အခန်း (၂၆၉)
Vol. 18 Ch. 269
ကျိုးယန်ရဲ့ ဓားချက်များက တမန်တော်အဖွဲ့ဝင် ၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်သွားပြီးနောက် ကျန့်မိသားစုအကြီးအကဲများမှာ တုန်လှုပ်သွား ကြတော့သည်။
၎င်းတို့မှာ တုမိသားစုများနဲ့ အပြင်းအထန်တိုက် ခိုက်ခဲ့ရပြီး ဒဏ်ရာရနေချိန် နောက်ထပ်အင်အာ ကြီးမိသားစုဖြစ်သည့် ယန်မိသားစုမှအကြီးအ ကဲများနဲ့ ထပ်မံတိုက်ခိုက်နေရသည် မဟုတ်လာ ကျန့်သခင်လေးရဲ့မျက်နှာမှာ ရှုံ့မဲ့နေပြီးသူ့ထ က်အဆင့်သေး တဆင့်နိမ့်သည့် ယန်ချင်းချင်း ကိုရင်ဆိုင်ရန် ခက်ခဲနေသည်။
ထိုအရာက ငယ်နိုင်ဟူသည့် သဘောတရားဖြစ် ပြီး သူ့မသိစိတ်၌ စွဲနေသည့်အရာမှာ ယန်ချင်း ချင်းကို သူမနိုင်ဟူသည့် အကြောင်းတရားဖြစ် သည်။ တဖက်တွင် တိုက်ပွဲကြောင့် အခြေနေနိမ့် ကျနေသည့် သူ့မိသားစုအကြီးအကဲများရဲ့အ နေထားက သိသာစွာပင် ရလာဒ်ထွက်ပေါ်နေပြီ မဟုတ်လား။
ယန်ချင်းချင်းက ရှေးဟောင်းခန္ဓာကျင့်စဥ်ကို လည်ပတ်လိုက်ပြီး ခွန်အားကလည်း တိုးပွားနေ သည်။ သူမရဲ့ တိုက်ခိုက်လိုစိတ်မှာလည်း တိုး လာသည့်ခွန်အားနဲ့အတူ ဒီရေအလားမြင့်တက် နေသည်ကို ကျန့်သခင်လေးတယောက် ခံစားမိ နေသည်။
“ချင်းအာ ငါတို့အချင်းချင်းရန်လို နေစရာမလို ပါဘူး”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း”
ယန်ချင်းချင်းတယောက် အပြင်းအထန်ပင်တို က်ခိုက်နေပြီး ယန်မိသားစုအကြီးအကဲများက လည်း ကျန့်မိသားစုအကြီးအကဲများကို လုံးဝဖိ နှိပ်ထားလိုက်တော့သည်။ ထိုစဥ် တမန်တော်အ ဖွဲ့မှ ကျန်ရှိသည့်လူနှစ်ဦးက အချိန်နည်းငယ်ရပ် တန့်သွားသည်။ ပြီးနောက် နှစ်ဦးစလုံးရဲ့မျက် နှာများပျက်ယွင်းသွားကာ အပြင်ဘက်မှသတင် ပို့ချက်အရ အခြေနေမဟန်သည်ကို သိလိုက်ရ ခြင်းဖြစ်သည်။
“မကောင်းတော့ဘူး အနောက်ဆုတ်မယ်”
တမန်တော်အဖွဲ့ဝင်တဦးက ထိုသို့ပြောရင်း ရတ နာတခုကို ထုတ်ယူကာ ၎င်းတို့အနီးရှိလေဟာန ယ်ကို ထိုးဖောက်လိုက်သည်။
ဟမ် ပြေးချင်တာလား မရတော့ဘူး။ ကျိုးယန် က အသူရာဓားချက်များ ခုတ်ပိုင်းရင်းလေဟာ နယ်လမ်းကြောင်းအား တိုးဝင်ဟန်ပြင်နေကြသ ည့် လူနှစ်ဦးအား တားဆီးလိုက်သည်။ သို့သော် လည်း တဖက်လူများမှာ ထိုအပြုအမူမျိုးနဲ့အ သားကျနေပုံရှိပြီး ကျိုးယန်ရဲ့ဓားချက်များက လေဟာနယ်ကိုပဲ ခုတ်ပိုင်းမိသွားခဲ့ကာ တမန် တော်များအဖွဲ့မှ ကျင့်ကြံသူနှစ်ဦးကတော့ လွ တ်မြောက်သွားတော့သည်။
ယန်ချင်းချင်းနဲ့ တိုက်ခိုက်နေရသည့် ကျန့်ဝေမ င်မှာ အချိန်ကြာလာသည်နဲ့အမျှ အနည်းငယ်အ သာစီးပြန်ရ လာသော်လည်း သူ့မိသားစုမှအကြီ အကဲများကတော့ ကျိုးယန်ပါဝင်တိုက်ခိုက်လာ သောကြောင့် အချိန်အနည်းငယ် အတွင်းမှာပဲ ရှုံးနိမ့်သွားကြတော့သည်။
ကျိုးယန်က ကျန့်မိသားစုမှအကြီးအကဲများကို ဖြေရှင်းပြီးနောက် ဒဏ်ရာအပြင်းအထန်ရထား သည့် တုထုနန်ရှိရာသွားလိုက်ပြီး ခန္ဓာကိုယ်ပြန် လည်ကောင်းမွန်စေသည့် ဆေးလုံးအားထုတ် ပေးလိုက်သည်။ တုထုနန်၏ ဒဏ်ရာများမှာအ လွန်ပြင်းထန်ပြီး အမြန်မကုသပါက အသက်အ န္တရာယ်ပင် ရှိနေနိုင်သည်။
“ကေျးဇူးတင်ပါတယ်”
တုထုနန်က ကျိုးယန်ကိုကျေးဇူးတင်စကားဆို လိုက်သည်။
“ကိစ္စမရှိပါဘူး ဒဏ်ရာကိုသာဂရုစိုက်လိုက်ပါ”
မကြာမီ အကြီးအကဲကျန်းဦးဆောင်သည့် အဖွဲ့ က ယန်ချင်းချင်း၏ တိုက်ပွဲအတွင်းဝင်ရောက် သွားခဲ့ပြီး အဆုံးမှာတော့ ကျန့်ဝေမင်ကို ဒဏ်ရာ အပြင်းအထန်ဖြင့် ဖမ်းဆီးရလိုက်မိသ ည်။
“သခင်လေးကျိုး သူ့ကိုဒီမှာပဲ ရှင်းလိုက်ရမ လား”
ယန်ချင်းချင်းက မေးလာသည်။ ကျိုးယန်က ခေါင်းရမ်းပြလိုက်ပြီး
“မလိုဘူး အပြင်မှာလည်း အခြေနေရှုပ်ထွေးနေ နိုင်တယ် သူက ငါတို့အတွက်အခွင့်လမ်းဖြစ် လာလိမ့်မယ် ဒီတိုင်းဖမ်းဆီးထားလိုက်ပါ”
ကျိုးယန်ရဲ့စကားအဆုံး၌ အကြီးအကဲကျန်းမှ ကျန့်ဝေမင်ရဲ့ ခန္ဓာကိုယ်အား ချုပ်နှောင်ရတနာ တခုသုံး၍ ဖမ်းဆီးထားလိုက်သည်။ တဖက်တွ င်ဆေးလုံးကြောင့် အနည်းငယ်သက်သာလာရ သည့် တုထုနန်က ယန်ချင်းချင်း၏အကူညီဖြင့် အကြီးအကဲများ၏ ရုပ်အလောင်းအားကောင်း မွန်စွာ မြုပ်နှံပေးရန် ပြင်ဆင်တော့သည်။
အချိန်တချို့ ကြာပြီးနောက်မှာတော့ တိုက်ပွဲနေ ရာက ရှင်းလင်းသွားခဲ့ပြီး ကျိုးယန်ကလည်း အနည်းငယ် ကုန်ခမ်းသွားသည့် အင်မော်တယ် ချီဓာတ်များအား ပြန်လည် ပြည့်ဖြိုးသွားပြီဖြစ် သည်။
“အချိန်တချို့ကျန်သေးတယ် တောအုပ်ထဲမှာ ဆေးပင်နဲ့ ရတနာတွေ ရှိနေနိုင်တော့ ကျုပ်တို့ ဆက်ရှာကြမလား ဒါမှမဟုတ် ပြန်ထွက်မလား”
ကျိုးယန်ရဲ့အမေးကို တုထုနန်က
“ကျုပ်ကတော့ ပြန်ထွက်တော့မယ် ကျန့်ဝေမင် ကိုကျုပ်နဲ့ထည့်ပေးလိုက်ပါ နောက်ပြီးအကူညီ ဖြစ်အောင် အကြီးအကဲတဦးလောက် လိုက်ခဲ့ပါ ဦး”
တုထုနန်၏ အကူညီတောင်းမှုအား အကြီးအကဲ ကျန်းက မငြင်းဆိုပေ။ သူအပါအဝင်အကြီးအ ကဲနှစ်ဦး လိုက်ပါရန်ဆုံးဖြတ်လိုက်ပြီး ယန်ချင်း ချင်းကိုမူ အကြီးအကဲတဦးနဲ့ ကျိုးယန်ကိုလိုက် ပါစေသည်။ ၎င်းတို့အနေဖြင့် မိုးကြိုးလောက အားဖွင့်လှစ်ရန် အကုန်အကျများသောကြောင့် ဖွင့်လှစ်ချိန်၌ ကုန်ကျမှုနဲ့ထိုက်တန်သည့် ရတနာ များ ရှာတွေ့ရန်လိုသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးချိန်မှာတော့ တုထု နန်နဲ့ အကြီးအကဲကျန်းတို့က ကျန့်ဝေမင်ကိုသ ယ်ဆောင်ကာ အပြင်ပြန်ထွက်သွားကြပြီး ကျိုး ယန် ယန်ချင်းချင်းနဲ့ ယန်မိသားစုအကြီးအကဲ တစ်ဦးကတော့ တောအုပ်အတွင်း ရတနာများ ဆက်လက်ရှာဖွေတော့သည်။
အပြင်ဘက်တွင်မူ ကျန့်လောင်မှာ ရှုံးနိမ့်သွားခဲ့ ပြီး သူ့ဘက်ပါခဲ့သည့် အင်အားစုငယ်လေးများ ကလည်း လက်နက်ချသွားခဲ့တာကြောင့် ဘိုး ဘေးယန်မင်ရဲ့ ထိန်းသိမ်းခြင်းကို ခံလိုက်ရသ ည်။ သို့သော်လည်း သူ့စိတ်ထဲကျန့်ဝေမင်က တုထုနန်ကို သတ်လိုက်နိုင်ပါက အရှုံးထဲကအမြ တ်ဟု ယူဆနေပြီး ထိုအရာအတွက်မူ စိတ်ကျေ နပ်နေခဲ့သည်။
ကျန့်လောင်က အဆုံးထိကောက်ကျစ်တတ်သ ည့် လူစားမျိုးဖြစ်သည်။ တုမိသားစုဝင်များအ တွက်မူ တုထုနန်၏ အခြေနေကိုမသိရသော ကြောင့် စိုးရိမ်နေကြပြ်ီး မကြာမီ ဝင်ပေါက်မှလူ ရိပ်များထွက်ပေါ်လာကာ ထိုလူရိပ်များက ဒဏ် ရာရနေသည့် တုထုနန်နဲ့ အကြီးအကဲကျန်းတို့ ဖြစ်ကြသည်။
တုထုနန်က အပြင်ဘက်မှ အခြေနေများကိုတွ က်ဆမိလိုက်ပြီး တုလင်၏လက်ထဲဖမ်းဆီးခံနေ ရသည့် ကျန့်လောင်အားမုန်းတီးစွာ ကြည့်လိုက် သည်။ ဖအေကော သားပါ လူယုတ်မာများဖြစ် နေခြင်းက မျိုးရိုးလိုက်ခြင်းဟု ဆိုနိုင်မလားမ ပြောတတ်တော့ပေ။
ဘိုးဘေးယန်မင်ကတူ တည်ငြိမ်နေပြီး အကြီး အကဲကျန်း၏ တင်ပြမှုမှတဆင့် အခြေနေများ ကိုသိရှိသွားကာ သက်ပြင်းချလိုက်သည်။ ပြီး နောက်
“ကျန့်လောင် မင်းရဲ့မိုက်မဲမှုက ကျန့်မိသားစုရဲ့ အဆုံးသတ်ဖြစ်သွားစေတာပဲ မင်းနောင်တမရ ဘူးလား”
ဘိုးဘေးယန်မင်ရဲ့အမေးကို ကျန့်လောင်က
“နောင်တ ဟုတ်လား ဘယ်တော့မှမရဘူး”
ကျန့်ထန့်ယန်းက နှာခေါင်းရှုံ့လိုက်ပြီး ဒဏ်ရာ အပြင်းအထန်ရ၍ သတိလစ်နေသည့် ကျန့်ဝေ မင်အား ပြလိုက်သည်။ ကျန့်လောင်မှာ ထိတ် လန့်သွားခဲ့ပြီး အခြေနေက သူ့ဘက်တွင်မရှိမှန်း ရိပ်စားမိလိုက်တော့သည်။
“မင်းတို့ငါ့သားကို ထိရဲထိကြည့်စမ်း”
ကျန့်လောင်က ဒဏ်ရာကြောင့် သတိလစ်နေသ ည့် ကျန့်ဝေမင်အားကြည့်၍ ဒေါသတကြီးအော် ဟစ်လိုက်သည်။ တုလင်ကတော့ မည်သည့်စ ကားမှ မပြောပဲ တုထုနန်ရဲ့ဒဏ်ရာကိုသာ စစ် ဆေးနေပြီး မကြာမီမိသားစုဝင်များ၏ အကူညီ ဖြင့် တုထုနန်ကို ခေါ်ဆောင်သွားရန် အမိန့်ပေး လိုက်သည်။
“ရက်အနည်းငယ်အတွင်း သစ္စာဖောက်တွေကို စီရင်မယ် ရှေးဟောင်းမျိုးနွယ်စုက ဘယ်သူမှ ပျက်ကွက်ခွင့်မရှိဘူး”
ဘိုးဘေးယန်မင်က ကြေငြာလိုက်သည်။ ထိုစ ကားနဲ့အတူ ကျန့်လောင်တိူ့သားအဖကိုပါ ခေါ် ဆောင်သွားခဲ့ပြီး ကျန်သူများက အညံ့ခံခဲ့ကြသ ည့်အင်အားစု ငယ်လေးများမှ သစ္စာဖောက်များ အား ခေါ်ဆောင်လိုက်ကြသည်။ အခြေနေများ ကရှင်းလင်းသွားပြီး ရက်အနည်းငယ်အတွင်း၌ ပုန်ကန်မှုအား ထိန်းသိမ်းလိုက်နိုင်ကာ မိုးကြိုး လောက ဖွင့်လှစ်ထားသည့်ရက်ကလည်း ကျန် ရှိနေသေး၍ ယန်ချင်းချင်းတို့ အကျိုးအမြတ် အချို့ရှာတွေ့နိုင်လောက်သည်ဟု ယုံကြည်နေခဲ့ ကြသည်။
ထိုအချိန် ကျိုးယန်တို့ကတော့ တောအုပ်၏နေ ရာအနှံသွားလာနေပြီး တွေ့သမျှ ဆေးပင်များ ကိုသိမ်းဆည်းကာ အဆင့်နိမ့်လက်နက်များ ကျင့်စဥ်များပါမချန် အကုန်သိမ်းဆည်းတော့ သည်။ ထိုအရာများက နောင်တွင်မျိုးနွယ်စုအ တွက်သာမက ငရဲတမန်တော်များကို ရင်ဆိုင်ရာ ၌ အကူညီဖြစ်စေမည် မဟုတ်လား။
………………………………………………..