← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

"နေမင်းဘီးလုံး!" ကျွီယန်းမသေမျိုးအရိပ် လက်တစ်ဖက်ကို မြှောက်လိုက်သော် နီညိုရောင်ရွှေဖြင့် ပြုလုပ်ထားသော သတ္တုကွင်းတစ်ခု ပေါ်ထွက်လာကာ မှော်စွမ်းအင်များ တိုးပွားလာသည်နှင့်အမျှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး အပူရှိန်အမြင့်ဆုံးအချိန်ကိုရောက်ရှိနေသော နေမင်းတစ်စင်းကဲ့သို့ပင်။

ရှားပါးပြီး နက်နဲထူးခြားသော မှော်ရတနာတစ်မျိုးပင်။

နက်နဲထူးခြားသော‌ မှော်ရတနာအမျိုးအစားဖြစ်ပြီး ထိပ်သီးအဆင့်တွင် အနိမ့်ဆုံးအမျိုးအစားဖြစ်သော်ငြား ဝိညာဥ်အဆင့် အဆင့်ကိုး မှော်ရတနာထောင်ချီပေါင်းစည်းထားသည်ထက်ပင် ပိုမိုသာလွန်သော အရည်အသွေးရှိသည်။

မှော်ရတနာများတွင် ဝိညာဥ်အဆင့်နှင့် ထိပ်သီးအဆင့်ကြားက ကွာခြားမှုမှာ နဂါးနှင့် ငါးရှဥ့်ကဲ့သို့ လုံးလုံးလျားလျား ကွာခြားလှပေသည်။

"ဂိုဏ်းက ကြိုးစားဖန်တီးထားရတဲ့ ဒီအဖိုးတန်မှော်ရတနာကို ဘေးဒုက္ခကျော်လွှားခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေတောင် သတိထားပြီး ကိုင်တွယ်ရတယ်! ဒီလူအိုကြီး ကြည့်ပါဦးမယ်၊ မင်းနဲ့ ငါ့ရဲ့အဖိုးတန်မှော်ရတနာ ဘယ်လောက်ပိုပြီးခေါင်းမာနိုင်မလဲဆိုတာကို!"

ကျွီယန်းမသေမျိုးအရိပ်က ပြုံးလိုက်ပြီး နေမင်းဘီးလုံးကို အားကုန်ထည့်ကာ ပစ်ထုတ်လိုက်၏။

နေမင်းဘီးလုံးဟာ ပြင်းထန်သောတုန်ခါသံနှင့်အတူ နတ်ဘုရားအလင်းရောင်များဖြင့် ဖြာထွက်တောက်ပလာပြီး လေဟာနယ်ကို ဝှစ်ခနဲပစ်ခွင်းထွင်းဖောက်ကာ ယဲ့ကျွင်းလင်ထံသို့ ဖြတ်တောက်ချေမှုန်းဖို့ ပြေးဝင်သွားလေသည်။

"ဟဲဟဲ"

ယဲ့ကျွင်းလင်က တစ်ချက်ရယ်လိုက်ပြီးနောက် မသေနိုင်သောအရှင်သခင် ခန္ဓာကျင့်စဥ်ကို တိတ်တဆိတ် အသက်သွင်းလှုံ့ဆော်လိုက်သည်။

ထို့နောက် ဘုန်းခနဲမြည်ဟီးသံဖြင့် သူ့တစ်ကိုယ်လုံး၏ အရှိန်အဝါဟာ တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားထည်ဝါစွာမြင့်တက်သွားကာ သန့်စင်သော ချီစွမ်းအင်လှိုင်းလုံးမှာ ဆူနာမီကဲ့သို့ ကောင်းကင်ထက်ဦးတည်လျက် ထိုးတက်ပျံ့နှံ့သွားလေသည်။

တုန်ခါသံအမျိုးစုံမှာ ကြမ်းတမ်းစွာ ပဲ့တင်ထပ်ထွက်ပေါ်လျက်။

အလျင်အမြန် ဒုန်းစိုင်းရောက်ရှိလာသော နေမင်းဘီးလုံးကို ယဲ့ကျွင်းလင်က လက်ကိုမြှောက်ကာ ပိတ်ပင်တားဆီးလိုက်သော် မြေပြင်ကို သုံးရက်သုံးညတိုင်တိုင် အလျှံငြီးငြီး လောင်ကျွမ်းစေမည့် မီးမိုးများ အစုအဝေးလိုက် ရွာသွန်းဖြိုးလေတော့၏။

ရွေဝါရောင်မီးတောက်များဖြင့် မြင်ကွင်းဟာ အလွန်ခမ်းနားပြီး တောက်ပလွန်းလှသည်။

"မင်းဘယ်လောက်တောင် တောင့်ခံနိုင်မယ်ထင်လဲ၊ ဒီအဘိုးကြီးကတော့ မထင်ဘူးဟေ့!" ကျွီယန်းမသေမျိုးအရိပ်က ဟိန်းဟောက်ကြုံးဝါးလိုက်သည်။

ဝှစ်!

နေမင်းဘီးလုံးဟာ တောက်ပစူးရှသော အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး သယ်ဆောင်လာသောစွမ်းအားမှာ ရုတ်ချည်း အဆပေါင်းများစွာ တိုးမြင့်ပြင်းထန်လာာ ဖျက်ဆီး၍မရနိုင်သော အင်အားအဟုန်ဖြင့် ယဲ့ကျွင်းလင်၏ နဖူးဆီတည့်တည့်သို့ ပြင်းထန်စွာ ပြေးဝင်သွားလေသည်။

ပူပြင်းစပ်လောင်သော လေအဟုန်တွေ တဟုန်းဟုန်း တိုက်ခတ်လာပြီး ထက်ရှပြင်းထန်သော တိုက်ကွက်၏အင်အားကို ခံစားမိသော် ယဲ့ကျွင်းလင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အခြေအနေကို အနည်းငယ်ပို၍ အလေးအနက်ထားလာရလေသည်။

သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အလျင်အမြန် လည်ပတ်နေသော် နေမင်းဘီးလုံးကို ပြုတ်တူတစ်ခုလို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်တာကြောင့် မီးပွားများ တဖွားဖွားလွင့်စင်ထွက်ကျလာကုန်၏။

ဂိုဏ်းအသီးသီးက ကျင့်ကြံသူများမှာ မျက်စိရှေ့မှောက်မှမြင်ကွင်းကြောင့် လွန်စွာတုန်လှုပ်ဆွံ့အသွားရတော့သည်။

ဉာဏ်အလင်းအဆင့် မှော်ရတနာကို လက်ဗလာနဲ့ဖမ်းတဲ့ကောင်က လူရောဟုတ်သေးရဲ့လား?

"ဒီကောင်က ရှေးဦးနတ်ဆိုးသားရဲကြီးတစ်ကောင် လူဝင်စားလာတာပဲဖြစ်ရမယ်…" ရွှယ်မိသားစုဘိုးဘေးမှာ ချွေးတဒီးဒီးကျလျက် ကယောင်ခြောက်ခြားဖြင့် တီးတိုးရေရွတ်မိနေလေသည်။

ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ခုခံအားသာမရှိရင်၊ အကယ်၍ အဲ့ဒီနေရာမှာသူသာဆိုရင် သွေးမှုန်တွေအဖြစ် ပေါက်ကွဲထွက်သွားတာ ကြာလှရောပေါ့!

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ကျွီယန်းမသေမျိုးအရိပ်၏ ယုံကြည်မှုအပြည့်မျက်နှာလည်း အကြီးအကျယ် ပြောင်းလဲသွားရသည်။

"အခုတော့ မင်းမနာလိုဖြစ်နေရပြီမလား မင်းခေါင်းရော ငါ့လောက်မာနိုင်ရဲ့လား?"

ယဲ့ကျွင်းလင်က ဂုဏ်ယူစွာ ကြွားဝါလိုက်ပြီးနောက် သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အကြမ်းဖျင်း ဆုံးဖြတ်တွက်ချက်လိုက်သည်။

ဘုန်း!

အားအင်ကိုစုလျက် လက်ထဲရှိနေမင်းဘီးလုံးကို ပြင်းထန်စွာတစ်ချက်တွန်းထုတ်လိုက်တာကြောင့် တန်ပြန်လွင့်ထွက်သွားလေသည်။

နေမင်းဘီးလုံးဟာ ကျွီယန်းမသေမျိုးအရိပ်၏ လက်ထဲကို အတင်းအကျပ် ပြန်လည်တွန်းပို့ခံလိုက်ရပြီး ကျွီယန်းမသေမျိုးအရိပ်မှာတော့ အံ့အားသင့်လို့မဆုံးနိုင်စွာ ကြောင်အနေရ၏။

ဒီပစ္စည်းဟာ မသေမျိုးအဆင့်မှော်ရတနာတွေ၏ အနောက်တွင် ဒုတိယလိုက်သော ထိပ်သီးအဆင့် မှော်ရတနာတစ်ခုဖြစ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားအရင်းအမြစ်တွေ ပါဝင်ကာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ အထူးပြုလုပ်ထားသည့် သတ်ဖြတ်လက်နက်ကြီးတစ်ခုလိုပင်!

ထိုလူသတ်လက်နက်ကို တစ်ဖက်လူက လက်ချည်းဗလာဖြင့် ခုခံနိုင်ခဲ့လေသည်။

ဒီလောက် မာကျောတဲ့လူကို သူတစ်ခါမှ မမြင်ဖူးဘူးခဲ့ပါ!

ယဲ့ကျွင်းလင်က ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ် "ဟေး၊ မင်းက ငါ့ကို အဆင့်တက်ဖို့ ကူညီပေးခဲ့တာဆိုတော့ မင်းကို နောက်ထပ်တိုက်ကွက်တစ်ခုလောက်တော့ အကျောပေးပေးပါ့မယ်"

ကျွီယန်းမသေမျိုးအရိပ်ဟာ သူ့ကို လှောင်ပြောင်ကစားနေတယ်လို့ ခံစားလိုက်ရပြီး ဂုဏ်သိက္ခာကိုနင်းချေခံလိုက်ရသကဲ့သို့ လွန်စွာအရှက်ရသွားခဲ့ကာ သူ့ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းကြီးသော မကောင်းဆိုးဝါး အရှိန်အဝါများ လျှံထွက်လာပြီး မျက်လုံးအစုံမှာလည်း ကြောက်မက်ဖွယ် နီရဲစူးရှလို့နေသည်။

"ယဲ့ကျွင်းလင်! ဒီအဘိုးကြီးက မင်းနဲ့အတူတော့ သေပွဲမဝင်နိုင်ဘူးဟေ့! !"

ထို့နောက် သူ့အရေပြား‌ပေါ်တွင် ငွေဖြူရောင်လိုင်းတွေ စတင်ပေါ်ထွင်လာပြီး ထိုငွေရောင်၏ တောက်ပမှုမှာ အလွန်ဆွဲဆောင်မှုရှိလှလေကာ ကျွီယန်းမသေမျိုးအရိပ်၏ ခန္ဓာကိုယ်မှာ မြင့်မြတ်တဲ့ အရှိန်အဝါများဖြင့် ခြံရံလို့နေပြီး နောက်တစ်စက္ကန့်အတွင်း နတ်ဘုံတက်တော့မည့် နတ်မင်းတစ်ပါးကဲ့သို့။

"အိုး? အဲ့တိုက်ကွက်ကိုငါသိတယ်၊ အဲ့ဒါကို ကြက်မွှေးပျံကောင်းကင်ကျင့်စဥ်လို့ ခေါ်တာမလား!" ယဲ့ကျွင်းလင်က စနောက်လိုက်သည်။

"တိတ်စမ်း! ယွီဟွားဂိုဏ်းရဲ့ လျှို့ဝှက်အတတ်ကို မင်းလိုကောင်က စော်ကားခွင့် မရှိဘူး!" ကျွီယန်းမသေမျိုးအရိပ်၏ မျက်လုံးတွေ မီးပွင့်တော့မတတ်တောက်ပြောင်လာပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သူ၏ နဖူးတွင် ပြောင်းပြန်တြိဂံပုံစံတစ်ခု ပေါ်လာပြီး မျက်ဆံများက ငွေရောင်အလင်းတန်းများ ဖြာထွက်လျက်ရှိကာ တစ်ကိုယ်လုံးမှ အရှိန်အဝါသည် ယခင်ကထက် များစွာ အားကောင်းလာသည်။

"သတ်!"

ကြမ်းကြုတ်သော ကြွေးကြော်သံအနောက်တွင်...

နေမင်းဘီးလုံးဟာ ပေတစ်သောင်းခန့်ရှည်လျားသော အလင်းတန်းများဖြင့် ထပ်မံပွင့်လန်းလာပြီး တရစပ်လည်ပတ်လာပြီးနောက် ပုံရိပ်ထောင်ပေါင်းများစွာကွဲထွက်လာကာ ထိုပုံရိပ်များမှာ လေဆင်းနှာမောင်းတစ်ခုကဲ့သို့ စုစည်း၍ ယဲ့ကျွင်းလင်ကို လွှမ်းခြုံသွားပေတော့သည်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် ရန်သူ၏ ခြိမ်း‌ခြောက်မှုအစစ်အမှန်ကို အသွေးအသားထဲထိခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကျယ်ပြောသော မှော်စွမ်းအင်စီးကြောင်းကို လှုံ့ဆော်ကာ လက်နှစ်ဖက်ကြားတွင် လောကဘုရင် အမှတ်တံဆိပ်ကို ပုံဖော်လျက် နေမင်းဘီးလုံးပုံရိပ် အများအပြားကို လွင့်စင်ထွက်သွားစေလိုက်သည်။

ထို့နောက် သူသည် ကျွီယန်းမသေမျိုးအရိပ်ကို အင်အားဖြင့် တစ်ဖန်ဖိနှိပ်လိုက်တော့၏!

"ငါ့ကိုဖိနှိပ်ဖို့ တွေးတောင်မတွေးနဲ့!"

ကျွီယန်းမသေမျိုးအရိပ်က အော်ဟစ်ကြွေးကြော်ကာ အင်အားကုန်ထုတ်လျက် တံဆိပ်၏ဖိအားကိုခုခံနေပြီး သူ့ခန္ဓာကိုယ်မှ ချွေးပေါက်တိုင်းက တောက်ပသော ရွှေရောင်အလင်းတန်းတွေ ပန်းထွက်လာတော့သည်။

ဟုန်း!

လောကဘုရင် အမှတ်တံဆိပ် လွင့်စင်သွားလေသည်။

"ကောင်းကင်မီးတောက်‌‌ နေမင်းကိုးစင်း!" ကျွီယန်းမသေမျိုးအရိပ်ဟာ အတင်းအကျပ်ဖိအားပေးမှုကြောင့် သွေးများရွှဲရွှဲနစ်နေလျက် မျက်နှာအမူအရာမှာ အရူးတစ်ယောက်လို ရှုံ့တွတွန့်လိမ်နေကာ ယွီဟွားအဆင့်မြှင့်တင်ခြင်း လျှို့ဝှက်ကျင့်စဥ်ကို အသည်းအသန် လှုံ့ဆော်နေပြီး ငွေရောင်လိုင်းတွေ ဖုံးလွှမ်းထားသော အရေပြားဟာ တဖြည်းဖြည်း အက်ကွဲကြောင်းတွေ ပေါ်လာခဲ့လေသည်။ ထို့နောက် ထပ်မံပေါင်းစပ်လာသော အင်အားထုကတော့ မယုံနိုင်စရာပါပေ။

ရွှေရောင်နေမင်းကိုးစင်းမှာ တစ်ခုပြီးတစ်ခု ကောင်းကင်ထက် ဖြန့်ကျက်နေရာယူနေပြီး နေကိုးစင်းဖြင့်အလင်းပေးသောကောင်းကင်ဟာ အဆုံးမရှိသော တောက်ပမှုများက မြေကြီးထဲသို့ စိမ့်ဝင်ခြောက်ခမ်းသွားစေသည်အထိ ငရဲကဲ့သို့ ပူပြင်းလောင်မြိုက်စေလေ၏။

"အား…" ကျွန်းပေါ်က မရေမတွက်နိုင်သော လူအ‌ပေါင်းမှာ ခန္ဓာကိုယ်မှ မီးခိုးငွေ့ငွေ့ထွက်လျက် နာကျင်ချိနဲ့စွာ‌ အော်ဟစ်လူးလှိမ့်နေကြရတော့သည်။

"မသေမျိုးအရိပ် အရှင်ကျွီယန်း အသက်စွန့်တိုက်တော့မယ်ဟေ့!" ဧည့်သည်အပေါင်းမှာ တိုက်ပွဲ၏ရိုက်ခတ်မှုကြောင့် ခေါင်းနားပန်းကြီးသွားရပြီး မှော်ရတနာအကာအကွယ်များဖြင့် မိမိကိုယ်ကို တတ်နိုင်သလောက် ကာဆီးထားရလေတော့သည်။

"မင်း အင်အားကြီးတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ ဒီအဘိုးကြီး ဒီတိုက်ကွက်ကိုထုတ်သုံးရင်ရော မင်းခံနိုင်ဦးမလား ကြည့်ကြသေးတာပေါ့" ကျွီယန်းမသေမျိုးအရိပ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

All Chapters