ဟုန်ရု
Vol. 95 Ch. 1319
ဗာမီလီယန်များကို မြှုပ်နှံထားရာ တောင်ကမူများ အနီး၌ စက်ဝိုင်း ပုံသဏ္ဌာန် ကျင့်ကြံရေး နေရာများ ရှိပေသည်။ ၎င်းတို့ကို ဝင်္ကပါများနှင့် ဝန်းရံထားကာ ဂူသင်္ချိုင်းများထံမှ ဗာမီလီယန် စွမ်းအင်များကို စုပ်ယူ စုဆောင်းပေး၏။ ထိုစက်ဝိုင်းများ အတွင်းတွင် ဗာမီလီယန် စွမ်းအင်များမှာ အထူထပ်ဆုံး ဖြစ်လေရာ ကျင့်ကြံရတာ အတော်လေး မြန်ဆန်ပေလိမ့်မည်။
ထန်မျိုးနွယ်၏ လူငယ်များသည် ထိုနေရာများတွင် နေထိုင်ရင်း အပတ်တကုပ် ကျင့်ကြံ ကြိုးကုပ် နေကြ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ စက္ကန့်နှင့် အမျှ နီးကပ်လာနေပြီ ဖြစ်သည်။ သို့ဖြစ်လေရာ အချိန်ရှိခိုက် လုံ့လစိုက်ကာ ရွေးချယ်ခံ ဧကရာဇ် ဖြစ်လာရန် အပြင်းအထန် ကျင့်ကြံရမည် ဖြစ်သည်။
စက်ဝိုင်းတစ်ခု အတွင်း၌ ကျင့်ကြံသူပေါင်း ဒါဇင်ချီ ဝန်းရံနေသော ပုံရိပ် တစ်ခု ရှိပေသည်။ သူမက အနီရောင် ဆံပင်၊ ဖြိုးမောက်သည့် ရင်သား၊ ထက်ရှသည့် မေးစေ့၊ ဖီးနစ် မျက်လုံးများနှင့် အတူ လှပသော မိန်းကလေး တစ်ယောက် ဖြစ်ပေသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် သူမထံ၌ ဖုံးကွယ်၍ မရနိုင်သော မာနတရား ခိုအောင်း နေကြောင်း တွေ့မြင်နိုင်ပေသည်။
မိန်းကလေးမှာ အခြားလူငယ်များကို လမ်းညွှန် နေခဲ့ခြင်းပင် ဖြစ်သည်။
“မင်းတို့ရဲ့ အတွင်းပိုင်း မီးတောက်ကို အာရုံစိုက်ထား... ကြယ်တွေရဲ့ တက်ကြွမှုကို အတုယူ... စွမ်းအင်ကို မှန်မှန်နဲ့ ထန်ထန် စီးဆင်းပါစေ”
သူမ၏ စကားလုံးများက အလွန်ပင် ထိရောက်လှကာ လူငယ်များ၏ ခန္ဓာကိုယ်များမှာ ဗာမီလီယန် စွမ်းအင် အငွေ့အသက်များ ခိုအောင်းနေသည့် ရုပ်ပိုင်းဆိုင်ရာ အော်ရာများနှင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။
ရုတ်တရက် မိန်းကလေးက မျက်လုံးများကို ဖွင့်ကာ ကြည့်လိုက်၏။ သူ၏ မျက်ဝန်းအိမ်များထဲတွင် ပုံရိပ် နှစ်ခုမှာ ထင်ဟပ်လာခဲ့သည်။
မိန်းကလေးမှာ မယုံကြည်နိုင်စွာဖြင့် ထရပ်လိုက်၏။ မျက်စိရှေ့၌ မြင်တွေ့နေရသည်က အစစ်အမှန် မဟုတ်ပဲ အိပ်မက် တစ်ခု၊ ပုံရိပ်ယောင် တစ်ခုကို သူမ ခံစားနေရသည်။ သူမ၏ သွေးရောင် မျက်ဝန်းများက မျက်ရည်စများဖြင့် စိုဆွတ်လာခဲ့၏။ ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။ သူမ၏ မြင်ကွင်းများက စတင်ကာ ဝေဝါးလာခဲ့၏။
“ရှောင်ပင်း... ဝေ့ဝူယင်...”
သူမ၏ အသံက နူးညံ့လှ၏။ သို့သော်လည်း ၎င်းက သူမ နားထဲတွင် မိုးကြိုးပစ်သံ ကဲ့သို့ ကျယ်လောင်နေကာ ထိုအရာက အိပ်မက် မဟုတ်ပဲ လက်တွေ့ဖြစ်ကြောင်း သက်သေခံ နေခဲ့သည်။ ဟုတ်သည်။ အိပ်မက် မဟုတ်ချေ။ ထိုအရာက အိပ်မက် မဟုတ်ချေ။
“ဟုန်ရု...”
ရှောင်ပင်းကလည်း အော်ဟစ်လိုက်၏။ သူမ၏ လေသံက ဟုန်ရု ကဲ့သို့ပင် စိတ်ခံစားချက်များနှင့် ပြည့်နှက် နေသည်။ သူတို့ နှစ်ယောက်မှာ မတူ ခြားနားသော လမ်းများကို လျှောက်လှမ်းခဲ့ကြသည်။ ကိုယ်စီကိုယ်ငှ ရုန်းကန် ခဲ့ကြရသည်။ မတူညီသည့် ကောင်းကင်ကိုယ်ထည်များထံ ခွဲခွာခဲ့ကြရသည်။ ယခုတွင်တော့ သူတို့ ပြန်ဆုံခဲ့ရပြီ ဖြစ်သည်။
ဝေ့ဝူယင် တည်ငြိမ်စွာ ပြုံးလိုက်၏။ သူ့ မျက်လုံးများထဲမှ ပျော်ရွှင်မှုကို လူတိုင်း တွေ့မြင်နိုင်ပေသည်။
ဟူး... ဟူး...
“တကယ့်ကို နင်တို့ပဲ...”
ဆံနီမလေးမှာ အရှိန်အဟုန်နဲ့ ရှေ့သို့ ပြေးလွှားလာခဲ့တော့သည်။ စိတ်ဝင်တစား နာယူနေကြသည့် ဂျူနီယာလေးများမှာ ခလုတ်တိုက် ခံလိုက်ရလေရာ ဘေးသို့ပင် လွင့်စဉ် သွားကြ၏။ သို့သော်လည်း ဟုန်ရုမှာ သူတို့ကို လုံးလုံး ဂရုမစိုက်ပဲ လက်ဆန့်တန်းထားသည့် ရှောင်ပင်းထံ တိုးဝင် သွားခဲ့တော့၏။
မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် တန်ခိုးရှင် နတ်မိမယ် စာရင်းဝင် မိန်းကလေး တစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကြပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ ဘေးတွင် ရပ်ရင်း သူတို့ကို စိတ်ဝင်တစား ကြည့်နေခဲ့၏။
ဟုန်ရု၏ သွေးရောင် မျက်ဝန်းများက ဝေ့ဝူယင်ဘက်ကို လှည့်လိုက်သည်။ မပြောပြသော်လည်း တောင့်တနေသည့် ဆန္ဒ တစ်ခုမှာ ထိုမျက်ဝန်းများ အတွင်း ထင်ဟပ်နေ၏။ ဝေ့ဝူယင်မှာ အံ့သြသွားခဲ့သည့်တိုင် အတွေ့အကြုံ မရှိသူ တစ်ယောက် မဟုတ်လေရာ ပါဝင်ဖို့ ဆုံးဖြတ် လိုက်သည်။ ထိုအရာက ပျော်ရွှင်ဖို့ ကောင်းမည့်ပုံပင်။
ဝေ့ဝူယင် ရှေ့ကို တိုးလာကာ သူတို့ နှစ်ယောက်ကို ပွေ့ဖက်ဖို့ ပြင်လိုက်၏။ သူ မလှုပ်ရှားရသေးခင်မှာပင် ဟုန်ရု၏ သန်မာသော လက်တစ်ဖက်က သူ့လည်ပင်းကို လှမ်းဆွဲလိုက်တော့သည်။
ဝေ့ဝူယင် မှတ်မိသလောက် ဟုန်ရုမှာ ရဲရင့်သည်။ သူမက သူ့ နှုတ်ခမ်းများကိုပင် ကြောက်ရွံ့စိတ် မရှိပဲ ဖိကပ် နမ်းရှုံ့နေခဲ့ပြီ ဖြစ်၏။ ထိုအနမ်းက စိတ်အားထက်သန်မှုများနှင့် ပြည့်လျှံနေသည်။ ရှောင်ပင်းပင်လျှင် ထိုလုပ်ရပ်ကြောင့် အံ့သြသွားခဲ့၏။ နှုတ်ခမ်းများကို ပြန်လည် ခွာလိုက်ပြီးနောက် ဟုန်ရုက မတုန့်မဆိုင်းပင် ပြောလိုက်၏။
“ပြောတော့ ငါက နင့်မိန်းမဆို... ဘာလို့ အချိန် အကြာကြီး ပစ်ထားရတာလဲ... ငါ့ကို လျော်ကြေးပေးရမယ်”
"..."
ဝေ့ဝူယင် ဆွံ့အသွားခဲ့၏။ ရှောင်ပင်းကတော့ မပြောင်းမလဲ ရှိနေသည့် ဟုန်ရုကို ကြည့်ကာ ပြုံးချင်လာခဲ့မိသည်။ သို့သော်လည်း သူမ မပြုံးနိုင်ခင်မှာပင် နှုတ်ခမ်းတစ်စုံမှာ သူမ၏ နှုတ်ခမ်းများပေါ် ဖိကပ်လာခဲ့၏။ ထိုအရာက နူးညံ့ကာ ခွန်အား ကြီးပေသည်။
ဟုန်ရုမှာ ရှောင်ပင်းကိုလည်း အနမ်းတစ်ပွင့် ခြွေလိုက်ပြီ ဖြစ်လေသည်။ သူမ၏ ကြောက်ရွံ့ခြင်း မရှိသလို ရှက်ရွံ့ခြင်းလည်း မရှိချေ။
ထန်ကလန်၏ ဂျူနီယာများ၊ စီနီယာများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ် နေခဲ့၏။
“ငါ နင့်ကို သတိရတယ်...”
ဟုန်ရုက ညင်ညင်သာသာ ပြောလိုက်၏။ ဝေ့ဝူယင်က ရယ်မောလိုက်ရင်း ရှောင်ပင်းကို ကြည့်လိုက်သည်။
"ငါ့ အထင် သုံးပွင့်ဆိုင် ပြည့်စုံအောင် လုပ်သင့်တယ် ထင်တယ်”
“...”
ရှောင်ပင်းမှာ အံ့သြသွားခဲ့၏။ သူမ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ဝေ့ဝူယင်က သူမ၏ မေးစေ့လေးကို ကိုင်ကာ ဟုန်ရုထက်ပင် ပိုမို ကြာမြင့်စွာ နမ်းရှုံ့လိုက်တော့သည်။
ဤနေ့တွင် ကမ္ဘာကြီးမှာ သူတို့ အကြားရှိ ဆက်ရေးကို သိသွားကြပေတော့မည်။
...
မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူတို့ သုံးယောက်မှာ ဗာမီလီယန် သင်္ချိုင်း အတွင်း လမ်းလျှောက် နေကြပြီ ဖြစ်သည်။ ရှောင်ပင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့် ကာလ အတွင်း သူမ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ဟုန်ရုကို ပြောပြနေခဲ့၏။ ထိုအထဲ၌ ပင်းထျန်း၏ လက်ထပ်ပွဲ အတွက် အတင်းအကြပ် စီစဉ်မှု၊ သခင်လေး၏ သေဆုံးမှု၊ သူမ အပေါ် ပင်းမျိုးနွယ်၏ သဘောထား ပြောင်းလဲမှုများလည်း အပါအဝင်ပင် ဖြစ်သည်။
“အဲဒီ မိန်းမကြီးက သေသင့်တယ်”
ဟုန်ရုက အံ့ကို တင်းတင်းကြိတ်ရင်း ဆိုလိုက်၏။ အကယ်၍ ဝူယုသာ ဝင်မလာပါက ယခုအချိန်တွင် ရှောင်ပင်း၏ ဘဝမှာ ယင်မီးဖို တစ်ခု အနေဖြင့် အဆုံးသတ် နေရလောက်ပြီ ဖြစ်သည်။ ကံဆိုးတာ တစ်ခုက ပင်းထျန်းမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက... သူမ ကိုယ်တိုင် လက်စားချေနိုင်ပေလိမ့်မည်။
ရှောင်ပင်းနှင့် ခြားနားစွာပင် ဟုန်ရုမှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ် အတွင်း လောကကြီးကို ပိုမို အပြောကျယ်စွာ ထိတွေ့ခဲ့ရသည်။ ဝေ့ဝူယင် တစ်ကြိမ်တစ်ခါမှ လာမတွေ့နိုင်ခဲ့သည့် အပေါ် သူမ အပြစ် မတင်ပါချေ။ ထိုနှစ်များ အတွင်း လူငယ် မည်ကဲ့သို့ အင်အားစုများနှင့် ယှဉ်ပြိုင်ခဲ့ရကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။
ထန်မျိုးနွယ် အတွင်း သူမ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် ပိုင်လင်နှင့် သတင်းများကို သူမ ကြားခဲ့ရသည်။ ထိုနှစ်ပိုင်း၌ ထန်ကလန်မှ ထွက်ခွာရန် သူမ တွေးတောခဲ့သော်လည်း အဆုံးသတ်တွင်တော့ ဆက်လက် နေထိုင်ရန်သာ သူမ ဆုံးဖြတ်ခဲ့သည်။ သို့မှသာ ထန်ကလန်၏ လည်ပတ်ပုံများ၊ တည်ဆောက်ပုံများကို လေ့လာကာ ဝေ့ဝူယင် လက်စားချေရာတွင် ကူညီနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း... ယခုတွင်တော့ ဝေ့ဝူယင်မှာ ဆန္ဒရှိလျှင် အချိန်မရွေး လက်စားချေနိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမ၏ အကူအညီ မလိုအပ်တော့ချေ။ ထိုအတွက် သူမ အထင်ကြီးမိပေသည်။
ဝေ့ဝူယင် အကြောင်း တွေးမိတိုင်း ဟုန်ရုမှာ ဂုဏ်ယူမှုကို အမြဲတမ်း ခံစားခဲ့ရသည်။ ဝေ့ဝူယင် သေခြင်း ရှင်ခြင်း တိုက်ပွဲများနှင့် ရင်ဆိုင်နေရသည်ဟု ကြားလျှင် သူမ စိုးရိမ်ခဲ့မိသည်။ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ မြေကြီး ရှန့်ထို သုံးဆယ်နှင့် တစ်ပြိုင်နက်တည်း ရင်ဆိုင်နေကြောင်း သတင်း ကြားခဲ့ရချိန်၌ သူမ အလွန်အမင်း ထိတ်လန့် ခဲ့ရသည်။ သို့သော်လည်း... ရလဒ်က သူမကို အထင်ကြီးမှု၊ လေးစားမှု၊ ဂုဏ်ယူမှုများနှင့် အဆုံးသတ် စေခဲ့သည်။
ဟုန်ရုမှာ သူမ အပေါ် ဝေ့ဝူယင် ထားရှိသည့် မျှော်လင့်ချက်ကို သိပေသည်။ ထိုက်တန်သည့် ဗာကီရီ တစ်ယောက် အနေဖြင့် သူမ သူ့နောက်ကို လိုက်လိုသည်။ ထိုအတွက် သူမ ကျင့်ကြံခြင်းကို အာရုံစိုက်ခဲ့သည်။ သူမ ရင်းမြစ် တစ်ခုခု လိုအပ်တိုင်း ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ နောက်ကျခဲ့သည် မရှိခဲ့ချေ။
သို့သော်လည်း... သူမ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်သေးခင် ရှောင်ပင်းနှင့် ဝေ့ဝူယင်တို့ကို ပြန်လည် တွေ့ရလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။
“ဝေ့ဝူယင်... ရှင်ဒီကိုလာတာက ကျွန်မတို့ နှစ်ယောက်နဲ့ နှစ်ကိုယ်တူ ကျင့်ကြံဖို့လား...”
ဟုန်ရုက စိတ်ဝင်တစား မေးလိုက်၏။ ရှောင်ပင်းမှာ နားရွက်ဖျားများ နီရဲသည် အထိ ရှက်ရွံ့ သွားခဲ့သည်။ ဝေ့ဝူယင် ပင်လျှင် ထိုမေးခွန်းကို မျှော်လင့် မထားရာ အနည်းငယ် ဆွံ့အသွားခဲ့၏။ သို့သော်လည်း သူက ပခုံးတွန့် ပြလိုက်သည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ... ငါ့ဘက်က ကိစ္စ မရှိပါဘူး”
“ကျေးဇူးပါပဲ...”
ဟုန်ရုက ဝေ့ဝူယင်၏ မျက်လုံးများကို လေးနက်စွာ ကြည့်ရင်း ဆိုလိုက်၏။ သူမ၏ ထိုကျေးဇူးတင်စကားက ရှောင်ပင်းအား ကယ်တင်ခဲ့ခြင်း အပေါ် ရည်ညွှန်းပေသည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး... မင်းတို့ နှစ်ယောက်စလုံးက ငါ့ဘဝရဲ့ အဖိုးတန် ရတနာတွေပဲလေ... ကောင်းကင် ပြိုကျလာမယ် ဆိုရင်တောင် မင်းတို့ ကောင်းကို ဖြိုခွဲနိုင်အောင် သန်မာလာတဲ့ တစ်နေ့ အထိ ငါ ထမ်းပိုးပေးထားမှာပါ”
ဝေ့ဝူယင်၏ စကားလုံးများက သူ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။ သူက သူမတို့ကို ပိုမို သန်မာလာစေလိုခြင်း ဖြစ်သည်။ ကိုယ်ပိုင် စွမ်းအားကို တည်ဆောက် စေလိုခြင်း ဖြစ်သည်။ ကပ်ဘေးများအား ကိုယ်တိုင် ဖျက်ဆီးနိုင်သည် အထိ ကြီးထွားလာစေလိုခြင်း ဖြစ်သည်။
"ကောင်းပြီလေ...”
ဟုန်ရုက ပြုံးရင်း ရှောင်ပင်းကို ကြည့်လိုက်၏။ သူတို့ သုံးယောက်မှာ တစ်နာရီခန့်မျှ ကြာအောင် လမ်းလျှောက်ရင်း ရောက်တတ်ရာရာများ ပြောဆို နေခဲ့ကြသည်။ အတူတူ ရယ်မော ခဲ့ကြသည်။ သူတို့ အကြား၌ ထူးခြားသည့် သဟဇာတ ဖြစ်မှု တစ်ခုမှာ ဖြည်းညင်းစွာပင် ဖွဲ့စည်းလာနေခဲ့၏။
***