← Chapters

ကြားလိုက်ရ‌‌သော သတင်း

Vol. 95 Ch. 1317

ကြားလိုက်ရ‌‌သော သတင်း

Vol. 95 Ch. 1317

"အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ဗာမီလီယန်မှာ အနည်းငယ် စိုးရိမ် နေခဲ့၏။ သူမသည် ဝေ့ဝူယင်က ဟင်းလင်းပြင် ဂိတ်တံခါးကို အဆင်ခြင်မဲ့စွာ ဖျက်ဆီးပစ်လိုက်မှာကို ကြောက်လန့် နေခဲ့ခြင်း ဖြစ်သည်။ သူမ ဝေ့ဝူယင်ကို ဂရုစိုက်ရန် စိတ်ထဲမှ သတိပေးချင် နေခဲ့၏။ မည်သို့ပင် ဆိုစေ... ထိုဟင်းလင်းပြင် ဂိတ်တံခါးမှာ ရှေးဟောင်း လူ့အဖွဲ့အစည်း တစ်ခု၏ ထုတ်ကုန် တစ်ခု မဟုတ်ပါလား။

သို့သော်လည်း... ထိုစိုးရိမ်မှုများက စကားလုံးများ အဖြစ် ထွက်ပေါ် မလာခင်မှာပင် ဟင်းလင်းပြင် ဂိတ်တံခါးမှာ အသက်ဝင်လာကာ အလင်းလှိုင်းများမှာ မျက်စိကျိန်းမတတ် ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းတို့ ပြန်လည် ငြိမ်သက်သွားသော အခိုက်၌ ရောင်စုံ လေပွေ တစ်ခု ဖြစ်တည်နေကာ ၎င်းမှာ လှည့်ပတ်ရင်း ပေါ်တယ် တစ်ခုကို ဖွဲ့စည်းထား၏။

“အတားအဆီးကိုကျော်... အာကာသ အမတေကို ထိတွေ့... လမ်းကြောင်းက အားလုံး အတွက် ပွင့်လာလိမ့်မယ်... ကျုပ်တို့ ဝင်ကြမလား”

ဝေ့ဝူယင်က ပါးစပ် အဟောင်းသား ဖြစ်နေသည့် ဗာမီလီယန်နှင့် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီတို့ကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

ထို့နောက် သူက ရှောင်ပင်းထံ လက်ကမ်းပေး လိုက်၏။

“ဟုန်ရုကို သွားတွေ့ရအောင်...”

ဝေ့ဝူယင်၏ စကားလုံးများက ရှောင်ပင်း၏ မျက်လုံးများကို ပျော်ရွှင်မှုများနှင့် ပြည့်နှက် သွားစေခဲ့သည်။ သူမက လှပစွာ ပြုံးလိုက်ရင်း ဝေ့ဝူယင်၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ ဘေးချင်းယှဉ်ကာ ပေါ်တယ် အတွင်း ဝင်ရောက်သွားခဲ့ကြတော့သည်။ ထို့ပိဟန်ကလည်း အနည်းငယ် ရယ်မောလိုက်ကာ နောက်မှ လိုက်လာခဲ့၏။

အမွှာ ညီအမ နှစ်‌ယောက်ကတော့ သူတို့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ယခုတိုင် နားမလည်နိုင်အောင် ဖြစ်နေသေးဆဲ ဖြစ်သည်။ ထိုအရာကို အတည်ပြုရန် အတွက် သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ် လိုက်မိကြသည်။

"..."

ရုတ်တရက်... ဗာမီလီယန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ လက်ရှိ၌ သူမနှင့် ညီမဖြစ်သူတို့ နှစ်ယောက်သာ ကျန်ရှိပေတော့သည်။ အခြေအနေကို သဘောပေါက်သည်နှင့် သူမက ချက်ချင်းပင် ပေါ်တယ် အတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။ ထိုအမွှာညီမ၏ မျက်လုံးများက ရေခဲ ကဲ့သို့ အေးစက်သည့် အလင်းတန်းများနှင့် ပြည့်နှက် နေသည်။

"..."

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေခဲ့၏။ ဗာမီလီယန်က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့က နင် အဆင်အခြင်မဲ့ လုပ်မှာကို ‌နောက်တစ်ကြိမ် ထပ်ခွင့်ပြုမယ် ထင်နေတာလား... ငါ သေသွားရမယ် ဆိုရင်တောင် နင်လည်း ငါ့နောက်ကို လိုက်ခဲ့ရမှာပဲ... သူ့ဆီကနေ လွတ်အောင် ပြေးနိုင်မယ်လို့ နင် ထင်နေတာလား”

သူမက မှီတွယ်ရာ ကောက်ရိုး တစ်မျှင် အနေဖြင့် ဝေ့ဝူယင်၏ နာမည်ကို သုံးကာ ခြိမ်း‌ခြောက် လိုက်၏။

"..."

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက အေးစက်စွာပင် အမဖြစ်သူကို ကြည့်နေခဲ့သည်။ ပြင်းထန်သည့် အမုန်းတရားနှင့် အတူ ဗာမီလီယန်၏ အသက်ကို အဆုံးသတ်ကာ ဝိညာဉ်ကိုပါ လောင်ကျွမ်း ပစ်ချင်သည့်တိုင် အဆုံးသတ်တွင်တော့ သူမ ထိန်းထားလိုက်၏။

“ထန်ကလန် ခေါင်းဆောင် ရာထူးကနေ ဆင်းပေးပါ”

သူမက ပြောလိုက်၏။

“ဘာကြီး...”

"နင်နဲ့ နင့်ရဲ့ အပေါင်းအပါတွေက ထန်ကလန်ကို ပျက်စီးလုနီးပါး အခြေအနေထိ ရောက်အောင် တွန်းပို့ပြီးပြီ... အခု ငါလာပြီး တိုက်ခိုက်တာက အတိတ်က အမုန်းတရားတွေကြောင့် သက်သက်ပဲလို့ နင် ထင်နေတာလား... ရန်ငြိုးတွေကြောင့်သာ ဆိုရင် ငါ ခုချိန်ထိ စောင့်နေမယ်လို့ နင် ထင်လား... ထန်ဟိုင်ဟိုင်... စဉ်းစား... စဉ်းစား”

“...”

ထန်ဟိုင်ဟိုင်၏ မျက်လုံးများမှာ နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ ထန်ပိုင်ပိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ငါ ခုလာတာ ထန်ကလန်ကို ကယ်တင်ဖို့ပဲ... ထန်ကလန်ကို ငါ မုန်းတယ် ဆိုပေမဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ထန်မျိုးရိုးသွေးက နင့်ထက် မကျဲဘူး... မျိုးရိုး နာမည်ကို စွန့်ပယ်ပစ်လိုက်ရင်တောင် ငါ့ နှလုံးသားမှာ ဗာမီလီယန် အမှတ်အသား ရှိနေတုန်းပဲ”

“ထန်ကလန်ကို ကယ်တင်ဖို့...”

ထန်ဟိုင်ဟိုင်မှာ ထန်ပိုင်ပိုင်၏ စကားကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ခြေရာမဲ့ နတ္ထိ ဟင်လင်းပြင် ဧကရီက အမ ဖြစ်သူကို သနားစွာ ကြည့်လိုက်သည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ကို မဆန့်ကျင်ခဲ့မိဘူး ဆိုရင်တောင် ထန်ကလန်က ကျဆုံးဖို့ နီးသထက် နီးလာနေပြီ ဆိုတာ နင် ခုထိ နားမလည်သေးဘူးလား...... ရွှေရောင် အသက်နန်းတော်နဲ့ မဟာမိတ် အင်အားတွေတွေ နင်တို့ကို ဘယ်လို ဖယ်ကျဉ်ထားသလဲ ဆိုတာတွေ... အင်ပါယာ ကလန်က ငါတို့ကို နှစ်ပေါင်း ထောင်နဲ့ချီ အဆက်အဆံ မလုပ်တာတွေ... ငါတို့မှာ ဘယ်နေရာမှာမှ မဟာမိတ်တွေ မရှိတော့ဘူး... ငါတို့ ပိုင်နက်ထဲမှာ ရှိတဲ့ လူတွေကလည်း အချိန်မရွေး သစ္စာဖောက်ဖို့ ကြံစည်နေကြတဲ့ လူတွေချည်းပဲ... ထန်ဟိုင်ဟိုင်... ဒီနေ့ ဒီအတိုင်းအတာ အထိ ရောက်ဖို့တောင် ငါ အများကြီး စီစဉ်ခဲ့ရတယ်လို့ နင်ထင်လား... ဒီအတိုင်း လှိုင်းတွေကို စီးလာခဲ့ရုံတင်”

ထန်ပိုင်ပိုင်၏ စကားလုံးများက ထန်ဟိုင်ဟိုင်၏ နှလုံးသားကို စတင် တုန်ရီလာစေခဲ့၏။

"ငါ နားမလည်ဘူး... နင်ပြောတာ အမှန် ဆိုရင်တောင် ငါတို့ ဆက်ပြီး ရှင်သန်နိုင်တာပဲ မလား”

သူမက ထန်ကလန် ပျက်စီးလိမ့်မည် ဆိုသည့် စကားကို လုံးဝ လက်မခံနိုင်ပါချေ။ အကယ်၍ ဝေ့ဝူယင်ထံမှ အထင်အမြင်ကောင်း တစ်ချို့ကို ရရှိလျှင် ထိုအခြေအနေကို သူတို့ ပြောင်းပြန်လှန်နိုင်လိမ့်မည် ဖြစ်သည်။ တောင်းပန်ရမည် ဆိုလျှင်လည်း သူမ တောင်းပန်မည်။ ဝေ့ဝူယင်သာ လက်ခံလျှင် ရွှေရောင် အသက်နန်းတော်နှင့် ပြဿနာများမှာလည်း တစ်ခဏ အတွင်း ပြေလည် သွားပေလိမ့်မည်။

ထန်ပိုင်ပိုင်က သနားစွာဖြင့် ‌ခေါင်းခါလိုက်၏။

“အဲဒီလောက် မရိုးရှင်းဘူး... နင် တကယ်ပဲ မသိ‌သေးတာလား... ဟမ်”

“ဘာကို သိရမှာလဲ...”

ထန်ဟိုင်ဟိုင်က မေးလိုက်၏။ ထန်ကလန်မှာ သူမ၏ ဘဝ ဖြစ်သည်။ သူမ အုပ်ချုပ်နေသမျှ ကာလပတ်လုံး ထန်ကလန်ကို ပြိုလဲလုနီးပါး အခြေအနေထိ ရောက်အောင် အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... မျိုးနွယ်စု တော်တော်များများမှာ ယခုလို ယာယီ အခက်အခဲများနှင့် ရင်ဆိုင်ဖူးကြသည်သာ ဖြစ်သည်။ အကယ်၍ ထန်ပိုင်ပိုင်သာ လာရောက် မတိုက်ခိုက်ခဲ့လျှင် ထန်မျိုးနွယ်မှာ ဗာမီလီယန် နယ်မြေကို အုပ်စိုးရင်း လျှို့ဝှက်ကျိန်စာ၏ ကာကွယ်မှု အောက်တွင် ဆက်လက် တည်တံ့နေလိမ့်ဦးမည် ဖြစ်သည်။

ထန်ပိုင်ပိုင်က အမဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက မျက်နှာထက်၌ ကာဆီးထားသည့် မျက်နှာကာကို ဖယ်ရှားလိုက်သည်။

“နင့် သမီးက အပျိုစင် မဟုတ်တော့ဘူး”

“ဘာ...”

ထန်ဟိုင်ဟိုင် တစ်ယောက် အံ့သြသွားခဲ့၏။ သူမက နောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိသည်။ သူမ၏ အတွေးများက အနည်းငယ် လှည့်ပတ်ပြီးနောက် ခေါင်းခါလိုက်၏။

“နင် ပြောတာ ဘာအဓိပ္ပာယ်လဲ... ထန်ရှင်းယွင်က ဒီလောက် မဆင်မခြင် မလုပ်ဘူး... တကယ်လို့ သူ လုပ်ခဲ့တယ် ဆိုရင်တောင် အင်ပါယာ ကလန်နဲ့ ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင်ပဲ ဖြစ်လိမ့်မယ်... နည်းနည်းလေး စောတယ် ဆိုရင်တောင် ဘာပဲဖြစ်ဖြစ်... အဲဒါက ရင်းနှီးမြှုပ်နှံမှုပဲလေ”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက အမ ဖြစ်သူကို ထိုမျှ တုံးအရသလော ဆိုသည့် အကြည့်မျိုးနှင့် ကြည့်လိုက်သည်။ အကယ်၍ ထန်ရှင်းယွင် အပျိုရည်ပျက်ခဲ့သည်မှာ ထျန်းရီဝူနှင့်သာ ဆိုလျှင် သူမက အဘယ်ကြောင့် ထန်ကလန် ပျက်စီးလိမ့်မည်ဟု ပြောမည်နည်း။

“ထန်ရှင်းယွင်က ကိုယ့်ကိုယ်ကို ညစ်ညမ်းအောင် လုပ်ပြီး ဖျက်ဆီးခဲ့ပြီးပြီ... သူက ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားပေမဲ့ အင်ပါယာ ကလန်က အဲဒီ အကြောင်းကို သိပြီးပြီ... ဒါကို ဘာလို့ လူသိရှင်ကြား မဖော်ထုတ် သလဲ ဆိုတာ နင် နားလည်သင့်တယ်”

ထန်ပိုင်ပိုင်က ထိုကဲ့သို့ ပြောပြီးနောက် ပေါ်တယ်ထံသို့ ဦးတည်ကာ ထွက်ခွာ သွားခဲ့၏။

"နေ... နေဦး...”

ထန်ဟိုင်ဟိုင်က စိုးရိမ်စွာဖြင့် ခေါ်လိုက်၏။ ထန်ပိုင်ပိုင်က ရပ်လိုက်သည်။ ထန်ဟိုင်ဟိုင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဘာလို့လဲ..."

“...”

ထန်ပိုင်ပိုင်က လည်ပြန်ကြည့်လိုက်သည်။

“တူမနဲ့ငါနဲ့ တွေ့ပြီးပြီ... သူက ငါငယ်ငယ်တုန်းကလိုပဲ... မိုက်မဲပြီး အကျိုးဆက်ကို ထည့်မတွက်တတ်ဘူး... အဲဒီလို အရူးထတာကြောင့် ထန်ကလန် ပျက်စီးသွားမှာမျိုးကို ငါ မမြင်ချင်ဘူး”

ထန်ဟိုင်ဟိုင်၏ နှလုံးသားကတော့ အဆက်မပြတ် တုန်ရီနေ၏။ သူမ နေရာတွင်ပင် ရပ်ရင်း ညီမဖြစ်သူ ပေါ်တယ်ထဲ ဝင်ရောက်သွားတာကို ကြည့်နေမိသည်။ သူမ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ ထိုအခိုက်၌ သူမ၏ စိတ်က အဓိပ္ပာယ် မရှိသော အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးစွာ လှည့်ပတ်နေပေသည်။

ထို့နောက်တွင်တော့...

သူမ အကြံတစ်ခု ရလိုက်၏။ ပေါ်တယ်ထဲကို လှမ်းကြည့်ရင်း ထန်ဟိုင်ဟိုင်၏ မျက်လုံးများက လင်းလက်စွာ တောက်ပသွားခဲ့သည်။ သူမက အသက်ပြင်းပြင်း ရှူလိုက်ရင်း စိတ်ငြီငြူးဖွယ် အတွေးများ အားလုံးကို ဖယ်ထုတ် လိုက်သည်။ ထို့နောက် ခိုင်မာသည့် ဆန္ဒနှင့် အတူ ပေါ်တယ်ထဲ လှမ်းဝင်လိုက်တော့၏။

***

All Chapters