← Chapters

ကျိုးပျက် သစ္စာ

Vol. 26 Ch. 376

ကျိုးပျက် သစ္စာ

Vol. 26 Ch. 376

ဆန်နီ အချက်အလက်ဇယားကို ထုတ်ဖော်ကြည့်လိုက်ပြီး..ရင်းနှီးတဲ့ စာသားတွေကို ကြည့်လ်ိုက်တယ်။

မှတ်သားမူ များ : [ ငွေရောင် ခေါင်းလောင်း ] [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] [ သာမန်ကျောက်တုံး ] [ သုံးမြောင့် ဆူးချွန် ] [ အဆုံးမရှိ စမ်းချောင်း ] [ သွေးပန်းပွင့် ] [ အနက်ရောင် တောင်ပံ ] [ လရောင် အမြုတေ ] [ မ....အန် ...ရှေးဟောင်း ] [ ဝီဗာရဲ့ မျက်နှာဖုံး ] [ ကျိုးပျက် သစ္စာ ]

နောက်ဆုံးတစ်ခုဖြစ်တဲ့ [ ကျိုးပျက် ကျိန်စာ ] က မေ့ပျောက်ကုန်းမြေပေါ်က သူရဲကောင်း ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အရှင်သခင် ဆီကနေ ရခဲ့တာပါ။သန္တာကျောက် ဂိုလမ်က ..နိုးထမူအဆင့် မွန်းစတား အဖြစ် ပြောင်းလဲသွားခဲ့ပေမယ့်လည်း ဆန်နီဟာ ဒီ မှတ်သားမူ အပေါ်မှာ အများကြီး မျှော်လင့်ထားပါတယ်။

သို့ပေမယ့်..သူ ဒီအပေါ်မှာ အာရုံမစိုက်ထားနိုင်ခင်မှာပဲ..ဆန်နီဟာ သူ့ရဲ့ ကျန်တဲ့ လက်နက်တွေကို ကြည့်လိုက်တယ်။

'တစ် , နှစ် , သုံး....'

ဆယ်နှစ်။တစ်နှစ်ပတ်လုံး အဆက်မပြတ် တိုက်ပွဲတွေ ၊ သွေးထွက်သံယို တွေ ကြုံတွေ့ခဲ့အပြီးမှာ သူက မှတ်သားမူ ၁၂ ခု ပဲ ရရှိခဲ့ပါတယ်။ဒါပေါ့..တကယ်လို့ သူသာ သူတော်စင်ကို ကျွေးမွေးခဲ့ရတာ မဟုတ်ဘူးဆိုရင် ဒီထက်ပိုပြီး ရှိနိုင်ပါလိမ့်မယ်။ဒီ စကားမပြောတဲ့ သတ္တဝါကလည်း..အရိပ်အပိုင်းအစ ၂၀၀ ပြည့်မြောက်ဖို့ဆိုရင်..အရင်းအမြစ် အများကြီးလိုအပ်ပါသေးတယ်။ဒါက သူ့ရဲ့ ပန်းတိုင်တွေထဲက တစ်ခုပါပဲ။

ဒါကြောင့်သာ မဟုတ်ရင် သူက တကယ်ကို ကြီးမားတဲ့ အကျိုးအမြတ်ကို ရနေလောက်ပါပြီ..။ဆရာဂျူလီယက် သူ့ အတွက် စီစဥ်ပေးထားတဲ့ အမှတ်တွေနဲ့တင် ဆန်နီက သူ့ကိုယ်သူ ချမ်းသာနေပြီလို့ သတ်မှတ်ထားခဲ့တာပါ။တကယ်လို့ သူ့မှာသာ ရောင်းချဖို့ မှတ်သားမူ တစ်ဒါဇင် ၊ နှစ်ဒါဇင် လောက် ရှိနေမယ် ဆိုရင် ချမ်းသာ ယုံတင်မကပဲ..သူဌေးတစ်ယောက်ပါဖြစ်လာနိုင်လောက်ပါတယ်။

တကယ်လို့ သူသာ ဆန္ဒရှိမယ် ဆိုရင်..အိမ် အနည်းငယ် ဝယ်ယူနိုင်တဲ့အထိ။

သူ တစ်ချို့ကိုတော့ ရောင်းချနိုင်လောက်ပါသေးတယ်။

သူ့ရဲ့ အယုံကြည်ရဆုံး လက်နက်နဲ့ ပစ္စည်း တွေကို ကြည့်ရင်း ဆန်နီ တွေဝေနေခဲ့တယ်။

အခုချိန်မှာ သူက တစ်နေရာကနေ တစ်နေရာကို ခုန်ကူးဖို့ အရိပ်ခြေလှမ်းကို အသုံးပြုလ်ို့ ရနေပြီဖြစ်တာကြောင့်..သူ့ရဲ့ ရွေ့လျားနိုင်စွမ်းကို အရမ်းကြီး မြင့်တင် နိုင်ဖို့ မလိုအပ်တော့ပါဘူး..။ဒီတော့ ..သုံးမြှောင့်ဆူးချွန် နဲ့ အနက်ရောင် တောင်ပံတို့က လေလံတင်ဖို့အတွက် အကောင်းဆုံး မှတ်သားမူ တွေပါ...အဲလို ဖြစ်နိုင်မလား..။သူတို့ကလည်း သူ့ဟာ နဲ့သူ အသုံးဝင်ကြပါသေးတယ်။

ကျန်တဲ့ အရာတွေကတော့ ရောင်းချဖို့အတွက် သူ စိတ်ကူးကြည့်လို့တောင် မရနိုင်ပေ..။အနည်းဆုံးတော့..တူညီပြီး..ပိုကောင်းမွန်တဲ့ ..တစ်ခုကို ထပ်မရသေးခင်မှာပါ..။သိပ်ပြီး အသုံးမဝင်ဘူးလို့ ထင်ရတဲ့ ငွေရောင် ခေါင်းလောင်းတောင်မှ..သံယောဇဥ် တွယ်မိတဲ့ တန်ဖိုးတစ်ခုတော့ ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခေါင်းလောင်းလေးက သူပထမဆုံး ရရှိဖူးတဲ့ မှတ်သားမူ ပါ။ပြီးတော့ သူ့ရဲ့ ဖော်ပြချက်က..အတော်လေး..ဒါက သူ့ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ တစ်ခုခုလိုပါပဲ..။

'ချီးပဲ..ငါက လှုံ့ဆော်တဲ့ ဆေးကို အသုံးပြုထားတာကို..။ဘာလို့ ငါ့စိတ်တွေက ပြန့်ကျဲလာရတာလ​ဲ.."

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ မှတ်သားမူ အသစ်ကို အာရုံစိူက်ိထားလိုက်တယ်။

မှတ်သားမူ : [ ကျိုးပျက် သစ္စာ ]

မှတ်သားမူ အဆင့် : [ နိုးထမူ ]

မှတ်သားမူ သတ်မှတ်ချက် : l

မှတ်သားမူ အမျိုးအစား : အဆောင်

သူ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်။

' ထီပေါက်တာပဲ...'

နောက်ထပ် အဆောင်တစ်ခု...ဒီလို ကံတရား ! စိတ်လှုပ်ရှားမူ ...

ဆန်နီ ထပ်ဖတ်လိုက်တယ်။

မှတ်သားမူ ဖော်ပြချက် : [ သူတို့က ကျိန်စာကို ဖျက်ဆီးရန် သိုမဟုတ် ကျိန်စာရဲ့ စားသုံးခြင်းအောက်မှာ ကျရှုံးရန် ဆိုးဝါးတဲ့ သစ္စာကို ဆိုခဲ့ကြသည်။သစ္စာကို ချိုးဖောက်သူများမှာ ကျိန်စာ၏ ဝါးမြို ခြင်းကို ခံခဲ့ကြရပြီး..ကျိန်စာ၏ ဝါးမြိုခြင်းကို ခံကြရသူများသည် ..သစ္စာ ကျိုးပျက်ခဲ့ကြသည်။အဆုံးမှာတော့ သူတို့၏ ကတိသစ္စာကနေ မည်သူမျှ မလွတ်မြောက်နိုင်ခဲ့ကြပေ.. ]

'ဟင်...စိတ်ပျက်စရာပဲ...။ငါထင်တာက..ငါထင်တာက ဒီလိုကနေ ​ကြေးခွံသားရဲ ခေါင်းဆောင်တွေ မွေးဖွားလာကြတာလား..'

သူ နောက်ထပ် စာသားတွေကိုကြည့်လိုက်တယ်။

မှတ်သားမူ တိုးမြင့်ချက်များ : [ သစ္စာချိုးဖျက်သူ ]

တိုးမြင့်မူ ဖော်ပြချက် : [ ကျိုးပျက် သစ္စာသည် ..အနားသို့ နီးကပ်လာသည့် ဝိဥာဥ် တိုင်းကို ခြောက်ခြားစေသည် ]

ဆန်နီ ခနလောက် အသက်ကို အောင့်ထားခဲ့တယ်။

' ဝိဥာဥ် တိုက်ခိုက်မူ '

အိပ်မက်ဆိုး သတ္တဝါ တွေ နဲ့ နိုးထသူ တွေဟာ သူတိူ့ရဲ့ ရန်သူကို ဖျက်ဆီးဖို့ အတွက် နည်းလမ်းတွေ အများကြီး ရှိကြပါတယ်။ကီနီတစ် ထိခိုက်မူ - ရိုးရှင်စွာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူ လို့ ခေါ်ဆိုကြ - တဲ့ အရာက အသုံးအများဆုံး ဖြစ်ပေမယ့် တစ်ခြား နည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ဒီ နည်းလမ်းတွေ ကြားထဲမှာမှ စိတ်ဝိဥာဥ် တိုက်ခိုက်မူ ဆိုတာက အရှားပါးဆုံး နဲ့ ကာကွယ် ရ အခက်ခဲဆုံးပါ..။

ရန်သူရဲ့ ဝိဥာဥ် ကို တိုက်ရိုက်တိုက်ခိုက် နိုင်စွမ်း ရှိတဲ့ ဝိဥာဥ် ရိတ်သိမ်းသူ ဂျက် က အရမ်းကို ကြောက်ဖို့ ကောင်းနေတာ တိုက်ဆိုင်မူတစ်ခု မဟုတ်ပေ..။

ပြီးတော့ အခုလည်း ဆန်နီ ရဲ့ လက်နက်တိုက်ထဲမှာ စိတ်ဝိဥာဥ် ကို တိုက်ခိုက်နိုင်တဲ့ အရာတစ်ခု ရောက်နေခဲ့ပါပြီ..။

သို့ပေမယ့်..ပြသနာ တစ်ခုက ရှိနေပြန်သေးတယ်..

'ခနလေး..အနားကို ကပ်လာတဲ့ ဝိဥာဥ် တွေကို တိုက်စားနိုင်တာလား..။ဒါက ငါ့ကိုရော သက်ရောက်နိုင်လောက်လား..'

သူ့ မျက်နှာပေါ်မှာ ရှုပ်ထွေးမူတွေ ပေါ်လာခဲ့တယ်။

ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ သင်ပြင်းချလိုက်ပြီး..မှဆ်သားမူကို ထုတ်ယူလိုက်ပါတယ်။

မကြာခင်မှာပဲ ကြက်သွေးရောက် သန္တာကျောက်နဲ့ ပြုလုပ်ထားတဲ့ တောက်ပတဲ့ ကျောက်မျက်လေး တစ်ခုက သူ့ရဲ့လက်ထဲမှာ ပေါ်လာခဲ့တယ်။ခနအကြာမှာတော့..သူက ရုတ်တရက် ..တုန်လှုပ်ပြီး ညဥ်းညူလိုက်ရပါတယ်။

ကျိုးပျက် သစ္စာ ပေါ်လာတာနဲ့ သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ မအီမသာ ခံစားချက်တွေ ပေါ်လာခဲ့တယ်။ဒါက တစ်စုံတစ်ယောက်က သူ့ အသက်စွမ်းအင်တွေကို စုပ်ယူနေသလို ခံစားရပြီး..ဒါတင်မကသေးပဲ..အားနည်း လာတာကို ခံစားမိပါတယ်။

အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ အရိပ်တွေက တုန်လှုပ်ပြီး တုန့်ပြန်နေကြကို မြင်နေရပါတယ်။ဒေါသကြီးတဲ့ အရိပ်ဟာ သူ့ကို ဒေါသတကြီး ကြည့်နေပြီး..သူ့ရဲ့ လက်တွေကို လေထဲမှာ ဝေ့ယမ်းနေခဲ့တယ်..။နှစ်လိုဖွယ်အရိပ်ကတော့ သူ့ကိုယ်သူ သနားစရာ ကောင်းစွာ ဖက်ထားပြီး လမ်းလျောက်နေခဲ့ပါတယ်။

'သောက်ကျိုးနဲပဲ..'

သူက ဒီကျောက်မျက်လေးက လှုပ်လွှတ်ပေးနေတဲ့ ခံစားချက်ကို ကောင်းကောင်း မှတ်မိပါတယ်။ဒါက သူ သန္တာဂိုလမ် နဲ့ တိုက်ခိုက်တုန်းက..ခံစားရပြီး သူ့ကိုယ် အားနည်းစေခဲ့တဲ့ အော်ရာ နဲ့ တစ်ထပ်တည်းပါပဲ..။ပြီးတော့ ဒါက နေလုံးအတု ရဲ့ ဝိဥာဥ် တိုက်ခိုက်မူဗားရှင်း ဆိုရင့်လည်း မမှားပါဘူး။

ဆန်နီ အံကိုကြိတ်ထားပြီး ကျိုးပျက်သစ္စာ ကို အထဲပြန်ထည့်လိုက်တယ်။ဒီဟာ ပျောက်ကွယ်သွားတဲ့ အချိန်မှ သူက လွတ်လွတ်လပ်လပ် ပြန်အသက်ရူ လို့ ရပါတယ်။

' အမှိုက်ပဲ '

ဒါက တကယ်ကို ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးပါ။ဒါက ရန်သူ တွေကို တင်မကပဲ သူ့ကိုယ်တိုင်ကိုပါ ဒုက္ခ ပေးနေမယ် ဆိုရင် ဆန်နီ သူ့ရဲ့ မှတ်သားမူ အသစ်ကို ဘယ်လို အသုံးပြုရတော့မှာလဲ..။ဒီအရာကို မြေကြီးပေါ်မှာချထား ၊ အရိပ် ခြေလှမ်းနဲ့ အဝေးကို ရုတ်တရက် ထွက်ပြေး ပြီး..အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ထားရမှာလား...

ဆန်နီ တိတ်တဆိတ် ထိုင်ပြီး တွေးတောနေခဲ့တယ်။ယင်းနောက် သူ့မျက်နှာပေါ်မှာ စမ်းသပ်လိုတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။

'ခနလေး...ဒါက အလုပ်ဖြစ်လောက်တယ်..ဟုတ်တယ်မလား..'

သူက ဝိဥာဥ် ဖျက်ဆီးတဲ့ ကျောက်မျက်ရဲ့ ဖော်ပြချက်တွေကို ထားခဲ့လိုက်ပြီး..သူ့ရဲ့ သစ္စာရှိ အရိပ် နတ်မိစ္ဆာ ရဲ့ ဖော်ပြချက်တွေကို ကြည့်လိုက်တယ်။

အရိပ် : [ မာဗယ် သူတော်စင် ]

အရိပ် အဆင့် [ နိုးထမူ ]

အရိပ် အမျိုးအစား : နတ်မိစ္ဆာ

အရိပ် စွမ်းရည် : [ တိုက်ပွဲ မာစတာ ] [ အားထားရသူ ]

[ နတ်ဘုရား အမှတ်အသား ]

အရိပ် စွမ်းဆောင်နိုင်မူ : [ လက်နက်သူတော်စင် ] [ မြေအောက်ကမ္ဘာ လက်နက် ]

အရိပ် အပိုင်းအစ : [ 80 / 200 ]

သူက [ မြေအောက်ကမ္ဘာ လက်နက် ] စွမ်းရည်ကို အာရုံစိုက်ပြီး ဖတ်လိုက်တယ်။

[ အရိပ်သူတော်စင်၏ အကာကွယ်တွင် မှတ်သားမူ အဆောင်ကို တပ်ဆင်ပြီး သူ့ရဲ့ တိုးမြှင့်မူများကို မြင့်တင်ပေးနိုင်သည် ]

သူ့ အပြုံးက ကြီးမားလာခဲ့တယ်။

'ကောင်းတယ်..ဒါက ပထမဆုံးအ ပိုင်းပဲ..'

အပေါ်ကို ထပ်ပြီးကြည့်လိုက်တဲ့ အချိန်မှာတော့ သူက နောက်ထပ် စာသားတွေကို တွေ့လိုက်ရတယ်။

စွမ်းရည် : [ အားထားရသူ ]

စွမ်းရည် ဖော်ပြချက် : [ ကျောက်တုံးသူတော်စင်ဟာ ထိခိုက်မူ များကို ခုခံနိုင်စွမ်းရှိပြီး အလားတူစွာပဲ..စိတ်နှင့် ဝိဥာဥ် တိုက်ခိုက်မူ များကို အပြည့်အဝ လွတ်မြောက်ထားသူ ဖြစ်သည် ]

စိတ်နဲ့ ဝိဥာဥ် တိုက်ခိုက်မူ တွေကနေ အပြည့်အဝ ကင်းလွတ်ထားတာ...

'ဟုတ်ပြီ '

ဆန်နီ ကျေနပ်စွာ သက်ပြင်းချလိုက်တယ်။ကျိုးပျက်သစ္စာက သူ့အတိုင်းဆိုရင် အသုံးမဝင်ဖြစ်နေပေမယ့် သူတော်စင်ရဲ့ အထူးစွမ်းရည် တွေနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် သူ့ရဲ့ အရိပ်ကို ပ်ိုပြီး ကြောက်ဖို့ကောင်းလာစေမှာပါ။

ဘာလို့လဲဆိုတော့ သူတော်စင်က အထူး နတ်မိစ္ဆာ အမျိုးအစား ဖြစ်နေလို့ပါပဲ..။သူမရဲ့ စိတ် ၊ ဝိဥာဥ် နဲါ စိတ်ဆန္ဒတွေ , သူမရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ အရိပ်က လုံးဝ ဖြိုခွင်းလို့ မရတဲ့ အရာဖြစ်နေလို့ပါ။

သူမရဲ့ အကာအကွယ် အတွင်းမှာ ကြက်သွေးရောက် ရတနာကို ထည့်သွင်းထားတဲ့ အချိန်မှာ သူက အနားမှာ ရှိမနေဖို့ပဲ လိုအပ်ပါတယ်။

ခက်ခဲပေမယ့် လုပ်နိုင်လောက်တယ်။

ပြီးတော့ အကာအကွယ်အကြောင်းပြောရရင်..

သူက သူ့ရဲ့ မှတ်သားမူ တွေကို ရှာဖွေမူ အခုထိ မလုပ်ရသေးပေ..။

တကယ်တော့ သူက အကောင်းဆုံးကို နောက်ဆုံးမှာ ချန်ထားခဲ့တာပါ။

တောက်ပနေတဲ့ စာသားတွေကိုကြည့်ပြီး ဆန်နီဟာ ထူးခြားတဲ့ စာသားလေးကို အာရုံစိုက်လိုက်တယ်။ဒါက ပျက်ဆီးပြီး မပြည့်စုံတဲ့ အရာတစ်ခုကပါ။

မှတ်သားမူ : [ အမ်..အန် ...ရှေးဟောင်း ]

အခုသူက နိုးထသူ ဖြစ်လာပြီဖြစ်တာကြောင့် စတိဗ် ဆီကနေ ဝိဥာဥ် အမြုတေ အများအပြားနဲ့ ဝယ်ထားတဲ့ မဟူရာ အကာကွယ်ကို ပြန်လည် ပြုပြင်နိုင်ပါပြီ။

အဆင့်ခြောက် တက်ရောက်မူ အကာအကွယ်က သူ ပိုင်ဆိုင်ထားသမျှ ထဲမှာ အသန်မာဆုံး မှတ်သားမူ ပါပဲ..။

ဒါမှမဟုတ်..မြင်ဖူးသမျှ ထဲမှာတောင်မှ...

[ အမ် အန် ရှေးဟောင်း ] ကို ထုတ်ဖော်ရင်း ဆန်နီဟာ သူ့ရဲ့ ကြွက်သားတွေကို အားစိုက်ထုတ်ကာ ရှေ့ဘက်က ကြမ်းပြင်ပေါ်ကို ချလိုက်တယ်။အခု နိုးထသူ ဖြစ်လာတာတောင် ကျောက်တုံးမှတ်သားမူရဲ့ အလေးချိန်က အရိပ်တွေရဲ့ အားဖြည့်မူ မပါပဲ သူ အလွယ်တကူ မ နိုင်တဲ့ အရာမဟုတ်ပါဘူး..။

.

ဆန်နီ အနည်းငယ် လေးလံစွာ အသက်ရူလိုက်ပြီး ပျက်ဆီးနေတဲ့ မှတ်သားမူကို လေ့လာလိုက်တယ်။

ရှေးဟောင်းအကာအကွယ် ချပ်ပြားတွေက အနက်ရောင် တွေပါ..။သူ့ရဲ့ ဒီဇိုင်းက ရှုပ်ထွေးပြီး ကြည်နူးဖို့ကောင်းကာ..မှောင်မိုက်တဲ့ စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ကျေဇူးတရားကို ထုတ်လွတ်နေခဲ့တယ်။သူ့ရဲ့ မျက်နှာပြင်က ..ကျရောက်လာတဲ့ အလင်းရောင်တိုင်းကို စုပ်ယူပစ်နိုင်သလိုပါပဲ..။အစိတ်အပိုင်းအားလုံးက တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်နေပြီး..သံမဏိ အတားအဆီး တစ်ခု ဖြစ်ပေါ်နေခဲ့ပါတယ်။

ကောင်းပြီ..အခုထိ သံမဏိ မဟုတ်သေးဘူး..။ကျောက်တုံး..။

ရှေးဟောင်း အကာအကွယ်က သူတော်စင် ဝတ်ဆင်ထားတဲ့ အင်္ကျီ တစ်ထည်လို ဖြစ်နေပြီး..အခု အရိပ်က နတ်မိစ္ဆာဖြစ်လာတဲ့ အချိန်မှာ သူတို့က ပိုတောင် ဆင်တူလာပါသေးတယ်။မဟူရာ အကာအကွယ်က ပိုပြီး အထင်ကြီးစရာ ကောင်းလာခဲ့တယ်။ဒါက အဆင့်အတန်း ပိုမြင့်တဲ့ သက်ရှိ အတွက် ဖန်တီးထားသလိုပဲ..။

ဒါက ကျောက်တုံးသူတော်စင် ဝင်ဆင်ထားတဲ့ အကာအကွယ်နဲလ အတော်လေးကို ဆင်တူနေပြီး ကျောက်တုံးအစစ်ကနေ အံ့ဩစရာ ကျောက်သတ္တုစပ် အဖြစ်ကို ပြောင်းလဲသွားသလိုပါပဲ..။

သို့ပေမယ့်..သူ့ရဲ့ မှော်လှိုင်းတွေ ထိခိုက်ထားတာကြောင့်..အလုပ်လုပ်နိုင်ခြင်း မရှိသေးပေ..။ဒါကို ပြုပြင်နိုင်ဖို့ ဆ်ိုရင်..ကျိုးပျက်နေတဲ့ မှတ်သားမူရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းတွေကို အဆီအနှစ်တွေ လောင်းထည့်ပြီး အသက်သွင်းပေးရပါလိမ့်မယ်။ဒါကို မေ့ပျောက်ကုန်းမြေပေါ်က ဘယ်သူမှ မလုပ်နိုင်ခဲ့ကြပေ။

သို့ပေမယ့် အခုတော့ အရာရာ ခြားနားသွားခဲ့ပါပြီ။

အခုချိန်မှာ ဆန်နီက နိုးထသူတစ်ယောက် ပါ။သူက အရိပ်အဆီအနှစ်တွေ စီးဆင်းမူကို ထိန်းချုပ်နိုင်ယုံတင်မကပဲ..သူ့ကို လမ်းပြပေးမယ့် ဝိဥာဥ် မြွေ ပါရှိနေပါသေးတယ်။

သူ့ရဲ့ လက်တွေကို အေးစက်တဲ့ မဟူရာ ရင်အုပ်ကာ ချပ်ဝတ်ပေါ်မှာ တင်ထားလိုက်ရင်း..ဆန်နီ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။

ပြီးတာနဲ့ အဆီအနှစ်တွေကို မဟူရာ အကာအကွယ်ထဲကို ထည့်သွင်းလိုက်ပါတယ်။

All Chapters