Chapters

အခန်း (၂၇၀)

Vol. 18 Ch. 270

အခန်း (၂၇၀)

Vol. 18 Ch. 270

ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး မိုးကြိုးလောကမှာလည်း ပြန်လည်ပိတ်သွားခဲ့ တော့သည်။

များပြားသည့် ဆေးပင်များ လက်နက်နဲ့ကျင့်စ ဥ်များ ရခဲ့သော်လည်း အဓိကကျသည့်မိုးကြိုး အမြူတေကိုမူ ကျိုးယန်တယောက်ရရှိသွားမှန်း မည်သူမှ တွက်ဆမိမည်မဟုတ်ပေ။ ကျိုးယန် တို့ပြန်လည် ထွက်လာသည်ကို ရှေးဟောင်းမျိုး နွယ်စုမှ လာရောက်စောင့်ကြိုနေခဲ့ပြီး ထိုရက် များ၌ ကျန့်မိသားစုမှာ လုံးဝဖျက်သိမ်းခံလိုက် ရသည်။

ဘိုးဘေးယန်မင်က ကျန့်လောင်တို့သားအဖနှစ် ဦးအား ကွပ်မျက်ခဲ့ပြီး ကျန့်ဘိုးဘေးတယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးတောင်းပန် မှုဖြင့် ကျန့်မိသားစု၏ အခြားသူများမှာအသက် ချမ်းသာရာ ရသွားကြပြီး ကျန့်ဘိုးဘေးကကျန့် မိသားစုကို ပြန်လည်ကွပ်ကဲမည်ဟု ကြေငြာလို က်သည်။

ထိုအရာက မူလကျန့်မိသားစုကို ဖျက်သိမ်းလို က်ခြင်းဖြစ်ပြီး အင်အားကြီးကျန့်မိသားစုမှာအ ရှက်ရစရာ ပုန်ကန်မှုအပြီးနောက် ပျောက်ကွယ် လုမတတ် ဖြစ်သွားခဲ့ရသည်။ ထိုအရာက လုပ် ရက်နဲ့ဆက်စပ်သည့် အကျိုးခံစားရခြင်းဖြစ်ပြီး ကျန့်ဘိုးဘေးကလည်း မည်သူ့ကိုမှအပြစ်မဆို ခဲ့ပေ။

သားဖြစ်သူ ကျန့်လောင်၏ လောဘကိုသတိပြု မိထားသည့် ၎င်းရဲ့ပေါ့လျော့မှုဟုသာ ယူဆလို က်ပြီး နောင်တွင်ထိုသို့မဖြစ်စေရန် သတိထားရ မည်ဟု ဆုံးဖြတ်လိုက်သည်။ အဓိကမိသားစုဝ င်များအတွင်းရှိ စုန်းပြူးများဖြစ်သည်။

ကျိုးယန်တယောက် ပြင်ပပြန်ရောက်ချိန်၌ မိုး ကြိုးအမြူတေကို သန့်စင်ရန်မလောတော့ပဲ ကို င်ရီရီ ကျိုးလီ စုန့်ဧကရာဇ်တို့ ပေးပို့ထားသည့် သတင်းများအား လေ့လာလိုက်သည်။ အခြေ နေများက ထင်သလောက်မဆိုးရွားချေ။ သို့ သော် ကျိုးယင်ချင်း၏ ပေးပို့ချက်တွင်တော့ နန်းတော်အတွင်း ထူးခြားသည့်လှုပ်ရှားမှုများရှိ နေသည့်အချက် ပါရှိလာသည်။

ထားတော့ ငါပြန်ရောက်မှ အကုန်လုံးကိုစစ်ဆေ ကြည့်ရမယ်။ ကျိုးယန်ကထိုသို့ တွေးလိုက်ပြီး မိုးကြိုးလောကမှ ရလာသည့်အရင်းအမြစ်အား လုံးကို ဘိုးဘေးယန်မင်အား အပ်နှံလိုက်သည်။ မူလက ဘိုးဘေးယန်မင်အနေဖြင့် ကျိုးယန်အ တွက် ဝေစုခွဲပေးသော်လည်း မယူခဲ့ပေ။ အမြူ တေရထားသောကြောင့် အခြားအရာများထပ် ယူရန် စိတ်မလုံတော့၍ ဖြစ်ပြီး အရင်းအမြစ် များထက် အတွေ့အကြုံရခဲ့သည့်အတွက် လုံ လောက်သည်ဟု အကြောင်းပြကာ မျိုးနွယ်စုနဲ့ ပူးပေါင်းသည့် ကိစ္စရပ်များအား အချိန်အတော် ကြာသည်အထိ ဆွေးနွေးတော့သည်။

ဒီတကြိမ်တွင်မူ တုမိသားစု ကျန်းမိသားစုများ လည်း ပါဝင်လာပြီးကျိုးယန်က ၎င်းပိုင်ဆိုင်သ ည့် ခေတ်သစ်လက်နက်နည်းပညာများ အပါအ ဝင်ထုတ်လုပ်ရေး ဆိုင်ရာများအားကျိုးလီနဲ့တ ဆင့် ပူးပေါင်းကာ ရှေးဟောင်းမျိုးနွယ်စုရှိသ ည့် မြေရိုင်းဒေသ၌ အကောင်ထည်ဖော်ရန်စီစဥ် တော့သည်။

တဖက်တွင်လည်း တမန်တော်များ၏ အခြေနေ ကိုထောက်လှမ်းနေပြီး ပြည်ထောင်စုငယ်လေး များ၌ ဖြစ်ပွားနေသည့်လှုပ်ခတ်မှုက စိုးရိမ်စရာ ကောင်းသည်ဟု သူခံစားနေရသည်။ ကျိုးယန် တယောက် အခန်းတွင်း၌ ထိုင်နေခဲ့သည်။

ဒင်!!

စနစ်ရဲ့တာဝန်ပြီးဆုံးခြင်းအတွက် ဂုဏ်ယူပါတ ယ်။ ဆုလာဘ်အဖြစ် ပြုပြင်ထားတဲ့ရှေးဟောင်း ခန္ဓာကျင့်စဥ်အား ချီးမြင့်လိုက်သည်။

စနစ်မှ သတိပေးသံပေါ်လာသည်။ သို့သော်ကျို ယန်ကမူ ထိုအရာကိုလျစ်လျူရှုထားခဲ့ပြီး မိုးကြိုးအမြူတေကိုသာ လေ့လာနေခဲ့သည်။ အမြူတေ၏ အရွယ်အစားက ကြက်ဥအရွယ် ထက်အနည်းငယ်သာ ပိုကြီးပြီး တောက်ပသည့် အဖြူရောင်အလင်းများက ဖြာထွက်နေသည်။

လက်ထဲကိုင်ထားချိန် အေးသက်သည့် ခံစားမှု ကိုခံစားရပြီး ခန္ဓာကိုယ်ရှိ သွေးကြောများရုန်း ကြွလာသည်ကို အာရုံခံမိသောကြောင့် ကျိုးယ န်တယောက် တုန်လှုပ်သွားရသည်။ ဒါကဘယ် လို အမြူတေမျိုးလဲ မီးနဲ့သစ်သားသန္ဓေသား ထက်တောင် အဖျက်စွမ်းအား မြင့်နေသလိုပဲ။

ကျိုးယန်က အခန်းတခုလုံးအား အစီအရင်ဖြင့် ဖုံးကွယ်လိုက်ပြီး မိုးကြိုးအမြူတေအားစတင် သန့်စင်ရန် ကြိုးစားတော့သည်။ စနစ်၏အကူ ညီကြောင့် အခြားသူများကဲ့သို့ အချိန်မပေးရနို င်ပေ။ ထိုအရာက ကျိုးယန်၏အထူးအားသာ ချက်ဖြစ်ပြီး ကျိုးယန်တယောက် ထိုအရာကိုသ န့်စင်ရန် ကြိုးစားနေချိန်တွင် လူရိပ်တခုက ကျိုး ယန်ကို စောင့်ကြည်နေသည်အား သတိမပြုမိခဲ့ ပေ။

“အင်း… အရမ်းစိတ်လောနေတာပဲ”

လူရိပ်ကတီးတိုးရေရွတ်လိုက်သည်။ ထိုလူရိပ် က ချောက်ထဲတွင် ကျိုးယန်ကိုကူညီပြီးသားရဲ များအား ခြောက်လှန့်ပေးထားသည့် လူရိပ်သာ ဖြစ်ပြီး ယခုလည်းတာဝန်အရ ကျိုးယန်ကိုလာ ရောက်စောင့်ကြည့်နေပုံ ပေါ်သည်။

…………………………………………………