← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

မကြာမီ ကျိုးယနိတို့တဖွဲ့လုံး မြို့တွင်းအဆော က်အုံများကို ကျပန်းဝင်ရောက်စစ်ဆေးကြ တော့သည်။ အရင်အတွေ့ကြုံ ရှိထားသူများက အဆောက်အုံများ၌ မည်သည့်ရတနာမှ မတွေ့ရ ဟု ဆိုထားသော်လည်း အဆောက်အုံများနဲ့ပက် သက်၍ ကျိုးယန်ကတော့ တစုံတရာထူးခြားမ ည်ဟု ယုံကြည်နေသည်။

ကျိုးယန်က ၃ထပ် အဆောက်အုံကြီးရှေ့၌ ရပ် တန့်လိုက်သည်။ အဆောက်အုံကြီးမှာ လူနေထို င်သည့် ပုံစံတည်ဆောက်ထားခြင်း မဟုတ်ပေမဲ့ ဗိသုကာလက်ရာကတော့ ထိပ်တန်းအဆင့်မှာရှိ နေသည်။ ထိုကဲ့သို့လက်ရာမျိုးက ယခင်ကမ္ဘာ တွင်တော့ ရှေးဟောင်းအနုပညာတခုအနေဖြင့် ထိန်းသိမ်းခံရမည့် ရတနာဖြစ်နိုင်သည်။

“အရင်က ဒီအဆောက်အုံထဲ ဝင်ဖူးလား”

ကျိုးယန်က မေးလိုက်သည်။

“မဝင်ဖူးဘူး အများအားဖြင့် မြို့ထဲလှည့်လည် တယ်ဆိုတာထက် နတ်ဆိုးသားရဲကို ရှောင်ကွင်း တယ်ဆိုတာက ပိုမှန်တယ် အဓိက မြို့ပြင်က တောအုပ်အထဲကိုသွားကြတာပဲ”

ယန်ချင်းချင်းက အလိုက်သင့်ပြန်ဖြေသည်။

“ဒီ အဆောက်အုံတွေထဲ ဝင်စစ်ဖို့ဘာလို့တွန့်ဆု တ်နေကြတာလဲ”

ကျိုးယန်က ထိုသို့ပြောရင်း အတွင်းသို့ လှမ်းဝ င်လိုက်သည်။ အဆောက်အုံကြီးက ၃ထပ်မြင့် မားပြီး အတွင်း၌ အလွမ်ကျယ်ဝန်းသည်။ မြေ ညီထပ်၌ အရောင်းပြခန်းသဘော ဟောခန်းအ သွင်ဆောက်လုပ်ထားခြင်းက ထူးခြားချက်ဖြစ် ပြီး ယခင်က အရောင်းဆိုင်တခုခု ဖြစ်ခဲ့လော က်သည်ဟု ကျိုးယန်တွက်ဆလိုက်သည်။

ပထမအထပ်ကို လှည့်ပတ်ကြည့်ရှုသော်လည်း မည်သည့်ထူးခြားချက်မှ မတွေ့ပေ။ အချိန်ခန အကြာ၌ ဒုတိယအထပ်သို့ တက်ပြန်သည်။ ယ န်ချင်းချင်းတို့ကမူ ကျိုးယန်က အချိန်ဖြုန်းနေ သည်ဟု ယူဆနေကြပြီး မည်သည့်ရတနာမှမရှိ သည့် အဆောက်အုံအတွင်း ဝင်ရောက်ခြင်းက ရူးသွပ်တာပင် ဖြစ်သည်။

ကျိုးယန်ကတော့ အပေါ်ထပ်တက်သည့် လှေ ကားများကအစ အသေးစိတ်စစ်ဆေးနေပြီး သူ့ မသိစိတ်အရ လက်ရှိအဆောက်အုံထဲ၌ ရတနာ တခုခုသိုဝှက်ထားသည်ဟု ယုံကြည်နေသည်မ ဟုတ်လော။

ချပ်!

တိုးညင်းသည့်အသံတခု ထွက်ပေါ်လာသည်။ ကျိုးယန်တဆယာက် အသံကြားရာ လှည့်ကြ ည့်လိုက်ချိန်မှာ ဒုတိယထပ်ကိုဝင်ရောက်သည့် တံခါးမကြီးက အနည်းငယ် ဟသွားပြီးအတွင်း မှ သိပ်သည်းသည့် ဆေးပင်နံ့များ ထွက်ပေါ်နေ သည်ကို သတိပြုမိလိုက်သည်။

တခုခု ရှိနေတာလား။ ဆေးပင်ရနံ့တွေ ရနေတ ယ်။

ယန်ချင်းချင်းတို့လည်း အထူးအဆန်းဖြစ်သွား ခဲ့ရပြီး ကျိုးယန်နဲ့အတူ အနည်းငယ်ဟထားတဲ့ ဒုတိယထပ် တံခါးပေါက်မှတဆင့် အတွင်းသို့ လိုက်ဝင်ကြသည်။ ဒုတိယအထပ်၏ အတွင်း၌ များပြားသည့် ကောင်တာများရှိနေပြီး အတွင်း ၌မူ ကျိုးယန်ပင် မသိနိုင်သည့် ဆေးပင်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဆေးပင်များရဲ့ သက်တမ်းက မနည်းလှပေ။ ကောင်တာတွင် ရေးကပ်ထားသည့် စာများအရ အနိမ့်ဆုံးဆေးပင်ရဲ့ သက်တမ်းကပင် နှစ်၅၀၀ ဖြစ်နေသည်က ထူးဆန်းနေပြီး လက်ရှိမိုးကြိုး လောကအတွင်း ဝင်ရောက်ကြသည့် ရှေးဟော င်းမျိုးနွယ်များက ပြုလုပ်ထားခြင်းမဟုတ်ပါက မည်သည့်အရာက ဆေးပင်များကို ကောင်တာ အတွင်း ထည့်သွင်းခဲ့သနည်း။

ကျိုးယန်က အနီးဆုံးဆေးပင်တခုကို ကောင် တာအတွင်းမှ ထုတ်ယူလိုက်သည်။ ထိုဆေးပင် က အနှစ်၃၀၀၀ သက်တမ်းရှိတဲ့ သစ်စုန်းနွယ်ပ င်တမျိုးဖြစ်ပြီး တိုက်ဆိုင်စွာပင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူများအတွက် သင့်လျော်နေသည်။

ကျိုးယန်က ဆေးပင်ကိုအလျင်စလို မယူခဲ့ချေ ထိုအစား အခြားဆေးပင်များကို ဝေ့ပတ်ကြည့် လိုက်ပြီးနောက် ယခုဆေးပင်များကို ယုလိုပါက တန်ရာတန်ကြေးအချို့ ပေးချေရနိုင်သည်ဟု ခံ စားနေရသည်။ ကျိုးယန်က အခန်းတွင်းစေ့စေ့ စပ်စပ်ရှာကြည့်လိုက်သည်။ နာရီအချို့ကြာမြင့် ပြီးချိန်မှာတော့ အစီအရင်တခုတွေ့လိုက်ရပြီး ၎င်း အစီအရင်က မည်သည့်အတွက် အသုံးပြု သနည်း။

ယန်ချင်းချင်းတို့ကလည်း ကျိုးယန်ကဲ့သို့ပင် လောဘစိတ်လုံးဝ မရှိဘဲ ဆေးပင်များကိုသာ မှတ်သားနေပြီး ကျိုးယန်မည်ကဲ့သို့ ပြုလုပ်မည် ကိုတိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။ ကျိုးယန်က အစီအရင်ကို စစ်ဆေးလိုက်လျင် အဆင့်၅ အစီအရင်ဖြစ်နေပြီး လက်ရှိသူ့အဆင့် အရ ပြုပြင်ရန်ခက်ခဲသော်လည်း ကြိုးစားကြ ည့်လျင် ရနိုင်သေးသည်။

အစီအရင်မှာ တိုက်ခိုက်ရေးအစီရင်တခု ဖြစ်နို င်သည်။ ဆေးပင်များနဲ့ ဆက်စပ်နေပြီး မတော် လောဘရှိသူသာ ဆေးပင်ကိုအလျင်စလို ယူပါ က အစီအရင်အသက်ဝင်နိုင်ပြီး တိုက်ခိုက်လာ နိုင်သည်ဟု ကျိုးယန်တွက်ဆမိလိုက်သည်။ ထို့ ကြောင့် အရင်ဆုံးအစီအရင်အား စစ်ဆေးပြီး ပြန်လည်ပြုပြင်ရန် ကြိုးစားတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက် အစီအရင်က အလင်းရောင်များ တောက်ပလာပြီးဒုတိယထပ် တခုလုံးအား ဖုံးလွှမ်းသွားကာ ကောင်တာပေါ်ရှိ ဆေးပင်များက အလွယ်တကူယူနိုင်သည့် ပုံစံ ဖြစ်သွားသည်။

“လူတဦးကို ဆေးပင်၃ပင်ထက် ပိုမယူကြနဲ့ ကျုပ်တို့အလကားရတယ်ဆိုပေမဲ့ စည်းကမ်းတ ခုတော့ ထားရလိမ့်မယ်”

ကျိုးယန်က သတိပေးလိုက်သည်။ သူကိုယ်တို င်လည်း သစ်စုန်းနွယ်အပါအဝင် အခြားဆေးပ င်၂ပင်သာ သိမ်းယူလိုက်ပြီး ထိုအထပ်တခုလုံး အား ဖုံးကွယ်အစီအရင်တခု ပြုလုပ်ထားရန်စဥ် စားလိုက်တော့သည်။

မကြာမီ ယန်ချင်းချင်းတို့က ဆေးပင်များကိုယ် စီယူလိုက်ကြပြီး ကျိုးယန်ကအကုန်လုံးပြီးစီး ချိန်မှာတော့ ဖုံးကွယ်အစီအရင်တခု တည်ဆော က်လိုက်သည်။

“သူက အစီအရင်ပညာရှင်လည်း ဖြစ်နေခဲ့တာ လား”

ယန်ချင်းချင်းတယောက် မှင်သက်နေသည်။ ကျင့်ကြံသူများအနေဖြင့် ပညာရပ်တခုထက်ပို တတ်ကျွမ်းသည်က မထူးဆန်းသော်လည်း အ ဆင့်မြင့်မြင့်တတ်ကျွမ်းဖို့ကတော့ အလွန်ခက်ခဲ ပေသည်။ အထူးသဖြင့် စိတ်ဝိဉာဥ်ပိုင်းကိုပါ ကျင့်ကြံရသည့် လူသားကျင့်ကြံသူများ၏ ကျ င့်ကြံရေးလမ်းစဥ်က ပိုမိုရှုပ်ထွေးကာ အစီအရ င်ပညာ လက်နက်ပညာ ဆေးပညာများစသည့် ပညာရပ်များအားလုံး တပြိုင်နက်တတ်ကျွမ်း သည့် ပါရမီရှင်က တသန်းမှာတယောက်သာရှိ နိုင်သည်။ ကျိုးယန်က စနစ်ကြောင့်ထိုအရာမျာ အားလုံး တတ်ကျွမ်းပေသည်။

အချိန်တချို့ကြာပြီနောက် ထိုအဆောက်အုံမှ ပြန်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး မသိစိတ်ကမူ အ​ဆောက်အုံပိုင်ရှင်အား အလေးအနက်ဦးညွ တ်လိုက်သည်။ ယခင်ဝင်ရောက်သူများ ဆေးပ င်များကို မတွေ့ပါဘဲ သူဝင်ရောက်သည့်အချိန် မှ တွေ့ရခြင်းက ကံတရားဆိုသည်ထက် ပိုတဲ့ အကြောင်းရင်းများ ရှိနေနိုင်သည်။

ကျိုးယန်တို့ ပြန်လည်ထွက်ခွာပြီး မကြာမီ၌ အဆောက်အုံအပေါ်ဆုံးထပ်ရှိ အခန်းထဲမှလူအ ရိပ်များစွာနဲ့အတူ စကားသံများပေါ်လာတော့သ ည်။

“ကောင်လေးက မဆိုးဘူး မင်းသမီးရဲ့မျိုးဆက် ပီသပါပေတယ်”

အရိပ်တခုက ပြောလိုက်သည်။ တခြားလူရိပ်တ ခုက

“ချီးကျူးဖို့ စောပါသေးတယ် သူ့အတွက်တက ယ့်အတားဆီးက တောအုပ်ထဲက ရန်သူတွေကို ရင်ဆိုင်တာပဲ ကျုပ်တို့ဆက်စောင့်ကြည့်ကြတာ ပေါ့ ဒါနဲ့မင်းသမီးရဲ့ အခြေနေကဘယ်လိုလဲ”

ဒုတိယလူရိပ်ရဲ့အမေးကို ပထမလူရိပ်က

“မကြာတော့ဘူး အတွင်းဒဏ်ရာအချို့ကုသနေ တာကနေ သက်သာရင် ပြန်ထွက်လာလိမ့်မယ် ကျုပ်တို့မှာလည်း အချိန်ကသိပ်မကျန်တော့ဘူး ငရဲတမန်တော်တွေ ပိုပြီးလှုပ်ရှားလာတယ်”

“အင်း… မင်းသမီးရဲ့မျိုးဆက်က တခုခုထူးခြား တာမျိုးတော့ လုပ်နိုင်ကောင်းပါရဲ့”

မကြာမီ အရိပ်များပျောက်ကွယ်သွားပြီး အသံ များလည်း တိတ်ဆိတ်သွားတော့သည်။ ထိုစဥ် ကျိုးယန်ရဲ့ စိတ်အာရုံက အဆောက်အုံကိုတချ က်ပြန်ကြည့်မိလိုက်သည်။ သူ့စိတ်ထဲတခုခုထူး ခြားနေသည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

…………………………………………………

All Chapters