← Chapters

အခန်း (၂၆၅)

Vol. 18 Ch. 265

အခန်း (၂၆၅)

Vol. 18 Ch. 265

တောအုပ်အတွင်းမှာတော့ တုထုနန်တို့အဖွဲ့နဲ့ ကျန့်သခင်လေးတို့မှာ ထိပ်တိုက်တွေ့ဆုံနေကြ သည်။ ကျန့်သခင်လေးတို့ဘက်၌ မိသားစုငယ် လေးများနေရာကို ရယူထားသည့်တမန်တော်အ ဖွဲ့ဝင် ကျင့်ကြံသူ၃ဦး ရှိနေပြီး ၃ဦးစလုံးကဒုတိ ယအသွင်ပြောင်းခြင်း အဆင့်၌ ရှိနေကြသည်။

“ကျန့်ဝေမင် ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး ငါ့လမ်း ကိုလာမပိတ်နဲ့”

တုထုနန်က ကျန့်သခင်လေးအား ပြောလိုက်သ ည်။ တုထုနန်၏စကားကိုကြားလျင် ကျန့်သခင် လေးက ပြုံး၍

“အဟက်.. ဒီလိုနေရာမျိုးမှာ လာဆုံတာကငါ့အ တွက် အခွင့်ရေးကောင်းပဲလေ လက်လွှတ်ရမှာ လား”

“မင်း ဘာလိုချင်တာလဲ”

တုထုနန်ရဲ့အမေးကို ကျန့်သခင်လေးက အေး စက်တင်းမာသည့် လေသံဖြင့်ပြန်ဖြေလိုက်သ ည်။

“မင်းတို့အားလုံးနဲ့ အသက်ပဲ”

“မင်း…မောက်မာလှချည်လားကွ မိသားစုနှစ်ခု ကြားစစ်ပွဲစချင်တဲ့ သဘောလား”

တုမိသားစုအကြီးအကဲတဦးက ဒေါသတကြီး ဝင်ရောက်ပြောဆိုလိုက်စဥ် ကျန့်အကြီးအကဲတ ဦးက လှောင်ပြောင်လာသည်။

“မိသားစု စစ်ပွဲဟုတ်လား မင်းတို့ဒီအထဲကနေ ကံကောင်းပြီး ပြန်ထွက်သွားချိန် မင်းတို့မိသား စုတွေက ပြာဖြစ်နေလောက်ပြီကွ ဒီတော့ဒီနေ ရာကိုမင်းတို့အတွက် သချိုင်းလို့ မှတ်ယူလိုက် ကြပေါ့ကွာ ဟားးး”

ထိုအကြီးအကဲ၏ စကားကြောင့် တုထုနန်တို့တ ဖွဲ့လုံး ထိတ်ပြာသွားပြီး မိုးကြိုးအမတေလော က အပြင်၌ ကြီးမားသည့် ပုန်ကန်မှုတခုဖြစ်နေ နိုင်သည်ကို တွက်ဆမိလိုက်ကြသည်။

“အယုတ်တမာမိသားစုပဲ မင်းတို့ကအပြင်လူနဲ့ ပေါင်းပြီး ကိုယ့်မျိုးနွယ်စုကို ဒုက္ခပြန်ပေးနေကြ တယ် အရှင်မကိုဂရုမစိုက်ကြဘူးလား”

တုထုနန်က မေးလိုက်သည်။

“အရှင်မဟုတ်လား ဘာမဟုတ်တဲ့ခန္ဓာကိုယ်ကျ င့်စဥ်လေးပေးပြီး ငါတို့ကိုကျွန်ပြုခဲ့တဲ့အရှင်မ ပေါ့ မင်းကဘာတွေမျှော်လင့်နေတာလဲ မင်း ပြောသလိုငါတို့က အပြင်လူနဲ့ပူးပေါင်းတယ်အဲ့ ဒါဘာဖြစ်လဲ မင်းရဲ့ဘိုးဘေးနဲ့ ယန်မိသားစုဘိုး ဘေးတွေကလည်း အပြင်လူဖြစ်တဲ့ကျိုးဧကရာ ဇ်နဲ့ ပူးပေါင်းတာပဲလေ”

“မတူဘူးကွ မင်းအခုပူးပေါင်းနေတဲ့ လူတွေက အရှင်မရဲ့လောကကို ဝါးမြို့မယ့်လူတွေ မင်းတို့ လှည့်စားခံနေရပြီ”

“ဟားးး မနာလိုနေတာအသိသာကြီးပဲ ငါတို့မျိုး နွယ်စုက အတွင်းမှာ ကျဆင်းနေတာမင်းလည်း အသိပဲတုထုနန် အခုတမန်တော်များအဖွဲ့က ငါ တို့မိသားစုလိုအပ်တဲ့ အရင်းအမြစ်အကုန်ပေး မယ်လို့ ကတိပေးထားပြီးပြီ ပြီးတော့ ပိုကောင်း တဲ့လောကတခုကိုလည်း ပို့ဆောင်ပေးဦးမှာကွ”

တုထုနန်တယောက် လက်သီးကိုကျစ်နေအောင် ဆုပ်လိုက်သည်။ တုလင်အရိပ်အမြွက်ပြောပြခဲ့ သည့် ကိစ္စများက အမှန်ပင်ဖြစ်လာနေပြီး လက် ရှိ၌ သူတို့ရင်ဆိုင်ရတော့မည် မဟုတ်လား။

“သခင်လေး ရှောင်လွှဲလို့မရမဲ့အတူတူ တိုက်ကြ တာပေါ့ ကျုပ်အထင် ကျိုးဧကရာဇ်တို့အဖွဲ့လဲ ဒီအနားတဝိုက်မှာ ရှိနေလောက်တယ်”

တုမိသားစု အကြီးအကဲတဦးက ပြောလာသည် ထိုစကားကိုကြားလျင် ကျန့်သခင်လေးက

“လာလေ ကျုပ်တို့ကိုရင်ဆိုင်နိုင်မှာတဲ့လား ကျိုးဧကရာဇ်က အခုဘယ်မြို့ထဲမှာပိတ်မိနေမ လဲ မသိနိုင်ဘူး”

ကျမ့်သခင်ဘေးက ဆက်၍ သူ့လူများကိုအမိန့် ပေးလိုက်သည်။

“တိုက်ကြ အကုန်လုံးကို ဒီနေရာမှာပဲလက်စသ တ်လိုက်တော့”

ကျန့်မိသားစုအကြီးအကဲများက တုထုနန်တို့ရှိ ရာခုန်ဝင်လာကြသည်။ တဖက်ရှိ တမန်တော်အ ဖွဲ့ဝင်များကမူ ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ တိုက်ပွဲအပြင်မှ ရပ်ကြည့်ရန်သာဆုံးဖြတ်ထားပုံ ရသည်။

ဝုန်း…

မကြာမီ ၅ ယောက်နှစ်ဖွဲ့က ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်ကြပြီး ရုပ်ပိုင်းဆိုင်ရာကျင့်စဥ် များကို အသုံးပြုထားသောကြောင့် ခန္ဓာကိုယ် များက ကြီးမားကြကာ တောအုပ်အတွင်းရှိသစ် ပင်အများစုမှာ ကျိုးကြေသွားကြတော့သည်။

တုထုနန်က ကျန့်သခင်လေးဆိုသူနဲ့ရင်ဆိုင်နေခဲ့ ပြီးသူတို့ကြား ကွာဟချက်က အဆင့်သေးတခု သာဖြစ်သော်လည်း ပါရမီရှင်များဖြစ်ကြ၍ ထို ကွာဟချက်က မသိသာပေ။ သို့သော်လည်းတ ကြိမ်ရှုံးနိမ့်ဖူးသည့် တုထုနန်က ယုံကြည်မှုနည်း ပါးနေသောကြောင့် အောက်စည်းရောက်နေခဲ့ရ သည်။

အုန်း

မကြာမီ တုထုနန်နဲ့ ကျန့်ဝေမင်တို့နှစ်ဦးစလုံး ပြိုင်တူလွင့်စင်သွားကြပြီး တုထုနန်တယောက် တကိုယ်လုံး ကိုင်ရိုက်ခံရသည့်နှယ် နာကျင်နေ သည်။ သို့သော်လည်း အားတင်း၍ တိုက်ခိုက်ရ န်သာ ဆုံးဖြတ်လိုက်ပြီး ကျိုးယန်တို့အဖွဲ့သာ ရောက်ရှိလာပါက အပြောင်းအလဲတခုခုဖြစ်နိုင် ကောင်းသည်ဟု တွေးနေခဲ့သည်။

“ဟားးး မင်းငါ့ကိုတကြိမ်ရှုံးထားတယ် နောက် လည်းရှုံးနေဦးမှာပဲကွ”

တုထုနန်က ကျယ်လောင်စွာကြုံးဝါးကာ အဆင့် ၆ အလယ်ဆင့်၏ အစွမ်းကိုအကုန်ထုတ်သုံးလို က်တော့သည်။ တုထုနန်၏ ခန္ဓာကိုယ်မှာမူလက ထက်တဆခွဲနီးပါး ပိုကြီးလာပြီး ခွန်အားကလဲ နှစ်ဆနီးပါး တိုးလာသည်။ ကြီးမားသည့်လက် သီးချက်များ ထုတ်လွှတ်ကာ ဒေါသတကြီးထိုး နှက်တော့သည်။

“ဒါမျိုးမှကြိုက်တာ လာခဲ့စမ်းကောင်လေး”

ကျန့်ဝေမင်က လှောင်ပြောင်နေပြီး တုထုနန်၏ လက်သီးချက်များကို ထိပ်တိုက်ရင်ဆိုင်နေခဲ့သ ည်။ တဖက်တွင် အဆင့်တူအကြီးအကဲများ၏ တိုက်ပွဲက ပြင်းထန်နေပြီး လက်ရည်တူနေသော ကြောင့် အနိုင်အရှုံးမကွဲပြားသေးပေ။

မိုးကြိုးအမတေလောက အပြင်ဘက်မှာတော့ ကျန့်လောင်တယောက် တမန်တော်များအဖွဲ့၏ အကူညီဖြင့် ထိုမြင်ကွင်းကိုကြည့်ရှုနေပြီး မျက် နှာတခုလုံး ပြုံးရွှင်နေခဲ့သည်။ တုမိသားစုဝင် များကတော့ ကျန့်လောင်၏အမူအရာကို သတိ ပြုမိလိုက်ပြီး မကောင်းသည့်အရာတခုခုဖြစ်နေ သည်ကို ခံစားမိလိုက်သည်။

“ကျန့်လောင် မင်းက မျိုးနွယ်စုကိုတကယ်ပဲ သစ္စာဖောက်တော့မလို့လားကွ”

တုလင်က မေးလိုက်သည်။ အတွင်းရှိအခြေအ နေများကို တုလင်ကဲ့သို့ပညာရှင်များက မရိပ် စားမိစရာ အကြောင်းမရှိပေ။ ဘိုးဘေးယန်မင် ကလဲ ကျန့်လောင်ကို အကဲခတ်နေပြီး မကြာမီ ကြီးမားသည့် လှုပ်ရှားမှုများဖြစ်လာနိုင်သည်ကို ခံစားနေရသည်။

“သစ္စာဖောက်တယ်ဟုတ်လား မင်းတို့မျိုးနွယ်စု ကဘာများကောင်းလို့လဲ စုတ်ပျက်နေတဲ့အရင်း အမြစ်တွေ သူများလောကလာပြီး မီခိုနေရတဲ့ ဘဝကိုမင်းတို့က ကျေနပ်နေကြတာပဲ”

ကျန့်လောင်ရဲ့စကားက တုမိသားစုသာမက ယန်မိသားစုများကိုပါ ဒေါသဆွလိုက်ခြင်းဖြစ် သည်။ ယန်ချန်းက

“ကျန့်လောင် ခွေးစကားမပြောနဲ့ အရှင်မကြော င့်သာမဟုတ်ရင် မင်းလိုကောင်က မူလလောက မှာ ဘဝပျက်နေတာကြာပြီ နည်းနည်းလေးအ ရောင်စုံလာတော့ လူမိုက်စကားပြောထွက်လာ တယ် ထွီ..ရွံစရာကောင်းလိုက်တဲ့ကောင်”

ကျန့်လောင်နဲ့အတူရှိနေသည့် ရှမိသားစုခေါင်း ဆောင်ကပြုံး၍ ဝင်ပြောလာသည်။

“ယန်ဘိုးဘေး မင်းတို့ ဧကရာဇ်ကျိုးယန်ကိုဘာ တွေမျှော်လင့်နေလဲ ငါမသိဘူးသေချာတာက တော့ မင်းတို့သာသူနဲ့ ပေါင်းစည်းမယ်ဆိုရင် ပျ က်သုန်းမယ့်အရေးက သိပ်မကြာတော့ဘူးဆို တာပဲ”

……………………………………………….

All Chapters