← Chapters

အခန်း (၂၅၉)

Vol. 18 Ch. 259

အခန်း (၂၅၉)

Vol. 18 Ch. 259

တုလင်တယောက် မှင်သက်နေသည်။ ဗာဂျာရာ ကျင့်စဥ်ဆိုသည်က လူသားမျိုးနွယ်၏ တားမြ စ်ကျင့်စဥ်တခုဖြစ်ပြီး ထိုကျင့်စဥ်ကိုနတ်ဘုရား တပါးမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဗာဂျာရာကျင့်စဥ်မှာ ရှေးဟောင်းခန္ဓာကျင့်စဥ် ကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်တခုဖြစ်ပြီးမ တူညီသည့်အချက်က သားရဲ လူသားမရွေးအ ဆိုပါကျင့်စဥ်ကို ကျင့်ကြံနိုင်သည်။ ထို့အပြင် ကျင့်စဥ်မှာ အလွန်တရာခက်ခဲပြီး မှတ်တမ်းအ ရ ရှေးဟောင်းခန္ဓာကျင့်စဥ်ထက်ပင် ပိုခက်ခဲသ ည်ဟု သူဖတ်ဖူးပေသည်။

“ကွင်းပြင်ကျယ်တိုက်ပွဲတုန်းက ဧကရာဇ်ကျိုးရဲ ရုပ်ပိုင်းဆိုင်ရာကို အဖေက ဗာဂျာရာကျင့်စဥ်လို့ အမှတ်တမဲ့ ရေရွတ်လိုက်တာ ကျတော်ကြားမိ တယ်”

ဧကရာဇ်ကျိုးယန်ကလား။ တုလင်တယောက် ထိုအရာကို မထင်မှတ်ထားပေ။ သူသာ အဆိုပါ တိုက်ပွဲကွင်းပြင်၌ ရှိခဲ့လျင် သတိပြုမိမည်ဖြစ် သည်။

“အင်း… ဧကရာဇ်ကျိုးယန်ဆိုတဲ့ကောင်လေးက တကယ့်ပါရမီရှင်ပဲ ဒါကြောင့်လည်း အရှင်မက သူ့ကို ရွေ့ချယ်လိုက်တာဖြစ်မယ် ဒါနဲ့ယန်ဘိုး ဘေးကကော အဲ့ဒါကို သိထားနိုင်လား”

တုလင်တယောက် တီးတိုးရေရွတ်လိုက်သည်။ ဘိုးဘေးယန်မင်နဲ့ အဆက်သွယ်ရှိထား၍ ငရဲတ မန်တော်ပြဿနာကို အနည်းငယ်သိထားသည့် အပြင် အုပ်ချုပ်သူဟောင်း၏ အမွေအနှစ်အချို ရထားကြောင်းကိုလည်း သိခွင့်ရခဲ့သည်။

ထိုအချက်က ကျိုးယန်ကိုယုံကြည်ပြီး ပူးပေါင်း ရသည့် အဓိကအချက်ဖြစ်သည်။ သို့သော်လဲ တကိုယ်ကောင်းစိတ်များပြီး ကောက်ကျစ်တတ် သည့် ကျန့်မိသားစုကတော့ မတူညီပေ။ ယခုဆို လျင်တကယ့်ရန်သူများနဲ့ပါ ပူးပေါင်း၍မျိုးနွယ် စုကို တုန့်ပြန်ရန်စီစဥ်နေလေသည်။

“ငါတို့ ဒီရက်ပိုင်းကစပြီး သတိထားရလိမ့်မယ် မြို့တော်အဝင်အထွက်ကို သေချာစစ်ဆေးတဲ့ ကျန့်မိသားစုက ပေါ့လျော့နေတာက မကောင်း တဲ့ရည်ရွယ်ချက်တွေပါတယ် မိုးကြိုးအမတေဂူ ထဲမဝင်ခင် အိမ်တော်ရဲ့အပြင်ကို မထွက်နဲ့”

တုလင်က တူဖြစ်သူအား အလေးအနက်မှာကြာ လိုက်သည်။ မြို့တော်၏အခြေနေမှာ ရှုပ်ထွေး စပြုနေပြီး မကောင်းသည့်အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။ မကြာမီ မိုးကြိုးအမတေ ဂူဖွက့်လှစ်မည့်သတင်းကြောင့် မိသားစုငယ် လေးများမှာတက်ကြွနေပြီး ထိုအထဲမှပါရမီရှင် များ ကြားညှပ်ကာပေးဆပ်ရမည်ကို တုလင်တ ယောက်စိုးရိမ်နေခဲ့သည်။

“ကျတော်သိပါပြီ အခွင့်အရေးရရင်တော့ ဧက ရာဇ်ကျိုးယန်နဲ့ စကားပြောချင်သေးတယ်”

တုထုနန်က ပြောလိုက်သည်။ တုလင်ကပြုံး၍

“မပူပါနဲ့ ဂူထဲရောက်ရင် မင်းတို့ဆုံမှာပါအဲ့ခါကျ အပြန်အလှန်စောင့်ရှောက်ပြီး ဂူထဲကနေသက် မှတ်ချိန်အတွင်း ပြန်ထွက်လာခဲ့”

ထိုအချိန် ကျိုးယန်တယောက် ဗာဂျာရာကျင့်စ ဥ် စတုတ္ထအဆင့်ကို ပြီးပြည့်စုံနေပြီး လက်ရှိခွန် အားအရဆိုလျှင် ကျန့်သခင်လေးဆိုသူအား အ သာဖိနှိပ်နိုင်နေပြီ ဖြစ်သည်။ ထို့အပြင် အုပ်ချု ပ်သူဟောင်း၏ အမွေဖြစ်သည့် အင်မော်တယ် ချီအချို့ကြောင့် ဒုတိယအသွင်ပြောင်းခြင်းအ ဆင့်ကလည်း နီးကပ်နေပြီး မိုးကြိုအမတေဂူအ တွင်း၌ မိုးကြိုးအပစ်ဒဏ်ခံယူရင် ကောင်းမည် လားဟု တွေးနေမိသည်။

ဒင်!

စနစ်မှတာဝန်တခု ချမှတ်ပေးပါမည်။ မိုးကြိုး အမတေဂူထဲမှ မိုးကြိုးအမတေကို အရယူပါ သက်မှတ်ကာလ မိုးကြိုးအမတေဂူ ဖွင့်လှစ်သ ည့်အချိန်အပိုင်းအခြား။

ဆုလာဒ်… ရှေးဟောင်းခန္ဓာကျင့်စဥ်

ဟမ်… စနစ်ကတာဝန်ပေးတာလား နောက်ပြီး ရှေးဟောင်းခန္ဓာကျင့်စဥ်ကို ဆုလာဘ်အနေနဲ့ တကယ်ကြီးပေးတယ်ပေါ့။ ဒါပေမယ့်ငါ့မှာ သားရဲမျိုးဆက်သွေးမပါဘူးလေ။

ကျိုးယန်တယောက် ဆွံ့အသွားသည်။ အဆိုပါ ကျင့်စဥ်မှာ အားကောင်းသော်လည်း သူ့အနေ ဖြင့် လူသားမျိုးနွယ်ဖြစ်နေသောကြောင့် ကျင့် ကြံနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် စနစ်မှမ ည့်သည့်အတွက်ကြောင့် ပေးအပ်ရလေသနည်း ထားတော့… မကျင့်ကြ၌နိုင်လည်း အားသာချ က်အားနည်းချက် လေ့လာလို့ရတာပေါ့။

“စနစ်ရှင်တွေးနေတာက ရှေးဟောင်းခန္ဓာကျင့်စ ဥ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကိုပဲမဟုတ်လား တကယ်တော့ အဲ့ကျင့်စဥ်ကို စနစ်က သင့်တင့် အောင်ပြန်စီမံထားတဲ့အတွက် ဗာဂျာရာကျင့်စ ဥ်လိုပဲ စနစ်ရှင်လေ့ကျင့်လို့ရပါ လိမ့်မယ်”

စနစ်မှ ရှင်းပြလာသည်။ သို့သော် ကျိုးယန်က ခေါင်းယမ်း၍ ပြောလိုက်သည်။

“တော်လောက်ပြီး ရုပ်ပိုင်းဆိုင်ရာကျင့်စဥ်တွေ က လေ့ကျင့်ရခက်ခဲလွန်းတယ် နောကိတခုထပ် ပြီး မလေ့ကျင့်ချင်တော့ဘူး လေ့လာရုံလောက် ဆိုရပြီ”

“စနစ်ရှင်သဘောပါပဲ စနစ်ကတော့ အစီစဥ်အ တိုင်း ဆုလာဘ်ပေးပါမယ်”

ကျိုးယန်တယောက် ငြိမ်သက်သွားသည်။ ဗာဂျ ရာကျင့်စဥ်ကို ပဥ္စမအဆင့်ထိ မြင့်တက်နိုင်ရန် ဒုတိယအသွင်ပြောင်းခြင်းအဆင့် ရောက်ရမည် ဖြစ်ပြီး တတိယအသွင်ပြောင်းခြင်းအဆင့်က ကိုယ်တွင်းကမ္ဘာတည်ဆောက်ခြင်းဖြစ်၍ သူ့အ တွက်ခက်ခဲနိုင်သည်။ ထိုသို့ဆိုလျှင် ရှေးဟောင် ခန္ဓာကျင့်စဥ်ကို အစားထိုးကျင့်ကြံရမည်လား။ မဖြစ်နိုင်ပေ။

“စနစ် မိုးကြိုးအမတေက မိုးကြိုးနိယာမကိုလေ့ လာရာမှာ အသုံးဝင်လား”

ကျိုးယန်ရဲ့အမေးကို စနစ်မှ

“သေေချာတာပေါ့ မိုးကြိုးအမတေဂူကို ရှေး ဟောင်းမျိုးနွယ်က သူတို့ဏဲ့မူလ လောကကနေ သယ်လာခဲ့တယ် ဒါပေမယ့်အကြိမ်ပေါင်းများ စွာဝင်ခဲ့တာတောင် မိုးကြိုးအမတေကို မရကြ သေးဘူး”

“ဒါဆို ငါကဘာကြောင့် ရနိုင်ဖို့အခွက့်အလမ်းရှိ နေမှာလဲ အကြိမ်များစွာဝင်တဲ့ သူတို့တောင်မရ ကြဘူးလေ”

“ကျင့်ကြံရေးလမ်းစဥ်က ကံတရားနဲ့လည်းဆိုင် တယ် ဘယ်အရာကိုမှ ကြိုပြောလို့မရပါဘူး”

စနစ်ရဲ့စကားက မှန်ပေသည်။ ကျင့်ကြံရေးလမ် စဥ်မှာ လေ့ကျင့်ခြင်းနဲ့ အရင်းအမြစ်များအပြင် ကံကြမ္မာကောင်းလည်း လိုအပ်သေးသည်။ ထို မှသာ အထွဋ်အထိပ်သို့ရောက်နိုင်မည် ဖြစ်ပြီး မည်မျှပင်ပါရမီပါလာပါစေ ကောင်းမွန်သည့်ကံ တရားမရှိပါက မဖြစ်နိုင်ချေ။

လောဆယ် ငါ့မှာ မီးနဲ့သစ်သား သန္ဓေသားရှိနေ ပြီဆိုတော့ မိုးကြိုးအမတေကိုထပ်ရခဲ့ရင် နော က်ထပ်နိယာမတခုထပ်တိုးတဲ့ သဘောပဲပေါ့။ဒါ လည်းကောင်းပါတယ်လေ။

ကျိုးယန်တယောက် စိတ်သက်သာရာရစွာ သ က်ပြင်းချလိုက်ပြီး လေ့ကျင့်ရေးလုပ်နေစဥ် ပေ ပို့ထားသည့် သတင်းပေးပို့ချက်များအားစစ် ဆေးကြည့်လိုက်သည်။ အများစုမှာ ကိုင်ရီရီမှ ပေးပို့ထားခြင်းဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်စု၏ အဝင်နေရာ၌ သူလျှိုများ ပေးပို့ထားခြင်းမှ တ မန်တော်အဖွဲ့၏ လှုပ်ရှားမှုကို ခြေရာခံမိကြောင် မကြာသေးခင်က ပြည်နယ်ငယ်အချို့ ပျက်စီးခဲ့ ပြီး လက်သည်ဖြစ်တဲ့ အင်အားစုကို ဖော်ထုတ် ရန်ခက်ခဲနေကြောင်းတို့ ပါဝင်သည်။

ထို့အပြင် လီနန်းတော်သို့ပြန်သွားသည့် ကျိုးလီ မှ လီပြည်နယ်အတွင်း မငြိမ်သက်မှုအချို့ကိုပို့ လာပြီး စုန့်ဧကရာဇ်နဲ့ ကျိုးယင်ချင်း လင်းယုယ န်တို့ကမူ ကျိုးပြည်နယ်နဲ့ဆက်စပ်၍ ယန်နဲ့ဝူ ဧ ကရာဇ်တို့၏ ခြေလှမ်းများကို စောင့်ကြည့်နေ ကြောင်း အသိပေးလာကြသည်။

သိပ်တော့ထူးထူးခြားခြား မဖြစ်သေးဘူးပဲ။ ဒါနဲ့ တမန်တော်အဖွဲ့က ရှေးဟောင်းမျိုးနွယ်စု အတွင်းထဲထိ ရောက်လာနေပြီလား။ ဒါကိုဘိုး ဘေးယန်မင်က သတိမထားမိဘူးလား။

ကျိုးယန်တယောက်အတွေး နက်နေခဲ့သည်။ ရှေးဟောင်းမျိုးနွယ်စုအတွင်း အက်ကြောင်းအ ချို့ ဖြစ်ပေါ်နေသည်ကို တွက်ဆမိပြီးထိုအရာ က တမန်တော်များနဲ့သာ သက်ဆိုင်နေပါက အ လေးအနက်ထားရန် လိုအပ်နေသည်။

ငါဘိုးဘေးယန်မင်နဲ့ တွေ့ရမယ်။ ဂူဖွင့်ဖိုကအချိ န်သိပ်မလိုတော့ဘူး။ ကျိုးယန်က ထိုသို့တွေးရ င်း ကျင့်ကြံရာမှ ရုတ်သိမ်းကာ အခန်းအပြင်သို့ ထွက်လိုက်သည်။ သူ့အနေဖြင့် တမန်တော်များ ဝင်ရောက်ခြင်းကို ဘိုးဘေးယန်မင်သိထားနိုင် သည်ဟု တွေးနေပြီး ထိုအဖိုးအိုကြီးက အကုန် လုံးကို သိမ်းကြုံးအကွက်ချနေသည့်ပုံ ရှိသည်။

သူက မျိုးနွယ်စုအတွင်းက သစ္စာဖောက်ကိုရှာ နေတာပဲ။ ဒါက အန္တရာယ်များပေမယ့် ထိရော က်မှုတော့ရှိတယ်။ ငါစိုးရိမ်တာက မိုးကြိုးအမ တေဂူအတွင်းထိ တမန်တော်တွေ ဝင်လာခဲ့ရင်..

ကျိုးယန်က တုမိသားစုမှ တုထုနန်ကိုသတိရ သွားခဲ့ပြီး တဖက်တွင် ယန်ချင်းချင်းရဲ့အဆင့် အတန်းနဲ့အတူ ကျန့်သခင်လေး၏ လက်တုန့် ပြန်မှုများ ထိုအရာအားလုံးဆက်စပ်ကြည့်မိသ ည့်အခါမှာတော့ မိုးကြိုးအမတေဂူအတွင်းဝင် ရောက်ခြင်းက ကျားရဲတွင်းသို့ သက်ဆင်းခြင်း ပင် ဖြစ်နေတော့သည်။

……………………………………………….

All Chapters