မြေအောက် ကမ္ဘာရဲ့ ဝတ်လုံတော်
Vol. 26 Ch. 377
အရိပ် အဆီအနှစ် တွေဟာ..ရစ်ခွေနေတဲ့ ဝိဥာဥ်မြွေအတိုင်း စီးဆင်းကာ..သူ့ရဲ့ ဘယ်ဘက်လက်ထဲကို ရောက်သွားပြီးနောက်..အေးစက်တဲ့ မဟူရာရောင် ချပ်ဝတ်ထဲကို ဝင်ရောက်သွားခဲ့တယ်။ဒီစွမ်းအင်တွေက သူ့ရဲ့ ခန္တာကိုယ် ထဲကနေ တဆင့် ကျောက်တုံး အကာအကွယ် ထဲကို ဝင်ရောက်သွားတဲ့ အချိန်မှာ ဘာခုခံ မူကို မှ မရင်ဆ်ိုင်တွေ့ခဲ့ရပါဘူး။ဘာပဲဖြစ်ဖြစ် ဒီ အကာအကွယ်က သူ့ရဲ့ မှတ်သားမူ ဖြစ်တာကြောင့် သူ့ ဝိဥာဥ် ရဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ရပါတယ်။
စွမ်းအင် လှိုင်းတွေဟာ ရှေးဟောင်းလက်နက်ဆီကို ဖြတ်သန်း စီးဆင်းသွားပြီး သူ့ရဲ့ ညာဘက်လက်ကနေ တဆင့် ခန္တာကိုယ်ထဲကို ပြန်လည် ဝင်ရောက်လာခဲ့တယ်..။မကြာခင်မှာပဲ..တည်ငြိမ်တဲ့ လှည့်ပတ်မူ တစ်ခုဖြစ်ပေါ်လာခဲ့ပြီး..အရိပ်အဆီအနှစ် တွေရဲ့ အဆက်အပြတ် စီးဆင်းမူက..ဆန်နီကိုယ်တိုင် နဲ့ မဟူရာ အကာအကွယ် နှစ်ခုလုံးအတွင်းမှာ ဖြစ်ပေါ်နေခဲ့ပါတယ်။
ဒါက ထူးဆန်းတဲ့ ခံစားချက်တစ်မျ်ိုး ပါ...။နူးညံ့သိမ်မွေ့ တဲ့ မြစ်ကြီးတစ်စင်းက သူ့ ခန္တာကိုယ်ထဲမှာ ဖြတ်သန်း စီးဆင်းနေသလို ခံစားနေခဲ့ရပြီး..အဆုံးမရှိ လည့်ပတ် ရွေ့လျားနေသလိုပါပဲ။
မကြာခင်မှာပဲ မဟူရာ အကာအကွယ်က ..အရိပ်အဆီအနှစ် တွေနဲ့ ပြည့်နှက်လာခဲ့တယ်။ဆန်နီ ကြည့်နေတုန်းမှာပဲ..ဒါက ဖြည်းညှင်းစွာ ပြောင်းလဲလာခဲ့ပါတယ်။
ဒါက ကျောက်တုံးသူတော်စင် နဲ့ သူမရဲ့ လက်နက်တွေရဲ့..အခြေခံ တုန့်ပြန်ပုံ အတိုင်း တစ်ထပ်တည်းပါပဲ..။ဒီ မှတ်သားမူကလည်း သူတို့နဲ့ တူညီတဲ့ မူလအရင်းမြစ်ကနေလာခဲ့တာဖြစ်ပြီး နှစ်ခုစလုံးက..ထူးဆန်းတဲ့ သက်ရှိ ကျောက်တုံးတွေကနေ ပြုလုပ်ထားခဲ့ပါတယ်။ဝိဥာဥ် စွမ်းအင်တွေ စိမ့်ဝင်သွားတဲ့ အချိန်မှာ ကျောက်တုံးသူတော်စင်ရဲ့ ခန္တာကိုယ်က ကျောက်တုံးနဲ့တူတဲ့ ကြည်လင်တဲ့ အရည်ပြားအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။သူမရဲ့ လက်နက်တွေကတော့ ကျောက်တုံးနဲ့တူတဲ့ သံမဏိ တွေလိုပါပဲ..။
ဆန်နီ ဒီအရာကို သိနေတယ် ဆ်ိုတာက..မူလ ကျောက်တုံးသူတော်စင်နဲ့ သူမရဲ့ စစ်သည်တော် တွေက..သံပင့်ကူတွေရဲ့ တိုက်ခိုက် ဖျက်ဆီးမူ ခံခဲ့ရတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာကြောင့်ပါ။ဖျက်ဆီးခံရပြီး နောက်မှာ သက်ရှိကျောက်တုံးတွေက မတုန်လှုပ်တဲ့ အနက်ရောင် ကျောက်တုံးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
မှတ်သားမူက သူ့ မျက်လုံးတွေ ရှေ့မှာတင်ပဲ ပြောင်းလဲနေခဲ့တယ်..။မကြာခင်မှာပဲ..သူ့ရဲ့ ကြည်လင်နေတဲ့ အနက်ရောက် မျက်နှာပြင်ဟာ..ထိတွေ့မူ အာရုံ ပြောင်းလဲလာခဲ့ပါတယ်။ပိုအေးစက် ၊ ပို တောက်ပ ၊ ပိုခံနိုင်ရည် ရှိလာပြီး..ကျောက်တုံးဆိုတာထက်..သတ္တု နဲ့တောင် ပိုတူညီလာခဲ့ပါပြီ။
အသက်ဝင်နေတဲ့ အကာအကွယ် ဟာ..သူ့ရဲ့ ပုံစံ အမှန်ကို ရောက်သွားခဲ့တယ်။
'ပြီးတော့..အခု ပိုပြီး အရေးကြီးတာက...'
ဆန်နီ ရဲ့ အကြည့်က အနက်ရောင် သတ္တု အတွင်းကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး..သူ့အောက်မှာ ရှိနေတဲ့..နူးညံ့သိမ်မွေ့တဲ့ ရက်လုပ်မူတွေ ဆီကို ရောက်သွားခဲ့တယ်။ဒီ စိန်ကြိုးမျှင် တွေရဲ့ တည်ရှိမူ ပုံစံက သူ မြင်တွေ့ဖူးသမျှ ထဲမှာ အရှုပ်ထွေးဆုံးနဲ့ အကျယ်ပြန့်ဆုံးပါပဲ..။ဒါပေါ့..ဝီဗာ ရဲ့ မျက်နှာဖုံးတော့ မပါဝင်ပါဘူး..။
အဲ့ဒီ မှတ်သားမူကို တော့ ဘယ်အရာကမှ နှိုင်းယှဥ်လို့ မရနိုင်ပေ..။
မဟူရာ အကာအကွယ် ထဲမှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ အလင်းတန်းလေးတွေ ရဲ့ မီတွယ်ရာ အဖြစ် တောက်ပတဲ့ မီးခဲ ခြောက်ခု ရှိနေခဲ့တယ်။
...သို့ပေမယ့် ရက်လုပ်မူတွေက ထိခိုက်ခံထားရပြီး ဗရမ်းဗတာ ဖြစ်နေခဲ့ပါတယ်။ထောင်နဲ့ချီတဲ့ ကြိုးတွေဟာ တွန့်ကြေနေခဲ့ပြီး..ကျန်တဲ့ ပုံစံ ဒီဇိုင်းတွေနဲ့ ဆက်နွယ်ခြင်းမရှိပဲ..သူ့ရဲ့ စီးဆင်းမူ နဲ့ လောဂျစ်ကို ဆန့်ကျင်နေခဲ့ပါတယ်။ဒါကြောင့်ပဲ အရင်က အကာအကွယ်ဟာ သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်နိုင်စွမ်း မရှိတော့တာပါ..။ဒါက အဆီအနှစ် တွေနဲ့ ပြည့်ဝစေကာ..အသက်မရှိတဲ့ ကျောက်တုံးကနေ..ကိုယ့်ကိုကို ပြန်လည် ပြင်ဆင်နိုင်စွမ်းရှိတဲ့ မှော်စွမ်းအင် မှတ်သားမူ အဖြစ် ပြန်လည်ပြောင်းလဲဖို့ လိုအပ်နေခဲ့ပါတယ်။
ပြီးတော့ အခု ဒီလို ဖြစ်သွားခဲ့ပြီး..။
အံ့ဩ နေတဲ့ မျက်နှာအမူအရာနဲ့ အတူပဲ..ဆန်နီဟာ မှော်စွမ်းအင် လှိုင်းတွေက သူ့ကိုယ်သူ ပြန်လည်ပြုပြင်နေတာကို ကြည့်နေခဲ့တယ်။စိန်ကြိုးတွေက..ယခင်က သူတို့နဲ့အတူ ကစားနေတဲ့ မမြင်ရတဲ့လေထုတွေကို ဆန့်ကျင်ကာ ရွေ့လျားနေခဲ့ကြတယ်။ပျက်ဆီးနေတဲ့ အစွန်းများက ပြန်လည်စုဖွဲ့လာခဲ့ပြီး..ကွဲထွက်နေတဲ့ ကြိုးတွေက..ကျန်တဲ့ ပုံစံခွက်တွေနဲ့ နောက်တစ်ကြိမ် ပြန်လည် ချိတ်ဆက်လာကြပါတယ်။
မရေမတွက်နိုင်လောက်တဲ့ နူးညံ့တဲ့ ကြိုးတွေဟာ တစ်ညီတစ်ညွတ် တည်း ရွေ့လျားနေကြပြီး..သူတ်ို့ရဲ့ လှုပ်ရှားမူ တွေမှာ ထူးဆန်းတဲ့ သဟဇာတ ဖြစ်မူ ၊ ကျတ်သရေ ရှိမူတွေ ပြည့်နှက်နေခဲ့တယ်။အရမ်းက်ိုလှပတဲ့ ရက်လုပ်ထားမူတွေက သူ့ဟာသူ ပြန်လည် ပြုပြင်နေတာကို ကြည့်ရတာ..ဆန်နီ အတွက် အတော်လေးကို စိတ်ကျေနပ်မူ ဖြစ်ပေါ်စေပါတယ်။သူ ပြုံးလ်ိုက်တယ်။
'...ဒါက မှန်ကန်နေသလိုပဲ...'
သူက အဆီအနှစ်တွေကို ဆက်လက်လောင်းထည့်နေရင်း ရှေးဟောင်းအကာအကွယ် က မူလအခြေအနေအတိုင်း ပြန်ရောက်သွားတာကို စောင့်ကြည့်နေခဲ့တယ်။
ယင်းနောက်မှာတော့ ဒါက နောက်ဆုံးမှာ မူလအတိုင်းပြန်ဖြစ်သွားခဲ့ပါပြီ။
ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ရဲ့ လက်တွေကို အကာအကွယ်ရဲ့ ရင်ဘတ်နေရာကနေ ပြန်ရုတ်လိုက်ကာ..အရိပ်အဆီအနှစ်တွေကို ခန္တာကိူယ်ထဲ ပြန်ထည့်သွင်းလိုက်တယ်။မှတ်သားမူက ကျောက်တုံးပုံစံ ပြန်လည် ပြောင်းလဲသွားတဲ့ အချိန်မှာတော့ သူ သိမ်းဆည်းလိုက်ပါတယ်။
ပြီးတဲ့နောက်မှာတော့ အချိန်ဖြုန်းမနေတော့ပဲ..ဆန်နီ ဝိဥာဥ် ပင်လယ်ထဲကို လိုက်ဝင်သွားခဲ့တယ်။သူက အရိပ် အမြုတေ နှစ်ခု ကြားထဲမှာ ရပ်ပြီး မှတ်သားမူကို ထုတ်ကြည့်လ်ိုက်ပါတယ်။
ရှေးဟောင်း အကာအကွယ်ရဲ့ အရိပ်က ဂြိုလ်လုံးထဲကနေ ထွက်ပေါ်လာတာနဲ့..သူက ပတ်ဝန်းကျင်က အချက်အလက်တွေကို ဖတ်ကြည့်လိုက်တယ်။
'လုပ်စမ်းပါ..ကောင်းတယ်...ကောင်းတယ်။ငါက ဒီအချိန်ကို စောင့်နေတာ အတော်ကြာပြီ..'
သူက ပထမစာတန်း ကို ဖတ်လိုက်တယ်။
မှတ်သားမူ : [ မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော် ]
'ဝိုး..နားထောင်ရ ကောင်းသားပဲ..။ဒါပေမဲ့ မြေအောက်ကမ္ဘာလား..။ဒီ စကားလုံး ထပ်ပြီးတော့လား...'
သူတော်စင်ရဲ့ စွမ်းရည်တွေထဲက တစ်ခုကိုလည်း [ မြေအောက်ကမ္ဘာ လက်နက် ] လို့ ခေါ်ပါတယ်။သူမရဲ့ ကိုယ်ပိုင်စာသားတွေမှာတော့ သက်ရှိ ရုပ်ထုတွေကို ဖန်တီးထားတဲ့ သူဟာ အမှောင်နယ်မြေရဲ့ လှိုဏ်ဂူငယ် တွေမှာ နေထိုင်တဲ့သူ ၊ ဒါမှမဟုတ် "အမည်အသိ" ရဲ့ နောက်ဆုံး သားတော်လို့ ဖော်ပြထားခဲ့ပါတယ်။
'ကျောက်တုံးသူတောင်စင် က မြေအောက်ကမ္ဘာရဲ့ အုပ်ချုပ်သူ ဒါမှမဟုတ် တစ်ခုခုက ဖန်တီးထားတာ လား...'
ဆန်နီ အနည်းငယ် တုန်ရီသွားခဲ့ပြီး..အနက်ရောင် အကာအကွယ်ကို သုန်မုန်စွာကြည့်လိုက်တယ်။
ကောင်းပြီ..တကယ်လို့ သူမကို ဖန်တီးတဲ့ သူက
ဒဲလ်မွန် ခုနှစ်ပါး ထဲက တစ်ပါး ၊ ပြီးတော့ ဝီဗာ ရဲ့ ဆွေမျိုး ၊ ကံကြမ္မာရဲ့ နတ်ဆ်ိုး ဆိုရင်တော့ မြေအောက်ကမ္ဘာက်ို အုပ်ချင်နိုင်တာက မေးခွန်းထုတ်စရာ မလိုတော့ဘူး..။
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး မှတ်သားမူ တွေကို ဖတ်လိုက်တယ်။
မှတ်သားမူ အဆင့် : တက်ရောက်မူ
မှတ်သားမူ သတ်မှတ်ချက် : VI
မှတ်သားမူ အမျိုးအစား : အကာအကွယ်
မှတ်သားမူ ဖော်ပြချက် : [ အနက်ရောင် ကောင်းကင် များ၏ နတ်သမီးကို နောက်တစ်ကြိမ် ထပ်ပြီး မမြင်တွေ့ရစေရန် ကတိပေးခဲ့သော..မာနထောင်လွှားနေသည့် နတ်ဆိုးသည် တောင်တန်းများ၏ အောက်ရှိ အမှောင်ထု ထဲသို့ ဆုတ်ခွာသွားခဲ့သည်။သူက နတ်ဘုရားများ ဆီကို စစ်တပ်ခေါ်ဆောင် သွားသည့် ပထမဆုံး သူတစ်ယောက် မဟူတ်ပေ။သို့သော်လည်းနတ်ဘုရားများကို သွေးစွန်းစေခဲ့ပြီး..သူ၏ ကိုယ်ပိုင်လျိုဝှက်ချက်များကို သိရှိခဲ့သည့် ပထမဆုံး တစ်ယောက်ဖြစ်သည် ]
'ဟင်...နတ်ဘုရားတွေဆီကို စစ်ချီတာလား..'
ဆရာဂျူလီယက် ပြောပုံအရဆိုရင် ဒဲလ်မွန်တွေရဲ့ စွမ်းအားဟာ ကောင်းကင်ဘုံကို တောင် စစ်ခင်းနိုင်စွမ်းရှိကြပါတယ်။ဆန်နီ က ဒါကို စကားမဖြစ်သာ ပြောတယ်လို့ ထင်ထားခဲ့တာပါ။ကြည့်ရတာတော့ ဒီလို မဟုတ်တော့တဲ့ ပုံပါပဲ..။ဖြစ်န်ိုင်တာက သူတို့ထဲက တစ်ချို့က တကယ်ပဲ ကြိုးစားခဲ့ကြပုံ ရပါတယ်။
ပြီးတော့ ..သွေးရဲ့ လျို့ဝှက်ချက် ဆိုတာကရော ဘာလဲ...
'အာ..မေးခွန်းတွေ အများကြီး..ခါတိုင်းလိုပဲ.."
ဆန်နီ ခေါင်းခါယမ်းလ်ိုက်ပြီး ဖော်ပြချက်ကနေ ရွေ့လျားက ဆက်ဖတ်လိုက်တယ်။
မှတ်သားမူ တိုးမြင့်ချက်များ : [ သက်ရှိကျောက်တုံး ] [ အမှန်တရား ငှက်တောင် ] [ အားထားရသူ ] [ မြေအောက်ကမ္ဘာ လက်နက် ] [ မြေအောက်ကမ္ဘာရဲ့ မင်းသား ]
ဆန်နီဟာ တိုးမြင့်ချက်တွေကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက်မှာ နှလုံးခုန်သံ မြန်လာခဲ့တယ်။
' မဖြစ်နိုင်တာ..'
[ သက်ရှိကျောက်တုံး ] ဖော်ပြချက် : "ဤအကာအကွယ်သည် ဝတ်ဆင်ထားရင်းပင် ပြန်လည်ပြန်ဆင်နိုင်သည် "
[ အမှန်တရား ငှက်တောင် ] ဖော်ပြချက် : " အကာကအကွယ်၏ အလေးချိန်က စိတ်ဆန္ဒနှင့် ပြောင်းလဲနိုင်သည် "
[ အားထားရသူ ] ဖော်ပြချက် : "ဤအကာအကွယ်က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူများကို အမြင့်ဆုံးကာကွယ်ပေးသည်။ဒြပ်ဝတ္တုဖြင့်တိုက်ခိုက်မူ များကို မြင့်မားစွာ ကာကွယ်ပေးသည်။စိတ်နှင့် ဝိဥာဥ် တိုက်ခိုက်မူ များကို အလယ်အလတ်ကာကွယ်ပေးသည် "
[ မြေအောက်ကမ္ဘာ လက်နက် ] ဖော်ပြချက် : "ဤအကာအကွယ်သည် အဆောင်တစ်ခုကို လက်ခံပေးနိုင်ပြီး ..သူ့ရဲ့ တိုးမြင့်မူများကို မြင့်တင်ပေးနိုင်သည် "
[ မြေအောက်ကမ္ဘာရဲ့ မင်းသား ] ဖော်ပြချက် : " ဤ အကာအကွယ်သည် ပိုင်ရှင် အနိုင်ရသည့် ရန်သူများ၏ အရေအတွက် အလိုက် အားကောင်းလာနိုင်သည် "
နိမ်နင်းခံရသော ရန်သူများ : [ 1213 / 6000 ]
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။
မြေအောက်မှာ ရှိနေတဲ့ သူ့ရဲ့ အနက်ရောင် အခန်းလေးက အတော်ကြာအောက် ငြိမ်သက်နေခဲ့ပါတယ်။
အတော်ကြာပြီးကာမှ..သူက အနည်းငယ် လှုပ်လာခဲ့ပြီး တီးတိုးရေရွတ်လိုက်တယ်။
"ကောင်းပြီလေ...ငါကတော့ သေပြီ.."