← Chapters

အခန်း (၂၅၇)

Vol. 18 Ch. 257

အခန်း (၂၅၇)

Vol. 18 Ch. 257

“ဟမ့် အဲ့အဘိုးကြီးက အရှင်မရဲ့သစ္စာတော်ခံ ဖြစ်ချင်နေတာလေ ဒီလောက်စုတ်ပျက်နေတဲ့ လောကတခုကို ဖက်တွယ်ချင်နေတာ”

ကျန့်လောင်က မကျေမနပ်အမူအရာဖြင့် ဘိုး ဘေးယန်မင်ကို အပြစ်တင်လိုက်သည်။ သူက တမန်တော်များအဖွဲ့ထံမှ ပို၍အဆင့်မြင့်သည့် လောကတခုထံ သွားရောက်ခွင့်ရမည့်အရေးကို မျှော်လင့်နေပြီး မကြာခင်က ရှမိသားစုခေါင်း ဆောင်ပေးအပ်သည့် အရင်းအမြစ်များကြောင့် ရှေးဟောင်းခန္ဓာကျင့်စဥ်မှာလည်း သတ္တမအဆ င့်ထိ ရောက်ရှိသွားခဲ့သည်။

ရှေးဟောင်းခန္ဓာကျင့်စဥ်ကို အဆင့်ကိုးဆင့်ခွဲ ထားပြီး လက်ရှိဘိုးဘေးယန်မင်က အဆင့်၈ထိ အောင်မြင်ထားသူဖြစ်ကာ အဆင့်၇ အောင်မြင် ခြင်းက ယန်ချန်းနဲ့အဆင့်တူ ဖြစ်ရုံသာမက တု မိသားစုခေါင်းဆောင်ထက်ပင် အနည်းငယ်သာ လွန်သည်ဟု ဆိုနိုင်သည်။

ဟုတ်ပေသည်။ ကျန့်မိသားစုရဲ့ဘိုးဘေးမှာ တံ ခါးပိတ်ကျင့်ကြံနေပြီး အောင်မြင်ပါက ရှေး ဟောင်းခန္ဓာကျင့်စဥ်ရဲ့ နောက်ဆုံးအဆင့်ကိုရ ရှိမည်ဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်စု၌ အမြင့်ဆုံ ခွန်အားကိုလည်း ပိုင်ဆိုင်နိုင်ပေမည်။ သို့သော် ထိုအရာက ပြောသလောက်မလွယ်ပေ။ ခန္ဓာကျ င့်စဥ်များအတွက် လိုအပ်သည့်ရတနာများက ရှားပါးပြီး တန်ဖိုးကြီးသည်။

ထို့ကြောင့် ရှမိသားစုခေါင်းဆောင် ဝင်ရောက် လာချိန်၌ ရေကန်အသင့်ဖြစ်သွားခဲ့ရပြီး တမန် တော်များအဖွဲ့နဲ့ ဆက်စပ်သည့် ငရဲတမန်တော် အကြောင်း ဘိုးဘေးယန်မင် ပြောဆိုလာချိန်၌ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ရှမိသားစုခေါင်းဆောင်က သေတ္တာငယ်လေးတ လုံး ထုတ်ယူကာပေးလိုက်သည်။

“ဒါက နှစ်တထောင်မြေသစ်သီးပဲ ရုပ်ပိုင်းဆိုင် ရာကျင့်ကြံရေးအတွက် အထောက်ကူပြုနိုင်တ ယ် ခင်ဗျားရဲ့ဘိုးဘေးကိုသာ ဒီသစ်သီးပေးလို က်ရင် သူ့ရဲ့ကျင့်ကြံမှုကို အကူညီဖြစ်စေမှာသေ ချာတယ်”

ကျန့်လောင်က သေတ္တာငယ်လေးကို တုန်ယင် စွာ လှမ်းယူလိုက်သည်။ နှစ်တထောင်ဆိုသည် မှာ မြေသစ်သီး၏ အကန့်အသတ်ဖြစ်ပြီး ထိုနှစ် မကျော်လွန်ခင် အသုံးပြုမှသာ စွမ်းအားအပြ ည့်အဝ ရမည်ဖြစ်သည်။

“ကေျး ဇူးတင်ပါတယ် အစ်ကိုရှ စိတ်ချပါ ကျု ပ်တို့ ကျန့်မိသားစုက တမန်တော်များအဖွဲ့ကိုအ စွမ်းကုန် ကူညီမှာပါ”

ကျန့်လောင်ရဲ့စကားကို ကြားလျင် ရှမိသားစု ခေါင်းဆောင်က ပြုံးလိုက်ပြီး

“ဒီလောက်က စကားထဲထည့်ပြောနေစရာမလို ပါဘူး မိုးကြိုးအမတေကိုသာ ရခဲ့ရင်ကျုပ်တို့ ဆီအပ်လိုက်ပါ ဒီထက်ပိုကောင်းတဲ့အရင်းအမြ စ်တွေရဖို့ အထက်ကို ကျုပ်ကပြောပေးပါ့မယ်”

ရှမိသားစုခေါင်းဆောင်ရဲ့စကားက ကျန့်လောင် ကိုစိတ်ကျေနပ်သွားစေသည်။

“ယန်ချန်း…ယန်ချန်း.. မကြာခင်မင်းရဲ့နေရာကို ငါရတော့မှာပါ အဲ့ဒီခါကျ ယန်ယန်ကိုပါ ငါသိမ်း ပိုက်ပြမယ်ကွ ဟားးး”

ကျန့်လောင်ရဲ့စိတ်ထဲ ကျေနပ်ရွှင်မြူးနေပြီး မိုးကြိုးအမတေ ဂူအတွင်းမှ မိုးကြိုးအမတေကို သာ တမန်တော်များအဖွဲ့ထံ အပ်နှံပြီးပါက ရရှိ လာမည့်အရင်းအမြစ်များကို သုံး၍ ရှေးဟောင် မျိုးနွယ်စုကို ထိန်းချုပ်မည်ဖြစ်သည်။ ထိုအတွ က်ကိုလည်း တမန်တော်များအဖွဲ့က ကူညီပေးမ ည်ဟု ကတိပေးလာသောကြောင့် မည်သည့်အ ရာကများ သူ့အိပ်မက်ကိုခက်ခဲစေတော့ မည်နည်း။

“အဖေ ဒီရက်ပိုင်း လူစိမ်းတွေမြို့ထဲအဝင်စိပ် နေတယ် ပုံမှန်ဆိုလုံခြုံရေးတာဝန်ယူတဲ့ ကျန့်မိ သားစုက စီစစ်ရမှာမဟုတ်လား အခုသူတို့ငြိမ် ချက်သားကောင်းနေတာကို ကျတော်မသက်ာ ဘူး”

ယန်ချန်းက ဘိုးဘေးယန်မင်ကို ပြောလိုက်သ ည်။ ဘိုးဘေးယန်မင်က

“ငါသတိထားမိတယ် အဲ့ထဲကလူအများစုက ငါ တို့ကို အခက်တွေ့စေမယ့် တမန်တော်အဖွဲ့ကလူ တွေပဲ”

ဘိုးဘေးယန်မင်မှာ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူ ဖြစ်သော်လည်း စိတ်စွမ်းအင်အရာ၌ ပါရမီရှိသူ ဖြစ်သည်။ ရှေးဟောင်းမြို့တော်တခုလုံးအား သူ့အနေဖြင့် ခြုံငုံထားရန်မခက်ပေ။ ထို့ကြောင့် ရှမိသားစုခေါင်းဆောင်၏ အဝင်အထွက်ကိုသ တိပြုမိသော်လည်း ဒီတိုင်းကြည့်နေသည်။

“ဒါဆို တခုခုမဖြစ်ခင် ​ဖြေရှင်းရမယ်မဟုတ် လား”

ယန်ချန်းက စိုးရိမ်တကြီးပြောလာသည်။

“မလိုသေးဘူး ကျန့်လောင်နဲ့အဲ့ဒီလူတွေကြား အဆက်ဆံကို ငါစောင့်ကြည့်နေတယ် ခုချိန်ဝင် ပါလိုက်တာက အခြေနေကိုရှုပ်ထွေးသွားစေပြီး ကျန့်လောင်ရဲ့မျက်နှာဖုံးကို ခွာချနိုင်မှာမဟုတ် ဘူး”

ဘိုးဘေးယန်မင်က အရာအားလုံးကို လွှတ်ထား ပြီး တဖက်လူများ လှုပ်ရှားမည့်အကွက်ကို လေ့ လာနေခြင်းဖြစ်သည်။ ကျန့်လောင်ရဲ့ ရည်ရွယ် ချက်က မျိုးနွယ်စုခေါင်းဆောင်နေရာ ဖြစ်နေခဲ့ လျှင် တမန်တော်များအဖွဲ့က မည်သည့်အရာကို လိုချင်နေသနည်း။

မကြာမီ ဖွင့်လှစ်မည့် မိုးကြိုးအမတေဂူထဲသို့ ထိုလူများ ဝင်ရောက်နိုင်ချေရှိကာ မြေးမလေး အတွက် စိတ်ပူမိသော်လည်း သူ့အနေဖြင့်အကြီ အကဲအချို့သာ ထည့်ပေးပြီး သတိပြုမိစေနိုင် သည့် မည်သည့်အပြုအမူမှ ပြုလုပ်၍မရပေ။မ ဟုတ်ပါက ကျန့်မိသားစု သတိပြုမိသွားနိုင်သ ည်မဟုတ်လား။

မိုးကြီးအမတေဂူအတွင်းသို့ ဝင်ရောက်ခွင့်မှာ မိ သားစုတခု၌ ၅ဦးသက်မှတ်ထားပြီး ကျိုးယန် ယန်ချင်းချင်း အကြီးအကဲကျန်းနဲ့အတူ အခြား အကြီးအကဲ နှစ်ဦးပါဝင်မည်ဖြစ်ကာ တုမိသား စုကတော့ တုထုနန်ကိုစောင့်ရှောက်ရန် တုမိသာ စု၏ အကြီးအကဲ၃ဦးနဲ့အတူ အခြားပါရမီရှင်တ ဦးကို စေလွှတ်မည်ဖြစ်သည်။

ကျန့်လောင်ပေးပို့ထားသည့် စာရင်း၌ ကျန့်သခ င်လေးအပါအဝင် ပါရမီရှင်၃ဦးနဲ့ အကြီးအကဲ နှစ်ဦးဟု ဆိုထားသည်။ ရှေးဟောင်းမျိုးနွယ်စု၌ တု ယန် ကျန့် မိသားစုသုံးခုအပြင် အခြားမိသာ စုငယ်လေးများကလဲ ၃ဦးစီထပ်မံစေလွှတ်မည် ဖြစ်သောကြောင့် စုစုပေါင်း အယောက်၃၀ဖြစ် သည်။

ကျန့်လောင်မှာ တမန်တော်များအဖွဲ့ကို အထဲစေ လွတ်နိုင်တဲ့ ရတနာအချို့ရှိနေတာလား။

ဘိုးဘေးယန်မင်က အခြေနေကိုတွက်ဆနေသ ည်။ မိုးကြိုးအမတေဂူမှာ တားမြစ်ချက်မရှိပဲ မျိုးနွယ်သုစည်းမျဥ်းအရ လူဦးရေကန့်သတ်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ဂူအတွင်းဝင်ရောက်ရ န် နည်းလမ်းများစွာ ရှိထားခြင်းကြောင့် ယခင် အကြိမ်များက တု ယန် ကျန့် မိသားစုကြီးသုံးခု မှာ အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

ဘိုးဘေးယန်မင်၌လည်း နည်းလမ်းများရှိထား သည်။ တုမိသားစု၌လည်း ထိုနည်းတူပင်။ မိ သားစုကြီး ၃ခုက ကျိတ်၍ ယှဥ်ပြိုင်နေသည်မ ဟုတ်လား။

…………………………………………………

All Chapters