အခန်း (၂၆၇)
Vol. 18 Ch. 267
ကျိုးယန်တယောက် လှိုဏ်ဂူအနားချဥ်းကပ် သွားလိုက်တယ်။ ဂူအဝင်ဝက ကျဥ်းမြောင်းပေ မဲ့ ဂူအတွင်းကတော့ အတန်အသင့်ကျယ်ဝန်း နေတာကို တွေ့လိုက်ရတော့ အံ့သြသင့်သွားရတ ယ်။
သတိအပြည့်ထားရင်း ဂူထဲလှမ်းဝင်လိုက်တယ် သူ့ခန့်မှန်းချက်သာ သေချာခဲ့ရင် ဂူအတွင်း၌တ ခုခုထူးခြားတဲ့ ရတနာရှိနိုင်လောက်ပေသည်မ ဟုတ်လား။ ဂူအတွင်းရောက်ချိန်မှာ အလင်း ရောင်က တောက်ပနေပြီး ဂူနံရံများက လျှပ်စီး ဓာတ်များဖြင့် စီးဆင်းနေသည်မှာ ပန်းချီကား တချပ်သဖွယ် လှပနေသည်။
ကျိုးယန်က ဂူနံရံပေါ်မှ လျှပ်စီးကြောင်းကိုထိ တွေ့လိုက်ချိန်မှာတော့ ပြင်းထန်တဲ့ လျှပ်စစ်ဓာ တ်တခုက တွန်းကန်လာတော့သည်။ ကျိုးယန် တယောက် လျှပ်စစ်ရဲ့သဘောတရားအချို့ကို ယခင်ကမ္ဘာမြေ၌ ရှိစဥ်က ကျောင်းသင််ခန်းစာ များမှ သင်ကြားခဲ့ရ၍ တွန်းကန်လျှပ်စစ်ကို နား လည်ပေသည်။
နံရံများမှ လျှပ်စစ်စီးကြောင်းများအတိုင်း ဆက် ၍ အထဲဝင်သွားခဲ့ပြီး ပေအနည်းငယ်လျှောက် ပြီးချိန်မှာတော့ စင်မြင့်သေးသေးတခုအား တွေ့ လိုက်ရသည်။ စင်မြင်ပေါ့်၌ အလင်းရောင်များ တောက်ပနေသည့် ဖန်လုံးတခုရှိနေပြီး ထိုအရာ များက သေချာပေါက်လျှပ်စစ်ဓာတ်နဲ့ ဆင်တူ သည့်မိုးကြိုးလျှပ်စီးကြောင်းများ ဖြစ်သည်။
ဘာလဲဟ.. အဲ့လောက်လွယ်တာလား။ အရင်က လူတွေ ဒီချောက်ထဲတခါမှ မဆင်းခဲ့ကြလို့များ ဒီအရာကို မတွေ့တာလား။ ဒါမှမဟုတ် ငါ့ကံက ပဲ သြချရလောက်အောင် ကောင်းမွန်နေတာများ လား။
ကျိုးယန်ရဲ့ရတနာ ရှာတွေ့သည့်ကံက နတ်ဘု ရားအဆင့်များ ဖြစ်နေမလားဟု သူ့ကိုယ်သူအ ထင်ကြီးသွားတော့သည်။ ကျိုးယန်မသိသည် မှာ ချောက်နက်ထဲဆင်းချိန်မှစ၍ ဂူအတွင်းဝင် ရောက်ချိန်ထိ တစုံတဦးမှ ကျိုးယန်ကိုကူညီ၍ သားရဲကောင်များကို ရှင်းထုတ်ပေးနေခြင်းဖြစ် သည်။
ကျိုးယန်က ထိုမိုးကြိုးဖန်လုံးကို သိမ်းယူလိုက် သည်။ လက်ရှိအနေထားက မိုးကြိုးဖန်လုံးအ တွင်းရှိ အမြူတေအား သန့်စင်ရမည့်အချိန်မ ကျသေးပေ။ အချိန်နှောင်းသွားပါက ယန်ချင်း ချင်းတို့ စိတ်ပူနေမည်မဟုတ်လော။
ခဏကြာလျင် လှိုဏ်ဂူအတွင်းမှ ပြန်လည်ထွက် ခွာပြီး ချောက်မှပြန်တက်လာတော့သည်။ ကျိုး ယန်ပြန်ရောက်လာသည်ကို တွေ့မှ ယန်ချင်းချင် လည်း သက်ပြင်းမောကို ချလိုက်တော့သည်။
“တောအုပ်အတွင်း ဆက်သွားကြရအောင်”
ကျိုးယန်က ပြောလိုက်သည်။ မကြာမီ ယန်ချင် ချင်းတို့နဲ့အတူ တောအုပ်၏အတွင်းဘက်ထဲသို့ ဝင်ရောက်လာကြတော့သည်။
“ခေျာက်ထဲမှာ ဘာတွေ့ခဲ့လဲ”
ယန်ချင်းချင်းက မေးလိုက်သည်။ ကျိုးယန်က ခေါင်းယမ်းပြလိုက်ပြ်ီး.
“ဆေးပင်တချို့တွေ့တာပါ တခြားထူးခြားတာ မျိုးမရှိပါဘူး”
ကျိုးယန်နဲ့ယန်ချင်းချင်းတို့ စကားပြောနေစဥ် ခပ်လှမ်းလှမ်းတနေရာမှာတော့ မှုန်ဝါးသည့်လူ ရိပ်တခုက ကျိုးယန်ရှိရာကို လှမ်းကြည့်နေသ ည်။ ထိုအရာကိုတော့ ကျိုးယန်တယောက်သတိ မပြုမိပေ။ ထူးဆန်းသည်က လူရိပ်မှာ အတန် ကြာစိုက်ကြည့်ပြီးနောက် ကျိုးယန်ကိုမည်သည့် အန္တရာယ်မှမပေးဘဲ ထွက်ခွာသွားတော့သည်။
ဟူးးး ငါ့တာဝန်တော့ပြီးပြီ။
တိုးညင်းသည့် သက်ပြင်းချသံသဲ့သဲ့ကို ကြား လိုက်ရသည့်အတွက် ကျိုးယန်တယောက်ဆတ် ခနဲ ဖြစ်သွားကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့် ချိန်မှာတော့ မည်သည့်အရာမှ မတွေ့ရတော့ပေ ထူးဆန်းတယ် ငါ့နောက်ကတယောက်ယောက် လိုက်နေသလိုပဲ။
ယန်ချင်းချင်းတို့က ကျိုးယန်၏ အပြုအမူကို သတိမထားမိဘဲ ရှေ့ဆက်သွားနေသည်။ မကြာ မီ တောအုပ်၏အတွင်းသို့ ရောက်ခါနီးအချိန်မှာ တော့ ကျယ်လောင်သည့်တိုက်ခိုက်သံများ ထွ က်ပေါ်တော့သည်။
“တုထုနန် မင်းအတွက် သေခြင်းတရားကပဲ အခုချိန်မှာ ရွေးချယ်စရာရှိတော့တယ်ကွ”
ကျန့်ဝေမင်က တုထုနန်အား လှောင်ပြောင်လိုက် သည်။ တုမိသားစု အကြီးအကဲ၄ဦးမှာ သေဆုံး သွားကြပြီး ကျန့်ဝေမင်ကတော့ တုထုနန်ကိုအ ဆုံးမသတ်သေးပဲ ဆော့ကစားနေခြင်းဖြစ်သည် တုထုနန်က ဒေါသတကြီးစိုက်ကြည့်ပြီးနောက် ဆဲရေးတော့သည်။
“ ခွေးမသား မင်းတို့ကောင်တွေ ဘယ်တော့မှအ လွတ်မပေးဘူး”
“ဟားးးးဟားးးဟားး”
ကျန့်ဝေမင်က ကျယ်လောင်စွာ ရယ်မောလိုက် သည်။ မိုးကြိုးအမတေဂူအပြင်မှာတော့ တုလင် တယောက် တိုက်ခိုက်ရန်ပြင်နေခဲ့သည်။ ကျန့် မိသားစုများနဲ့ တမန်တော်များအဖွဲ့ကလည်း တု နဲ့ယန်မိသားစုဝင်များကို ဝန်းပတ်ထားပြီး ကျန့် လောင်ရဲ့အမူအရာက အရာအားလုံးကိုထိန်းချု ပ်ထားနိုင်သည့်နှယ် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
“ဘာလဲ မင်းတို့က တိုက်ခိုက်ချင်တာလား တုလ င် မင်းတူရဲ့နောက်ဆုံးခရီးကို ကြည့်သွားပါဦး”
ကျန့်လောင်ရဲ့စိတ်ဆွစကားကြောင့် တုစစ်လဲ ဒေါသအကြီးအကျယ်ထွက်ကာ တကိုယ်လုံးတု န်ယင်နေသည်။ တဖက်တွင် ဘိုးဘေးယန်မင်က ကျိုးယန်တို့အဖွဲ့ အခုထိတောအုပ်အတွင်းရော က်မလာသေးသည့်အပေါ် စိတ်ရှုပ်ထွေးနေခဲ့ပြီး လက်ရှိအခြေနေအရ ကျန့်မိသားစုနဲ့တိုက်ခိုက်ရ တော့မည်ကို သတိပြုမိနေခဲ့သည်။
“ကျန့်လောင် ငါ့သားကိုလွှတ်ပေးဖို့ ငါဘာလုပ် ပေးရမလဲ”
တုစစ်က မေးလိုက်တယ်။
“မလိုတော့ဘူး မင်းသားရဲ့အဆုံးသတ်ကိုပြပီးရ င်မင်းတို့ရဲ့ အဆုံးသတ်လည်း လာလိမ့်မယ် ရှ ခေါင်းဆောင်ကြီး အစီစဥ် စကြတာပေါ့”
ကျန့်လောင်က တုစစ်ကိုလှောင်ပြောင်ရင်း တ ဖက်တွင်လူအုပ်ကြားထဲ ရှိနေသည့်ရှမိသားစု ခေါင်းဆောင်အား အသိပေးလိုက်သည်။ ရှမိ သားစုခေါင်းဆောင်က ပြုံး၍
“ဒီနေရာမှာ ရှိနေတဲ့ တုနဲ့ယန်မိသားစုဝင်အားလုံ ကို အဆုံးသတ်လိုက်တော့”
ထိုစကားသံနဲ့အတူ တမန်တော်များအဖွဲ့နဲ့ကျန့်မိ သားစုဝင်များက စတင်တိုက်ခိုက်လာတော့သ ည်။ မူလက ကျန့်လောင်အနေဖြင့် ကျိုးယန်ကို စောင့်ဆိုင်းလိုသော်လည်း အချိန်အတော်ကြာ သည်အထိ မပေါ်လာသောကြောင့် အခြားနေရာ တခု၌ ပိတ်မိနေလောက်သည်ဟု တွေး၍ တိုက် ပွဲအမြန် စတင်လိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အခြေနေက သူ့ထိန်းချု ပ်မှုအောက်၌ အပြည့်အဝရှိနေသည် မဟုတ်ပေ လော။
…………………………………………………