← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

မကြာမီ ကျိုးယန်တယောက် ဘိုးဘေးယန်မင်ရှိ ရာအဓိက အိမ်တော်သို့သွားလိုက်သည်။ ဘိုး ဘေးယန်မင်က ကျိုးယန်တယောက် ရောက် လာမည်ကို သိထားခဲ့၍ ယန်မိသားစုဝင်များ ဂူအတွင်းလိုက်ပါမည့် အကြီးအကဲအချို့နဲ့အ တူ ရှိနေခဲ့သည်။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်”

“ယန်သခင်ကြီးနဲ့ သခင်မကြီးတို့ကို နှုတ်ဆက် ပါတယ်”

ကျိုးယန်က သူ့ကိုယ်သူ ဧကရာဇ်တပါးပုံစံဝင့် ကြွားမနေပဲ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။ ထိုအချင်းအရာကိုကြည့်၍ ခန်းမထဲမှလူများက ကျေနပ်သည့်အမူအရာဖြင့် ပြုံးနေကြလေသ ည်။ အများအားဖြင့် လူငယ်ပါရမီရှင်များမှာ အ လွန်မောက်မာတတ်ပြီး ကျိုးယန်ကဲ့သို့ ဧကရာဇ် တပါးရဲ့ အသွင်ပြင်ကတော့ တည်ငြိမ်သည်ဟု မှတ်ယူနိုင်သည်။

မောက်မာခြင်းမရှိပဲ နှိမ့်ချတတ်သည့်စရိုက်က လူငယ်ပါရမီရှင်များထဲတွင် အလွန်ရှားသည်မ ဟုတ်လား။ ဘိုးဘေးယန်မင်က ကျိုးယန်ကို နေ ရာတခု၌ ထိုင်စေသည်။ ပြီးနောက်

“မင်းဘာအတွက် လာတာလဲဆိုတာ ငါသိပါတ ယ် လောလောဆယ် အဲ့ကိစ္စနဲ့ပက်သက်ပြီးအ ရေးပေါ် ဆွေးနွေးချင်တာမျိုး မရှိသေးဘူး မင်း နဲ့ မြေးမလေးချင်းအာတို့ ဘေးမသီရန်မခပဲဝင် ရောက်နိုင်အောင်သာ စဥ်းစားထားကြပါ”

ဘိုးဘေးယန်မင်က ကျိုးရဲ့မေးခွန်းကိုကြို၍ပိ တ်ပစ်လိုက်သည်။ ထိုအတွက် ထပ်မေးရန်မသ င်ပလျော်တော့၍ ကျိုးယန်တယောက် ငြိမ်သ က်သွားရသည်။ အဆိုပါပြဿနာ၌ မျိုးနွယ်စု ၏အတွင်းရေးများ ပါဝင်နေ၍ သူကဲ့သို့အပြင် လူမှ သိခွင့်မရှိပေ။ သို့သော် သူမသိတာက ရှမိ သားစုခေါင်းဆောင်ဖြစ်သည်။ ထိုလူက ရှလဲ့ သေဆုံးမှုကို ကျိုးယန်လက်ချက်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ကျိုးယန်ကိုလက်တုန့်ပြန် ရန် ကြိုးစားလာပြီး ယခုရှေးဟောင်းမျိုးနွယ်စု ကိုသိမ်းသွင်း ရမည့်အရေး၌ အခါအခွင့်ကြုံရ သည့် အခါမှာတော့ ကျိုးယန်ရဲ့ကိစ္စကိုပါ တပါ တည်း ဖြေရှင်းလိုခြင်းဖြစ်သည်။

“ကောင်းပါပြီ ဒါဆိုကျုပ်တို့ ဘယ်နေ့ဝင်ခွင့်ရမ လဲ”

ကျိုးယန်က ဂူဖွင့်မည့်နေ့ကို မေးလိုက်ခြင်းဖြစ် သည်။ ဘိုးဘေးယန်မင်က

“နောက်တပတ် ဖွင့်ဖို့စီစဥ်ပြီးပြီ အဲ့ဒီမတိုင်ခင် အိမ်တော်ရဲ့အပြင်ကို အကြောင်းကိစ္စကြီးငယ် မရှိပဲ မထွက်စေချင်ဘူး”

ကျိုးယန်တယောက် နားမလည်နိုင်ဖြစ်သွားခဲ့ရ သော်လည်း ဝင်ခွင့်နေရာအတွက် မျိုးနွယ်စု၏ ပါရမီရှင်များ ပြဿနာရှာနိုင်သည်ကို တွေးမိ၍ ထိုကိစ္စသာ ဖြစ်မည်ဟုမှတ်ယူကာ ခေါင်းညိတ် ပြလိုက်သည်။

ထိုသို့ဖြင့် ဘိုးဘေးယန်မင်က လိုက်ပါမည့်အ ကြီးအကဲများနဲ့ မိတ်ဆက်ပေးပြီး ထိုအထဲတွင် အကြီးအကဲကျန်းလည်း ပါဝင်နေသောကြောင့် ကျိုးယန်အတွက် စိတ်အနှောင့်ယှက်မဖြစ်တော့ ပေ။ ယန်ချင်းချင်းတယောက်ကမူ စကားပြော နေစဥ် ဝင်ရောက်ပြောဆိုခြင်းမရှိပဲ ကျိုးယန် ကိုသာ ကြည့်နေခဲ့သည်။

ကျိုးယန်က ထိုအရာကို သိသော်လည်း မသိဟ န်ဆောင်ကာ ဆွေးနွေးပွဲအပြီး၌ ပြန်လည်ထွက် သွားတော့သည်။ အကြီးအကဲများလည်း ပြန်လ ည်ထွက်ခွာသွားချိန်တွင် ဘိုးဘေးယန်မင်က ပြုံ ၍ မေးလိုက်သည်။

“ချင်းအာ သမီးက ကောင်လေးကျိုးရဲ့ ရုပ်ပိုင်း ဆိုင်ရာကျင့်စဥ်အကြောင်းမေးချင်နေတာလား”

ယန်ချင်းချင်းမှ ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ငါ့မြေးသိချင်တာကို အဖိုးကဖြေပေးမ ယ် ကောင်လေးကျိုးရဲ့ ကျင့်စဥ်က ဗာဂျာရာက ကျင့်စဥ်ပဲ အဲ့ဒါက လူသားမျိုးနွယ်တွေ ဖန်တီး ထားတဲ့ နတ်ဘုရားအဆင့် ကျင့်စဥ်တွေထဲမှာ တော့ ထိပ်တန်းအဆင့်ပဲ နောက်ပြီး အဲ့ဒီကျင့်စ ဥ်ကို သားရဲမျိုးဆက်ပါသူတွေပါ ကျင့်လို့ရတ ယ်”

ဘိုးဘေးယန်မင်ရဲ့ စကားအဆုံး၌ ယန်ချင်းချင် တယောက် ဝမ်းသာသွားသည်။

“ဒါဆို သမီးလည်းကျင့်လို့ရတယ်ပေါ့”

ဘိုးဘေးယန်မင်က မြေးမလေးကိုချစ်မြတ်နိုး စွာကြည့်၍ ခေါင်းယမ်းပြလိုက်သည်။

“မရဘူး ကျင့်ကြံသူတယောက်က ရုပ်ပိုင်းဆိုင် ရာကျင့်စဥ်၂ခု ကျင့်တာ နည်းလမ်းမမှန်ဘူး အ ထူးသဖြင့် နတ်ဘုရားအဆင့် ကျင့်စဥ်တွေက ပို ပြီး ရှုပ်ထွေးတယ်”

ယန်ချင်းချင်းတယောက် မျက်နှာညှိုးသွားခဲ့သ ည်။ သူမက တိုက်ပွဲကွင်းပြင်၌ ကျိုးယန်၏ခွန် အားကို တွေ့မြင်ခဲ့၍ အားကျနေခဲ့ပြီး သူမ၏ ကျင့်စဥ်မှာ အားနည်းချက်များ ရှိနေသည်ဟုခံ စားနေရသည်။ သူမ မသိသည်က အဆိုပါကျင့် စဥ်ကို အုပ်ချုပ်သူဟောင်းက ပြန်လည်ပြုပြ င်ထားသောကြောင့် ဖြစ်ပြီး မူလအတိုင်းသာဆို လျင်လည်း သူမတို့ကဲ့သို့ ရှေးဟောင်းမျိုးနွယ်စု အနေဖြင့် ကျင့်ကြံရန်မှာ အလွန်ခက်ခဲနေပေလိ မ့်မည်။

“စိတ်ဓာတ်မကျပါနဲ့ ကျင့်စဥ်နှစ်ခုလုံးမှာ ကိုယ် စီအားသာချက်တွေ ရှိပါတယ် ငါ့မြေးအနေနဲ့ မကျင့်ကြံနိုင်ပေမယ့် လေ့လာလို့ရမှာပါ ဒါပေမဲ့ ကောင်လေးကျိုးက ခွင့်ပြုရင်ပေါ့”

ဘိုးဘေးယန်မင်ရဲ့စကးအဆုံး၌ ယန်ချင်းချင်း တယောက် မျက်မှောက်ကြုတ်သွားသည်။ ကျို ယန်ခွင့်ပြုလျင်တဲ့လား။ ထိုအရာက မဖြစ်နိုင် ချေ။ လောင်းကြေးရှုံးနိမ့်မှုကြောင့် သူမကပင် ကျိုးယန်ကိုအကြွေးတင် နေခဲ့သည်မဟုတ်လား

“သမီး ဒီတခေါက်မိုးကြိုးအမတေဂူထဲ ဝင်တဲ့ ကိစ္စကို ပေါ့ပေါ့လေးမတွေးနဲ့နော်”

ယန်သခင်မကြီးက သတိပေးလိုက်သည်။ ကျန့် မိသားစု၏ အစီစဥ်များကြောင့် မိုးကြိုးအမ တေဂူအတွင်း တစုံတရာဖြစ်ပျက်နိုင်ရန်များပြီး ထိုအချင်းအရာက သူတို့သမီးဖြစ်သူကိုပင် ထိ ခိုက်လာနိုင်သည်ဟု ယူဆထားကြသည်။

“သမီးသိပါတယ် အမေတို့စိတ်မပူပါနဲ့”

ယန်ချင်းချင်းက ပြန်ပြောလိုက်သည်။ သူမက မကြာသေးမီကပင် အဆင့်၆၏ အလယ်ဆင့် ရောက်နေပြီး မိုးကြိူးအမတေဂူအတွင်း ရတ နာအချို့ ရခဲ့ပါက အဆင့်၇ထိ မြင့်တင်မည်ဟု တွေးထားသည်။ အဆင့်၇မှာ လက်ရှိ သူမ၏ ဖခင်ဖြစ်သူနဲ့ အဆင့်တူဖြစ်ပြီး ယန်ချန်းမှာအ ဆင့်၇ အဆင့်မြင့်အဆင့်ဖြစ်ပြီး ယန်သခင်မကြီ ကတော့ အဆင့်၇ အစောပိုင်းဖြစ်သည်။

ထို့အပြင် ရှေးဟောင်းမျိုးနွယ်စုထဲ၌ ကျန့် လောင်အပါအဝင် အဆင့်၇ နည်းပါးနေ၍ သူမ သာအဆင့်၇ကို ရောက်ပါက ယန်မိသားစုအတွ က်တဖက်တလမ်းမှ အကူညီဖြစ်စေလိမ့်မည်။

ယန်ချန်းက သမီးဖြစ်သူ၏ အတွေးကိုသိနေခဲ့ သော်လည်း မည်သည့်စကားမှမဆိုခဲ့ပေ။ ဂူအ တွင်းကြုံတွေ့ရမည့် ပြဿနာကိုသိထားသော်လဲ ကြိုတင်ဖြေရှင်း၍ မရသည့်အပေါ်ကိုသာ မ ကျေမနပ်ဖြစ်နေပြီး ကျိုးယန်နဲ့အကြီးအကဲများ က သမီးဖြစ်သူကို စောင့်ရှောက်နိုင်လိမ့်မည်ဟု မှတ်ယူထားလိုက်တော့သည်။

မိုးကြိုးအမတေဂူပြင်ပ၌ ပြဿနာများရှုပ်ထွေး တော့မည်မဟုတ်လား။ ထိုအရာက ကျန့်လောင် ၏ သစ္စာဖောက်မှုလည်း ဖြစ်နိုင်ပြီး တမန်တော် များအဖွဲ့၏ ဝင်ရောက်စွတ်ဖက်မှုအပြင် ကြီးမာ သည့် တိုက်ပွဲတခုလည်း ဖြစ်ပွားနိုင်သည်။

…………………………………………………

All Chapters