အခန်း (၂၆၈)
Vol. 18 Ch. 268
ဘိုးဘေးယန်မင်က ရှမိသားစုခေါင်းဆောင်ရှိရာ ခုန်ဝင်သွားပြီး လက်သီးချက်များဖြင့် တိုက်ခို က်တော့သည်။ ထို့အတူ ယန်ချန်း တုလင် တုစ စ် ယန်ယန်တို့အပါအဝင် အကြီးအကဲများကလဲ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လာသော ကြောင့် ပြင်းထန်သည့်တိုက်ပွဲကြီးတခု ဖြစ်ပေါ် သွားသည်။
ထိုစဥ် တောအုပ်အတွင်းမှာတော့ တုထုနန်၏အ ခြေနေက မဟန်တော့ပေ။ ကျန့်ဝေမင်ရဲ့လက် သီးချက်များ အဆက်မပြတ်ထိခိုက်နေရင်းသွေ များ အန်ထုတ်နေရကာ မိနစ်အနည်းငယ်ပင်ဆ က်၍ တောင့်ခံနိုင်မည်ဟန် မရှိတော့ပေ။
“ကဲ ဒီမှာပဲ အဆုံးသတ်လိုက်တာပေါ့”
ကျန့်ဝေမင်က လက်သီးချက်တခုဖြင့် တုထုနန် ၏ရင်ဘတ်ကို ထိုးနှက်လိုက်သည်။
ဝုန်း…
ပြင်းထန်တဲ့ တိုက်ခိုက်မှုက တုထုနန်၏ရင်ဘတ် ကို မထိသွားဘဲ ကြားမှာလက်သီးချက်တခုပေါ် လာကာ ခုခံသွားသည်။
ဟမ်… ဘယ်သူလဲ။
ကျန့်ဝေမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန် မှာတော့ ကျိုးယန်တို့အဖွဲ့ကိုမြင်လိုက်ရပြီး မှင် သက်သွားသည်။ တခဏကြာလျင် အမူအရာ ပြောင်းသွားကာ
“နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ ကောင်း တယ် မင်းကိုအဆုံးသတ်ပေးဖို့ငါစောင့်နေခဲ့တာ အခုတော့ ကွက်တိပဲ”
ကျိုးယန်က ကျန့်ဝေမင်ရဲ့စကားကို ခွန်းတုန့်မ ပြန်တော့ပဲ တမန်တော်များအဖွဲ့ရှိရာကိုသာ ခုန် ဝင်သွားတော့သည်။ ထိုအခြေနေကို မထင်မှတ် ထားသည့် တမန်တော်များအဖွဲ့မှာ ကျိုးယန်တ ယောက်ခုန်ဝင် လာချိန်မှာတော့ ထိတ်ပြာသွားခဲ့ သည်။
ယန်ချင်းချင်းနဲ့ အကြီးအကဲ၃ဦးက ကျန့်ဝေမင် နဲ့ ကျန့်မိသားစုအကြီးအကဲများကို ရင်ဆိုင်နေခဲ့ ပြီး ယန်ချင်းချင်းက ကျန့်ဝေမင်ကို ထိပ်တိုက် ရင်ဆိုင်ပြီး အကြီးအကဲကျန်းက နှစ်ယောက်တ ယောက် တိုက်ခိုက်နေခဲ့သည်။
“ချင်းအာ လက်လျော့လိုက်တော့ အပြင်ဘက် အခြေနေကိုမင်းမသိသေးဘူး အပြင်မှာငါ့အ ဖေက အကုန်လုံးကိုထိန်းချုပ်ထားလိုက်ပြီ မင်း သာ ငါ့ဇနီးအနေနဲ့လက်ခံရင် မင်းရဲ့မိဘနှစ်ပါးနဲ့ အဖိုးကိုသက်ညှာပေးဖို့ အဖေ့ဆီမှာငါတောင်း ဆိုပေးမယ်”
“သွားသေလိုက်”
ယန်ချင်းချင်းက ကျန့်ဝေမင်ရဲ့စကားကို ဂရုမစို က်ပေ။ ကျင့်စဥ်ကိုလည်ပတ်ကာ ပြင်းထန်တဲ့ လက်သီးချက်များဖြင့် တိုက်ခိုက်တော့သည်။ တဖက်တွင် ကျိုးယန်က ရုပ်ပိုင်းဆိုင်ရာကိုမသုံး ပဲ ဓားချက်များဖြင့် တမန်တော်များအဖွဲ့ကိုဖိနှိပ် ထားသည်။
ကျင့်ကြံဆင့် ကွာဟမှုရှိပေမယ့် ဒုတိယအသွင် ပြောင်းခြင်းနဲ့ နီးကပ်နေပြီး ဓားကွက်များကလဲ နတ်ဘုရားအဆင့်များ ဖြစ်နေသောကြောင့် တ ဖက်သူများကို အလွယ်တကူဖိနှိပ်နိုင်ကာ သုံးဦး တဦး ရင်ဆိုင်နေရသော်လည်း အသာစီးရနေခဲ့ သည်။
ရွှီး…
ကြီးမားသည့်ဓားအလင်းတခုက တမန်တော်အ ဖွဲ့မှ ကျင့်ကြံသူတဦးကို ခုတ်ပိုင်းသွားသည်။ထို ဓားချက်က ထိုသူကိုနှစ်ပိုင်းဖြတ်လိုက်သည့်အ ပြင်ကျိုးယန်မသိတာက ပြင်ပကိုအစီအရင်ဖြင့် ပြသနေသူမှာလည်း ထိုသူဖြစ်နေသောကြောင့် ကျိုးယန်ရဲ့ ဓားချက်ကတောအုပ်အတွင်းမှအ ခြေနေများကို ပြတ်တောက်သွားစေတော့သည်
ဟမ်… ဘာဖြစ်သွားတာလဲ။
တုလင်နဲ့တိုက်ခိုက်နေရင်း တောအုပ်အတွင်းမှ သားဖြစ်သူတို့၏ မြင်ကွင်းကိုမတွေ့ရချိန်မှာ တော့ ကျန့်လောင်တယောက် ထိတ်ပြာသွားပြီး စိတ်ထဲမကောင်းသည့် ခံစားချက်များရလာသ ည်။ တိုက်ပွဲ၏တခြားဖက်တွင် ဘိုးဘေးယန်မင် ရဲ့ဖိနှိပ်မှုကို ခံနေရသည့် ရှမိသားစုခေါင်းဆော င်မှာ အခြေနေမဟန်သည်ကိုတွေ့လျင် ဆုတ်ခွာ ရန် ကြိုးစားတော့သည်။
တုနဲ့ယန် မိသားစုကြီးနှစ်ခုရဲ့အင်အားက နောက် စရာတော့မဟုတ်ပေ။ ကျန့်မိသားစုဘိုးဘေးမရှိ ချိန် ကျန့်လောင်ရဲ့လှုပ်ရှားမှုက အလောကြီးလွ န်းခဲ့ပြီး သူ့စိတ်ထင် တမန်တော်များအဖွဲ့မှာအ လွန်အစွမ်းထက်မည်ဟု အထင်ရောက်ခဲ့ခြင်းဖြ စ်သည်။ သူမသိသည်က ရှမိသားစုခေါင်းဆော င်မှာ ပကတိရှင်သန်ခြင်း အထွဋ်အထိပ်မျှသာ ဖြစ်ပြီး ကျိုးယန်ကို ကလဲ့စားချေလို၍ ယခုကိ စ္စများစီစဥ်ခြင်းဖြစ်ကာ အခြေနေမဟန်ပါက အနောက်ပြန်ဆုတ်ရန် တွေးထားပြီးဖြစ်သည်။
အုန်း….
ယန်ချန်းရဲ့ တိုက်ခိုက်မှုက ကျန့်မိသားစုအကြီး အကဲတဦးအား လွင့်စင်သွားစေပြီး ကျန်သူများ ကလည်း တဖက်ရန်သူများအား အနိုင်ပိုင်းလို က်နိုင်ကြသည်။ ထိုအချင်းအရာကိုတွေ့လျင် ရှ မိသားစုခေါင်းဆောင်မှာ သူ့လူများအားအော်ဟ စ်သတိပေးလိုက်တော့သည်။
“အမြန်ပြန်ဆုတ်ကြ”
မကြာမီ လေဟာနယ်လမ်းကြောင်းများ ထွက် ပေါ်လာကာ ထိုအရာက လေဟာနယ်ခုန်ကူးသ ည့် ရတနာများထုတ်၍ အသုံးပြုလိုက်ခြင်းဖြစ် သည်။ ကျန့်လောင်တယောက် မှင်သက်သွားရ ပြီး အခြေနေများနိမ့်ပါးသွားချိန်၌ သူနဲ့ပူးပေါင်း သူများက ထွက်ပြေးသွားသည်မဟုတ်လား။
“ရှခေါင်းဆောင် အဲ့ဒါဘာသဘောလဲ”
ရှမိသားစုခေါင်းဆောင်ကတော့ ဆုတ်ခွာသွားခဲ့ ပြီဖြစ်သည်။ ဘိုးဘေးယန်မင်ကလည်း လိုက်ပါ သွားခြင်းမရှိပဲ ကျန့်မိသားစုဝင်များဘက်လှည့် ၍ တိုက်ပွဲကိုအဆုံးသတ်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။ လက်ရှိအခြေနေက လူတွင်ပါ၍ နွား ကျားကိုက်သည်မဟုတ်လား။
အပြင်လူနဲ့ပေါင်း၍ မျိုးနွယ်စုအချင်းချင်းသစ္စာ ဖောက်ခြင်းက ခွင့်လွှတ်၍ မရပေ။ ထိုအပြစ်အ တွက် တခုတည်းသောအရာက သေခြင်းတရား ပင်ဖြစ်သည်။
“အား…”
နာနာကျင်ကျင်အော်ဟစ်သံနဲ့အတူ ကျန့်မိသား စု၏ ထိပ်တန်းအကြီးအကဲတဦးမှာ တုစစ်ရဲ့လ က်သီးချက်ကြောင့် လွင့်ထွက်သွားပြီး ပြန်ထမ လာတော့ပေ။
“ဘာတွေဖြစ်ကုန်တာလဲ”
မူလက ကျန့်မိသားစုနဲ့ တိတ်တဆိတ်ပူးပေါင်း ထားကြသည့် မိသားစုငယ်များမှ ထိတ်လန့်သွာ ပြီး အလျင်အမြန်ပင် အညံ့ခံကြတော့သည်။ ဘိုးဘေးယန်မင်က ထိုသူများကို ထိန်းသိမ်းလို က်ပြီး တုလင်နဲ့အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည့် ကျန့်လောင်အား စူးစိုက်ကြည့်လိုက် သည်။
ဘိုးဘေးယန်မင်ရဲ့ အကြည့်က ဓားသွားတခုနှ ယ်ထက်ရှနေပြီး သတ်ဖြတ်လိုစိတ်များကို လုံးဝ မဖုံးကွယ်ထားခဲ့ပေ။ ကျန့်လောင်တယောက် တွ န့်ခနဲ ဖြစ်သွားကာ ဇောချွေးများပျံလာရသည်။ အခြေနေများက နာရီပိုင်းအတွင်း ပြောင်းလဲ သွားခဲ့ပြီး သူအထင်ကြီးသည့် တမန်တော်များ အဖွဲ့မှာ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့် ရှုံ နိမ့်၍ ထွက်ပြေးတိမ်းရှောင်သွားကြသည်ကို သူ မတွေးမိပေ။
…………………………………………………