကဲ့သို့ဖြစ်နေသော ဆံပင်တုအား ကိုင်ပြီး စိတ်ထဲတွင် အားပါးတရ အော်ဟစ်လျက် ရှိသည်။ "သူမကို ငါ့ရဲ့ မိသားစုလို့ အထူးတာဝန်ကတောင် တွက်ချက် ထားတာလား"

"ခေါင်းမာမနေနဲ့"

စနစ်က ပြောလိုက်၏။ "အမှန်တရားကို လက်ခံ လိုက်စမ်းပါ"

"ဒင် … လက်ခံသူသည် အထူးတာဝန် ဆယ့်တစ်ကို အောင်မြင်ခဲ့သည့် အတွက် နတ်ဘုရား အဆင့် ပင်ကိုယ် ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်း၊နတ်ဘုရားအဆင့် ဓားလမ်းစဉ် ဆေးရည် တစ်ပုလင်း၊စည်းဖွင့်ခြင်း အဆောင် တစ်ခု"

"ဒင် … လက်ခံသူသည် အထူးတာဝန် အဆင့်ကို အောင်မြင်ခဲ့သည့် အတွက် နတ်ဘုရားအဆင့် ပင်ကိုယ် စွမ်းရည် ပြောင်လဲခြင်း ဆေးရည် နှစ်ပုလင်း၊နတ်ဘုရား အဆင့် အစီအရင် လမ်းစဉ် ပင်ကိုစွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်း၊နတ်ဘုရား အဆင့် သက်တံ့ရောင်စဉ်ကျမ်း၊အလင်းရောင် ကုန်းမြေ တိုက်ကြီး၏ နတ်ဘုရားအဆင့် လက်နက် မြင့်တင်ခြင်း ကျောက်တုံး တစ်ခု"

သတိပေးသံ များသည် သူ၏ နားထဲတွင် ပေါ်ပေါက် လာတော့၏။ အထူးတာဝန်များ၏ ဆုများကို နှိုင်းယှဉ်လျှင် အထူးတာဝန် ဆယ့်နှစ်၏ ဆုများမှာ ပိုကောင်းလို့နေ၏။

အဘယ့်ကြောင့်ဆိုသော် အထူးတာဝန် ဆယ့်တစ်၏ အောင်မြင်မှု နှုန်းမှာ တစ်ရာ ရာခိုင်နှုန်း ဖြစ်ပြီး အထူးတာဝန် ဆယ့်နှစ်၏ အောင်မြင်မှုနှုန်းမှာ တစ်ရာ့ငါးဆယ် ရာခိုင်နှုန်း ဖြစ်၏။ ငါးဆယ်ရာခိုင်နှုန်း တိုးသွား ခြင်းသည် များပြားလှသော ဆုလာဘ်များကို ထပ်တိုး ရရှိခဲ့ခြင်း ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဆုလာဘ်များ ရှိချိန်မှာတော့ ပျော်ရွှင်လို့နေ၏။ သို့သော် သူ၏ ဆံပင်များကို ကိုင်ကာ စိတ်ပျက်လက်ပျက် ဖြစ်လို့ နေ၏။ အဘယ့်ကြောင့်ဆိုသော် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဆံပင်တု သည် ကပ္ပလီပုံစံမှ ရှေ့တစ်လက်မ နောက်ပြောင်ပုံစံသို့ ပြောင်းလဲသွားသောကြောင့်ပင်။ ဤ ဆံပင်တုသည် ခနကြာတိုင်း ပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲ၍နေ၏။

"ဝယ်မယ်၊ ဝယ်မယ်"

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် စတိုးဆီသို့ ဝင်လိုက်ပြီး နောက်မှာတော့ ပိုလျှံနေသော အမှတ်များဖြင့် လက်နက်များနှင့် သိုင်းနည်းစနစ်များအား ဝယ်ယူလိုက်သည်။

လက်ရှိအချိန်မှာတော့ အလွန်အားကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် ဓားနှင့် သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်မှ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိသွားခဲ့၏။ သူသည် ပတ်ဝန်းကျင်ရှိ ဓာတ်သဘာဝများအား ပို၍ နားလည်လာသည်။

"ငါ အဆင့်တက်သွားပြီပဲ"

စနစ်သည် ဝင်ပြောလိုက်၏။ "ပြီးတော့ ခေါင်းတုံးလည်း ဖြစ်သွားသေးတယ်..."

…………

"ဝိညာဉ် ကုန်းမြေ တိုက်ကြီးက နှင်းဆီဧကရီရဲ့ ယောက်ျားက ကျွင်းချောင်ရှောင်းဟုတ်လား၊ ကောင်းကင်ဘုံ ဒါက တစ်ကယ့်ကို သတင်းကြီးပဲ”

“သူတို့နှစ်ယောက်သာ ပေါင်းတိုက်ရင် အကုန်လုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်မယ် ထင်တယ်"

“ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်ကြီးနှင့် လင်းယွမ် ကုန်းမြေတိုက်ကြီးတို့က ဝိညာဉ်မျိုးနွယ် ကုန်းမြေတိက်တို့ကို တိုက်ခိုက်ဖို့ လုပ်ခဲ့ကြသေးတယ်။ ဒီလူတွေတော့ ပြဿနာ တက်တော့မှာပဲ"

အားလုံးဆွေးနွေးနေသည့် အချိန်မှာ ကျွင်းချောင်ရှောင်းသည် ကြက်သွေးရောင်ပင်လယ်ခံတပ်၏ အပြင်ဖက်သို့ ရောက်ရှိနေ၏။ သူ၏ ကွေးကောက်ကောက် ဆံပင်များသည် လေထဲတွင် လွင့်လို့နေ၏။ လက်ရှိ အချိန်မှာတော့ သူ၏ ဆံပင် ပုံစံမှာ မိုင်ကယ်ဂျက်ဆင် ကဲ့သို့ ဆံပင်ရှည်ရှင် လှိုင်းအကောက် ပုံစံမျိုး ဖြစ်နေ၏။

စနစ်သည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ "ပုံစံက ငါတောင် ထရိုက်ချင်စိတ် ပေါက်လာပြီ"

"မင်း တော်စမ်း"

နှင်းဆီဧကရီသည်လည်း နောက်မှ လိုက်ပါလာ၏။ သူမသည် ဤဆံပင်ပုံစံကို ကြည့်ရင်း ဆံပင်တုကို ဆွဲဖယ်ချင်စိတ်ကို မနည်း မြိုသိပ်ထားရ၏။

ဟုန်ရောင်သည် ခံတပ် အတွင်းမှ အကြီးအကဲများနှင့် အတူ ပျံသန်း ထွက်လာခဲ့၏။သူသည် ထိတ်လန့်သည့် အမူအရာဖြင့် လက်သီး ဆုပ်ကာ ပြောလိုက်သည်။ " ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်း"

"ဒီကျွင်း ပြောတာ အရင်ဆုံး နားထောင်အုံး"

ကျွင်းချောင်ရှောင်းသည် လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။ "ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးနဲ့ ခင်ဗျားတို့ အရင်တုန်းက ဘာပြဿနာမှ မရှိဘူးနော် "

“ဟုတ်ပါတယ်"

"ဒါဆို တစ်ခါတိုက်ခိုက်ပြီးတော့ ရှုံးသွားတာကို နောက်တစ်ကြိမ် ဘာလို့ ထပ်တိုက် ရတာလဲ။ ခင်ဗျားတို့မှာ လောကရဲ့ နိယာမ ဆိုတာ မရှိဘူးလား။ ကျုပ်ပြောတာ ဟုတ်တယ်မလား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

"ခင်ဗျားတို့ ဝန်ခံပြီးပြီ ဆိုတော့ ဘာဆက်လုပ်မှာလဲ"

ဟုန်ရောင်၏ မျက်နှာတွင် ချွေးစေးများဖြင့် ပြည့်သွားခဲ့၏။

ပိုက်ဆံလိုချင်တာမလား။ အပိုတွေ လျှောက်မပြောရင် ကောင်းမယ်။ ဟုန်ရောင်သည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်နေမိသည်။

ကျွင်းချောင်ရှောင်းသည် အကြောင်းပြချက်များကို ရှာကာ ပြောနေခြင်း ဖြစ်၏။ ပြီးသည့်နောက် သူသည် ရွှေရောင် တောက်ပနေသော ပေသီးကို ထုတ်၍ တွက်ချက်လိုက်၏။ "စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးကော ၊အခြား ကိစ္စတွေပါ ပေါင်းလိုက်မယ် ဆိုရင် ငါးသန်းလောက် ကျမယ်"

"ဟုတ် … ဒီမှာပါ … ကျုပ်ပေးပါ့မယ်"

နန်းတော်သခင်ဟုန်သည် ဤ နတ်ဆိုး လင်မယား ထွက်ခွာသွားစေရန် ရှိရှိသမျှ ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

"နန်းတော်သခင်ဟုန် …. အနာဂတ်မှာ အသစ်ရောက်လာတဲ့ လူတွေကို အနိုင်မကျင့်ပါနဲ့ ၊လူတိုင်းက လွယ်ကူနေတာ မဟုတ်ဘူးလေ"

ဟုန်ရောင်သည် လက်ကိုမြောက်ကာ ကျိန်ဆိုလိုက်၏။ "တကယ်လို့ ကျုပ်တို့ ကြက်သွေးရောင် ပင်လယ်ကုန်းမြေ တိုက်ကြီးက အသစ်ရောက်လာသူတွေကို အနိုင်ကျင့်ခဲ့ရင် ကျုပ်ကို မိုးကြိုးပစ်ပါစေ"

ပထမက သူသည် ကျွင်းချောင်ရှောင်းအား အနိုင်ကျင့်ခဲ့ပြီး ဒုတိယမှာ နှင်းဆီဧကရီ ဖြစ်၏။ ၎င်းတို့နှစ်ယောက်သည် သူ့အား ကြီးမားသည့် သင်ခန်းစာအား ပေးစွမ်းခဲ့ပြီ ဖြစ်၏။

သူသည် ကြက်သွေးရောင် ပင်လယ် ကုန်းမြေတိုက်ကြီး၏ ခံတပ်သခင် အဖြစ် ရှိနေသေးသည် ဆိုတောင်မှ အခြားသူများကို အနိုင်မကျင့်ရဲတော့ပေ။ ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းပြီး ပြောလိုက်သည်။ "သွားကြရအောင်"

သူ၏ နောက်မှာတော့ နှင်းဆီဧကရီသည် ပါလာခဲ့သည်။ "ယောက်ျားရဲ့ ငွေညစ်တဲ့ နည်လမ်းက အရမ်းကို ကြင်နာလွန်းတာပဲနော်၊ ကျွန်မသာ ဆိုရင် အရင်ဆုံး ရိုက်မှာ...."

ကျွင်ချောင်ရှောင်းသည် ရူးသွပ်သွားတော့မလို ဖြစ်သွားခဲ့၏။ ဤမိန်းကလေးသည် သူ့အား ယောက်ျားဟု ခနခန ခေါ်နေသည်။ ဤသည်မှာ သူ့အား စိတ်စနိုးစနောင့် ဖြစ်စေ၏။

"သည်းခံရမယ် ၊ သည်းခံရမယ်"

ငွေညစ်ရာတွင် သူမမှာ အဓိက ဖြစ်သောကြောင့်သာ ခေါ်လာခဲ့ရခြင်း ဖြစ်၏။ထိုအချိန်တွင် ရုတ်တရက် သူ၏ ဆံပင်သည် ပုံပြောင်းသွားခဲ့သည်။

ဆွစ် ….

လက်ရှိ အချိန်မှာတော့ သူသည် ဒေးဗစ်ဘက်ခမ်း ဆံပင် ပုံစံနှင့် ဖြစ်သွားသည်။ ရွှေရောင်ဆံပင် နှင့် ပိုနီတေးလ်းကို သပ်ရပ်စွာ စည်းနှောင်ထား၏။ ကျွင်းချောင်ရှောင်းသည် မျက်မှန် တပ်လိုက်ပြီး မိုးကာ အင်္ကျီကို ဝတ်ကာ ဆေးပြင်းလိပ်ကို ထုတ်၍ ခဲလိုက်၏။

“လင်းယွမ် ကုန်းမြေတိုက်ကြီးကို ရောက်ရင် ကျုပ်က ပုခုံးကို ခါလိုက်မယ် ၊ခင်ဗျားက မိုးကာ အင်္ကျီကို ဖမ်းထားလိုက်"

"ဟင် ဘာလို့လဲ"

"ပြန်မမေးနဲ့၊ ခိုင်းတဲ့အတိုင်းလုပ်"

"ကောင်းပါပြီ ….. ယောက်ျား"

All Chapters