Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

မိုးကြိုးအမတေဂူ ဖွင့်လှစ်သည့်ရက်ကို ရောက် ရှိလာသည်။ ရှေးဟောင်းမျိုးနွယ်စု အတွင်းရှိမိ သားစု ကြီးငယ်များအားလုံး ရောက်ရှိနေကြပြီး မိုးကြိုးအမတေဂူ ရှိသည့် မြေရိုင်းဒေသအတွင် ဘက်အကျဆုံး နေရာ၌ စုဝေးနေကြသည်။

မိုးကြိုးအမတေဂူမှာ အပြင်ဘက်ကကြည့်လျင် အင်မတန်ရိုးစင်းပုံရပြီး သာမန်ဂူတလုံးနဲ့ပင်တူ ညီနေသည်။ သို့သော် ယန်ချင်းချင်း၏ ရှင်းပြမှု အရ အတွင်းဘက်၌ လောကငယ်တခု ရှိထားပြီ ကျယ်ဝန်းကာ မမြင်ရသည့် အန္တရာယ်များစွာရှိ လေသည်။

ထိုအရာများမှာ ရှေးဟောင်းမျိုးနွယ်စု၏ မူလ လောကတွင်ရှိသည့် သားရဲများဖြစ်ပြီး နတ်ဆိုး သားရဲများဟု ခေါ်တွင်သည်။ ၎င်းတို့သည် ရှေး ဟောင်းမျိုးနွယ်စုကဲ့သို့ပင် ရုပ်ပိုင်းဆိုင်ရာသန် မာကြပြီး ခွန်အားလည်းကြီးမားကြသည်။

ကျိုးယန်က ဂူအတွင်းသို့ မမှိတ်မသုန် စိုက်ကြ ည့်နေစဥ်မှာပင် ဘိုးဘေးယန်မင် တုလင် ကျန့် လောင်တို့က မိုးကြိုးအမတေဂူကို စတင်ဖွင့်လှ စ်လိုက်တော့သည်။ ဂူအတွင်းမှ အရာများကိုအ ပြင်ဘက်ရှိသူများ မမြင်ရပေ။

“အားလုံးပဲ ဂူကို၁လတိတိ ဖွင့်လှစ်ထားမယ် ၁လ မပြည့်ခင် ပြန်ထွက်လာဖို့သတိရကြပါ မ ဟုတ်ရင် နောက်တကြိမ် ပြန်ဖွင့်တဲ့အထိ မင်းတို့ အထဲမှာပိတ်မိနေကြ လိမ့်မယ်”

ဘိုးဘေးယန်မင်က ထိုမျှသာ ပြောလိုက်သည်။ အများစုမှာ ရှေ့၌ အကြိမ်အနည်းငယ် ဝင်ဖူးခဲ့ ကြသောကြောင့် ဂူအတွင်းရှိ အန္တရာယ်များကို ပြောပြနေစရာ မလိုတော့ပေ။ ကျိုးယန်အတွက် ကိုမူ ယန်ချင်းချင်းက ရှင်းပြပါလိမ့်မည်။

ထိုစဥ် ကျန့်လောင်က မိသားစုငယ်လေး၏ အ ကြီးအကဲအချို့နဲ့အတူ စကားပြောနေပြီး ထိုအ ထဲမှလူအနည်းငယ်က ကျိုးယန်ဘက်ကို ကြည့် နေကြသည်။ ထိုအရာကို သတိပြုမိသည့်ကျိုး ယန်က လှည့်ကြည့်လိုက်စဥ် တဖက်သူများမှာ ရှေးဟောင်းမျိုးနွယ်စုဝင် မဟုတ်ပဲ ပြင်ပမှလူ များဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တမန်တော်များအဖွဲ့က ကျန့်လောင်၏အကူညီ ဖြင့် မိသားစုငယ်လေးများဆီမှ နေရာအချို့ဝ ယ်ယူ၍ ၎င်းတို့ကိုပေးအပ်ထားပုံရသည်။ ဟမ့် ကောင်းပါတယ် အထဲရောက်ရင် မင်းတို့ကိုပြုစု ပေးရမှာပေါ့။

ကျိုးယန်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲ၌တိ တ်တဆိတ် ကြိမ်းဝါးလိုက်သည်။ ငရဲတမန် တော်များ၏ အဆက်နွယ်ဖြစ်တဲ့ တမန်တော်အ ဖွဲ့ဝင်အချို့ကို ဖမ်းဆီမိပါက နောက်ဆက်တွဲအ ချက်အလက်များ စုံစမ်းနိုင်သည်မဟုတ်လား။

မကြာမီ ကျန့်သခင်လေး တုထုနန် စသည့်ပါရမီ ရှင်များက ဂူအတွင်းဝင်ရောက်သွားကြသည်။ တုထုနန်က မဝင်ခင်ကျိုးယန်ကို နှုတ်ဆက်သွာ ခဲ့ပြီး ဂူအတွင်း၌ ပြန်လည့တွေ့ဆုံကြမည်ဟု ပြောဆိုသွားသည်။

ကျိုးယန်လည်း ယန်ချင်းချင်း အကြီးအကဲ၃ဦး တိူ့ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့သည်။ ဂူအတွင်းရောက်သွားချိန်၌ အခြားလောကတခု ကိုဝင်လိုက်ရသကဲ့သို့ မြင်ကွင်းများပြောင်းလဲ သွားပြီး အထဲ၌ လူသူလေးပါးကင်းရှင်းနေသ ည့် မြို့ပျက်ကြီးတခုကို တွေ့လိုက်ရသည်။

“မြို့ပျက်ကြီးလား”

ကျိုးယန်က အံ့သြမှင်သက်စွာ ရေရွတ်လိုက်မိ သည်။

“ဟုတ်တယ် ဒါက မြို့ပျက်ကြီးတခုပဲ အထဲမှာ နေထိုင်တဲ့လူ တဦးမှ မရှိကြတော့ဘူး ဒါပေမယ့် မူလနေထိုင်သူတွေ စီစဥ်ခဲ့တဲ့ အစီအရင်နဲ့ထော င်ချောက်အချို့ ကျန်နေသေးတယ်ဆိုတော့ ကျု ပ်တို့သတိထားရလိမ့်မယ်”

အကြီးအကဲကျန်းက ပြောလာသည်။ ထို့အပြင် ဆက်၍

“မြို့ထဲမှာ နတ်ဆိုးသားရဲ အချို့အာရုံခံမိနေတ ယ် သခင်မလေးချင်း ကျုပ်တို့နဲ့အနီးဆုံးမှာနေ ပါ”

“ကောင်းပါပြီ”

ယန်ချင်းချင်းက ခေါင်းညိတ်ပြလိုက်သည်။

အချိန်အနည်းငယ် သွားပြီးချိန်မှာတော့ ကျိုးယ န်တို့၅ဦးမှာ မြို့၏ဝင်ပေါက်နေရာကို ရောက်ရှိ သွားကြသည်။ တခုရှိသည်က ဂူအတွင်းရောက် ချိန်၌ ကျပန်းနေရာပို့ပေးခြင်းက လတ်တလော ကျိုးယန်အတွက် အန္တရာယ်ကင်းစေပြီး ဘိုး ဘေးယန်မင်ရဲ့ ရတနာကြောင့်လည်း ၎င်းတို့လူ စုမှာ ယခုကဲ့သို့အတူတကွ ရှိနေခြင်းဖြစ်သည်။

…………………………………………………