မိစ္ဆာ ကောင်းချီးခံ
Vol. 95 Ch. 1325
ယွင်ချွဲ၏ မျက်လုံးများမှာ သိသိသာသာ တောက်ပသွားခဲ့၏။ စိတ်လှုပ်ရှားမှုနှင့် သိလိုစိတ်များက အရှိန်အဟုန်နှင့် ပေါက်ကွဲထွက်လာခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်မှာ အလွန် ကြီးကျယ် ထင်ရှားသည့် တည်ရှိမှု တစ်ခု ဖြစ်ကာ နှစ်ပေါင်းနှစ်ဆယ် ကာလ အတွင်း ဒဏ္ဍာရီပေါင်းများစွာကို ဖန်တီးခဲ့သည်။ သူက ရှန့်ထို ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်ကာ ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစုများနှင့် နှိုင်းယှဉ်နိုင်သည့် အင်အားများကို မွေးထုတ်ခဲ့သည်။
အပျက်အစီး နိုဗာ ဖြစ်စဉ် အပြီး၊ ဆယ်စုနှစ် တစ်ခုနီးပါး ကြာအောင် လျှို့ဝှက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းခဲ့ရပြီး နောက်တွင် ယွင်ချွဲမှာ သူ ပျက်ကွက်ခဲ့သည့် ကာလ အတွင်း သတင်းများကို ဦးစားပေး လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုအခါ “ဝေ့ဝူယင်” ဆိုသည့် နာမည်ကို မဆွေးနွေးသည့် နေရာ မရှိကြောင်း သူ ရှာဖွေ တွေ့ရှိခဲ့သည်။ သာမန် သတ္တုတွင်း လုပ်သားနှင့် လယ်သမားများ ပင်လျှင် ဝေ့ဝူယင် အကြောင်းများကို နည်းလမ်းတစ်မျိုးမျိုးဖြင့် ကြားသိနေခဲ့သည်။ သူက ဤရာစုနှစ်၏ နံပတ်တစ် ရေပန်း အစားဆုံး သတင်းခေါင်းစဉ် ဖြစ်ကာ ထျန်းရီဝူ တစ်ယောက်သာ သူနှင့် ယှဉ်နိုင်ပေလိမ့်မည်။
ထျန်းရီဝူမှာ ငယ်စဉ်ကတည်းက ပြိုင်ဘက်ကင်း ပါရမီများကြောင့် အလွန် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။ ထိုခုနစ်ယောက်မြောက် မင်းသားမှာ ကောင်းကင် အုပ်စိုးသူ (ကြယ်တာရာ အမြုတေ အဆင့် ၂ ) အဆင့်မှာ ကတည်းက လောကသခင် တစ်ပါးကို အနိုင်ယူ နိုင်ခဲ့သူ ဖြစ်သည်။ ယခု အချိန်သခင် တစ်ဦး ဖြစ်လာခဲ့ချိန်တွင်တော့ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကိုပါ အနိုင်ပိုင်း နိုင်ခဲ့သည်။
ယွင်ချွဲ၏ နှလုံးသား အတွင်းတွင် ထျန်းရီဝူ အပေါ် မနာလိုစိတ် အနည်းငယ် ရှိသော်လည်း ဝေ့ဝူယင်နှင့် မျက်နှာချင်းဆိုင်ချိန်တွင်တော့ လေးစားမှု တစ်ခုတည်းသာ ရှိပေသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်သည်။ နယ်ပယ် မတူလေရာ မနာလိုဖြစ်ဖို့ ခက်ခဲလှသည်။
သေမျိုးအဆင့်ဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်နိမ့် တစ်ယောက်ကို သတ်ဖြတ်လောက်တာကတော့ တစ်ခါတုန်းက သူသည်လည်း ရိုးရာ ဆန့်ကျင် နတ်ဘုရားဓား၏ အကူအညီနှင့် အတူ လုပ်ခဲ့ဖူးပေသည်။
“ခင်ဗျားက အဂ္ဂိရတ် အာဏာရှင်ဝေ့လား...”
ယွင်ချွဲက မေးလိုက်၏။ မာ့ကျန်းမှာ သူ့ကို အတင်းအကြပ် ထိုင်ခိုင်းသည့်တိုင် စကားပြောခွင့်တော့ ပေးထားဆဲ ဖြစ်သည်။
‘ဟုတ်သားပဲ မိစ္ဆာ ကောင်းချီးခံ...’
ယွင်ချွဲ၏ အသံက ဝေ့ဝူယင်ကို အတွေးအာရုံ အတွင်းမှ ပြန်လည် နိုးထစေခဲ့သည်။ သူ၏ အကြည့်များက ချောမောသည့် လူငယ် အပေါ် ကျရောက်သွားခဲ့၏။
ထိုပုဂ္ဂိုလ်မှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင် တစ်ယောက် အဖြစ် ကျင်လည်ခဲ့ကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ အရိပ်ဥအား ဖြိုခွဲခဲ့သည့် ဖြစ်စဉ်၌ ပိုင်လင်ထံမှ အန္တရာယ်ကို သတိထားမိသည်နှင့် စောစီးစွာ ရှောင်တိမ်း ပျောက်ကွယ် သွားခဲ့သည်။
ထိုအချိန်မှ စတင်၍ ဝေ့ဝူယင် ယွင်ချွဲ အကြောင်း စုံစမ်းဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... အောင်မြင်မှု မရရှိခဲ့သလေက် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ထိုမိစ္ဆာ ကောင်းချီးခံမှာ ပြိုင်စံရှား ရတနာ တစ်ခုကို သုံးကာ ရုပ်ပြောင်းရုပ်လွှဲ လုပ်နိုင်ကြောင်း သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
“ကျုပ်ပါပဲ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ပြီးဆုံးခဲ့သည့် တိုက်ပွဲ အတွင်း သူက အကာအကွယ် မျက်နှာဖုံးကို ဝတ်ဆင်၍ အစစ်အမှန် နဂါးအသွင်ပြောင်းခြင်းကို ဖော်ထုတ်ထားလေရာ ယွင်ချွဲမှာ သူ့ကို မမှတ်မိပါချေ။ အကယ်၍ မှတ်မိသည် ဆိုလျှင်ပင် ဝေ့ဝူယင် အတွက် ပြဿနာ မရှိချေ။
"နန်းတော်သခင်မာ့က လွဲလို့ အားလုံး ထွက်သွားပေးပါ...”
ဝေ့ဝူယင်က ပြောလိုက်၏။ သူ၏ လေသံက တည်ငြိမ်မှု၊ ပြတ်သားမှုနှင့် ရဲရင့်မှုတို့ကို သယ်ဆောင်ထား၏။ ရွှေကောင်စီ အဖွဲ့ဝင်များမှာ စောဒက မတက်ပါချေ။ လက်နှစ်ဖက်ယှက်ကာ တလေးတစား နှုတ်ဆက်ရင်း ထွက်ခွာ သွားကြသည်။ သုံးစက္ကန့်မျှ ကြာပြီးနောက်၌ ဝေ့ဝူယင်တို့ သုံးယောက်သာလျှင် ထိုနေရာတွင် ကျန်ရှိပေတော့သည်။
ယွင်ချွဲ၏ နှလုံးသားက တဒိတ်ဒိတ် တုန်နေ၏။ ရွှေကောင်စီအ အဖွဲ့ဝင်များမှာ မြေကြီး ရှန့်ထိုများ၊ ကိုင်းခွဲ အုပ်ချုပ်ရေးမှူးများ၊ ထိပ်တန်း အဆင့် ဖန်တီးခြင်း ပညာရှင်များ ဖြစ်သည်။ သို့သော်လည်း စကားတစ်ခွန်းတည်းဖြင့်ပင် သူတို့အားလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ရွှေရောင် အသက် နန်တော် အပေါ် ကြီးမားသည့် သြဇာလွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားကာ မည်သူမှ မလွန်ဆန်ဝံ့ကြောင်း ထင်ရှားပေသည်။
ယွင်ချွဲ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိ၏။ အနက်ရောင် ဝတ်စုံဝတ် လူမှာ ဝေ့ဝူယင်၏ နောက်လိုက် နောက်ပါ တစ်ယောက် ဖြစ်ပုံရကာ သူ့ကြမ္မာကို ဆုံးဖြတ်ရန် အဂ္ဂိရတ် အာဏာရှင်ဝေ့ထံသို့ ပို့ဆောင်လိုက်ပုံ ရသည်။
ရုတ်တရက်... ယွင်ချွဲ၏ စိတ်မှာ မှောင်မိုက်သွား၏။ သူ အသွင်ယူခဲ့သည့် ပင်းကျားလွင်မှာ ပင်းကလန်၏ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် မဟုတ်ချေ။ ကလန်၏ အတွင်းရေး ကိစ္စများတွင် ပါဝင် ပတ်သက်မှု နည်းခြင်းကြောင့်လည်း ပင်းကျားလွင်၏ မှတ်ဉာဏ်များမှာ အကန့်အသတ် များပေသည်။ ထို့ကြောင့် ရှောင်ပင်း၏ နောက်ခံကို သူ လုံးဝ မသိခဲ့ချေ။
သို့သော်လည်း... ပြန်လည်၍ စဉ်းစားရလျှင် ထိုထာဝရ ရေခဲ အမတေ ခန္ဓာကိုယ် ပိုင်ရှင် မိန်းကလေးမှာ မြေကြီး ရှန့်ထို တစ်ယောက်၏ အကာအကွယ် သင်္ကေတကို ပိုင်ဆိုင်ထားသည်။ ဟယ်ပို့ကျွင်းနှင့် ပခုံးချင်းယှဉ် တိုက်ခိုက်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်ကလည်း အချိန်ကိုက် ထွက်ပေါ်လာကာ သူမ အသက်ကို ကယ်တင်ခဲ့သည်။ ထိုအချက် အားလုံးကို ထောက်ချင့်ရပါက သူမမှာ ဝေ့ဝူယင်နှင့် တစ်စုံတစ်ရာ ပတ်သက်နေကြောင်း ထင်ရှားနေချေပြီ ဖြစ်သည်။
“မိန်းကလေး ရှောင်ပင်းက အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ ဆက်နွယ်နေတာလား...”
ယွင်ချွဲက တည်ငြိမ်စွာ မေးလိုက်၏။ သို့သော်လည်း သူ၏ လေသံက အနည်းငယ် နက်ရှိုင်းကာ သုန်မှုန် နေသည်။
မိစ္ဆာ ကောင်းချီးခံမှာ သူနှင့် ရှောင်ပင်းတို့ အကြားရှိ ဆက်နွယ်မှုကို မသိကြောင်း ဝေ့ဝူယင် မှတ်ချက်ချ လိုက်နိုင်၏။ ကြည့်ရသည်က ရှောင်ပင်းမှာ သူ ရည်ရွယ်ထားသော အဓိက ပစ်မှတ် မဟုတ်ချေ။ ပင်းထန်း သို့မဟုတ် ပင်းကျင်းရုတို့သာ ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ရင်း ရိုးသားစွာပင် အဖြေပေး လိုက်၏။
“ဟုတ်တယ်... သူက ကျုပ် အတွက် အရေးပါတဲ့ မိန်းကလေး တစ်ယောက်ပါ”
"..."
ယွင်ချွဲ တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ သူ၏ မျက်လုံးများက လျှင်မြန်စွာပင် တည်ငြိမ်မှုကို ရရှိသွားသည်။
ရှောင်ပင်းကို ပစ်မှတ်ထားရန် ကြိုးပမ်းမှုကြောင့်ပင် အနက်ရောင်ဝတ် ပုဂ္ဂိုလ်မှာ ဤနေရာသို့ ခေါ်လာခဲ့ကြောင်း ယွင်ချွဲ သဘောပေါက် သွားသည်။ သို့သော်လည်း... သူ့ကို အကျဉ်းချခြင်း၊ ကျင့်ကြံခြင်း အခြေခံ ပိတ်ဆို့ခြင်းတို့ ကဲ့သို့ အကန့်အသတ်များ ချမှတ်မထားသည်ကို ထောက်ချင့်ရလျှင်... သူ့အတွက် အခွင့်အရေး တစ်ခု ရှိနိုင်သည်ဟု ဆိုလိုပေသည်။
“ဒါဆိုရင် အဂ္ဂိရတ် အာဏာရှင်ဝေ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်... ကျုပ်သာ သိခဲ့ရင် ဝေးဝေးကနေ ရှောင်ခဲ့မှာပါ”
ယွင်ချွဲက ရိုးသားစွာပင် ဆိုလိုက်၏။ သူက ပါးနပ်သူ တစ်ယောက် ဖြစ်လေရာ လက်ရှိ အခြေအနေဖြင့် သွားထိလို့ မရသည့် လူတစ်ချို့ကို စာရင်းပြုစုထားပေသည်။ ထိုအထဲတွင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရားအင်ပါယာ၊ ဝိညာဉ်ရှန့်ထို ဧကရာဇ်၊ အကန့်အသတ်မဲ့ သိုင်းဧကရာဇ်၊ အင်ပါယာ အကြံပေး၊ ရွှေရောင် ဂိတ်တံခါး နန်းတော်၊ ထာဝရ အစည်းအရုံး၊ အဂ္ဂိရတ် ရှန့်ထို သုံးပါး၊ အစစ်အမှန် မွေးဖွားခြင်းနှင့် ထိပ်သီး ကြယ်တာရာ နဘ်မြေ ခြောက်ခု ခေါင်းဆောင်များ၊ ဝေ့ဝူယင်တို့ ပါဝင်ပေသည်။
“ကျုပ် သိပါတယ်...”
ဝေ့ဝူယင်က တည်ကြည်စွာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက အနည်းငယ် ကစားလိုသည့် အငွေ့အသက်ဖြင့် ယွင်ချွဲကို ကြည့်လိုက်၏။
“ခင်ဗျား ဘာလို့ ခုထိ ဆက်ပြီး အသက်ရှင်နေသေးတယ်လို့ ထင်လဲ...”
“...”
ယွင်ချွဲ၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါ သွားခဲ့၏။ ထိုမေးခွန်း၏ အဖြေကို မသိလေရာ ဝေ့ဝူယင်၏ နောက်ဆက်တွဲ စကားကိုသာ စောင့်ဆိုင်း နေလိုက်လေသည်။
"ခွင့်လွှတ်သင့် မလွှတ်သင့် ဆိုတာကတော့ ခင်ဗျားရဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေကပဲ ဆုံးဖြတ်လိမ့်မယ်... ခင်ဗျား ဘာပေးနိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဝိညာဉ် အလင်းတန်းများနှင့် တောက်ပနေကာ ယွင်ချွဲကို လေ့လာ နေခဲ့၏။ ထိုပုဂ္ဂိုလ်မှာ သူတွေ့ဖူးသည့် ပထမဆုံး မိစ္ဆာ ကောင်းချီးခံ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုးယုတ်သည့် အရှိန်အဝါနှင့် ကောင်းချီးခံဟု ဆိုရပေလိမ့်မည်။ ၎င်းက ဆန့်ကျင်ဘက် ဆန်လွန်းနေသည်။ သို့သော်လည်း ကောင်းကင်တာအို၏ ပညတ်ချက် သုံးထောင်မှာ အလွန် ရှုပ်ထွေးကာ ရှောင်ရှားနိုင်သည့် လမ်းသွယ်များနှင့် ပြည့်နှက် နေပေသည်။ အကယ်၍ ကောင်းကင်တာအို ကိုယ်တိုင်က ကူညီမည် ဆိုလျှင် ပိုမို၍ လွယ်ကူပေလိမ့်မည်။
မိစ္ဆာ ကျင့်ကြံသူများ အားလုံးမှာ အပြစ်သားများ မဟုတ်ကြသော်လည်း ထိုပညတ်ချက် နှစ်ခုကြားတွင် အလွယ်တကူ ကျိုးပေါက်နိုင်သည့် အလွှာပါးလေး တစ်ချပ်သာ ရှိသည်။
တစ်ခါတုန်းက ဟုန်ဖူကျင်းဝေ့မျာ ဝိညာဉ်များ အပေါ် သက်ရောက်စေနိုင်သည့် ဆိုးယုတ်သော အစီအရင် တစ်ခုကို အသုံးပြုခဲ့သည်။ ထိုလုပ်ရပ်ကပင် သူ့ကို ပြန်လှည့်၍ မရနိုင်သည့် အပြစ်သား တစ်ဦး ဖြစ်သွားစေခဲ့ကာ လုံချန် ရိတ်သိမ်းရမည့် ကမ္မ ကုသိုလ်ရင်းမြစ် ဖြစ်လာခဲ့သည်။ သို့သော်လည်း... အခြား တစ်ဖက်၌ ကောင်းကင်တာအိုက ပေါ်တင်ကြီး ခွင့်ပြုထားသည့် မျိုးတုန်း သတ်ဖြတ်ခြင်းများလည်း ရှိပေသေးသည်။
ဥပမာအားဖြင့်... မျိုးနွယ်စု တစ်ခုခုမှ လူတစ်ယောက်မှာ သင့်ကို စော်ကားခဲ့သည် ဆိုပါစို့။ သင့်အနေဖြင့် လုံလောက်အောင် ပြန်လည် သန်မာလာသော တစ်နေ့တွင် ထိုမျိုးနွယ် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းလို့ ရပေသည်။ ကလေးငယ်၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မှ အစ အားလုံးကို ကျူပင်ခုတ် ကျူငုတ်မကျန် သတ်ဖြတ်လို့ ရသည်။ သင့်အနေဖြင့် မိစ္ဆာ ကျင့်ကြံသူ ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် ကောင်းကင် တာအို သတ်မှတ်ထားသော အပြစ်သားတော့ ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။
ယွင်ချွဲထံ၌ မိစ္ဆာ ကျင့်ကြံသူ တစ်ဦး၏ ပြင်းပြ ခက်ထန်သည့် အော်ရာများ ရှိနေသည့်တိုင် အပြစ်သား တစ်ယောက်နှင့် သက်ဆိုင်သည့် အငွေ့အသက်တော့ တစ်ခုတစ်လေမှ ရှိမနေခဲ့ပါချေ။ နတ်ဆိုးမိစ္ဆာ ဘုရင်မှာလည်း အလားတူ အော်ရာမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ယွင်ချွဲမှာ ဝေ့ဝူယင်၏ စကားလုံးများကို အစာချေဖျက်ပြီးနောက် ထိုကိစ္စကို အကောင်းမွန်ဆုံး ငြိမ်းချမ်းစွာ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်၏။ မဟုတ်ပါက... သူ၏ ဘဝမှာ ဤနေရာမှာတင် အဆုံးသတ် သွားရလိမ့်မည် ဖြစ်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ ခွင့်လွှတ်မှုကို ရဖို့ ကျုပ် အစွမ်းကုန် လုပ်ပါ့မယ်”
ပုံမှန်အားဖြင့် သူက အခြားလူများ၏ ဆုံးဖြတ်ချက်ကို နာခံတတ်သည့် လူမျိုး မဟုတ်သော်လည်း... လက်ရှိ အခြေအနေအရ ထိုအရာက လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူ သိရှိထားပေသည်။
“ကောင်းတယ်...”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ဒါဆိုရင် ပြောပါဦး...”
သူက ကောင်းကင်လောက အမြုတေကို ထုတ်ယူလိုက်သည်။
“ဒါကို ခင်ဗျား ဘယ်နေရာကနေ ရတာလဲ... နောက်ပြီး ပင်းထျန်းဆီမှာ ဘာလို့ ဒီဟာက ဘာလို့ ရှိနေရတာလဲ”
***