အခန်း (၂၅၈)
Vol. 18 Ch. 258
တုထုနန်တယောက် တုမိသားသုအိမ်တော်၌ အ ပြင်းအထန်လေ့ကျင့်နေသည်။ မကြာသေးမီက ကျန့်သခင်လေးကို ရှုံးနိမ့်ခဲ့ရသောကြောင့် စိတ် ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရပြီး မကြာမီဖွင့်လှစ်မည့် မိုးကြိုးအမတေဂူအတွင်း ဝင်ရောက်မည့်အပေါ် ဖိအားအချိုအရှိနေခဲ့သည်။
သူက ရှေးဟောင်းခန္ဓာကျင့်စဥ် အဆင့်၆၏ အ ဆင့်မြင့်အဆင့်ကို ချိုးဖြတ်လိုသည်။ ထိုမှသာ ကျန့်သခင်လေးကို ရင်ဆိုင်ရာ၌ အဆင်ပြေမည် ဟု ထင်နေခဲ့သည်။
ဟူး… မိုးကြိုးအမတေဂူ မဖွင့်မီအဆင့်မြင့်ကို ရောက်ပါ့မလားပဲ။ တုထုနန်တယောက်သက်ပြ င်းချလိုက်မိသည်။ တုစစ်က ရင်းမြစ်များပေး၍ ကျင့်ကြံစေသော်လည်း တုမိသားစုပိုင်ဆိုင်သ ည့် အရင်းအမြစ်များက အကန့်အသတ်ရှိထား သည်။ သူတဦးတည်းမောင်ပိုင်စီး ကျင့်ကြံလိုစိ တ်မရှိပေ။
ထို့ကြောင့်လည်း တုထုနန်၏ ကျင့်ကြံမှုကနှော င့်နှေးပြီး မိုးကြိုးအမတေဂူအတွင်းမှာ နောက် တဖန်ရတနာများ ထပ်မံရလာရန်သာ မျှော်လင့် နေမိသည်။
ဒါနဲ့ အဖေပြောတဲ့ ဗာဂျာရာကျင့်စဥ်ဆိုတာ ဘာ များလဲ။ တုထုနန်က ပြိုင်ပွဲကွင်း၌ရှိနေစဥ် တု စစ်တယောက် အမှုမဲ့အမှတ်မဲ့ ပြောထွက်လာသ ည့်ကျင့်စဥ်ကို သူမှတ်မိနေခြင်းဖြစ်သည်။ ထို အရာ ဧကရာဇ်တဖြစ်လဲ ကျိုးယန်၏ ရုပ်ပိုင်း ဆိုင်ရာ ကျင့်ကြံရေးနည်းလမ်းများလား။
ထိုစဥ် တုထုနန်ရှိရာသို့ တုလင်တစ်ယောက်ရော က်ရှိလာသည်။
“ကောင်လေး ကြိုးစားလှချည်လားကွ”
တုလင်ကတုထုနန်ကို စနောက်လိုက်သည်။ သူ့ ၌ တူ တူမများစွာရှိသော်လည်း တုထုနန်ကိုသာ အချစ်ဆုံးဖြစ်သည်။ တုထုနန်က စကားသံကို ကြား၍ အနောက်လှည့်ကြည့်လိုက်သည်။ တု လင်ကိုမြင်လျင် ဝမ်းသာအားရ နှုတ်တက်လို က်သည်။
“ဦးလေးပါလား ဘယ်ကလှည့်ဝင်လာတာလဲ”
တုထုနန်၏အမေးကို တုလင်က ပြုံး၍
“မင်းဆီပဲ တမင်ဝင်လာတာ ဘယ်လိုလဲမိုးကြိုး အမတေဂူထဲဝင်ဖို့ အသင့်ဖြစ်ပြီးလား”
“ဟုတ်ကဲ့ ဖြစ်ပါပြီ”
“ကောင်းတယ်”
တုလင်က ပြောလိုက်ပြီး လေ့ကျင့်ရေးခန်းမ၏ ထိုင်ခုံတခု၌ အသာဝင်ထိုင်လိုက်သည်။ တုထုန န်ကလည်း ဦးလေးဖြစ်သူရဲ့ အမူအရာကိုကြည့် ၍ မိမိကို ပြောစရာရှိနေမှန်း ရိပ်စားမိသော ကြောင့် ဦးလေးဖြစ်သူနဲ့ ကပ်လျက်ခုံ၌ ထိုင်သ ည်။
“ဦးလေး ဘာများပြောစရာရှိနေလို့လဲ”
တုထုနန်က လက်ဖက်ရည်တခွက် ငှဲ့ပေးရင်း မေးလိုက်သည်။
“ဒီတကြိမ် မိုးကြိုးအမတေဂူထဲ ဝင်တာကအရ င်အကြမ်တွေလို မဟုတ်တော့ဘူး မင်းအထူးသ တိထားရလိမ့်မယ်”
“ဘာအတွက်လဲ ဦးလေး”
တုလင်က တုထုနန်ရဲ့အမေးကို ပြန်ဖြေသည်။
“သိပ်မကြာခင်က ငါတို့မြို့တော်ကို လူစိမ်းတွေ အတော်များများဝင်လာတာ သတိထားမိတယ် အဲ့အတွက် ယန်ဘိုးဘေးက ငါ့ဆီအကြောင်းလှ မ်းကြားပြီး စောင့်ကြည့်ဖို့အကူညီတောင်းလို့ငါ စောင့်ကြည့်နေခဲ့တာ ကျန့်လောင်ရဲ့ လှုပ်ရှားမှု က မသက်ာစရာကောင်းနေတယ်”
“မသက်ာစရာဟုတ်လား လူစိမ်းတွေနဲ့ဆက်စပ် နေလို့လား”
“အမှန်ပဲ ဒီခေါက်ကျန့်မိသားစုက မိုးကြိုးအမ တေဂူထဲမှာ မင်းနဲ့ချင်းချင်းလို ပါရမီရှင်လူငယ် တွေကို ရှင်းလင်းဖို့ ဖြစ်နိုင်တယ် အထူးသဖြင့် ကျိုးယန်ဆိုတဲ့ ကောင်လေးကိုပဲ”
ကျိုးယန်ကိုလား သူက ဧကရာဇ်မဟုတ်ဘူး လား။ လက်ရှိသတင်းများအရ ကျိုးပြည်နယ်ရဲ့ ခွန်အားမှာ ကြောက်ခမန်းလိလိဖြစ်နေသည်ဟု သတင်းရထားပြီး ကျိုးယန်ကိုရှင်းလင်းရန်ကြို စားခြင်းက ကျိုးပြည်နယ်ကိုစစ်ပွဲစခြင်းနဲ့ပင် တူမနေဘူးလား။
“မင်းတွေးနေတာ ငါသိတယ် သူတို့ရဲ့တကယ့်ရ ည်ရွယ်ချက်က ကျိုးယန်နဲ့တင်မပီးဘူး ငါတို့ရဲ့ လူငယ်မျိုးဆက်တွေကို အပြတ်ရှင်းပြီး မျိုးနွ ယ်စု ခေါင်းဆောင်နေရာကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ် ဒါပေမယ့် ငါတွေးမရတာက ဘာ အတွက် မိုးကြိုးအမတေဂူထဲကို အဲ့ဒီလူတွေဝင် ချင်တာလဲ တခြားအကြောင်းရှိရမယ်”
တုလင်ရဲ့စကားအဆုံး၌ တုထုနန်က
“ကျိုးဧကရာဇ်ကို ရှင်းဖို့ဆို အဲ့ဒါကြောင့်မဟုတ် ဘူးလား”
“အဲ့ထက်ပိုနိုင်တယ် ငါ့အထင် မိုးကြိုး…”
“မိုးကြိုးအမတေ..”
တုထုနန်က အထိတ်တလန့်ဖြင့် ဖြတ်ပြောလိုက် သည်။
“ဦးလေးနဲ့ အဖိုးယန်မင်တို့ ဒီအကြောင်းတွေသိ နေတာပဲ ဖြေရှင်းလို့မရဘူးလား”
တုထုနန်၏ စကားကိုကြားလျင် တုလင်ကသက် ပြင်းချလိုက်သည်။ ပြီးနောက်
“တဖက်က ရည်ရွယ်ချက်ကို ငါတို့မသိရသေး ဘူး ဒီအတွက်စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်”
“မဟုတ်သေးဘူး ယန်သခင်မလေးလည်း ဝင်မ ယ်ဆိုရင် ပြဿနာရှိနိုင်တယ်လေ သူတို့ဒီအတို င်း ခွင့်ပြုတယ်တဲ့လား”
တုထုနန်က နားမလည်တော့ပေ။ ကျန့်မိသားစု နှင့် လူစိမ်းများ၏ လှုပ်ရှားမှုကိုစောင့်ကြည့်ခြင် အပေါ်နားလည်းသော်လည်း မြေးအရင်းဖြစ်သူ အတွက် ဒီတိုင်းစေလွှတ်ခြင်းက နားလည်ရခ က်နေသည်။
“သူ့မြေးမအတွက် သူ့မှာအစီစဥ်ရှိပြီးသားဖြစ် မှာပါ ငါတို့အတွက်ပဲ အရင်စီစဥ်ရမယ် မင်းနဲ့ တုမင်တို့နှစ်ယောက်ကို စောင့်ရှောက်ဖို့အကြီး အကဲ၃ဦး ငါစီစဥ်ပေးထားတယ် သူတို့က လက် ရှိ အဆင့်၆ ထိပ်ဆုံးအဆင့်တွေပဲ သူတို့၃ယော က်ပူးပေါင်းရင် သာမန်အဆင့်၇ လောက်က အ သာအယာဖြေရှင်းနိုင်လိမ့်မယ်”
တုထုနန်က တုလင်ရဲ့စကားကို ခေါင်းညိတ်၍ လက်ခံလိုက်သည်။ အဆင့်၆ အကြီးအကဲ၃ဦး ထည့်ပေးခြင်းက တုမိသားစု၏ အင်အား၃ပုံ၁ပုံ ဖြစ်သည်။ ထိုထက်ပိုထည့်၍ မရတော့ပေ။ အ ထူးသဖြင့် ကျန့်မိသားစု၏ အခြေနေကိုစောင့် ကြည့်ရန် အင်အားလိုအပ်နေသည် မဟုတ်လား
“ဒါနဲ့.. ဦးလေးကိုတခုမေးစရာရှိတယ်”
“ဘာမေးမလို့လဲ.. မေးလေ”
တုထုနန်က လေးနက်သည့်အမူအရာဖြင့် ပြော လိုက်သည်။
“ဗာဂျာရာကျင့်စဥ်ဆိုတာကို ဦးလေးကြားဖူးသ လား”
တုလင်တယောက် လေးနက်သွားသည်။
“ဗာဂျာရာကျင့်စဥ် ဟုတ်လား အဲ့ဒါကိုမင်းဘယ် ကသိခဲ့တာလဲ”
သေချာပြီ သူ့ဥိီးလေးရဲ့ အမူအရာအရ ထိုကျင့် စဥ်ကို သိလောက်သည်။ တုထုနန်တယောက် အားတက်သရောဖြစ်သွားရသည်။ ထိုကျင့်စဥ် က အလွန်အားကောင်းမည့် အသွင်ရှိပြီး အဆင့် ၆ အစောပိုင်းအဆင့်ရှိ ကျန့်သခင်လေးကိုပင် ဖိနှိပ်နိုင်ခဲ့သည် မဟုတ်လား။
………………………………………………….