← Chapters

မသေမျိုးအရိပ်ကျွီယန်း ကြွရောက်လာခြင်း

Vol. 6 Ch. 77

မသေမျိုးအရိပ်ကျွီယန်း ကြွရောက်လာခြင်း

Vol. 6 Ch. 77

ဝှစ်!

ကောင်းကင်ထက်တွင် အင်အားကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ခန္ဓာကိုယ်မှ နေရောင်ခြည်ကဲ့သို့ တောက်ပသော အလင်းတန်းများ ပတ်ပတ်လည်ဖြာထွက်ကာ သန့်ရှင်းမြင့်မြတ်သော အငွေ့အသက်များ လွှမ်းခြုံလျက် သက်ရှိသတ္တဝါအားလုံးကို ထွန်းလင်းလမ်းပြပေးနေသော ရှေ့ဆောင်မသေမျိုးတစ်ပါးကဲ့သို့ပင်။

ထိုတစ်ခဏအတွင်း အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသားဖြင့် ငေးမောသွားရပြီး နှိမ့်ချကိုးကွယ်လိုသော ခံစားချက်တစ်ခုက နှလုံးသားအတွင်းဘက်မှ ပေါ်ပေါက်လာလေသည်။

ထိုကျင့်ကြံသူသည် ရွှယ်မိသားစု၏ ဘိုးဘေးထက် များစွာ ပို၍ ခမ်းနားထည်ဝါလှ၏။

"ဒီ တာအိုရောင်းရင်းက ဘယ်သူပါလဲလို့ မေးခွင့်ပြုပါ" ရွှယ်မိသားစုဘိုးဘေး၏ မျက်လုံးများတွင် စိုးရိမ်ကြောင့်ကြစိတ်များ ပြည့်နှက်နေပြီး ခံစားချက် အမျိုးမျိုး ရောထွေးလျက်ရှိသည်။

သူသည် နောက်ဆုံးတွင် မသေမျိုးအရိပ်အဆင့်သို့ တိုးတက်သွားခဲ့ပြီး ဤပွဲတော်ကို ခမ်းနားသိုက်မြိုက်စွာကျင်းပကာ ဘက်ပေါင်းစုံမှ ကျင့်ကြံသူများ၏ ကိုးကွယ်ရိုကျိုးမှုကို ခံစားလိုခဲ့သော်လည်း ရုတ်တရက် ပိုမိုအားကောင်းသော ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လို့လာပြီး သူ၏အရှိန်အဝါအားလုံးကို လုယူသွားခဲ့ပေသည်။

သူစိတ်အဆင်မပြေရဆုံး အချက်မှာ တစ်ဖက်လူ၏ ကျင့်ကြံဆင့်သည် သူနှင့်အတူတူဖြစ်ပြီး နှစ်ဦးစလုံး အစောပိုင်းအဆင့် ဘေးဒုက္ခ‌‌ကျော်လွှားသူများဖြစ်ကြသော်ငြား အရှိန်အဝါ ကွာခြားမှုမှာမူ ထုတ်ကုန်အစစ်နှင့် လိုက်လံတုပသော ထုတ်ကုန်အတုအယောင်ကြားမှ အရည်အသွေးကွာခြားချက်လိုပင်။

ကောင်းကင်၌ ကြွမြန်းလာသော ရွှေရောင်နေမင်းသည် ကမ္ဘာပေါ်တွင် ဒုတိယနေမင်းတစ်စင်း ထွက်ပေါ်လာသကဲ့သို့ သူတို့နှင့်တဖြည်းဖြည်း နီးကပ်လာကာ ရောင်ခြည်များစွာ ဖြာထွက်လျက် ကျွန်းပေါ်မှာ လူအပေါင်းအား အာခေါင်များခြောက်သွေ့ပူစပ်ကာ မျက်လုံးများပင်ဖွင့်မရနိုင်တော့သည်အထိ။

"အရှင်သခင် ခင်ဗျာ၊ ကျေးဇူးပြုပြီး နတ်ဘုရားစွမ်းအင်ကို ရုပ်သိမ်းပေးပါဦး!"

တောင်းပန်တိုးလျှိုးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

အလွန်တောက်ပသော ပူပြင်းမှုကြောင့် သူတို့အားလုံး၏ ဝိညာဉ်အခြေများပင် လောင်ကျွမ်းတော့မတတ် ခံစားနေရ၏။

ထို့အပြင် ဖြာထွက်နေသောအလင်းတန်းမှာ အရပ်မျက်နှာပေါင်းစုံကို ဖြန့်ကျက်ထားခြင်းမဟုတ်ပါဘဲ နေရာတွင်တည်ရှိနေသော ကျင့်ကြံသူအပေါင်းအား တမင်ပစ်မှတ်ထား ချိန်ရွယ်ထားသကဲ့သို့။

"ချီးတဲ့မှ! ဘယ်ကောင် ဖင်လာယားနေတာလဲ?" ယဲ့ကျွင်းလင်သည် ဒေါသထွက်ထွက်ဖြင့် အထူးနေကာမျက်မှန်ကို ထုတ်ယူကာ တပ်ဆင်လိုက်ရပြီးမှ နေရောင်ခြည်ဖြင့် ဖုံးလွှမ်းထားသော ထိုပုံရိပ်ကို အနည်းငယ် မြင်နိုင်လာသည်။

ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထူထပ်တောက်ပသော ရွှေရောင်ဆံသားများအား ကျစ်ဆံမြီးသေးသေးလေးများ ကျစ်ထားကာ ရင်ဘတ်နှင့် နောက်ကျောထက်တွင် တွဲလောင်းကျနေစေသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ ဖျက်ဆီးချေမှုန်းခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ နက်နဲသောအရှိန်အဝါများ လွှမ်းခြုံလျက်ရှိ၏။

"ဒီအရှင်က ယွီဟွားဂိုဏ်းကလာတာပဲ၊ ကျင့်ကြံရေးနာမည်က ကျွီယန်း"

ခမ်းနားထည်ဝါသော အသံသည် ကောင်းကင်၌ ပဲ့တင်ထပ်နေပြီး နတ်ဘုံကိုးထပ်မှ နတ်ဘုရားတစ်ပါး၏ အမိန့်တော်ကဲ့သို့ ထင်မှတ်မှားစေသည်။

ထိုစကားများကိုကြားလိုက်ရသော လူအများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

"ငါသိတယ်၊ သူက ယွီဟွားဂိုဏ်းရဲ့ အားအကောင်းဆုံး ထိပ်သီးကျင့်ကြံသူအရှင်လို့လူသိများတယ်၊ ယွီဟွားဂိုဏ်း ဦးစားပေးခံသားတော်ရဲ့ ဆရာသခင်တဲ့လေ!"

"ထိပ်သီးကျင့်ကြံအရှင်ကျွီယန်း? မဟုတ်ဘူး! အခု သူ့ကို မသေမျိုးအရိပ်ကျွီယန်းလို့ ခေါ်ရတော့မယ်!"

"သူကိုယ်တိုင် ဒီအထိတောင် ရောက်လာပြီဆိုမှတော့ ဝင်မပါလို့မရတော့လို့ထွက်လာတာဖြစ်မယ်၊ ယဲ့ကျွင်းလင်တော့ အန္တရာယ်တွေဝိုင်းနေပြီ!"

……

ရွှယ်မိသားစု၏ ဘိုးဘေးသည် ပတ်ဝန်းကျင်မှစကားများကြောင့် ရုတ်တရက် သဘောပေါက်သွားပြီး စိတ်ထဲမှ ကြိတ်ပြုံးလိုက်သည်။

ဤ ရွှယ်ထျန်းဂိုဏ်းမှ ယဲ့ကျွင်းလင်သည် အမှန်ပင် ကိုယ့်သေတွင်းကိုယ်တူးပြီး ကိုယ်တိုင်လိုလိုလားလားခုန်ချနေသကဲ့သို့ပင်။ သူတောင်ဝင်ပါစရာမလိုလောက်တော့။ အပြစ်သားကိုအပြစ်ပေးမည့်သူကား အိမ်တိုင်ရာရောက် ရောက်ရှိလာလေပြီ။

ကောင်းလေစွ။ ဒီတစ်ခေါက်တာဝန်ကိုတော့ ယွီဟွားဂိုဏ်းဆီပဲလွှဲအပ်ထားလိုက်ပြီး ငါတို့ရွှယ်မိသားစု အသာလေးဘေးဖယ်နေလိုက်ရုံနဲ့ရပြီ။

ထိုအတွေးဖြင့် ရောင်ခြည်ဖြာသော ကောင်းကင်ထက်မှ ရွှေရောင်ပုံရိပ်ကို မော့ကြည့်ကာ ရွှယ်မိသားစု၏ ဘိုးဘေးသည် နှစ်ဘက်ကြား ချစ်ကြည်ရေးတည်ဆောက်ရန်အတွက် ဖော်ရွေသောအပြုံးဖြင့် လက်သီးဆုပ်အရိုအသေပြုလိက်သည်။ "တာအိုရောင်းရင်းက ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ချိုးဖျက်နိုင်သွားပြီပဲ၊ ဂုဏ်ပြုပါတယ်ခင်ဗျာ၊ အခုတော့ကျုပ်လိုပဲ မသေမျိုးအရိပ်ဖြစ်သွားပြီပေါ့"

"ဒီအရှင်က ယဲ့ကျွင်းလင်ကို ရှာဖို့ ရောက်လာတာ၊ သူလည်း မင်းတို့ ရွှယ်မိသားစုရဲ့ ပွဲတော်ကို လာတက်ရောက်တယ်လို့ ငါကြားထားတယ်"

မသေမျိုးအရိပ်ကျွီယန်းသည် အေးစက်စက်နှင့် လိုရင်းကိုသာ ပြောလိုက်ပြီး ရွှယ်မိသားစု ဘိုးဘေး၏ နှုတ်ခွန်းဆက်စကားကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူ၏ အမြင်အရ နှစ်ဦးစလုံး မသေမျိုးအရိပ်များဖြစ်သော်လည်း အင်အားကွာခြားမှုမှာ အလွန်ကြီးမားလှပြီး သူက ပထမတန်းစားဘရန်းဖြစ်လျှင် ရွှယ်မိသားစု၏ ဘိုးဘေးက လမ်းဘေးစတိုးဆိုင်မှ တတိယတန်းစား ထုတ်ကုန်ခပ်ပေါပေါမျှသာ။

"မှန်ပါတယ်၊ အဲ့ဒီလူရှိနေပါတယ်၊ တာအိုရောင်းရင်းအနေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်"

စကားပြန်မရရှိသော်လည်း ရွှယ်မိသားစု၏ ဘိုးဘေးသည် ရယ်ရွှန်းဖတ်ရွှန်းဖြင့် မျက်နှာမပျက်အောင်ထိန်းလိုက်ရကာ ရင်ထဲမှအခဲမကျေမှုကို အတင်းအကျပ် မျိုသိပ်ထားလိုက်ရ၏။

အဘယ့်ကြောင့်ဆိုသော် မသေမျိုးအရိပ်ကျွီယန်းသည် အလွန့်အလွန်အားကောင်းလှကြောင်း သူလည်းခံစားမိနိုင်သောကြောင့်ပင်။

ဧည့်သည်များသည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်မိလိုက်ကြပြီး သတင်းပေါက်ကြားစေသူတစ်ဦးရှိကြောင်း သိလိုက်ကြသည်။

ယဲ့ကျွင်းလင်ဆိုသူကတော့ မျက်နှာတည်တည်နှင့် နေကာမျက်မှန်အကြီးကြီးကို ဟန်ကျပန်ကျ တပ်ဆင်ထားကာ ကောင်းကင်၌တည်ရှိနေသော ရွှေရောင်ပုံရိပ်ကို လက်ညှိုးထောင်ပြပြီး ခေါင်းမော့ရင်ကော့လျက် ပြောလိုက်သည်။ "ဒီသခင်လေး ဒီမှာရှိပါ့၊ မင်းကဘာလိုချင်လဲ?"

ထိုစကားအဆုံးတွင် ဧည့်သည်အပေါင်းမှာ ကြောက်လန့်တုန်လှုပ်သွားပြီး ယဲ့ကျွင်းလင်အား အရူးတစ်ယောက်ကဲ့သို့ ဝိုင်းဝန်းပြူးကြည့်မိကြတော့၏။

မူလက တစုတစည်းထဲ တည်ရှိနေသော လူအုပ်သည် လန့်ဖျပ်သွားကြသော တောကောင်အုပ်များကဲ့သို့ ချက်ချင်း ပြိုကွဲသွားရပြီး ယဲ့ကျွင်းလင်အား ကာလဝမ်းရောဂါနတ်ဘုရားကဲ့သို့မှတ်ယူကာ ဝေးဝေးရှောင်လိုက်ကြသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီဝူကျယ်ပင်လျှင် ဦးခေါင်းတစ်ခုလုံး ထုံကျင်ကိုက်ခဲလာပြီး တွားသွားကာ ဝေးဝေးရွှေ့သွားသင့်သလားဟု တွေးတောမိလိုက်သည်။

သူ့ကိုယ်သူ ဒီအထိဝင်ရောက်လာရဲခြင်းကို ရူးလှပြီထင်ခဲ့သော်လည်း ထိုသူနှင့် နှိုင်းယှဉ်ပါလျှင် သူသည် ဝါရင့်အရူးကြီးရှေ့မှ တက်သစ်စအရူးပါးလေးကဲ့သို့သာ ခံစားလိုက်ရသည်။

"သွားပြီ" ဟုန်ချန်ယဲ့သည် ခပ်ငေးငေးလေး ရပ်နေရင်း တီးတိုးရေရွတ်လိုက်သည်။

ရွှယ်မိသားစု၏ ဘိုးဘေးကိုတောင် မဖြေရှင်းရသေးဘဲ ယခု ပိုမိုအားကောင်းသော ရန်သူတစ်ယောက် ထပ်တိုးလာပြန်လေပြီ။ ဒီတစ်ကြိမ်တော့ လွတ်အောင်ပြေးဖို့ လွယ်မည်မထင်တော့။

ဘုန်း!!!!

ဖျက်ဆီးချေမှုန်းခြင်းအင်အားအပြည့်ဖြင့် အလင်းတန်းတစ်ခုက ကျယ်ပြောသည့် ကောင်းကင်ပြင်တစ်လျှောက်ကို ထိုးဖောက်ပျံ့နှံ့သွားလေသည်။

မသေမျိုးအရိပ်ကျွီယန်း၏ မူလကတည်ငြိမ်ပါသော မျက်နှာထက်မှာ ဒေါသအမျက်များ ပြည့်နှက်နေပြီး ရွှေရောင်ကျစ်ဆံမြီးလေးတွေဟာလည်း ရှုပ်ပွနေအောင် လွင့်ခါလျက်ရှိကာ မျက်လုံးနှစ်လုံးမှာ နေလုံးအသေးစားလေးနှစ်ခုကဲ့သို့ တောက်ပစူးရှလာတာကြောင့် တည့်တည့်ရင်ဆိုင်ကြည့်ဖို့ပင် ခက်ခဲလှသည်အထိ။

"ယဲ့! ကျွင်း! လင်!"

ဟိန်းဟောက်ကြုံးဝါးသံဟာ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်လို့နေပြီး ကျွန်းအုပ်စုကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်ခါယမ်းသွားရကာ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်မရွေး နားစည်မှသွေးစီးကျတော့မလို နာကျင်မှုဖြင့် နားများကိုအုပ်လျက်‌ မြေပြင်ပေါ်လှဲချလူးလှိမ့်နေရတော့၏။

မခံနိုင်စရာ အရှိန်အဝါလှိုင်းကြီးကြောင့် ယဲ့ကျွင်းလင်လည်း အူထွက်သွားသောနားကိုကုတ်လိုက်ကာ စိတ်မရှည်စွာ အော်ဟစ်လိုက်တော့သည်။ "ဘာလို့ ခွေးလို ဟောင်နေတာလဲ?! မင်းကိုမေးနေတယ် ပြောစရာရှိတာအေးဆေးမပြောဘဲ ဘာလို့ခွေးလိုပဲ ဆက်တိုက်ဟောင်နေတာလဲလို့ မင်းကခွေးလား!"

"မင်း ခွေးကောင်၊ အခုချက်ချင်းသေလိုက်စမ်း!" မသေမျိုးအရိပ်ကျွီယန်းမှာ သာမိုမီတာတိုင် အပူချိန်ထိုးတက်သွားသကဲ့သို့ ဒေါသမီးတောင်ပေါက်ကွဲကာ လက်ကို မြှောက်၍ ရွှေရောင်အလင်းလုံးတစ်ခုကို စုစည်းလိုက်ပြီးနောက် နေကာမျက်မှန်နှင့်လူကို တည့်တည့်ချိန်ကာ ပစ်လွှတ်လိုက်တော့သည်။

ဝှစ်!

ရွှေရောင်အလင်းလုံးဟာ လေထဲမှပျံသန်းနေရင်းကို အရွယ်အစားက ပိုလို့တောင်ကြီးမားချဲ့ထွင်လာကာ ပြင်းထန်တောက်ပသည့် အလင်းရောင်များက ဂါထာစွမ်းအင်ထောင်ချီပြီး စုစည်းထားသကဲ့သို့ ထင်မှတ်ရပြီး နေမင်းတစ်စင်း ကြွေကျလာသလိုမျိုး ယဲ့ကျွင်းလင်ခေါင်းပေါ်သို့ တည့်တည့်ကျရောက်လာခဲ့သည်။

ဟားဟားဟားဟား မြေနိုးကြီး ငါ့ကို တကယ်ချပြီကွ ။

လှိုင်းလုံးတွေလို တဟုန်းဟုန်းတက်လာသော ဖိအားဟာ ပတ်ဝန်းကျင် မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံသွားလေသည်။

"မကောင်းတော့ဘူး!" သူ့ရှေ့မှ ရွှေရောင်အလင်းလုံးဟာ လျင်လျင်မြန်မြန်ပင် အရွယ်အစားထပ်ကြီးလာတာကြောင့် ဟုန်ချန်ယဲ့ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး ရွှေ့လျားဆုတ်ခွာချင်ပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို မမြင်နိုင်သောနံရံတစ်ခုဖြင့် ပိတ်ဆို့ထားသကဲ့သို့ခံစားလိုက်ရကာ လွတ်မြောက်ဖို့မဖြစ်နိုင်မှန်း သိလိုက်ရ၏။

ဒါဟာ မသေမျိုးအရိပ်ရဲ့ တန်ခိုးအာနုဘော်ပါပဲ!

"တာအိုရောင်းရင်းရေ၊ မင်းဟာက…" တိုက်ပွဲပြကွက်ကို ဘေးမှကြည့်နေသော ရွှယ်မိသားစုဘိုးဘေးလည်း မျက်ခုံးလှုပ်သွားရသည်။ ဒီရွှေရောင်အလင်းလုံး ပေါက်ကွဲသွားရင် ရွှယ်အိမ်တော်တော့ အစတောင်ကျန်ပါဦးမလား?

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ဒေါသပေါက်ကွဲနေသာ တစ်ဖက်လူကို လူသတ်ခွင့်ပြုထားရုံသာ တတ်နိုင်တော့ပေသည်။

ဟုန်း!

သူ့ခေါင်းပေါ်တည့်တည့်မှ ဧရာမ ရွှေရောင်အလင်းလုံးဟာ အလျင်အမြန် နီးကပ်လာတာကြောင့် ယဲ့ကျွင်းလင် ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက သွေးစီးကြောင်းများ ပူလောင်ဆူပွက်လာသည်ကို ခံစားလိုက်ရ၏။

【တင်၊ ပိုင်ရှင်ဟာ အစောပိုင်းအဆင့် ဘေးဒုက္ခကျော်လွှားခြင်းရန်သူရဲံ တိုက်ခိုက်မှုကို ခံယူနေရကြောင်း တွေ့ရှိရတဲ့အတွက် အင်အားကြီးသူနှင့် ရင်ဆိုင်ပြီး ပိုမိုအင်အားကြီးလာခြင်း စွမ်းရည် အလိုအလျောက်အသက်ဝင်လာပြီး ပိုင်ရှင်ကို အလယ်အလတ်အဆင့် ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူအဖြစ် တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】

စနစ်၏ အချက်ပေးသံ ထွက်ပေါ်သည်နှင့် တစ်ပြိုင်နက်၊

မီးတောင်ပေါက်ကွဲသလို အလွန်အားကောင်းလှသော ကျင့်ကြံခြင်းစွမ်းအင်တစ်လှိုင်း အုန်းခနဲပျံ့ထွက်သွားပြီး ယဲ့ကျွင်းလင်မှာ တစ်ယောက်တည်းငလျင်ကွက်လှုပ်ခံရသလို အသည်းအူတို့ ပြောင်းပြန်လန်ထွက်ကုန်လေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အသားအရည်ဟာ ကျောက်စိမ်းသားလို ဖြူဖွေးချောမွတ်တောက်ပနေပြီး အလွန်မြင့်မြတ်လှသည့် သဏ္ဍာန်တစ်ခုကို ပေါ်လွင်စေကာ မျက်လုံးများအတွင်းမှ လင်းလက်နေသော နတ်ဘုရားစွမ်းအင်တို့မှ စကြဝဠာတစ်ခုလုံးရှိ ကြယ်ပွင့်များအား ထုဆစ်ထည့်သွင်းထားသကဲ့သို့ပင်။

ငွေရောင်လဲ့လဲ့နှင့် ဖြူစွတ်ပျော့ပျောင်းပါသည့် ဆံပင်ရှည်တစ်သွယ်ချင်းစီဟာ ကြည်လင်တောက်ပသည့် ကြယ်အစုအဝေး နဂါးငွေ့တန်းတစ်ခုကို ချိတ်ဆွဲထားသကဲ့သို့။

ထိုအချိန်တွင် ဤအနက်ရောင်ဝတ်ရုံနှင့် လူငယ်သည် လူသားမျိုးနွယ်နှင့် လားလားမှမဆိုင်သော နတ်ဘုံနတ်နန်းမှ နတ်မင်းတစ်ပါးအလား သီးသန့်ဆန်စွာ တည်ရှိလျက်!

"မင်း မင်းလည်း မသေမျိုးအရိပ်ပဲ?!" ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလိုက်တော့ ဟုန်ချန်ယဲ့၏ခေါင်းတစ်ခုလုံး တဒိတ်ဒိတ်တုန်ခါသွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်မိလိုက်သည်။

"ကလေးအကွက်နဲ့ အသေးအမွှားလေးပါကွာ"

ယဲ့ကျွင်းလင် ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ပြီး လက်ကို မြှောက်ကာ လက်ညှိုးကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

ဘုန်း!

မမြင်နိုင်သော ကြောက်မက်ဖွယ်အင်အားတစ်ခုက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဧရာမ ရွှေရောင်အလင်းလုံးကို ဘောလုံးတစ်လုံးပစ်ထုတ်လိုက်သလို လွင့်စင်သွားစေ၏။

"ဘာ?!"

မသေမျိုးအရိပ်ကျွီယန်း၏ မျက်လုံးတွေ ပြူးကျယ်သွားပြီး အာမေဋိတ်သံတစ်ခု ထွက်ကျလာသည်။

ဟုန်း…

ရွှေရောင်အလင်းလုံးကြီးမှာ လေထဲတွင်ပင် ပေါက်ကွဲသွားပြီး ပူပြင်းတောက်ပသော အလင်းအစုအဝေးတစ်ခုက သူ့ကို ဖိနှိပ်မြုပ်နှံလိုက်ကာ အသည်းအေးချင်စရာ စွမ်းအင်လေစီးကြောင်းများ အရပ်မျက်နှာအနှံ့မှ တိုက်ခတ်လာလေသည်။

လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ‌ကျောက်ရုပ်ကဲ့သို့ ငြိမ်ကျသွားပြီး မျက်စိရှေ့မှာမြင်ကွင်းကို မယုံနိုင်စွာ ငေးကြည့်မိလျက်သာ။

All Chapters