← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

မိုးကြိုးအမတေဂူအတွင်း ဝင်ရောက်ခွင့်ပေးလို က်ခြင်းအပေါ် ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှ င်အများစု မကျေမပ်ကြသော်လည်း ကျန့်သခင် လေးကိုပင် အမှောက်သိပ်နိုင်သူဖြစ်၍ ပေါ်တင် လည်း မကန့်ကွက်ရဲကြပေ။

ဘိုးဘေးယန်မင်က ထိုပြဿနာမှာ အချိန်တန်ပြီ ဆုံးမည်ကို သိရှိနေသောကြောင့် မည်သည့်အ ပိုစကားမှ မဆိုတော့ပဲ မိုးကြိုးအမတေဂူအတွင် ဝင်ရောက်သူများစာရင်းကိုသာ ကောက်ယူလို က်သည်။

ထိုရက်များ၌ ကျိုးယန်က ဗာဂျာရာကျင့်စဥ်နဲ့ အင်မော်တယ်ချီများကို သုံး၍ ဒုတိယအသွင် ပြောင်းခြင်းအဆင့်အား တက်လှမ်းနိုင်ရန်ကြိုး စားနေခဲ့သည်။ ကိုင်ရီရီကို မြို့တော်အသစ်အား ပြန်လွှတ်လိုက်ခြင်းမှာ ပြည်ထောင်စုများ၏ အ ခြေနေကိုသိလို၍ဖြစ်ပြီး ၎င်းအနေဖြင့်မိုးကြိုး အမတေဂူအတွင်း ဝင်ရောက်ချိန် မည်သည့်ပြ ဿနာမှ မတက်လိုခြင်းဖြစ်သည်။

ထိုသို့ဖြင့် ရက်အချို့ကုန်ဆုံးသွားချိန်၌ ကျိုးလီ နဲ့ကျိုးယွမ်တို့မှာ လီနန်းတော်ဆီပြန်သွားခဲ့ကြရ သည်။ ကျိုးယန်က အခြေနေကိုထိန်းချုပ်ထား ရန် ဆန္ဒရှိပြီး အချိန်မတိုင်ခင် တချို့အရာများ ဖြစ်ပျက်သွားခြင်းက မကောင်းနိုင်ပေ။

ယန်ချင်းချင်းသည် ထိုရက်များ၌ ကျိုးယန်ကိုရံ ဖန်ရံခါလာတွေ့ခဲ့ပြီး ကျန့်သခင်လေးမှ ပစ်မှတ် ထားနေသည့်အကြောင်း အသိပေးလိုသော်လဲ ကျိုးယန်က ကျင့်ကြံရေးလုပ်နေသောကြောင့် မတွေ့ခဲ့ရပေ။

“အဖိုး… ဟိုလူအတွက် မိုးကြိုးအမတေဂူထဲမှာ အန္တရာယ်ကင်းပါ့မလား သမီးအထင်တော့ ကျန့်သခင်လေးက ကလဲ့စားပြမ်ချေဖို့များနေ တယ်”

ယန်ချင်းချင်းက အဖိုးဖြစ်သူအား စိုးရိမ်စွာအ သိပေးလိုက်သည်။

“အဖိုးတွက်ထားပြီးသားပါ မြေးနဲ့ ကောင်လေး ကျိုးတို့ မိုးကြိုးအမတေဂူထဲမှာ သေချာပေါက် အခက်ခဲကြုံနိုင်လိမ့်မယ် ဒါပေမဲ့ စိတ်မပူပါနဲ့”

ဘိုးဘေးယန်မင်က စိတ်အေးသက်သာစွာပြော လိုက်သည်။ ကျန့်လောင်၏ စိတ်ကိုသိထားသူ ဖြစ်၍ သူ့သားအပေါ် ကျိုးယန်ရဲ့ရိုက်နှက်မှုအ ကြောင်းပြကာ လက်တုန့်ပြန်မည်မှာ သေချာသ လောက်ရှိသည်။ တဖက်တွင် ယန်မိသားစုအနေ ဖြင့် အုပ်ချုပ်သူဟောင်း၏လောကအား ကာကွ ယ်ရန် ဆန္ဒရှိထားသည်။

ရှေးဟောင်းမျိုးနွယ်စုမှာ အပြင်ပန်း၌ တည်ငြိမ် နေသော်လည်း တကယ့်တကယ်တမ်းတွင်မူ ကျန့်မိသားစု ဘိုးဘေးဖြစ်သည့် မြေခွေးအိုကြီး တံခါးပိတ်ကျင့်ကြံနေ၍ ယခုလိုငြိမ်သက်နေခြ င်းဖြစ်သည်။ ထိုမြေခွေးအိုကြီးက မျိုးနွယ်စု ခေါင်းဆောင်နေရာကို ပစ်မှတ်ထားနေခဲ့သည့် မြေခွေးကြီးဖြစ်သည်။

“ဒီ တခေါက်မိုးကြိုးအမတေဂူ ကိစ္စကနေ အဖိုး တို့ရဲ့ ရှေးဟောင်းမျိုးနွယ်စု အပြောင်းအလဲကို ငါ့မြေးမြင်ရလိမ့်မယ်”

ဘိုးဘေးယန်မင်က ညင်သာစွာပြောလိုက်သည် ယန်ချင်းချင်းအနေဖြင့် ပေါ့ပေါ့ပါးပါးနေတတ် သော်လည်း မကြာမီရက်ပိုင်းက ငရဲတမန်တော် ပေါ်လာခြင်းနဲ့ဆက်စပ်၍ လောကလွှမ်းမိုးခံရမ ည့်အရေးကို သူမ၏ အဖိုးတယောက် စိတ်ပူနေ သည်ကို သတိပြုမိသည်။

တဖက်ရှိ ကျိုးယန်လာရောက်ခြင်းက ထိုအချင် အရာကြောင့်မှန်း သိရှိသွားချိန်၌ သူမက ကျိုး ယန်အပေါ် အမြင်ကောင်းအချို့ ရှိထားပြီးဖြစ် သည်။ မည်သည့်ဧကရာဇ်က ထိုကိစ္စကိုကျိုးယ န်ကဲ့သို့ ဆန္ဒရှိနေသနည်း။ လုံးဝမရှိပေ။

အားကောင်းသည့် တဖက်သူများကို ရင်ဆိုင်ရ ချိန်၌ အများစုက မိမိနေရာမပျက်ယွင်းစေရန် အတွက် အညံ့ခံရန်သာ ဆန္ဒရှိကြပြီး လောကပျ က်သုန့်ခြင်းအရေးက ၎င်းတို့ဘဝနဲ့ယှဥ်လျင်အ ရေးမပါပေ။

“သမီးအနေနဲ့ ဒီရက်အတွင်း အပြင်းအထန်လေ့ ကျင့်ဖို့ လိုလိမ့်မယ် အဖေတို့က တခြားမိသားစု တွေလို သမီးနဲ့ကောင်လေးကျိုး တို့အတွက်သ က်တော်စောင့်တွေ ထည့်ပေးဖို့အစီစဥ်မရှိဘူး ဘာလို့လဲဆိုတော့ သမီးတို့အထဲဝင်ချိန် အခက် ခဲတွေ့တာက သမီးတို့ကိုပိုရင့်ကျက်စေလိမ့်မယ် လို့ အဖေထင်လို့ပဲ”

ယန်ချန်းက သမီးဖြစ်သူကို အသိပေးလိုက်သ ည်။ မူလက ယန့်ကျန်းထန်းကို ထည့်လိုက်ချင် သော်လည်း ကျန့်လောင်၏ ယခုရက်ပိုင်းလှုပ် ရှားမှုများက သက်ာမကင်းစရာဖြစ်လာသော ကြောင့် မတော်တဆ တခုခုသာ ဖြစ်ပွားလာပါ က ကျန့်လောင်တို့အင်အားစုကို ရင်ဆိုင်ရာ၌ ခွ န်အားရှိထားရန်ဖြစ်သည်။

မိုးကြိုးအမတေဂူအတွင်းကိုတော့ လျှို့ဝှက်နည် ဖြင့် ယန်ကျန့်ထန်ကို ပို့ခြင်းက အဖြေမဟုတ်ဟု ဘိုးဘေးယန်မင်က ယူဆနေသည်။

“အဖေ ဒီတကြိမ်မှာ တုမိသားစုနဲ့ ကျန့်မိသားစု တို့က လူငယ်တွေပဲ လွှတ်ပါ့မလား”

ယန်သခင်မကြီးရဲ့ စိုးရိမ်နေမှုကို ဘိုးဘေးယန်မ င်က သတိပြုမိသည်။

“ယန်အာ သူတို့ရဲ့ ရည်ရွယ်ချက်က မိုးကြိုးအမ တေဂူ မဟုတ်ဘူး”

ဘိုးဘေးယန်မင်က ထိုမျှသာ ပြောသော်လည်း ယန်လင်မယားကမူ တွက်ဆနိုင်သောကြောင့် စိ တ်ရှုပ်ထွေးသည့် အမူအရာဖြစ်သွားတော့သည်

ထိုအချိန် ကျန့်မိသားစုအိမ်တော်၌ ကျန့်လောင် က လူတစုနဲ့ အကျိတ်အနယ် ဆွေးနွေးနေသည် အကြောင်းမှာ ကျိုးယန်တယောက် မိုးကြိုးအမ တေဂူအတွင်း ဝင်ရောက်ချိန်၌ လက်စဖျောက် ရန်ဖြစ်ပြီး ကျန့်လောင်နဲ့အတူ ဆွေးနွေးနေသ ည့် လူမှာ ကျိုးယန်၏ မိတ်ဆွေဟောင်းကြီးဖြစ် သည့် ရှမိသားစုခေါင်းဆောင်ဖြစ်သည်။

“ခင်ဗျားပြောပုံအရဆို ကျိုးယန်က ကျုပ်တို့ရဲ့ ခြေလှမ်းတွေကို ရိပ်မိလို့ ခင်ဗျားတို့ကိုလာသိမ် သွင်းတာပဲ ဖြစ်မယ် ဒါပေမယ့် ကျုပ်နားမလည် တာက ဘိုးဘေးယန်မင်ရဲ့ သဘောထားပဲ”

ရှမိသားစုခေါင်းဆောင်က ပြောသည်။ သူနဲ့အ တူ တမန်တော်ဖွဲ့မှ ထိပ်တန်းကျင့်ကြံသူအချို့ ရှိနေပြီး ထိုအထဲမှ ၃ဦးကတော့ မိုးကြိုးအမ တေဂူအတွင်း ကျန့်သခင်လေးနဲ့အတူ ဝင်ရော က်ကြမည်ဖြစ်သည်။

……………………………………………….

All Chapters