အခန်း (၂၆၆)
Vol. 18 Ch. 266
ထိုစဥ် တောအုပ်အတွင်း တိုက်ပွဲကတော့ပြင်း ထန်နေပြီး တုထုနန်အပါအဝင် တုမိသားစုအ ကြီးအကဲများမှာ အောက်စည်းရောကနေကြ တော့သည်။ တဖက်ရှိ ကျန့်မိသားစုက တမန် တော်များအဖွဲ့မှ ပေးအပ်ထားသည့် ရတနာများ အသုံးပြု၍ တိုက်ခိုက်လာသောကြောင့် ဖြစ်သ ည်။
တုထုနန်မှာ တကိုယ်လုံး အရိုးများအက်ကွဲနေခဲ့ ပြီး သွေးများစိုရွဲနေသော်လည်း အညံ့မခံသေး ချေ။ ကျန်တုမိသားစု အကြီးအကဲများမှာလည် ထိုနည်းတူပင် ဖြစ်သည်။
“မင်းတို့ဘယ်လောက် တောင့်ခံနိုင်မှာလဲ”
ကျန့်ဝေမင်က လှောင်ပြောင်လိုက်ပြီး တုထုနန် ရှိရာသို့ လက်သီးချက်တခုထိုးလွှတ် လိုက်သ ည်။ လက်သီးပုံရိပ်ကြီးက လျင်မြန်စွာထွက်ပေါ် လာပြီး တုထုနန်၏ရင်ဘတ်ကို ထိမှန်ကာမီတာ များစွာ လွင့်ထွက်သွားစေတော့သည်။
အင့်….
တုထုနန်တယောက် သွေးတပွက်အန်ထုတ်လိုက် ရပြီး မြေပြင်ပေါ်မှ ပြန်ထရန်ပင် အနိုင်နိုင်ဖြစ် သွားတော့သည်။ တဖက်တွင် တုမိသားစုအကြီး အကဲများမှာလည်း ရှုံးနိမ့်နေကြပြီး အကြီးအ ကဲ၄ဦးမှ ၃ဦးမှာ မြေပေါ်လဲကျနေခဲ့လေပြီ။ ကျ န်တဦးမှာလည်း အသဲအသန်ခုခံနေရပြီး မကြာ မီ ရှုံးနိမ့်တော့မည် လက္ခဏာများ ပြသနေလေ သည်။
တောအုပ်အစပ်နေရာမှာတော့ ကျိုးယန်တို့အဖွဲ့ က တဖြေးဖြေးဝင်ရောက်လာသည်။ ကျိုးယန် ၏ စိတ်စွမ်းအားက တောအုပ်၏နေရာအနည်း ငယ်ကိုသာ ဖြန့်ကျက်ထားနိုင်သော်လည်း ထိုအ ရာက ကျိုးယန်အတွက်မူ လုံလောက်ပေသည်။
“တောအုပ်နဲ့ပက်သက်ပြီး ပြောပြပါဦး”
ကျိုးယန်က မေးလိုက်သည်။ ယန်ချင်းချင်းက
“တောအုပ်ကို အပြင်နဲ့အတွင်းဆိုပြီး နှစ်ပိုင်းခွဲ ထားတယ် ဒီနေရုကအပြင်ဘက်အပိုင်းပဲ အမျာ အားဖြင့် ရတနာတွေကို အပြင်ဘက်ပိုင်းကစရှာ လို့ရတယ် နည်းတော့နည်းတာပေါ့လေ အဓိက တွေ့နိုင်တာက အတွင်းဘက်ပိုင်းပဲ”
ယန်ချင်းချင်းစကားအဆုံး၌ ကျိုးယန်ကခေါင်း ညိတ်လိုက်သည်။ ပြီးနောက် တောအုပ်အတွင်း ဆက်၍ ဝင်သွားလိုက်ပြီး မကြာမီတောကနက် သထက်နက်လာသည်။ ပတ်ဝန်းကျင်ရှိလေထု ကလည်း ပြောင်းလဲသွားပြီး သာမန်ကျင့်ကြံသူ များအနေဖြင့် အနည်းငယ်ထိတ်လန့်မှုကို ခံစား ရစေမှာ သေချာသည်။
ယန်ချင်းချင်းကလည်း ကျိုးယန်နည်းတူ အ လေးနက်ရှိနေခဲ့ပြီး တောအုပ်အတွင်းရောက်ရှိ ပါက ကျန့်မိသားစုနဲ့ တွေရနိုင်သည်ဟု သူမခံ စားနေရလေသည်။ တုမိသားစုက တုထုနန်တို့ အဖွဲ့ကကော တောအုပ်အတွင်းရောက်နေကြပြီ လား။
“ဟိုနေရာကို သွားကြည့်ရအောင်”
ကျိုးယန်က လျှိုမြောင်တခုကို ညွှန်ပြလိုက်ပြီး ထိုနေရာရှိရာကို အလျင်စလိုသွားလိုက်သည်။
“အဲ့မှာ ဘာမှမရှိဘူး”
ယန်ချင်းချင်းက သတိပေးလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ကျိုးယန်က လျှို မြောင်ထိပ်ကိုပင် ရောက်ရှိနေပြီး အောက်သို့ငုံ့ ကြည့်လိုက်လျင် ပေရာဂဏန်းမျှသာ နက်သည့် ချောက်တခုကို တွေ့လိုက်ရသည်။
ချောက်အတွင်း၌ ဝါးပင်များ အများပြားထိုးထွ က်နေပြီး ချောက်ရဲ့အဆုံးကို မမြင်ရပေ။ ထိုစဥ် ကျိုးယန်ရဲ့ မသိစိတ်က ချောက်အတွင်းခုန်ဆင် ရန် အချက်ပေးနေလေသည်။ ဘာလဲ… တခုခု ရှိနေတာလား။
မကြာမီယန်ချင်းချင်းတို့ ရောက်ရှိလာပြီး ချော က်ကို ငုံ့ကြည့်လိုက်ကြသည်။
“အထဲမှာ နတ်ဆိုးသားရဲအချို့ ရှိနေမလားပဲ”
အကြီးအကဲကျန်းက ပြောလိုက်သည်။ ကျိုးယ န်ကခေါင်းညိတ်ပြလိုက်ပြီး
“ရှိနေနိုင်တယ် ဒါပေမယ့်ချောက်က တခုခုကိုဖုံး ကွယ်ထားတယ်လို့ ခံစားနေရတယ် ဒါကြောင့် ကျုပ်ခနဆင်းကြည့်တာပေါ့”
ကျိုးယန်ရဲ့စကားကြောင့် ယန်ချင်းချင်းတို့တ ဖွဲ့လုံးမှင်သက်သွားကြသည်။ ချောက်ထဲဆင်းမ ည်တဲ့လား။
“ဘာအတွက်လဲ အထဲမှာရတနာရှိနေတယ်ဆိုရ င်တောင် အန္တရာယ်များလွန်းတယ်”
ယန်ချင်းချင်းက ကန့်ကွက်လိုက်သည်။ အချိန် တလသာရ၍ အချည်းနှီးအဖြစ်မခံနိုင်ချေ။
ကျိုးယန်က ခေါင်းယမ်းပြလိုက်ပြီး
“မကြာပါဘူး တနာရီလောက်ပဲ ဒီမှာခဏစောင့် နေပေးကြပါ”
ထိုသို့ပြောရင်း ချောက်အတွင်းသို့ ခုန်ဆင်းသွာ တော့သည်။ ချောက်အတွင်း မြင်ကွင်းများက ဝါးပင်များကြောင့် ရှုပ်ထွေးနေသော်လည်း အ စွမ်းထက်သည့် စိတ်ဝိဉာဥ်ကြောင့် ကျိုးယန်အ တွက်အခက်ခဲမရှိပေ။ ပေ၅၀ နီးပါးရောက်ချိန် မြေဆွဲအားက ပြင်းထန်လာသည်။
အောက်ကိုကျဆင်းမှုက ပို၍မြန်ဆန်လာပြီး အောက်နားရောက်ခါနီးလေ ပိုမြန်လေဖြစ်လာ ကာမိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ချောက်ရဲ့ကြမ်းပြင်ကို ရောက်ရှိသွားတော့သ ည်။
ချောက်ကြမ်းပြင်၌ မြင်ကွင်းများက ရှင်းလင်း နေသည်။ ရံဖန်ရံခါ ဖြတ်တိုက်သွားသည့် လေ ကအနည်းငယ် ထူးဆန်းသလို ခံစားစေသော်လဲ ထိုမျှသာဖြစ်ပြီး အခြားမရှိပေ။ ကျိုးယန်ကပ တ်ဝန်းကျင်တခုလုံး ဂရုတစိုက်ရှာဖွေ လိုက်ချိန် မှာတော့ လှိုဏ်ဂူတခုကိုတွေ့လိုက်ရပြီး ထူးခြား စွာပင် လှိုဏ်ဂူအဝင်က လျှပ်စီးကြောင်းများယှ က်သန်းနေလေသည်။
မိုးကြိုးတွေလား။ ဒါဆိုအမတေရှိနေနိုင်တယ်။
…………………………………………………