မိစ္ဆာကောင်းချီးခံ
Vol. 95 Ch. 1326
ယွင်ချွဲ ကောင်းကင်လောက အမြုတေကို ကြည့်လိုက်၏။ ထိုအရာမှာ အလွန် အဖိုးတန်သည့် ရင်းမြစ် တစ်ခု ဖြစ်ကာ မြေကြီး ရှန့်ထိုများ၊ လောကရှန့်ထိုများကိုပင် ရူးသွပ်သွားစေနိုင်စွမ်း ရှိပေသည်။ ယွင်ချွဲ တစ်ယောက် ဝေ့ဝူယင်ထံတွင် အချက်အလက်များကို ဖုံးကွယ်၍ မရနိုင်ကြောင်း သဘောပေါက် ပေသည်။ ထို့ကြောင့် သူက အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်၏။
“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အပြင်ဘက်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက ဖြစ်ပျက်သွားခဲ့တဲ့ ဖြစ်စဉ် တစ်ခုကနေ ရလာတာပါ”
"အပျက်အစီးနိုဗာလား...”
ဝေ့ဝူယင် မေးလိုက်၏။ ယွင်ချွဲ ခေါင်းညိတ်လိုက်သည်။ အပျက်အစီးနိုဗာ အကြောင်း ဝေ့ဝူယင် သိရှိနေခြင်း အပေါ် သူ မအံ့သြပါချေ။
“အပျက်အစီးနိုဗာက အာကာသ ဝေဟင်ဂိုဏ်းရဲ့ အခြေစိုက် စခန်း တစ်ခုကို ဖျက်ဆီးဖို့ အစစ်အမှန် မွေးဖွားခြင်းရဲ့ တိုက်ခိုက်မှု တစ်ခုပါ... ကျုပ်က...”
ယွင်ချွဲက စတင်ကာ သူသိထားသမျှကို ပြောပြလိုက်တော့သည်။ မကြာခင်မှာပင်... မိစ္ဆာ ကောင်းချီးခံမှာ အလွှာကြားက လောက အကြောင်း အပါအဝင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ချိပ်ဆက်များ၊ ချိပ်ပိတ် နယ်မြ အကြောင်းများကို မသိသေးကြောင်း ဝေ့ဝူယင် အကဲဖြတ်လိုက်နိုင်သည်။ ထို့အစား... သူက အစစ်အမှန် မွေးဖွားခြင်း၏ အကြီးမားဆုံး ရန်သူ ဖြစ်သည့် အာကာသ ဝေဟင်ဂိုဏ်းကို ပစ်မှတ်ထား တိုက်ခိုက်မှု တစ်ခု အဖြစ်သာ ဖော်ပြခဲ့သည်။ ရွှင်ပို၏ မှတ်ဉာဏ်များ အရ သူတို့မှာ ထောင်စုနှစ်ချီ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
“ခင်ဗျားရဲ့ ဖုံးကွယ်ရေး ရတနာက...”
ဝေ့ဝူယင်က ဒုတိယမြောက် မေးခွန်းကို မေးလိုက်၏။
"အဲဒါကို မျက်နှာတစ်ထောင် မျက်နှာဖုံးလို့ ခေါ်ပါတယ်... ကျုပ်ရဲ့ ဝိညာဉ်နဲ့ တွဲပြီး ချည်နှောင်ထားတဲ့ အတွက် အဲဒါကို...”
ယွင်ချွဲက မတုန့်မဆိုင်းပင် စတင်၍ ရှင်းပြလိုက်၏။ မျက်နှာတစ်ထောင် မျက်နှာဖုံးမှာ သူ မရှိလျှင် လုံးဝ မသုံးမဝင်သည့် ဝိညာဉ် ရတနာ တစ်ခု ဖြစ်လေရာ ဝေ့ဝူယင် လုယူသွားမည်ကို ယွင်ချွဲ မစိုးရိမ်ပါချေ။ သို့သော်လည်း... သူ မသိခဲ့သည့် အရာတစ်ခုက ဝိညာဉ် အပေါ် ဝေ့ဝူယင်၏ နားလည်မှုများမှာ သူ့ထက် အဆပေါင်း များစွာ ပိုမို၍ နက်ရှိုင်းနေသည် ဆိုခြင်းပင်။
“ခင်ဗျားရဲ့ ဓားကရော...”
"ရှေးဟောင်းခေတ်ရဲ့ အကြွင်းအကျန် တစ်ခုပါ... ကျုပ် အဲဒါကို...”
ဝေ့ဝူယင်တို့ နှစ်ယောက်မှာ မေးခွန်းပေါင်းများစွာကို ဖလှယ် နေခဲ့ကြ၏။ စက္ကန့်များ တရွေ့ရွေ့ ဖြတ်ကျော်နေသည်နှင့် အမျှ ဝေ့ဝူယင်မှာ မိစ္ဆာ ကောင်းချီးခံ အကြောင်းကို ပိုမို၍ သိရှိလာခဲ့လေသည်။ မိစ္ဆာ လမ်းစဉ်ကို လျှောက်လှမ်းနေစေကာမူ ယွင်ချွဲမှာ လေးစားခံထိုက်သူ တစ်ယောက် ဖြစ်ကြောင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိသည်။ တော်ရုံတန်ရုံလူတစ်ဦးမှာ အစစ်အမှန် မွေးဖွားခြင်း အတွင်း ခိုးဝင်ရဲလိမ့်မည် မဟုတ်ပါချေ။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ ဆန္ဒရှိရင် အခြား ကောင်းကင်လောက အမြုတေ နှစ်ခု ရှိတဲ့ နေရာကိုပါ ကျုပ် ရှာပေးနိုင်ပါတယ်”
ယွင်ချွဲ၏ မျက်လုံးများက လောဘ အလင်းတန်းများနှင့် တောက်ပလာက ဆိုလိုက်လေ၏။ သူ၏ စကားလုံးများက မာ့ကျန်း၏ အမူအရာကိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ဝေ့ဝူယင်၏ လက်ထဲ၌ ရှိနေသည့် ပစ္စည်းလေးကို သူ သိပေသည်။
၎င်းမှာ ရှေးဟောင်း မှတ်တမ်းများထဲတွင် ဖော်ပြထားသည့် ကောင်းကင်ဓာတ်တော် ဆိုသည့် ရတနာ တစ်ခု ဖြစ်သည်။ ကောင်းကင်ဓာတ်တော်မှာ သူတို့အဆင့် ကျင့်ကြံသူများ အတွက်ပင် အလွန် အဖိုးတန်သည့် ရင်းမြစ် တစ်ခု ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် အပေါ် လေးစားမှု ကြောင့်သာ မဟုတ်ပါက သူ ထိုအရာကို ရယူရန် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကြိုးပမ်းမိလိမ့်မည် ဖြစ်သည်။
ကောင်းကင်ဓာတ်တော်၏ နာမည် အရင်က ကောင်းကင် လောက အမြုတေလော။ အခြားတစ်နေရာတွင် ထိုကဲ့သို့ ရတနာ နှစ်ခု ရှိသေးသည်လော။
“ဘယ်လိုမျိုးလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ ယွင်ချွဲ စိတ်ထဲမှ ပြုံးလိုက်မိသည်။ ထိုမေးခွန်းအား ဝေ့ဝူယင် မေးလာမည့် အချိန်ကို သူ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။
“ကျုပ်ရဲ့ ဓားက ဘယ်လိုမျိုးလဲ ဆိုတာရဲ့ အဖြေပဲ... ဓားရှိနေသမျှ ကာလပတ်လုံး ကျုပ် အဲဒီ အမြုတေ နှစ်ခုကို ရှာနိုင်တယ်...”
ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားအား ပြန်လည် ရ၊ မရ ဆိုသည်မှာ ဝေ့ဝူယင်၏ ဆန္ဒပေါ်တွင်သာ မူတည်နေကြောင်း သူ သိပေသည်။
“ကျုပ် နားလည်ပြီ...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူ၏ ယူဆချက်မှာ မှန်ကန်ပေသည်။ မိစ္ဆာ ကောင်းချီးခံ၏ ဂားမှာ ဆက်စပ်မှု စစ်အလံလိုပင် စစ်ဥပဒေသမှ ချီးမြှင့်ထားသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။
ယွင်ချွဲအတွက် စိတ်မကောင်းစရာ တစ်ခုက နောက်ထပ် ကောင်းကင် လောက အမြုတေ နှစ်ခုကို ရှာဖွေရန် ယွင်ချွဲထံ ဓားကို ပြန်ပေးဖို့ မလိုခြင်း ဖြစ်သည်။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် သူ့ထံတွင် ယွင်ချွဲကို အသုံးချစရာ ရှိပေသည်။ ယွင်ချွဲမှာ လေလွင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို တိုက်ခိုက် လျှောက်လှမ်းနေသူ ဖြစ်သည်။
‘ငါ့ရဲ့ အပြစ်သား သွေးမျိုးဆက်က ကောင်းချီးခံတွေနဲ့ ပတ်သက်ရင် ပဋိပက္ခတွေကိုပဲ ဖန်တီးနေတဲ့ပုံ ရတယ်... သူတို့ရဲ့ လမ်းကြောင်းတွေကို လွှမ်းမိုးပြီး ကံကြမ္မာကို လုယူဖို့ လိုမျိုးပေါ့... ဒါပေမဲ့... ငါသာ ကောင်းချီးခံ တစ်ယောက်ကို ထိန်းချုပ် နိုင်ခဲ့မယ် ဆိုရင်ရော အပြောင်းအလဲ တစ်ခုခု ဖြစ်လာမှာလား’
ဖြစ်နိုင်ချေများကို တွက်ချက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားခဲ့၏။ လောက၌ ကောင်းချီးခံ များစွာ ရှိပေသည်။ သူတို့မှာ ကောင်းကင်ဘုံ၏ ဥပဒေသ အောက်တွင် ကမ္မ အမှတ်များကို အသုံးပြုရင်း ကံကောင်းမှုများ၊ ခွန်အားများကို ရရှိလာကြသည်။
သို့သော်လည်း သူတို့ထဲမှ အများစုမှာ အဆင့်နိမ့် ကောင်းချီးခံများသာ ဖြစ်ကာ လုံလောက်သည့် ကမ္မ အမှတ်များကို မစုစည်းနိုင်ပါက နောင်လာမည့် ကပ်ဘေးများ အတွင်း ကျရှုံးသွားရမည်သာ ဖြစ်သည်။ အနက်ရောင် အရိုးစုနှင့် မတွေ့ခင် ဝေ့ဝူယင်သည်ပင် ထိုကဲ့သို့ အမျိုးအစား ကောင်းချီးခံ တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း... လုံချန်၊ လင်းမင်၊ ယွမ်လုံရှီ၊ ကျင်းကျူးနှင့် ထျန်းရှောင်လော့တို့ကတော့ ကောင်းကင် တာအို ကိုယ်တိုင် ချစ်မြတ်နိုးသည့် ကောင်းချီးခံများ ဖြစ်သည်။ သူတို့၏ ကမ္မ အမှတ်များက အနည်းဆုံး ထောင်ကျော်နေမှာ သေချာပေသည်။ ယွင်ချွဲမှာလည်း ထိုကဲ့သို့ အမျိုးအစားတွင် ပါဝင်ပေသည်။ သူ့ကို ရင့်ကျက်ခွင့် ပြုထားပါက လောကကိုပင် တုန်လှုပ်အောင် လုပ်နိုင်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာမှာ အသေအချာပင်။
“ကျုပ်ရဲ့ ဓားနဲ့ ဆိုရင် ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ ကျုပ် ရှာနိုင်ပါတယ်... ကောင်းကင် လောက အမြုတေတွေကိုတော့ ခင်ဗျားပဲ ယူနိုင်ပါတယ်... ခုလို ကူညီရတာကတင် ကျုပ် အတွက် ဂုဏ်ယူစရာပါ အဂ္ဂိရတ် အာဏာရှင်ဝေ့...”
ယွင်ချွဲက အပြုံးဖြင့် ဆိုလိုက်၏။ သူ၏ အမူအရာက စိတ်လှုပ်ရှားခြင်း မရှိပဲ အလွန်အမင်း တည်ငြိမ်နေသည်။ ပါးနပ်သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ့ထံတွင် လုံးဝ အားသာချက် မရှိကြောင်း ယွင်ချွဲ သိပေသည်။ ကောင်းကင်လောက အမြုတေ သုံးခုမှာ အလွန်အမင်း အဖိုးထိုက်တန်သည့်တိုင် အနာဂတ် အတွက် စတေးသင့်သည့် အရာများကို စတေးရမည် ဖြစ်သည်။
ဝေ့ဝူယင် ပြုံးလိုက်၏။ ယွင်ချွဲမှာ လက်အောက်ငယ်သား ဖြစ်ရန် သင့်တော်သည့် ကောင်းချီးခံ တစ်ယောက် မဟုတ်ကြောင်း သူ အကဲခတ်လိုက်မိသည်။ အကယ်၍ ထိုစစ်ဆေးမှု အတွက် ကောင်းချီးခံ တစ်ယောက်ကို ရွေးချယ်ရမည် ဆိုလျှင် ထျန်းရှောင်လော့ကိုသာ သူ ရွေးမည် ဖြစ်သည်။
ယွင်ချွဲမှာ စိတ်ခံစားချက်များကို ကောင်းစွာ ဖုံးကွယ်နိုင်သည်။ ထို့အပြင် ကာလကြာရှည် ရှင်သန်ခဲ့သည့် လေလွင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အလွန် ကောက်ကျစ် ရက်စက်ပေလိမ့်မည်။ ကိုယ်ကျိုးအတွက် ဆိုလျှင် ဘာကိုမဆို စတေးဖို့ ဆန္ဒရှိသူ ဖြစ်သည်။ ပင်းထျန်း၊ ပင်းကျင်းရုနှင့် ရေခဲကျောက်စိမ်းဂြိုဟ်တို့၏ ဆိုးရွားသော ကံကြမ္မာများမှာ ထိုအချက်ကို သက်သေခံနေပေသည်။
သူက အလွန်တော်သည်။ စိတ်ရှည်သည်။ ပြီးပြည့်စုံစွာ အစီအစဉ်ဆွဲနိုင်စွမ်း ရှိသည်။ တိကျ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် အတူ မှန်ကန်စွာ လုပ်နိုင်စွမ်း ရှိသည်။
အနည်းငယ် လောဘကြီးသည့်တိုင် ထိုအရာမှာ ကြောက်မက်ဖွယ် အန္တရာယ်များ အကြား ရှင်သန်ခဲ့သည့် ကျင့်ကြံသူ တစ်ဦး၏ ဗီဇ ဖြစ်သည်။ အမြတ်ထုတ် ကောင်းချီးခံ တစ်ဦး အနေဖြင့် ယွင်ချွဲ၏ အရည်အချင်း တစ်ချို့ကို ဝေ့ဝူယင်သည်လည်း မျှဝေပိုင်ဆိုင်ထားပေသည်။
“ငါ့ အမြင် ပြောရရင် ဒီကောင်လေးကို သတ်လိုက်တာ ကောင်းလိမ့်မယ်... သူ့ရဲ့ အကြည့်တွေက ထူးဆန်းပြီး ငါ့ကိုတောင် မသက်မသာ ဖြစ်စေတယ်...”
အသိစိတ် ပင်လယ် အတွင်းရှိ ကောင်းကင် စစ်ဝိညာဉ်က အကြံပေးလိုက်၏။ ထိုအရာက... ကောင်းကင် စစ်ဝိညာဉ်ထံမှ ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ဖို့ ပထမဆုံး အကြိမ် အကြံပြုခြင်း ဖြစ်သည်။
ဝေ့ဝူယင် အံ့သြသွားခဲ့၏။ တကယ်ဆိုလျှင် ကောင်းကင် စစ်ဝိညာဉ် တစ်ယောက် အနေဖြင့် သူမမှာ ကောင်းကင်တာအို၏ လွှမ်းမိုးမှုကို ခံယူကာ ယွင်ချွဲကို လွှတ်ပေးဖို့ တောင်းဆိုသင့်ပေသည်။ အပြစ်သား သွေးမျိုးဆက်က သူမကိုပါ သက်ရောက်သွားသည်လော။
“ငါလည်း သူ့ကို မကြိုက်ဘူး...”
ပိုင်ရှု ကပါ ဆိုလိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို ကြည့်ရင်း စိတ်အား ထက်သန်စွာ တိုက်တွန်း လိုက်လေသည်။
“သခင်... သူ့ကို သန့်စင်ပစ်လိုက်ပါလား... ရတနာ ဖန်တီးလို့ရတဲ့ နည်းလမ်း တစ်ချို့ကို ကျွန်မ သိထားတယ်”
"...”
ဝေ့ဝူယင်...။
"..."
ကောင်းကင်စစ်ဝိညာဉ်...။
ပိုင်ရှု၏ ခပ်ကြမ်းကြမ်း အကြံပြုချက်က သူတို့ နှစ်ယောက်စလုံးကို ဆွံ့အသွားစေခဲ့သည်။ လောက၌ လူသားများအား ရင်းမြစ်များ ဖြစ်လာအောင် သန့်စင်သည့် နည်းလမ်းများ ရှိသည် ဆိုလျှင် ၎င်းတို့ အားလုံးကို မိစ္ဆာ နည်းလမ်းများ အဖြစ် ယူဆနိုင်ပေလိမ့်မည်။
ဥပမာအားဖြင့်... မူလယင် အမှောင်ပုလဲ ဆိုလျှင် အပျိုစင် တစ်သိန်းကို သန့်စင်ခြင်းအားဖြင့် ရရှိနိုင်သည့် ကြယ်တာရာ အဆင့် ရင်းမြစ် တစ်ခု ဖြစ်သည်။ ယင်းမှာ နာ့ရှင်းရီ ရုပ်ခန္ဓာကို မြှင့်တင်ရာတွင် အသုံးပြုခဲ့သည့် အကြွင်းမဲ့ ယင်ဖန်တီးခြင်း ဆေးလုံးအား ဖော်စပ်ရာတွင် အဓိက ပါဝင်ပစ္စည်း တစ်ခု ဖြစ်သည်။
ဝေ့ဝူယင် မူလ အမှောင်ယင် ပုလဲ ကဲ့သို့ ရင်းမြစ်များကို ကိုယ်တိုင် ထုတ်လုပ်လိမ့်မည် မဟုတ်သော်လည်း သုံးဖို့ အတွက်တော့ တွေဝေနေလိမ့်မည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ... သူ မသုံးလျှင်လည်း အပျိုစင် တစ်သိန်းမှာ ပြန်လည် ရှင်လာလိမ့်မည် မဟုတ်ပါချေ။
“အခုတော့ ကျုပ် စဉ်းစားလိုက်ဦးမယ်...”
ဝေ့ဝူယင်က ယွင်ချွဲနှင့် စကားဝိုင်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်၏။
“နန်းတော်သခင်မာ့က ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံကို ပြန်အားဖြည့်ဖို့ ကူညီပေးလိမ့်မယ်... ဒီအတောအတွင်းတော့ ခင်ဗျားရဲ့ မျက်နှာဖုံးကို ကျုပ် သိမ်းထားလိုက်မယ်”
သူက ထိုင်ရာမှ ထလိုက်သည်။ သူက ယွင်ချွဲ၏ နာမည်ကိုပင် မမေးပါချေ။ ထို့အပြင် လောလောဆယ်၌ ဝေ့ဝူယင်ထံတွင် ယွင်ချွဲကို အသုံးချစရာ မရှိပါချေ။
မကြာသေးခင်ကမှ အဆင့်သစ် တက်လှမ်းထားသည့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် အနေဖြင့် ပျမ်းမျှ သေမျိုးတစ်ပိုင်း အရှင် အဆင့်များထက် အနည်းငယ် သာလွန်သည့်တိုင် သူ၏ ခွန်အားမှာ ကျင့်ကြံခြင်း အခြေခံပေါ်တွင် မဟုတ်ပဲ ဓားနှင့် မျက်နှာဖုံးပေါ်တွင်သာ အဓိက မူတည်နေခြင်း ဖြစ်သည်။ ထိုဓားနှင့် မျက်နှာဖုံးအပေါ်တွင်လည်း ဝေ့ဝူယင်ထံတွင် အတွေးတစ်ချို့ ရှိပေသည်။ ထိုအတွက် ယွင်ချွဲကို မလိုအပ်ပါချေ။
သို့သော်လည်း... သူ့ထံတွင် ယွင်ချွဲကို သတ်ဖြတ်ရန် ရည်ရွယ်ချက်လည်း မရှိချေ။ ကမ္မ တန်ဖိုး အနည်းငယ်လေး အတွက်နှင့် စတုတ္ထမြောက် ကပ်ဘေး အတွက် အဖိုးတန် အချိန်များကို သူ မဖြုန်းတီးလိုချေ။ ယွင်ချွဲ၏ ကောင်းချီးခံ အော်ရာက ထျန်းရှောင်လော့ထက် နည်းပါးတာ ရှင်းလင်းပေသည်။ ထိုအရာက မထိုက်တန်ပါချေ။
“ဟမ်...”
ယွင်ချွဲ အံ့သြသွားခဲ့၏။ မျက်နှာဖုံး... ဝေ့ဝူယင်က မျက်နှာဖုံးဟု ဆိုလိုက်သည်လား။ သူ ချက်ချင်းပင် မျက်နှာတစ်ထောင် မျက်နှာဖုံး ထည့်ထားရာ လက်စွပ်ကို စစ်ဆေးကြည့်လိုက်သည်။ မယုံကြည်နိုင်စရာ ကောင်းစွာပင် ၎င်းမှာ မရှိပါတော့ချေ။
ယွင်ချွဲ တစ်စုံတစ်ရာ မမေးနိုင်ခင်မှာပင် ဝေ့ဝူယင်မှာ နံရံများ အတွင်း ပေါ်တယ် တစ်ခုရှိနေသည့် အလား တိုးဝင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေတော့သည်။
***