ဗာမီလီယန် ကျင့်စဉ်၏ ချို့ယွင်းချက်
Vol. 95 Ch. 1318
ဗာမီလီယန် သင်္ချိုင်း...
ဗာမီလီယန် သင်္ချိုင်းမှာ သဟဇာတ ဖြစ်မှု၊ မီးတောက်၊ အသက်ဓာတ်တို့နှင့် ပြည့်နှက်နေသော အပျက်အစီး နယ်မြေ တစ်ခု ဖြစ်သည်။ သင်္ချိုင်း ဆိုသည့် နာမည်နှင့် ခြားနားစွာပင် နယ်မြေ အတွင်း၌ အသက်အင်အားများမှာ တောက်ပစွာပင် စီးဆင်း နေခဲ့၏။ ပထဝီဝင် အနေအထား အရ ၎င်းမှာ ကုန်းမြေတိုက်ကြီး တစ်ခု၊ ကမ္ဘာပြား တစ်ခုနှင့် ပိုမို၍ ဆင်တူပေသည်။ မြေပြင်မြေသားမှာ ရွှေရောင် တောက်ပနေကာ အရည်ကျိုထားသည့် သတ္တုနှင့်ပင် ဆင်တူလှ၏။ ထိုအရာမှာ ရှားပါးကာ မြင်တွေ့ရခဲသည့် မြင်ကွင်းမျိုး ဖြစ်သည်။ ကောင်းကင်၌ နေကြယ် မရှိချေ။ အလင်းရင်းမြစ်မှာ မြေပြင်တွင်ပင် ရှိကာ နယ်မြေ တစ်ခုလုံးကို ခြယ်သ ထားခဲ့သည်။
နယ်မြေ၏ နေရာ အနှံ့အပြားတွင်တော့ ဗာမီလီယန် အလင်းရောင် တောက်ပနေသည့် တောင်ကမူများမှာ ဖြန့်ကျက် နေခဲ့၏။ ၎င်းတို့မှာ အမှန်တကယ် တောင်ကမူများ မဟုတ်ပဲ ယခုအခါ မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်သည့် သားရဲများကို မြှပ်နှံထားရာ မြေပုံများသာ ဖြစ်ကြသည်။ တောင်ကမူ တစ်ခုချင်းစီ၏ အောက်ခြေများတွင် တာရာ လျှို့ဝှက် သံမဏိဖြင့် ပြုလုပ်ထားသည့် ဆယ်မိတာခန့် မြင့်သော တံခါးများ ရှိပေသည်။ ထိုတံခါး တစ်ခုချင်းစီ၏ တန်ဖိုးမှာ တစ်လောကလုံးကို အံ့အားသင့် သွားစေနိုင်သည် အထိ ကြီးမားသော်လည်း ဤနေရာတွင်တော့ ဗာမီလီယန် ငှက်များ၏ ဂူသင်္ချိုင်းကို ဦးတည်ရာ ဂိတ်တံခါးများ အဖြစ်သာ လှဲလျောင်း တည်ရှိနေခဲ့လေသည်။
ဟူး...
ပေါ်တယ် တစ်ခုမှာ ဗာမီလီယန် သင်္ချိုင်း၏ အလယ်ဗဟိုတွင် ပေါ်လာကာ ဝေ့ဝူယင်၊ ရှောင်ပင်းနှင့် ထို့ပိဟန်တို့ လမ်းလျှောက်ထွက် လာခဲ့၏။ သူတို့ သုံးယောက်မှာ ပတ်ဝန်းကျင်ရှိ အလင်းတန်းများကို ကြည့်ကာ အံ့သြ သွားခဲ့သည်။ လေထု အတွင်း၌ အလွန် ကြွယ်ဝသည့် မီးစွမ်းအင်များ ရှိနေပေသည်။ ၎င်းတို့မှာ သေမျိုး အဆင့် မဟုတ်သလို လျှို့ဝှက် အဆင့်လည်း မဟုတ်ပါချေ။ ထိုမီးစွမ်းအင်များမှာ ပုံမှန် မဟုတ်လောက်အောင်ပင် သန့်စင်ကာ တက်ကြွ ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ထိန်းသိမ်းထားပေသည်။
“ဗာမီလီယန် မီးတောက်တွေလား...”
ထို့ပိဟန်၏ မျက်လုံးများမှာ အံ့သြမှုဖြင့် ပြူးကျယ်သွားခဲ့၏။ အသက်ရှူလိုက်တိုင်း အပူဓာတ်နှင့် မီးစွမ်းအင်များမှာ ဒွါရပေါက်များမှ တိုးဝင်နေသလို သူ ခံစားရသည်။ သူ့ နှလုံးသားက တဒိတ်ဒိတ် ခုန်လာကာ ခန္ဓာကိုယ် အတွင်းရှိ ရုပ်ပိုင်းဆိုင်ရာ ဆဲလ်များမှာ လန်းဆန်းသွားသလို သူ ခံစားလိုက်ရ၏။
“ဒီနေရာက သင်္ချိုင်းတစ်ခုနဲ့ တစ်စက်မှ မတူဘူး...”
ရှောင်ပင်းမှာလည်း အလားတူပင် တွေးနေခဲ့မိ၏။ ကံဆိုးစွာပင် သူမမှာ သက်တောင့်သက်သာ မရှိသည့် ခံစားမှု တစ်ချို့ကို ခံစားနေရသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံနှင့် ရုပ်ခန္ဓာတို့မှာ အလိုအလျောက်ပင် လေထဲရှိ မီးစွမ်းအင်များကို ခုခံ နေခဲ့၏။ သူမ အသက်ရှူလိုက်တိုင်း ရေခဲကဲ့သို့ အဖြူရောင် မြူမှုန်များ ထွက်လာနေခဲ့ကာ ခန္ဓာကိုယ် အပူချိန်မှာ အကာအကွယ် ယန္တရား တစ်ခု သဖွယ် သဘာဝ အတိုင်း ကျဆင်း နေခဲ့သည်။ မီးစွမ်းအင်မှာ သူမ ကျင့်ကြံသည့် နည်းလမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်လေရာ ဗာမီလီယန် သင်္ချိုင်းမှာ သူမ အတွက် မသင့်တော်ပါချေ။
“မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို ဖိနှိပ်ထားလိုက်...”
ဝေ့ဝူယင်က ရှောင်ပင်း၏ လက်ကို ကိုင်ကာ လမ်းညွှန်လိုက်၏။ မိန်းကလေးမှာ အနည်းငယ် အံ့သြသွားခဲ့သော်လည်း လျှင်မြန်စွာပင် လိုက်နာဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ကျင့်ကြံခြင်း အခြေခံကို ဖိနှိပ်လိုက်၏။ အံ့အားသင့်စွာပင် ခန္ဓာကိုယ်၏ သဘာဝ တုန့်ပြန်မှုများမှာ ရပ်တန့်သွားကာ ခံစားနေရသည့် သက်တောင့်သက်သာ မရှိမှုများမှာ လျှင်မြန်စွာ လျော့ကျသွားခဲ့၏။
“ဒါက...”
ထို့နောက် မီးစွမ်းအင်များမှာ ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာခဲ့သည်ကို သူမ သတိထားမိလိုက်သည်။ ထူးဆန်းစွာပင် ၎င်းတို့မှာ ခန္ဓာကိုယ်ဆဲလ်များနှင့် သဟဇာတ ဖြစ်နေခဲ့၏။ ထိုဖြစ်ရပ်က ဒြပ်စင် စွမ်းအင် အပေါ် သူမ၏ နားလည်မှုကိုပင် ပြောင်းပြန်လှန်လုနီးပါး ဖြစ်သွားခဲ့သည်။ အဖြေတစ်ခုခု ရလိုရငြား သူမ ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။
“ဗာမီလီယန် မီးတောက်တွေက နိဗာန မီးတောက်လိုပဲ... အဲဒါက မီးမဟုတ်ဘူး... မီးသဏ္ဌာန် ရှိနေတဲ့ စွမ်းအင် တစ်မျိုးပဲ... နိဗာန မီးတောက်က ဝါးမြိုခြင်း၊ စုပ်ယူခြင်း၊ ပြန်လည် နုပျိုခြင်း၊ အသက်ဓာတ်၊ သေဆုံးခြင်း၊ ပြန်လည် မွေးဖွားခြင်း စတဲ့ စွမ်းအင်တွေကို မီးတောက်တစ်ခု အနေနဲ့ ပုံဖော်တယ်... ဗာမီလီယန် မီးတောက်ကတော့ ဝါးမြိုခြင်း၊ ရုပခန္ဓာ သန်စွမ်းခြင်း၊ အသက်ဓာတ်နဲ့ ပျက်သုဉ်းတို့ကို ကိုယ်စားပြုတယ်”
"မီးဆိုတာက သူတို့ရဲ့ တည်ရှိမှုကို ပုံဖော်ထားတာ တစ်ခုသာ ဖြစ်ပြီးတော့ အစစ်အမှန် အခြေအနေကို မပြဌာန်းဘူး... ရေခဲ ဖီးနစ်တွေ ဆိုတာ ခင်ဗျားတို့ ကြာဖူးလား”
ဝေ့ဝူယင်က မေးလိုက်ရင်း တစ်ချိန်တည်း၌ အာကာသ လက်စွပ်ကို ခြေရာခံကာ ဟုန်ရု၏ တည်နေရာကို ရှာဖွေ လိုက်သည်။
“ရေခဲဖီးနစ်... သူတို့က ရှိလို့လား”
ထို့ပိဟန်က မျက်မှောင်ကြုတ်ရင်း ပြန်လည် မေးခွန်းထုတ် လိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်းတွင် မီးဖီးနစ်များ အကြောင်းကို ထင်ထင်ရှားရှား ဖော်ပြထားသည့်တိုင် ရေခဲဖီးနစ်များ အကြောင်းကိုတေ့ မတွေ့ရပါချေ။
"ဒါပေါ့... ရေခဲဖီးနစ်တွေက နိဗာန ရေခဲ စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်... နိဗာန ရေခဲရဲ့ စွမ်းအင်တွေက နိဗာန မီးတောက်တွေနဲ့ အတူတူပဲ... ဒါပေမဲ့ အဲဒါက ရေခဲ အသွင်နဲ့ပဲ ဖြစ်တည်တယ်”
ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ပြောလိုက်သည်။
"သူတို့က အတူတူပဲ ဆိုရင် ဘာလို့ ပုံစံ မတူရတာလဲ”
ထို့ပိဟန်က စူးစမ်းလိုစိတ်နှင့် မေးလိုက်၏။ ကျင့်ကြံလိုသည့် ဆန္ဒက သူ့နှလုံးသား အတွင်း ပိုမို၍ တိုးပွားလာခဲ့သည်။
"ဖီးနစ်တွေရဲ့ မူလဇစ်မြစ်နဲ့ သက်ဆိုင်တဲ့ မေးခွန်းကောင်း တစ်ခုပဲ...”
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း ဆိုလိုက်၏။ မူလမီးတောက်နှင့် အတူ နိဗာန မီးတောက်ကို ဆုပ်ကိုင်နိုင်ပြီး နောက်တွင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ၏ သဘောတရားကို ဝေ့ဝူယင် ပိုမို၍ ဆုပ်ကိုင် လာနိုင်ခဲ့သည်။ ဥပမာအားဖြင့် ငရဲမီးမှာ အစစ်အမှန်မီး မဟုတ်ချေ။ ၎င်းမှာ မီးဥပဒေသ၏ အောက်တွင်ပင် ရှိမနေချေ။ နိဗာန မီးတောက်များမှာလည်း အလားတူပင် ဖြစ်ပေသည်။
ထိုမေးခွန်း အတွက် အကောင်းဆုံး အဖြေမှာ ရုပ်ပိုင်းဆိုင်ရာ လောကနှင့် ချိတ်ဆက်နိုင်သည့် မည်သည့် အရာ မဆို ရုပ်တာအိုမှ ဆင်းသက်လာသည် ဟူ၍ ဖြစ်ပေလိမ့်မည်။
ရှောင်ပင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။
“ဒါဆိုရင် ကျွန်မ စုပ်ယူနေတဲ့ မီးစွမ်းအင်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကို ဘာခုခံမှုမှ မရှိဘူးပေါ့... ကြယ်တာရာ ဝိညာဉ်ကပဲ လှုပ်ရှားပြီး ဗာမီလီယန် မီးတောက်တွေကို ခုခံနေတာပေါ့...”
သူမက ပြဿနာ၏ ရင်းမြစ်ကို ချက်ချင်း ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ ရာစုနှစ်ချီ လေ့လာခဲ့သည့် ကျင့်ကြံခြင်း ဗဟုသုတများက အလဟသတ် မဖြစ်ခဲ့ပါချေ။
ကျင်ကြံခြင်း ဝိညာဉ်ကို ကျင့်ကြံခြင်းရာတွင် ဦးနှောက်နှင့် ဆင်တူသည့် အင်္ဂါ တစ်ခုဟု သတ်မှတ်နိုင်လိမ့်မည် ဖြစ်သည်။ ခြိမ်းခြောက်မှု တစ်ခုဟု ယူဆပါက ကောင်းသည့် အရာကိုရော ဆိုးသည့် အရာကိုပါ ၎င်းက တိုက်ထုတ်ပေးလိမ့်မည်သာ ဖြစ်သည်။
ရှောင်ပင်း၏ ကြယ်တာရာ ဝိညာဉ်မှာ ရေခဲ အမျိုးအစား ဖြစ်လေရာ သဘာဝ အတိုင်း မီး အသွင် ရှိသည့် အရာအားလုံးကို ဆန့်ကျင်သည်။ သို့သော်လည်း ကျင့်ကြံခြင်း ဝိညာဉ်ကို ဖိနှိပ်ထားလိုက်သည့် အခါ ခန္ဓာကိုယ်က ဗာမီလီယန် စွမ်းအင်များကို အတားအဆီး မရှိပဲ စုပ်ယူလေတော့သည်။
မကြာခင်မှာပင် ပုံရိပ် နှစ်ခုမှာ ပေါ်တယ်ထဲမှ ထွက်လာခဲ့၏။ ငြိုးသူရန်ဘက် အမွှာ ညီအမများပင်။ ထန်ပိုင်ပိုင်၏ မျက်လုံးများ ရှောင်ပင်း ကဲ့သို့ပင် သိသိသာသာ တောက်ပသွားခဲ့သည်။ စိတ်လှုပ်ရှားမှုများက အရှိန်အဟုန်နှင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည့်တိုင် သူမ ထိန်းချုပ် ထားလိုက်၏။
“ဗာမီလီယန် စွမ်းအင်...”
ထန်ပိုင်ပိုင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ သွေးမျိုးဆက်က ဆူပွက်လာကာ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ စတင် လှည့်ပတ်လာခဲ့သည်။ လူသား တစ်ယောက် ဖြစ်သည့်တိုင် သူမမှာ ဗာမီလီယန် စွမ်းအင်ကို ကျင့်ကြံသည့် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။
ထန်ဟိုင်ဟိုင်က ဝေ့ဝူယင် နံဘေးသို့ လျှောက်လာခဲ့၏။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပ နီရဲသည့် မီးတောက်များမှာ သူမ၏လက်ချောင်းများ အကြားတွင် လှပစွာ ကခုန်လာခဲ့သည်။ သူမက ဗာမီလီယန်တို့၏ သခင်မ တစ်ပါးလိုပင်။ ဗာမီလီယန် သွေးမျိုးဆက် တစ်ယောက် အနေဖြင့် သူမမှာ ဗာမီလီယန် မီးဝိညာဉ်ကို ကျင့်ကြံသူ ဖြစ်ပေသည်။
“ဗာမီလီယန် စွမ်းအင်က ဗာမီလီယန် မီးငှက်တွေရဲ့ အဓိက စွမ်းအင်ပဲ... အဲဒီထဲမှာ တက်ကြွတဲ့ အသက်ဓာတ် စွမ်းအင်၊ ရုပ်စွမ်းအင် တည်ရှိမှုနဲ့ ပျက်သုဉ်းခြင်း စွမ်းအင်တွေကို ရောနှောထားတယ်”
ထန်ဟိုင်ဟိုင်က ဂုဏ်ယူစွာဖြင့် ရှင်းပြလိုက်၏။
“အဲဒီလောက်ကြီး အံ့အားသင့်ဖို့ ကောင်းနေတာ မဟုတ်ပါဘူး... ချို့ယွင်းချက်တွေ များလွန်းတယ်”
ထန်ပိုင်ပိုင်က လှောင်ပြောင်လိုက်၏။ သူမမှာ အခြား ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကို ကျင့်ကြံခဲ့ကာ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေသည်။ သို့သော်လည်း ထန်ဟိုင်ဟိုင်ကတော့ သေမျိုးတစ်ပိုင်း အရှင် အဆင့်မှာသာ တစ်ဆို့နေဆဲ ဖြစ်ပေသည်။
“ချို့ယွင်းချက်...”
ရှောင်ပင်းမှာ အံ့သြသွားခဲ့၏။ ကောလဟလများ ကြားဖူးသည့်တိုင် ထန်ကလန်၏ ကျင့်ကြံခြင်း နည်းလမ်း အကြောင်း သူမ သိပ်မသိပါချေ။
"အင်း... ဗာမီလီယန် စွမ်းအင်က ယန်ဘက်ကို အင်မတန် ယိမ်းတယ်... ဒါကြောင့် မိန်းကလေးတွေပဲ ကျင့်ကြံ အောင်မြင်ဖို့ အခွင့်အလမ်း များတယ်... သူတို့ရဲ့ ယန်ရင်းမြစ်က ယောက်ျားတွေထက် ပိုပြီး ကြီးမားတာကြောင့် ဒီမညီမျှမှုကို ထိန်းချုပ်တဲ့ နေရာမှာ ကူညီပေးတယ်... ကံမကောင်းတာက အဲဒီလောက် အထိပဲ တွန်းအားပေးနိုင်တာပဲ”
ဝေ့ဝူယင်၏ စကားလုံးများက အမွှာ ညီအမ နှစ်ယောက်စလုံးကို တုန်လှုပ် သွားစေခဲ့၏။ ဝေ့ဝူယင်၏ စကားလုံးများက သူတို့၏ ပြဿနာကို အတိအကျပင် ထောက်ပြသွားခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် သူတို့က ယင်စွမ်းအင်ကို ပိုပြီး ညီမျှအောင် မြင့်တင်လို့ မရဘူးလား”
ထို့ပိဟန်မှာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“ပြဿနာက ယင်စွမ်းအင်ရဲ့ အရည်အသွေး မဟုတ်ဘူး.. ယင်ရင်းမြစ်ရဲ့ ခံနိုင်ရည်ပဲ”
ယင်ရင်းမြစ်...
ထိုအရာက ယင်စွမ်းအင်ကို သိုလှောင်ပေးသည့် ရုပ်လွန် သိုလှောင်ခန်း တစ်ခု ဖြစ်ကြောင်း ထို့ပိဟန် သိပေသည်။ ၎င်းမှာ မူလယင် ကိန်းအောင်းရာ နေရာလည်း ဖြစ်သည်။ အကယ်၍ ကျင့်ကြံသူ တစ်ယောက်တွင် ပြိုင်စံရှားသည့် ယင်ခန္ဓာ တစ်ခု ရှိလျှင် သူတို့၏ ရင်းမြစ်မှာ ၎င်းကို ရောင်ပြန်ဟပ် နေလိမ့်မည် ဖြစ်သည်။
“လျှို့ဝှက် သင်္ကေတတွေ ဖြစ်ပေါ်ဖို့ အတွက်ဆိုရင် ယင်ယန် စွမ်းအင် ညီမျှဖို့ လိုအပ်တယ်... ဘာပဲ ဖြစ်ဖြစ် ဖန်ဆင်းခြင်းရဲ့ အခြေခံမူက ယင်ယန်ပေါ်မှာပဲ ချည်နှောင်ထားတာလေ”
ဝေ့ဝူယင်က ထိုအထိသာ ရှင်းပြကာ နောက်ထပ် ဘာမှ ထပ်မပြောတော့ချေ။ အဂ္ဂိရတ် တာအိုတွင်တော့ ထိုအတွက် ဖြေရှင်းနည်း တစ်ခု ရှိပေသည်။ ယင်ရင်းမြစ်ကို မြှင့်တင်ခြင်းပင်။
ကျင့်ကြံခြင်း လမ်းစဉ်တွင် ယင်ရင်းမြစ်၊ ယန်ရင်းမြစ်၊ မူလ အဆင်း ရင်းမြစ် စသည်ဖြင့် ရင်းမြစ်ပေါင်း များစွာ ရှိပေသည်။ ၎င်တို့ တစ်ခုချင်းစီမှာ ဝိညာဉ်နှင့် တစ်နည်းမဟုတ် တစ်နည်း ချိတ်ဆက်နေသည်။ ကျင့်ကြံသူ တစ်ယောက် ခန္ဓာကိုယ်ကို ဆုံးရှုံးသွားသည် ဆိုပါစို့။ အကယ်၍ မူလယင် ရင်းမြစ် အကောင်းတိုင်း ရှိနေသေးသည် ဆိုလျှင် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးကို သောက်သုံးလိုက်သည့် အခါ၌ သူတို့မှာ အပျိုစင်များ အဖြစ် ပြန်လည် မွေးဖွားလာလိမ့်မည် ဖြစ်သည်။
မူလယင်ကို ဆုံးရှုံးသွားလျှင်တော့ ဘယ်တော့မှ အပျိုစင် ပြန်မဖြစ်နိုင်တော့ချေ။ သို့သော်လည်း... အဂ္ဂိရတ် တာအိုကို အသုံးပြု၍ မူလယင်ကို ပြန်လည် ရယူသည့် နည်းလမ်းများတော့ ရှိပေသည်။
“သွားကြမယ်...”
ဝေ့ဝူယင်က နောင်အခါတွင်မှ ပိုင်လင်ကို ဤနေရာဆီ ခေါ်လာဖို့ ဆုံးဖြတ် လိုက်ရင်း ရှောင်ပင်း၏ လက်ကို ကိုင်ကာ ဟုန်ရုရှိရာထံ ဦးတည် လိုက်သည်။
ထို့ပိဟန်မှာ ဗာမီလီယန်ကို လှည့်ကြည့်ရင်း မေးလိုက်၏။
“မီးဖီးနစ်ရဲ့ သွေးအမတေက ခင်ဗျားတို့ ထန်မျိုးနွယ်ရဲ့ ကျင့်ကြံခြင်း ချို့ယွင်းချက်ကို ဖြေရှင်းနိုင်တယ် လို့ ကျုပ် ကြားဖူးတယ်.. အဲဒါက တကယ်ပဲလား”
“...”
ထိုင်ဟိုင်ဟိုင်က မျက်လွှာချလိုက်ရင်း ဝေ့ဝူယင် နောက်ကို လိုက်လိုက်၏။ သူမက အဖြေ မပေးချေ။ ၎င်းက သူမ အတွက် နာကျင်စရာ အမှတ်တရ တစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။
ထန်ပိုင်ပိုင်ကတော့ အမှန်တရားကို ပြောပြဖို့ ဝန်လေးခြင်း မရှိပဲ အပြုံးနှင့် အတူ အဖြေပေး လိုက်၏။
“အစစ်အမှန် ကျင့်ကြံခြင်း နည်းလမ်းက မီးနဲ့ ရေခဲ နည်းလမ်း တစ်ခုပဲ... ဒါပေမဲ့ ဗာမီလီယန် ငှက်တွေရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လွမ်းငှက် မရှိတာကြောင့် ငါတို့ရဲ့ ဘိုးဘေးတွေက မီးဖီးနစ်ရဲ့ စွမ်းအားကို မှီခိုပြီး ဗာမီလီယန်ရဲ့ ယန်စွမ်းအင်နဲ့ ယင်နဲ့ယန်ကို ညီမျှအောင် လုပ်ခဲ့ကြတယ်... အဲဒါက အလုပ်ဖြစ်ခဲ့တယ်... ကောင်းကင်က ကျင့်ကြံဖို့ အတွက် နည်းလမ်း တစ်ခုတည်းကိုပဲ ဘယ်တော့မှ မထားဘူး... ဒါပေမဲ့ မီးဖီးနစ် ဂူသင်္ချိုင်းကို မသွားနိုင်တာကြောင့် မလို့ ကံကြမ္မာက ထန်မျိုးနွယ် အပေါ် ရက်စက်တယ်လို့ ဆိုနိုင်တယ်”
ထိုကဲ့သို့ ပြောပြီးနောက် သူမသည်လည်း စတင်ကာ ထွက်ခွာလိုက်၏။
“လွမ်းငှက်...”
ထို့ပိဟန်၏ သိလိုစိတ်များမှာ ပိုမို၍ တိုးလာခဲ့လေ၏။ ရေခဲနဲ့မီး ကျင့်စဉ်...။
***