အခန်း (၂၆၂)
Vol. 18 Ch. 262
မြို့တော်ရဲ့ဝင်ပေါက်က မြို့တော်အသစ်နီးပါး မြင့်မားပြီး လက်ရာများကလည်း ဒီဘက်လော ကနဲ့မတူညီ ထူးခြား၍ ဆွဲဆောင်နိုင်စွမ်းရှိလေ သည်။
အထူးသဖြင့် မြို့တံတိုင်းနံရံ၌ ရေးဆွဲထားသည့် ထူးဆန်း၍ ကြီးမားသည့်သားရဲများ၏ ပုံများ မှာ ကျိုးယန်ကို အဓိကအာရုံကျနေစေသည်မ ဟုတ်လား။ ထိုသားရဲများကို နတ်ဆိုးသားရဲမျာ ဟုခေါ်ကြောင်း ယန်ချင်းချင်းက ရှင်းပြလာသ ည်။
မြို့တော်အတွင်း တဖြေးဖြေးဝင်ရောက်သွားချိ န် လေထုက သွေးညှီနံ့များ ဖုံးလွှမ်းလာပြီးတင်း ကျပ်စပြုလာသည်။ အပြင်ဘက်၌ ဟိတ်ဟန်ရှိ သည့်မြို့ကြီးမှာ အတွင်းမှာတော့ ခြောက်ခြား တုန်လှုပ်စရာဖြစ်နေလေသည်။
ကျိုးယန်က မြို့အတွင်းရှိ လူနေအဆောက်အုံ များစွာကို ဂရုတစိုက်စစ်ဆေးနေပြီး တခုထူးဆ န်းတာက သူ့ရဲ့စိတ်စွမ်းအင်ကို မုလရဲ့တဝက်ခ န့်သာ သုံးနိုင်ခြင်းဖြစ်သည်။ အကြီးအကဲ၃ဦး မှာလည်း ပတ်ဝန်းကျင်ကို အလေးအနက်အာရုံ စိုက်နေကြသည်။
ထိုစဥ် မြို့တော်အဝင်လမ်းတလျှောက် ကြီးမား သည့်ပုံရိပ်တခုကြီးတခု ပြေးထွက်လာသည်ကို တွေ့လိုက်ကြရသည်။ ကျိုးယန်က ထိုအရိပ်ကို အာရုံစူးစိုက်ကြည့်လိုက်မိချိန်မှာတော့ ထိတ်လ န့်သွားသည်။
“ဘာကြီးလဲ..”
“နတ်ဆိုးဖြစ်မယ် သခင်မလေးနောက်ဆုတ်ပါ”
ကျိုးယန်ရဲ့ အမြင်အာရုံထဲ၌ ပေ၁၀၀ နီးပါးမြင့် မားပြီး တကိုယ်လုံးနက်မှောင်နေသည့် သတ္တဝါ တမျိုးက ၎င်းတို့ရှိရာ အရှိန်ဖြင့် ပြေးလာနေသ ည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုသတ္တဝါ၏ ပုံစံမှာ သာမန်သားရဲပုံစံများနဲ့ တူညီသလိုရှိပေမဲ့ အသေအချာကြည့်ပါက ပို၍ ကြီးမားသည့်အစွ ယ်များ လက်သည်းများက အရောက်လက်နေ ပြီး ရုပ်ပိုင်းဆိုင်ရာ နတ်ဆိုးသားရဲပီသစွာပင် ခ န္ဓာကိုယ်ကလည်း အလွန်ထွားကြိုင်းနေသည်။
ယန်ချင်းချင်းနဲ့ အကြီးအကဲ၃ဦးတို့က နီးစပ်ရာ အဆောက်အုံတခုထဲ ပြေးဝင်လိုက်ကြသည်။၎ ၎င်းတို့က သားရဲပုံစံကို ယခုထိမမြင်တွေ့ကြရ သေးသော်လည်း မသိစိတ်ကမူ အလွန်အန္တရာ ယ်များသည်ကို ခံစားမိကြ၍ ရှောင်ရှားလိုခြင်း ဖြစ်သည်။
ထိုစဥ် ကျိုးယန်က ထိုသားရဲကောင်ရဲ့ပြေးလမ် တည့်တည့်၌ မတ်မတ်ရပ်၍ စောင့်နေလေသည် ထိုမြင်ကွင်းကိုတွေ့လျင် ယန်ချင်းချင်းကအထိ တ်လန့်အော်ဟစ် သတိပေးလိုက်သည်။
“ဟေး ဒီအထဲကိုဝင်လာခဲ့ လမ်းပေါ်မှာမနေနဲ့”
သူမရဲ့စကားသံကို ကျိုးယန်ကမကြားဟန်ပြု လိုက်ပြီး အဆိုပါသားရဲကိုသာ စူးစိုက်ကြည့်နေ လိုက်သည်။ အကြီးအကဲများမှာလည်း လမ်း ဘေးရှိအဆောက်အုံထဲမှနေ၍ ကျိုးယန်ကိုမှင် သက်စွာကြည့်နေသည်။ နတ်ဆိုးသားရဲများ၏ ကြောက်လန့်စရာ ခွန်အားကိုမကြုံဖူး၍များ ထိ ပ်တိုက်ရင်ဆိုင်လိုနေသည်လား။
သို့သော်လည်း အပြင်ထွက်ရန် ကျိုးယန်ကိုဆွဲ ခေါ်ရန်က မဖြစ်နိုင်တော့ပေ။ အရိပ်ကြီးကအ လွန်နီးကပ်နေပြီး မကြာခင်မှာတော့ ထိုအရိပ်၏ ပုံစံကို ထင်ရှားစွာတွေ့မြင်လိုက်ရသည်။
“နတ်ဆိုးသားရဲလား”
ယန်ချင်းချင်းတယောက် ဆွံ့အနေသည်။ ဂူအ တွင်း ဝင်ဝင်ချင်းပင် နတ်ဆိုးသားရဲတကောင် ကိုတွေ့နေရပြ်ိး ပိုဆိုးသည်က ယခုနတ်ဆိုးသား ရဲမှာ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက အဆင့်၇အစော ပိုင်း ထက်ပင်ပိုနေနိုင်သည် မဟုတ်လား။
ကျိုးယန်ကမူ နတ်ဆိုးသားရဲကြီးအား စိုက်ကြ ည့်နေပြီး စိတ်ထဲ၌ စနစ်မှပေးပို့သည့် အချက် အလက်များကို စစ်ဆေးနေသည်။ အချက်အ လက်များအရ တဖက်နတ်ဆိုးသားရဲမှာ ဝံပုလွေ မျိုးစပ် ခွေးအမျိုးအစားတကောင်ဖြစ်ပြီး ၎င်း ရဲ့မျိုးဆက်သွေးမှာ အလွန်ရှုပ်ထွေးပြီး မည်သ ည့်သားရဲ ဖြစ်သည်ကိုစနစ်ပင် အတိအကျမထု တ်ဖော်နိုင်ပေ။
နတ်ဆိုးသားရဲကြီးက ကျိုးယန်၏အရှေ့၌တုန့် ကနဲရပ်တန့်သွားကာ ကျိုးယန်ကိုပြန်၍စိုက်ကြ ည့်နေသည်။ ကြီးမားသည့် ခန္ဓာကိုယ်ကြီးမှာ ကျိုးယန်ကို လွှမ်းခြုံထားပြီး ပြင်းထန်တဲ့သွေး ချီဓာတ်များကြောင့် အခြားကျင့်ကြံသူများဆို လျှင် အလွယ်တကူ ဒူးထောက်ကျသွားမည်ဖြစ် သည်။
ကျိုးယန်ကမူ ပြန်၍စိုက်ကြည့်နေသည် မဟုတ် လား။ ကျိုးယန်နဲ့သားရဲကြီးမှာ အပြန်အလှန်စူး စိုက်ကြည့်နေစဥ် နတ်ဆိုးသားရဲကြီးက ပြင်းထ န်သည့် အသံဖြင့်ဟိန်းဟောက်လိုက်သည်။ အ သံက လေထုကို တုန်ခါသွားစေပြီး ပတ်ဝန်းကျ င်ရှိ အဆောက်အုံများကိုပင် အနည်းငယ်ခါယမ် သွားစေသည်။
ပြီးနောက် ကြီးမားသည့် လက်ကြီးများဖြင့်ကျိုး ယန်ကို စတင်တိုက်ခိုက်လာတော့သည်။ ကျိုး ယန်က လက်ကြီးနှစ်ဖက်ရဲ့ တိုက်ခိုက်မှုကိုအ မြန်ရှောင်တိမ်းလိုက်ပြီး နတ်ဆိုးသားရဲ၏ ရုပ် ပိုင်းဆိုင်ရာ သန်မာမှုကို လေ့လာနေသည်။
………………………………………………….