← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

မိုးကြိုးအမတေဂူက ဂူတလုံးဆိုတာထက် လော ကတခုဟု ဆိုရလောက်အောင်ပင် ကျယ်ပြန့် ကြီးမားပေသည်။ ထို့အပြင် ဂူအတွင်း၌ သက်ရှိ များနေထိုင်ခဲ့သည့် လက္ခဏာများအဖြစ် မြို့မျာ အဆောက်အုံများစွာ တွေ့မြင်ရသောကြောင့် ရှေးဟောင်းမျိုးနွယ်စုသည် ယခုကဲ့သို့ရတနာ တခုအား မည်ကဲ့သို့ ရရှိခဲ့ကြလေသနည်း။

အကြောင်းမှာ မိုးကြိုးအမတေဂူ၏ မူလဇာတ် ကြောင်းက မိုးကြိုးလောကငယ်တစ်ခုဖြစ်သည် အဆိုပါလောကမှာ လောကသုံးထောင်အတွင်း အဆင့်မြင့်လောကတခုအဖြစ် နှစ်သန်းပေါင်း များစွာတည်ရှိခဲ့သော်လည်း မျိုးဆက်အဆက် ဆက် တိုးတက်မှုနည်းပါးလာခြင်း အခြားလော ကများမှ တစတစ စိမ့်ဝင်၍ လွှမ်းမိုးလာခြင်း တို့ကြောင့် အဆုံး၌ နတ်ဘုရားများ၏ သန့်စင် ခြင်းကို ခံခဲ့ရပြီး လောကရတနာတခုအဖြစ်အ သွင်ပြောင်းသွားခဲ့ရသည်။

အဆိုပါရတနာကို ကြယ်တာယာနတ်ဘုရားက သန့်စင်ခဲ့ပြီး နောက်ဆုံးလောကစစ်ပွဲမတိုင်မီ၌ အုပ်ချုပ်သူဟောင်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည် ထိုမှတဆင့် အုပ်ချုပ်သူဟောင်းမှ ရှေးဟောင်း မျိုးနွယ်စုကို ပြန်လည်ချီးမြင့်ခဲ့ပြီး အဆိုပါ လောကမှ ရတနာများ အရင်းအမြစ်များကိုရှာ ဖွေခွင့်ပြုခဲ့သည်။ ထို့အတူ ရှေးဟောင်းမျိုးနွယ် စုသာ အန္တရာယ်ကျရောက်လာပါက ရှောင်တိမ်း နိုင်ရန်လည်း ဖြစ်သည်။

များပြားသည့် အဆောက်အုံများကိုကြည့်ရင်း တုထုနန်တယောက် အတွေးနက်နေခဲ့သည်။မိုး ကြိုးလောကမှာ ထိပ်တန်းလောကတခုဖြစ်ခဲ့၍ ရတနာများစွာ ရှိသည်မှာမှန်ပေသည်။ သို့သော် လဲ ထိုကဲ့သို့ အဆင့်မြင့်လောကတခု သန့်စင်ခံရ ခြင်းက မည်သည့်အတွက်ကြောင့်နည်း။ မည် ကဲ့သို့ နတ်ဘုရားမျိုးက ထိုအရာကိုပြုလုပ်ရန် ခွန်အားပိုင်ဆိုင်ထားသနည်း။

တုထုနန်နဲ့အတူ လိုက်ပါလာသည့် အကြီးအကဲ များက ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရှုနေ ကြပြီး လက်ရှိ ၎င်းတို့ရောက်နေသည့်နေရာမှာ တောအုပ်တခုနဲ့ နီးစပ်ပြီး ထိုတောအုပ်ကနတ် ဆိုးသားရဲများ ကျက်စားသည်ဟု ကျော်ကြား ပေသည်။ မြို့တော်၏ အပြင်ဘက်ကိုထွက်လို က်လျင် အဆိုပါတောအုပ်ကို ရောက်မည်ဖြစ်ပြီ တောအုပ်၏ ဧရိယာက အလွန်ကြီးမားနေသည်

ထို့အပြင် မိုးကြိုးလောကအတွင်းရှိမြို့များမှာ တောအုပ်ကို ဝန်းပတ်ထားပြီး တောအုပ်အတွင် မှ နတ်ဆိုးသားရဲများ ရံဖန်ရံခါ မြို့အတွင်းဝင် ရောက်လေ့ ရှိသည်။ ထို့ကြောင့် အတွေ့အကြုံရှိ ထားသည့် တုမိသားစုအကြီးအကဲများက ဂရု တစိုက် စောင့်ကြည့်နေကြခြင်း ဖြစ်ပေသည်။

“အကြီးအကဲ၃ ယန်ချင်းချင်းတို့ ဘယ်နေရာမှာ ရှိလောက်လဲ”

တုထုနန်က အကြီးအကဲ၃ ဆိုသူအားမေးလိုက် သည်။ ကျန့်သခင်လေးက ပစ်မှတ်ထားနေသ ည်ကို သိထားသောကြောင့် တစုံတခုဖြစ်ပွားပါ က ကူညီပေးရန်ဖြစ်သည်။

“သခင်လေး ယန်ချင်းချင်းကို မရှာခင်အရင်ဆုံး တောအုပ်ထဲဝင်ကြရအောင် ကျုပ်တို့အတွက်ရ တနာနည်းနည်း ရမှဖြစ်မယ် မဟုတ်ရင်တုမိသာ စုအတွက် နစ်နာမှုက အရမ်းကြီးတယ်”

တုထုနန်က နားလည်သည့်ဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ မိုးကြိုးအမတေလောက အတွင် မှ အရင်းအမြစ်ရတနာအချို့ ရရှိရန်လိုအပ်ပြီး ထိုအရာများ မရခဲ့ပါက မိုးကြိုးအမတေလော ကအတွင်း ဝင်ရောက်ခြင်းက အကျိုးမဲ့ပင်ဖြစ် သည်မဟုတ်လား။

မိုးကြိုးအမတေလောကဟု ပြောင်းလဲသုံးစွဲပါ မည်။

မကြာမီ တုထုနန်တို့အဖွဲ့ မြို့အတွင်းမှထွက်ခွာ ရန်ပြင်ဆင်နေစဥ် တမန်တော်များအဖွဲ့မှ လူ၃ဦး ဦးဆောင်သည့် အဖွဲ့က ကျိုးယန်ကို လိုက်လံရှာ ဖွေနေလေသည်။ ထို့အတူ ကျန့်သခင်လေးက လည်း တောအုပ်အတွင်းမဝင်ခင် မြို့အတွင်း စေ့စေ့စပ်စပ်ရှာဖွေနေခဲ့ပြီး သူ့ရည်ရွယ်ချက်က ကျိုးယန်ကို ပြန်လည်ဖိနှိပ်ကာ လက်စားချေးရ န်အတွက် ဖြစ်သည်။

ထိုအချင်းအရာများကိုတော့ အခြားမြို့တခု၌ရှိ နေသည့် ကျိုးယန်တယောက် မသိပေ။ လက်ရှိ နတ်ဆိုးသားရဲခွေးနဲ့ အပြင်းအထန်တိုက်ခိုက်နေ ပြီး နှစ်ဖက်စလုံးက ရုပ်ပိုင်းဆိုင်ရာခွန်အားကို အမြင့်ဆုံးထိ ထုတ်ဖော်ထားကြလေသည်။

“အကြီးအကဲကျန်း သူအဆင်ပြေပါ့မလား”

ယန်ချင်းချင်းက အဆောက်အုံတခုထဲမှနေ၍ ကျိုးယန်တို့တိုက်ပွဲကို ကြည့်နေပြီး အကြီးအကဲ ကျန်းအား မေးလိုက်သည်။ သူမတို့က အဆိုပါ သားရဲများကို ထိတ်လန့်နေပြီး အကြီးအကဲများ ပင်ထိပ်တိုက်ရင်မဆိုင်လိုပဲ ရှောင်တိမ်းတတ် ကြသည်မဟုတ်လား။ ထိုအရာကိုမှ ကျိုးယန်မှ ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်ပြီး တိုက်ပွဲအနေ ထားအရ လက်ညီသည်ဟုပင် ဆိုနိုင်သည်။

ကျိုးယန်က လေပေါ်ခုန်တက်ကာ နတ်ဆိုးသား ရဲ၏ ဘယ်ဘက်နံရိုးအောက်နားအား လက်သီးတ

ချက်ထိုးသွင်းလိုက်သည်။ လက်သီးအရွယ်အ စားက သေးငယ်သော်လည်း ပါဝင်သည့်ခွန် အားကတော့ နောက်ပြောင်စရာမဟုတ်နေပေ။

နတ်ဆိုးသားရဲကြီးက အန္တရာယ်ကိုအလိုလိုအာ ရုံခံမိသည့်အတွက် ခန္ဓာကိုယ်ကို နောက်အနည်း ငယ်ပြန်ဆုတ်ကာ ရှောင်ရှားသည်။

ဟမ့်.. အဲ့ဒါအယောင်ပြလက်သီးချက်ကွ အစစ် မှန်ကဒီမှာ…။

ကျိုးယန်ရဲ့ ဘယ်လက်သီးချက်မှာ အနောက်သို့ ခပ်ရို့ရို့ဖြစ်သွားသည့် သားရဲကောင်၏ ညာဘ က်နံရိုးကို ထိသွားတော့သည်။

ဝုန်း…

ပြင်းထန်လွန်းသည့် ရုပ်ပိုင်းဆိုင်ရာခွန်အားက နတ်ဆိုးသားရဲခွေးအား ပေအနည်းငယ် လွင့်စင် သွားစေပြီး ထိုအခွင့်အရေးကို အရယူကာ ကျိုး ယန်က နောက်ထပ်လက်သီးချက်များဖြင့် ထပ် မံထိုးနှက်တော့သည်။ ဗာဂျာရာကျင့်စဥ် စတု တ္ထအဆင့် ပြီးပြည့်စုံခြင်းအဆင့်က ရှေးဟောင်း ခန္ဓာကျင့်စဥ် အဆင့်၇ နဲ့ညီမျှသည့် နတ်ဆိုးသာ ရဲခွေး၏ ရုပ်ပိုင်းဆိုင်ရာကို အပြတ်အသတ်ဖိနှိ ပ်ထားနိုင်သည်မှာ မယုံနိုင်စရာပင်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

အကြီးအကဲများ တိုက်ပွဲကိုဆွံ့အနေကြသည်။ နတ်ဆိုးသားရဲခွေးမှာ လက်သီးထိုးချက်များ ကြောင့်အဆက်မပြတ် ဆုတ်ခွာနေရပြီးအဆုံး မှာ​တော့ ကျိုးယန်နဲ့ဆက်၍ မတိုက်ခိုက်လို တော့ပဲ နောက်လှည့်ကာ ထွက်ပြေးသွားတော့ သည်။ ကျိုးယန်က နတ်ဆိုးသားရဲခွေး၏ လမ်း ကြောင်းအား စစ်ဆေးလိုက်လျင်ထိုအရာက မြို အပြင်ဘက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ရှင် ထိခိုက်မိသွားသေးလား”

ယန်ချင်းချင်းက နတ်ဆိုးသားရဲခွေး ထွက်သွား ရာဘက်ကို ငေးနေသည့် ကျိုးယန်အားမေးလို က်သည်။

“ငါအဆင်ပြေပါတယ် ဒါနဲ့ မြို့အပြင်ဘက်မှာ တခုခုရှိနေတာလား”

ကျိုးယန်ရဲ့အမေးကို အနားရောက်လာသည့် အ ကြီးအကဲတဦးက ပြန်ဖြေသည်။

“မြို့ရဲ့အပြင်ဘက်မှာ တောအုပ်တခုရှိတယ် မိုး ကြိုးအမတေလောကအတွင်းမှာ မြို့ပေါင်း၂၀၀ ကျော်ရှိပြီးတော့ တောအုပ်ကို ဝန်းပတ်ထားတာ လေ ကျုပ်တို့ရဲ့ရတနာရှာဖွေမယ့် လမ်းကြောင်း အဆုံးသတ်က တောအုပ်ထဲပဲ”

အကြီးအကဲတဦးရဲ့စကားကို ကျိုးယန်ကခေါင် ညိတ်ပြလိုက်သည်။

“ဒါဆို မြို့ထဲနည်းနည်းစစ်ဆေးပြီးရင် တောအု ပ်ထဲတိုက်ရိုက်သွားကြရအောင်”

ကျိုးယန်ရဲ့စကားအဆုံး အကုန်လုံးက သဘော တူညီစွာဖြင့် မြို့အတွင်းခရီးဆက်ကြတော့သ ည်။

………………………………………………..

All Chapters