← Chapters

ဖြေရှင်းပြီးစီးခြင်း

Vol. 95 Ch. 1324

ဖြေရှင်းပြီးစီးခြင်း

Vol. 95 Ch. 1324

ထန်ဟိုင်ဟိုင်မှာ ဟင်းလင်းပြင် သင်္ဘော၏ အစွန်တွင် ထိုင်ကာ ဗာမီလီယန် နယ်မြေကို ငေးမောကြည့် နေခဲ့၏။ သူမ၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေသည်။ သမီးဖြစ်သူ၏ မဆင်မခြင် လုပ်ရပ်မှာ သူမ၏ ထီးနန်းကို ကျရှုံးစေခဲ့သည်။

ကံကြမ္မာကို အပြစ်တင်ရင်း ထန်ဟိုင်ဟိုင် ခါးသီးမှုများကို ခံစားနေရ၏။ သူမ၏ ဘဝ တစ်ခုလုံး လဲပြိုသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သစ္စာရှိ နောက်လိုက်များ ဆက်လက် အသက်ရှင်သန်နေသေးသည်ကို တွေ့မြင်ပြီးနောက် ထိုအရာက တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ကြောင်းလည်း သူမ သိပေသည်။

သစ္စာဖောက်များနှင့် လောက်ကောင်များစွာ ကြားမှပင် ယခုလောက် ကြာအောင် သူမ ခုခံနိုင်ခဲ့ခြင်းမှာ မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ်၏ ကူညီပေးမှုများကြောင့်ပင် ဖြစ်သည်။ သို့တိုင်အောင်... သူမ၏ အမွှာ ညီမမှာ တိုက်ပွဲကို တစ်ဖက်သတ် နီးပါး လွှမ်းမိုး ချုပ်ကိုင် နိုင်ခဲ့ပေသည်။

သူမ၏ ကံကြမ္မာက ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။ အတိတ်ရှိ အပြစ်များနှင့် သမီးဖြစ်သူ၏ အဆင်အခြင်မဲ့ ဆုံးဖြတ်ချက်တို့ အတွက် သူမ အသတ်ခံရမည် ဖြစ်သည်။ ထိုအရာက လူများ ပြောဆိုနေကြသည့် “ကမ္မ” ဆိုခြင်းလော။

“ဟူး...”

သူမ သက်ပြင်းတစ်ချက် ချလိုက်၏။ အကယ်၍ ဝေ့ဝူယင်ကြောင့်သာ မဟုတ်ပါက...။ လူငယ်က ထူးဆန်းသည့် အဆောင် တစ်ခုကို သုံးကာ သူမ အသက်အား ကယ်တင်ခဲ့ခြင်းကို ပြန်လည် မြင်ယောင် လိုက်မိ၏။ ထိုအကူအညီ တစ်ခုတည်းဖြင့်ပင် သူမ ဝေ့ဝူယင် အပေါ် အသက် အကြွေးတင် နေခဲ့ပြီ ဖြစ်သည်။

ထို့ပိဟန်က အဝေးကို ငေးမောနေသည့် ဗာမီလီယန်ကို လှမ်းကြည့်လိုက်၏။

“သူဌေးလေး... ဘာလို့ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ရတာလဲ...”

ဝူယုလိုပင် ထို့ပိဟန်မှာ သူ သိချင်သည့် အရာများကို ပွင့်ပွင့်လင်းလင်း မေးတတ်သူ ဖြစ်သည်။ ဝေ့ဝူယင်၏ ဂုဏ်ပုဒ်များ အပေါ် ရှိန်နေခြင်း မရှိပါချေ။ ဝေ့ဝူယင်ကလည်း ထိုအတွက် စိတ်မရှိပါချေ။ အချိန်အခါနှင့် အဆင့်အတန်းများ ပြောင်းလဲသွားသည့်တိုင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ အနန္တ ဧကရာဇ်ဂိုဏ်းတုန်းက အတိုင်း မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။

“သက်ရှိ အစေခံက သက်မဲ့ရန်သူထက် ပိုပြီး အသုံးဝင်လို့ ပေါ့ဗျာ...”

ဝေ့ဝူယင်က ဖြေလိုက်၏။ တစ်ခဏမျှ စဉ်းစားပြီးနောက်၌ ထို့ပိဟန်က ခေါင်းညိတ် လိုက်သည်။

“ကျုပ် နားလည်ပြီ...”

“...”

ထန်ဟိုင်ဟိုင်ကတော့ ငြိမ်သက်နေဆဲ ဖြစ်ပေသည်။ ဝေ့ဝူယင် တိတ်တဆိတ် ပြုံးလိုက်မိ၏။ ထိုအခိုက်တွင်ပင် ဟင်းလင်းပြင် သင်္ဘော တစ်ခု တဖြည်းဖြည်း နီးကပ်လာကြောင်း သူ တွေ့လိုက်ရသည်။ ထိုဟင်းလင်းပြင် သင်္ဘောမှာ မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်၏ ပိုင်ဆိုင်မှု တစ်ခု ဖြစ်ကာ ခင်ပွန်းဖြစ်သူ အပါအဝင် ထန်ဟိုင်ဟိုင်၏ သစ္စာရှိ နောက်လိုက်နောက်ပါများကို သယ်ဆောင်ထားပေသည်။ သူတို့က ဝေ့ဝူယင်တို့ ဟင်းလင်းပြင် အနားသို့ ကပ်လိုက်ရင်း လေထုချင်း ဆက်သွယ်လိုက်သည်။

“ရှင်းအာကို ဘယ်လိုလုပ်ကြမလဲ...”

ထိုသင်္ဘောထက်တွင်တော့ မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ်၏ မြေး တစ်ဖြစ်လည်း ထန်ဟိုင်ဟိုင်၏ ယောက်ျား ဟိုရှန်းယွင်မှာ ရပ်နေခဲ့၏။

ဟိုရှန်းယွင်မှာ အသက်လတ် အရွယ် ယောက်ျား တစ်ယောက် ဖြစ်ကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် အတော်လေး ချောမောသူ တစ်ယောက် ဖြစ်သည်။ နီရဲသည့် ဆံပင်များကို နောက်တွင် စု၍ ချည်နှောင်ထားရင်း သူ၏ မျက်လုံးများမှာ မီးတောက်များ အလား တောက်လောင် နေခဲ့သည်။

ထန်ရှင်းယွင်၏ အရှုပ်တော်ပုံများ အကြောင်း မသိသေးသည့်တိုင် ဟိုရှန်းယွင်မှာ ထန်ပိုင်ပိုင် သတ္တမမြောက် ခေါင်းဆောင် ရာထူးအား ဆုံးရှုံးသွားခဲ့ခြင်းနှင့် အတူ သမီးဖြစ်သူ အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကို စိုးရိမ် နေခဲ့ပေသည်။

“သူ အဆင်ပြေမှာပါ...”

မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်၏။ သူက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ ဝူယု၊ ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့် အကန့်အသတ်မဲ့ သိုင်းဧကရာဇ်တို့လို ထိပ်တန်း အဆင့် မြေကြီး ရှန့်ထို တစ်ယောက် မဟုတ်သည့်တိုင် မြေကြီး ရှန့်ထို တစ်ယောက်တော့ ဖြစ်နေသေးဆဲ ဖြစ်သည်။ ထန်ရှင်းယွင်မှာ သူ၏ မြစ်ဖြစ်လေရာ သူ အသက်ရှင်နေသမျှ ကာလပတ်လုံး အင်ပါယာ ကလန်က မျက်နှာတော့ ပေးလိမ့်မည် ဖြစ်သည်။

"အဂ္ဂိရတ် အာဏာရှင်ဝေ့...”

မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်က ဝေ့ဝူယင်ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်၏။ အခြားလူများကတော့ လေးလေးနက်နက်ပင် ဦးညွှတ်လိုက်ကြကာ သူတို့၏ လေးစားမှုများကို ပြသ လိုက်ကြသည်။ သေမျိုး တစ်ယောက်အား ကိုင်းညွှတ်ရခြင်း အပေါ် သူတို့ မည်သည့် သက်တောင့်သက်သာ မရှိမှုမျိုးကိုမှ မခံစားရသည့်ပုံ ရသည်။

မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်မှာ သူ့ မျက်ရှိရှေ့တွင် ရောက်ရှိနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့၏။ ဝေ့ဝူယင်၏ မျက်နှာသာပေးမှုကို ရယူချင်နေသည့် မြေကြီး ရှန့်ထိုများမှာ ဘယ်လောက်တောင် များလိုက်သနည်း။ လူငယ်မှာ တစ်နေ့တစ်ချိန်တွင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ကျိန်းသေပေါက် ဖြစ်လာနိုင်သူ ဖြစ်သည်။

ထို့အပြင်... ရှန့်ထို ဖန်တီးသူ ဆိုသည့် ဝေ့ဝူယင်၏ နာမည် ဂုဏ်သတင်းကလည်း ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်း သူ့နံဘေးတွင် ရှိနေသည့် ဝူယု၊ မာ့ကျန်း၊ နဂါးခေါင်းဆောင်းနှင့် ပိုင်လင်တို့က သက်သေများပင်။

အထူးသဖြင့် ပိုင်လင်... မျိုးတုန်း ပျောက်ကွယ်သွားပြီဟု လူအများက သိထားကြသည့် ထိုမီးဖီးနစ်မှာ အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည့် အင်အားအဆင့် တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ သူမက တစ်ဦးတည်းဖြင့် တွယ်ရာမဲ့ နှလုံးသားဂိုဏ်း၏ အကာအကွယ် အစီအရင်ကို ပြာချလုနီးနီး စွမ်းဆောင် ပြသခဲ့သည်။

“ခင်ဗျားတို့ အားလုံးနီးပါးက မီးအခြေပြု ကျင့်ကြံသူတွေ ဖြစ်နေတာ ကောင်းတယ်... ပိုင်လင်ကို ပြုစု စောင့်ရှောက်ဖို့ ပိုလွယ်တာပေါ့... သူ ရုတ်တရက် ညှင်းပန်းနှိပ်စက်ချင်တဲ့ ဆန္ဒပေါ်လာရင် ခင်ဗျားတို့တွေ ချက်ချင်း ပြာကျသွားမှာ မဟုတ်ဘူးလေ”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်၏။ သူ၏ မျက်ဝန်းများ အတွင်းတွင်တော့ ထူးဆန်းသည့် စိတ်ခံစားချက် တစ်ခုက ခိုအောင်း နေပေသည်။ ထန်ကလန်မှာ တစ်ချိန်က ပိုင်လင် အပေါ် ရန်ငြိုး မရှိပဲ စော်ကားခဲ့ဖူးသည်။ ယခုတစ်ဖန်လည်း သူတို့ အသက်ကို ကယ်တင်ခဲ့ရပြန်သည်။ ထိုအပြစ်နှင့် ကျေးဇူးတရားများ အတွက် သူတို့ အနည်းငယ်တော့ နှိပ်စက်ညှင်းပန်းခံရသင့်သည် မဟုတ်ပါလား။

"...”

ထို့ပိဟန် အပါအဝင် လူတိုင်းကတော့ ဆွံ့အသွားခဲ့ကြတော့၏။

...

နာရီ အနည်းငယ် ကြာမြင့်ပြီးနောက်..

အကြွင်းမဲ့ စည်းစိမ်နယ်မြေ၊ ရွှေကောင်စီ အစည်းအဝေး ခန်းမ အတွင်း၌..

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ...”

မာ့ကျန်းက ကြိုတင် စီစဉ်ထားသည့် ထိုင်ခုံတွင် ဝင်ရောက် နေရာယူလိုက်သည့် ပုံရိပ်ကို ကြည့်ရင်း ပြုံးရယ်ကာ နှုတ်ဆက် လိုက်လေသည်။

ထန်ဟိုင်ဟိုင်နှင့် နောက်လိုက်နောက်ပါများကို နဂါးငွေ့တန်း ကြယ်ကွင်းပြင် အဖြစ် ကျော်ကြားခဲ့သည့်၊ ယခု အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေတွင် အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ထားသော မူလ အာရုဏ်ဦး နန်းတော်ဆီ ပို့ဆောင်လိုက်ပြီး နောက်ဆုံး၌ ဝေ့ဝူယင်မှာ မိစ္ဆာ ကောင်းချီးခံ၏ အခြေအနေကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ မြေကြီးရှန့်ထိုများ ပင်လျှင် ဝင်ရောက်ဖို့ မဝံ့ရဲသည့် အလွန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင်... ၎င်းမှာ ထန်ကလန် အတွက် အကောင်းဆုံး အကာအကွယ် ဖြစ်ပေသည်။ ဝိညာဉ်အာရုံများ ပင်လျှင် ထိုဧရိယာကို ထွင်းဖောက်နိုင်လိမ့်မည် မဟုတ်ပါချေ။

ပိုင်လင်မှာ ကမ္ဘာဦး သားရဲတစ်ကောင် ဖြစ်လေရာ အခြား နေရာများထက် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေတွင် နေထိုင်ရခြင်းမှာ သူမ အတွက် ပိုမို သက်တောင့်သက်သာ ရှိပေသည်။

ဝေ့ဝူယင်မှာ မာ့ကျန်းနှင့် အခြား‌ ရွှေကောင်စီ အဖွဲ့ဝင် ကိုယ်ပွားများကို ပြန်လည် ခေါင်းညိတ်ပြလိုက်သည့်တိုင် သူ့ အတွေးများကတော့ အခြား နေရာတွင် ရှိနေခဲ့သည်။

ရွှေရောင် အသက်နန်းတော်သို့ ပြန်မလာခင် ဝေ့ဝူယင်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေရှိ ယွီစွန်းလီထံသို့ သွားခဲ့သေးသည်။ ရွှေရောင် အသက်နန်းတော် တည်ဆောက်ထားသည့် ဟင်းလင်းပြင် ဂိတ်တံခါးများ၏ အကူအညီကြောင့်ပင် သူ့အတွက် သွားရလာရတာ အတော်လေး လွယ်ကူပေသည်။

ကံဆိုးတာ တစ်ခုက ယွီစွန်းလီကို မတွေ့ခဲ့ရခြင်း ဖြစ်သည်။ သူမက အယ်နီယာ ခန်းမ အဂ္ဂိရတ် ရှန့်ထို လက်ဆောင်ပေးထားသည့် လျှို့ဝှက် မြေကြီး အဆင့် ဆေးတစ်လုံးကို သန့်စင်ရန် တံခါးပိတ် ကျင့်ကြံနေသည်ဟု ဆိုသည်။ ထိုအရာ အမှန်တရား ဖြစ်ကြောင်း အတည်ပြုပြီးနောက် ယွီစွန်းလီကို မနှောက်ယှက်တော့ဖို့ ဝေ့ဝူယင် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း... ထိုနေရာ၌ ရင်းနှီးသည့် အော်ရာ တစ်ခုကို ဝေ့ဝူယင် ခံစားခဲ့ရပေသည်။

‘သူ(မ)က ငါနဲ့ ယွီစွန်းလီကြားက ဆက်ဆံရေးကို ကြားလို့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို သွားလည်ခဲ့တာလား... ဒါပေမဲ့ အစစ်အမှန် မွေးဖွားခြင်း ပြောတာသာ အမှန် ဆိုရင် အလွှာကြားက လောကက သူတို့ ဆင်းသက်လာမယ့် အကြောင်း ပိုပြီး ထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ ကြေညာထားခဲ့သင့်တယ်’

ဝေ့ဝူယင် ရွှေကောင်စီ အတွင်းရှိ ကုလားထိုင်ထက်တွင် သက်တောင့်သက်သာ ရှိစွာ ခြေချိတ်ထိုင်ရင်း စဉ်းစား တွေးတော နေမိခဲ့၏။ သူ၏ ညာဘက်လက်က ကုလားထိုင် ဘေးတန်းကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။

“...”

ယွင်ချွဲမှာ ထိုမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်နေခဲ့၏။ သို့သော်လည်း... သူ၏ စိတ်ရှည်မှုများက ကုန်ခမ်းလုနီးပါးဖြစ်သည်။

ရိုးရာဆန့်ကျင် နတ်ဘုရားဓားအား ပြန်လည် ရရှိမည် ဆိုသည့် စကားကြောင့် သူ ဤနေရာသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အစွမ်းထက် ‌မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သည့် မာ့ကျန်းက သူ့ကို အတင်းအကြပ် ထိုင်ခိုင်းခဲ့ကာ နာရီပေါင်းများစွာ ကြာအောင် ရွှေကောင်စီ ဆွေးနွေးဝိုင်းကို နားထောင်ခဲ့ရသည်။ ထို့နောက် သေမျိုးတစ်‌ယောက် ရောက်ရှိလာကာ ဘာစကားမှ မပြောပဲ ထိုင်နေခဲ့သည်။

မျက်နှာဖုံးတပ် ကျင့်ကြံသူက မည်သည့် နေရာမှာနည်း။ သို့တည်းမဟုတ်... သူ လနှင့်ချီ စောင့်ဆိုင်းရတော့မည်လော။

ဒေါသက အာရုံကို ဖုံးလွှမ်းနေသည့်တိုင် ယွင်ချွဲမှာ နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ မည်သည့် အချိန်အခါတွင် စိတ်ခံစားမှုများကို ထိန်းချုပ်သင့်ကြောင်း သူ သိပေသည်။ သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာက တိတ်တိတ်ကလေး စောင့်ဆိုင်းရန်သာ ဖြစ်ပေသည်။

သူ အခြားလူများ၏ တုန့်ပြန်မှုများကို အကဲခတ်လိုက်၏။ ထိုအခါ ရွှေရောင် အသက်နန်းတော် သခင် မာ့ကျန်း အပါအဝင် အခြား ရွှေကောင်စီဝင်များမှာ အဖြူရောင် အဂ္ဂိရတ် ဝတ်စုံဝတ် သေမျိုးအပေါ် အလွန် လေးစား ရိုကျိုးသည့် အမူအရာများ ရှိနေကြောင်း သတိထားမိလိုက်သည်။

ထိုလူငယ်လေးမှာ သာမန်ထက် ထူးခြားကြောင်း ယွင်ချွဲ အကဲခတ်လိုက်မိ၏။ ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။

သေမျိုး ကျင့်ကြံခြင်း အဆင့်၊ နောက်ပြီး နတ်ဘုရား တစ်ပါးကဲ့သို့ ရုပ်ရည်၊ ရွှေရောင် အသက်နန်းတော်နှင့် ဆက်နွယ်မှု...

လောက၌ ထိုအချက်အလက်များနှင့် ကိုက်ညီသည့် အဂ္ဂိရတ် ပညာရှင် တစ်ဦးသာ ရှိပေသည်။

ဝေ့ဝူယင်...

အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်...

***

All Chapters