← Chapters

ရိုးရာဆန့်ကျင် နတ်ဘုရားဓား

Vol. 95 Ch. 1327

ရိုးရာဆန့်ကျင် နတ်ဘုရားဓား

Vol. 95 Ch. 1327

လောက ညီမျှခြင်းလ ထက်ရှိ လှပသော နန်းတော် အတွင်း၌...

ဝေ့ဝူယင်မှာ ဧရာမဓားကြီးကို ရှေ့တွင် ချရင်း ထိုင်နေခဲ့သည်။ သူ၏ လက်တစ်ဖက်ကတော့ အနက်ရောင် မျက်နှာဖုံး တစ်ခုကို ကိုင်ဆောင်ထား၏။

“ဒီဓားကို ဘယ်လို သန့်စင်ရမယ် ဆိုတာ ခင်ဗျားသိလား...”

ဝေ့ဝူယင် ကောင်းကင် စစ်ဝိညာဉ်ကို မေးလိုက်၏။

"ဓားထဲမှာ ဆိုးယုတ်တဲ့ မိစ္ဆာ ဝိညာဉ် ရှိတယ်... နင့် အတွက် မခက်ခဲပါဘူး... ဒါပေမဲ့ မသန့်စင်သင့်ဘူး”

ကောင်ကင် စစ်ဝိညာဉ်က အကြံပြုလိုက်၏။

"ဟုတ်လား...”

"မိစ္ဆာ ဝိညာဉ်ရဲ့ လွှမ်းမိုးမှုက နင့်လို လူတစ်ယောက် အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူး ဆိုပေမဲ့ နင့်ဆီမှာ တာအို ဝိညာဉ် နှစ်ခုတောင် ရှိနေပြီးပြီလေ... ထပ်ပြီး ပေါင်းထည့်နေမယ် ဆိုရင် အနာဂတ်မှာ ကပ်ဘေးတွေ ဖြစ်လာနိုင်တယ်... နောက်ပြီး မိစ္ဆာ တာအိုက နင်နဲ့ မကိုက်ညီဘူး...”

ကောင်းကင် စစ်ဝိညာဉ်က နောက်တစ်ကြိမ် အကြံပေးလိုက်၏။ ပိုင်ရှုအား နာမည်ပေးခဲ့ချိန် တုန်းကလည်း သူမမှာ ဝေ့ဝူယင်ကို သတိပေးဖို့ ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း နောက်ကျသွားခဲ့လေရာ နောင်တစ်ချိန်တွင် အကျိုးဆက်ကို ရင်ဆိုင်ရုံသာ ရှိပေတော့သည်။

“ကျုပ် အတွက် မသင့်တော်ဘူး ဟုတ်လား... ခင်ဗျားညာနေတာ ဆိုရင်ရော...”

ဝေ့ဝူယင်က ရိုးရာဆန့်ကျင် နတ်ဘုရားဓားကို ကြည့်ရင်း ပြုံးလိုက်၏။

"ညာတယ် ဆိုတော့ရော ဘာဖြစ်လဲ... နင် အဲဒါကို လိုမှ မလိုတာ... နင်က ဆေဘာကို ကျင့်ကြံတာလေ... ဓားကို ကျင့်ကြံတာမှ မဟုတ်တာ”

ကောင်းကင် စစ်ဝိညာဉ်က သုန်မှုန်စွာနှင့် ပြောလိုက်၏။ အကြောင်းပြချက် တစ်ခုကြောင့် သူမက ထိုဓားကို မကြိုက်တာ ထင်ရှားပေသည်။

ဝေ့ဝူယင် ပခုံးတွန့်ပြလိုက်၏။

“ကျုပ်ဆီမှာ အဲဒါကို သန့်စင်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိဘူး... ဒါနဲ့ ခင်ဗျား သတိမထားမိဘူးလား”

“ဘာကို သတိထားမိရမှာလဲ...”

‌ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင်၏ မေးခွန်းကို စိတ်ဝင်စား သွားခဲ့၏။

"ဟဟ... ဒီဓားက တစ်ယောက်ယောက်ကို လိုချင်နေတယ်လေ... ဒါပေမဲ့ ကျုပ် မဟုတ်ဘူး”

ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်ရင်း အဖြေပေးလိုက်၏။ အလွှာပေါင်း များစွာဖြင့် ဟင်းလင်းပြင် ချိပ်ပိတ်ထားသည့်တိုင် မိစ္ဆာ ဝိညာဉ်က ပြင်းထန်စွာ တုန့်ပြန်ခဲ့သည့် အဖြစ်ကို ဝေ့ဝူယင် ပြန်လည် အမှတ်ရ လိုက်၏။ ယွင်ချွဲနှင့် တွေ့ဆုံချိန်တွင်ပင် ၎င်းမှာ ထိုကဲ့သို့ တုန့်ပြန်ခြင်း မရှိခဲ့ချေ။ တုန်ခါမှု တစ်ချို့ ရှိခဲ့သည့်တိုင် အဆိုပါ ပုဂ္ဂိုလ်(ဓားက လိုချင်နေသည့် တစ်ယောက်) အား တွေ့ဆုံစဉ်တုန်းကနှင့် မနှိုင်းယှဉ်သာလောက်အောင်ပင်။

ကောင်းကင် စစ်ဝိညာဉ် နောက်ထပ် မစူးစမ်း နိုင်ခင်မှာပင် ဝေ့ဝူယင်က ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို ထိတွေ့လိုက်၏။ ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းက ထိုအတွင်းသို့ စိမ့်ဝင်သွားသည်။ ဓားမှာ အငမ်းမရပင် ရေဆာနေသည့် လားတစ်ကောင် အလား ဝိညာဉ် အလင်းများကို စုပ်ယူလိုက်သည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ၏ ဧဒင်မူလ အလင်း ရင်းမြစ် တစ်ဝက်ခန့် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင်တော့ ဓားမှာ ရေခဲ အလင်းတန်းများနှင့် လှပစွာ လင်းလက်လာခဲ့လေ၏။ ဓားထဲမှ နေ၍ မျက်လုံးမှိတ်ကာ ထိုင်နေသည့် ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်မှာ အဝတ်အစား ဗလာ နတ္ထိ ဖြစ်ကာ ချောမွေ့၍ အပြစ်အနာအဆာ ကင်းသည့် အသားအရည်ကို ပိုင်ဆိုင်ထားသည်။ သူမထံမှ အလွန်အမင်း လှုံ့ဆော်နိုင်စွမ်း ရှိသည့် ယင်အော်ရာ တစ်ခု ထွက်ပေါ်နေ၏။

ဝေ့ဝူယင်မှာ ပင်းထျန်း၏ မူလရုပ်အမှန်ကို ကြည့်ကာ အလွန်အမင်း အံ့အားသင့် သွားခဲ့သည်။ သူမက မယုံကြည်နိုင်လောက်အောင် လှပလွန်းသည်။ ရုပ်ခန္ဓာအား ပြောင်းလဲရန် သူမ အသုံးပြုခဲ့သည့် ကျင့်စဉ်မှာ ဝိညာဉ် အပေါ် မသက်ရောက်ခဲ့တာ ထင်ရှားပေသည်။

ဖြည်းညင်းစွာပင် ပင်းထျန်း၏ ဝိညာဉ်မှာ မျက်တောင်များကို ခပ်လာခဲ့ကာ မူလ အသိစိတ်ကို ပြန်လည် ရရှိလာခဲ့၏။ သူမ၏ ရေခဲ သလင်းကျောက် အလား လှပလှသည့် မျက်လုံးများ ထွက်ပေါ်လာသော အခိုက်၌ ဝေ့ဝူယင် တစ်ယောက် နောက်တစ်ကြိမ်ပင် ဆွံ့အသွားခဲ့သည်။ ရှောင်ပင်းရော ထိုကဲ့သို့ ဖြစ်လာမည်လော။ သို့တည်းမဟုတ်... ပို၍ လှမည်လော။

“ငါ... ဘယ်မှာလဲ...”

ပင်းထျန်း၏ အသံမှာ နန်းတော် တစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။ အနားရှိ ရေကန်မှာ ချက်ချင်းပင် ရေခဲ အဖြစ် ပြောင်းလဲ သွားခဲ့လေသည်။

“စိတ်ဝင်စားစရာပဲ...”

ဝေ့ဝူယင်က ပင်းထျန်း၏ ဝိညာဉ် အသွင် ကဲ့သို့ သဏ္ဌာန်ကို လေ့လာလိုက်သည်။ သူမထံတွင် ယောက်ျား တကာကို ညှို့ယူနိုင်သည့် ကောက်ကြောင်းများနှင့် အလွန် ဆွဲဆောင်မှု ရှိသည့် အော်ရာတို့ ရှိနေသည့်တိုင် သူ တကယ် အာရုံစိုက်နေတာက သူမ၏ လက်ရှိ ဖြစ်တည်မှု ဖြစ်ပေသည်။

"သူက ပြောင်းလဲခံလိုက်ရပြီ...”

ပိုင်ရှုက ဝမ်းနည်းသည့် အငွေ့အသက်များနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ရေခဲစွမ်းအင်များ ပေါက်ကွဲထွက်လာမှုက ပင်းထျန်း၏ ပြောင်းလဲမှုကို သက်သေပြနေသည်။ သူမက လူသား တစ်ယောက် မဟုတ်ပါတော့ချေ။

ဝိညာဉ်၊ လျှို့ဝှက် ဝိညာဉ်၊ အသိစိတ် ပင်လယ်နှင့် မူလယင်တို့ တစ်ခုတည်း အဖြစ် ပေါင်စည်းသွားခြင်းနှင့် အတူ ပင်းထျန်းမှာ လုံးဝ ခြားနားသည့် သတ္တဝါ တစ်မျိုး အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

၎င်းက ဝေ့ဝူယင် ရင်းနှီးပြီးသား သက်ရှိ အမျိုးအစား တစ်ခု ဖြစ်သည့် ဝိညာဉ်အသွင်နှင့် အလွန် ဆင်တူပေသည်။ သို့သော်လည်း သူမ၏ ဖြစ်တည်မှုမှာ ပိုင်ရှု၊ ကောင်းကင် စစ်ဝိညာဉ်တို့ထက် ဝမ်ယုထျန်းနှင့် ပိုမို၍ နီးစပ်သည်။

ဝမ်ယုထျန်းမှာ လူသား ကျင့်ကြံသူ ဘဝမှ ဝိညာဉ်အသွင် အဖြစ် ပြောင်းလဲ သွားခဲ့သူ ဖြစ်ကာ ပိုင်ရှုနှင့် ကောင်းကင် စစ်ဝိညာဉ်တို့ကတော့ တာအိုဝိညာဉ်နှင့် ဥပဒေသ ဝိညာဉ်မျာ အဖြစ် မွေးဖွားလာခဲ့သူများ ဖြစ်ကြသည်။ သူတို့ သုံးယောက် အကြား၌ အခြေခံ ကွာခြားချက်များ ရှိပေသည်။ အကယ်၍ ဝိညာဉ်အသွင်များ၌ မတူကွဲပြားသည့် မျိုးနွယ်များ ရှိသည် ဆိုလျှင် သူတို့က လုံးဝ ခြားနားသည့် မျိုးစိတ်များ ဖြစ်ပေလိမ့်မည်။

“ရှင်က ဘယ်သူလဲ...”

ပင်းထျန်းမှာ သူမ၏ အရှေ့၌ ရှိနေသည့် ဝေ့ဝူယင်ကို ရှာတွေ့သွားခဲ့၏။ သူမ အသက်ရှူလိုက်တိုင်း ရေခဲ အော်ရာက စည်းချက် ညီညီ ရွေ့လျား နေခဲ့သည်။ ပတ်ဝန်းကျင်မှာ အေးစက်နေပြီ ဖြစ်ကာ နှင်းပွင့် ကျဆင်းတော့မည့် လက္ခဏာများပင် ပေါ်လာခဲ့သည်။

"ကျုပ်က ဂျိုးငှက်နီ မြို့တော်က ဝေ့ဝူယင်ပါ... ခင်ဗျား ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ မှတ်မိလား”

ဝေ့ဝူယင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်ရင်း ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ပင်းထျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို သေချာစွာ စစ်ဆေး နေခဲ့သည်။ ဝေ့ဝူယင်၏ အကြည့်များ အောက်တွင် ပင်းထျန်းမှာ သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။

“ကျွန်မ... ကျွန်မ ဘာဖြစ်ခဲ့တာလဲ...”

သူမက ခေါင်းကိုက်သလို နားထင်ကို လက်ချောင်းများဖြင့် ဖျစ်ညှစ်လိုက်မိသည်။ ရုပ်ခန္ဓာနှင့် ဦးနှောက်တို့ မရှိတော့သည့်တိုင် သူမ၏ အသိစိတ် ပင်လယ်မှာ နဖူးအတွင်း စွဲထင် တည်ရှိနေပေသည်။

“ငါ ဘာဖြစ်ခဲ့တာလဲ...”

“ငါ ဘာဖြစ်ခဲ့တာလဲ...”

“ငါ ဘာဖြစ်ခဲ့တာလဲ...”

မကြာခင်မှာပင် သူမ မှတ်ဉာဏ်များကို ပြန်လည်ကာ ခပ်ရေးရေး ပြန်လည် ပေါ်လာခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားကာ အဂ္ဂိရတ် ဧဒင် အင်အားကို သုံး၍ ထိုဖြစ်စဉ်ကို ကူညီပေးလိုက်သည်။ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားက သူမ၏ မှတ်ဉာဏ်များကို ချိပ်ပိတ်ထားခြင်း ဖြစ်သည်။ အကယ်၍ ယွင်ချွဲသာ ကိုင်တွယ်မည် ဆိုပါက သူမမှာ ယခင် ပင်းထျန်း၏ အရိပ်တစ်ခု သဖွယ်သာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်အသစ်များမှာ ဓား၏ဆန္ဒသာ ဖြစ်ပေလိမ့်မည်။ ထိုအရာက သေတာထက် ပိုမို ဆိုးရွားသည့် ကံကြမ္မာမျိုး ဖြစ်ပေသည်။

“သူက နင့်အတွက် ယင်မီးဖို ဖြစ်လာဖို့ သင့်တော်တယ်”

ကောင်းကင် စစ်ဝိညာဉ်က ထောက်ပြလိုက်၏။ ပင်းထျန်း၏ လက်ရှိ ဝိညာဉ် အသွင် ကဲ့သို့ ခန္ဓာကိုယ်မှာ လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေတို့ ပေါင်းစပ် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ် ဖြစ်သည်။ ထို့အပြင် သူမထံတွင် အခြား ကျင့်ကြံခြင်း အခြေခံများနှင့် မူလယင် ရင်းမြစ်လည်း ကျန်ရှိနေပေသေးသည်။ သို့ဖြစ်လေရာ... သူမမှာ ယင်မီးဖို ဖြစ်လာဖို့ ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။

“တွေဝေ မနေနဲ့...”

ကောင်းကင် စစ်ဝိညာဉ်က ထပ်မံ၍ တိုက်တွန်းလိုက်၏။ ပင်းထျန်း ကဲ့သို့ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ တန်ဖိုးကို သူမ သိသည်။ ထို့အပြင်... ပင်းထျန်းမှာ သာမန် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ပင် မဟုတ်ချေ။ မူလယင်ကို အားဖြည့်ပေးနိုင်သည့် ပြိုင်စံရှား နည်းလမ်း တစ်ခုကို ကျင့်ကြံထားသူ ဖြစ်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ထောင်တွင် သူမလိုလူမျိုး ရဖို့ ခက်ခဲလှသည်။

ဝေ့ဝူယင်မှာ ကောင်းကင် စစ်ဝိညာဉ်၏ စကားကို လျစ်လျူကာ ပင်းထျန်းကိုသာ ဆက်လက် ကူညီပေးနေခဲ့၏။ နှစ်ပေါင်းထောင်ချီ မှတ်ဉာဏ်များကို ပြန်လည် ဖော်ထုတ်ရသည်မှာ စွမ်းအင် အကုန်အကျ များသလို အချိန်ယူရသည့် ဖြစ်စဉ် တစ်ခုလည်း ဖြစ်သည်။ တစ်နာရီ တင်းတင်းခန့် ပြည့်ပြီးနောက်မှ ပင်းထျန်း၏ ရေခဲ မျက်လုံးများမှာ ဉာဏ်ရည်ဉာဏ်သွေး၊ အံ့သြ ထိတ်လန့်မှု၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်လာခဲ့တော့၏။

“ငါ အသတ်ခံလိုက်ရတာ...”

ပင်းထျန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမက မျက်လုံးများကို ဖြည်းညင်းစွာ ပင့်တင်ရင်း အရှေ့ရှိ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ လူငယ်၏ အကြည့်များက တည်ငြိမ်နေပေသည်။ ယခု သူမမှာ သူ မည်သူ ဖြစ်ကြောင်း မှတ်မိသွားခဲ့ပြီ ဖြစ်သည်။ မည်ကဲ့သို့ မမှတ်မိပဲ နေမည်နည်း။ လူငယ်၏ ချောမောသည့် ရုပ်ရည်မှာ တစ်ခါမြင်ရုံနှင့် တစ်သက်လုံး စွဲထင်နေမည့် ရုပ်ရည်မျိုး ဖြစ်သည်။

"ဝေ့ဝူယင်...”

***

All Chapters