အသစ် စတင်မူ
Vol. 26 Ch. 378
ဆန်နီဟာ အမှောင်ထဲမှာ အချိန်အတော်ကြာအောင်ထိုင်ပြီး တွေးတော နေခဲ့တယ်။အစကတော့ သူက မဟူရာ အကာအကွယ်ကို ချက်ချင်း ဝတ်ဆင်ချင်ခဲ့တယ်..။သို့ပေမယ့် ဒီအကြံအစည်ကို ချက်ချင်း ပယ်ဖျက် လိုက်ပါတယ်။ဒီအတွက် နောက်ပိုင်းမှာ အချိန်ရှိဦးမှာပါ..အခု အတွက်တော့ သူ အတော်လေး ပင်ပန်းနေပါပြီ။တက်ကြွလန်းဆန်းစေတဲ့ ဆေးရဲ့ သက်ရောက် နိုင်စွမ်းတွေက..ပျက်ပြယ်လာခဲ့ပြီး..သူကိုယ်တ်ိုင်ကလည်း အရိပ် အဆီအနှစ် တွေအများကြီး အသုံးပြုခဲ့ပါတယ်။
သ်ို့ပေမယ့်..သူက မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော် အကြောင်း တစ်ချို့အရာတွေကို မှတ်သားထားခဲ့တယ်။
သူ သတိထားမိတဲ့ ပထဆုံး အချက်က ဒါက သူတော်စင်ရဲ့ တိုးမြင့်မူ နှစ်ခုနဲ့ ယှဥ်တူနေတာပါပဲ..။သို့ပေမယ့် မဟူရာ အကာအကွယ် နဲ့ သူတော်စင် ပိုင်ဆိုင်ထားတဲ့ [ အားထားရသူ ] ၊ [ မြေအောက်ကမ္ဘာလက်နက် ] တွေမှာ နူးညံ့ပေမယ့် အရေးကြီးတဲ့ ကွဲပြားမူ တွေ ရှိနေခဲ့တယ်။
မှတ်သားမူ ဟာ..ရုပ်ပိုင်းဆ်ိုင်ရာ နဲ့ ဒြပ်ဝတ္တု တွေရဲ့ တိုက်ခိုက်မူ တွေကို ကောင်းမွန်စွာ ကာကွယ်နိုင်ပေမယ့် .စိတ် နဲ့ ဝိဥာဥ် တ်ိုက်ခိုက်မူတွေကိုတော့ အပြည့်အဝ ကာကွယ်နိုင်စွမ်း မရှိပါဘူး..။ဒီလို ရှားပါးပြီး ကြောက်လန့်ဖို့ကောင်းတဲ့ ထိခိုက်မူတွေကိုတော့ အလယ်အလတ် လောက်သာ ကာကွယ်နိုင်ပါတယ်။ယေဘုယျ အားဖြင့် ဒါက အားသာမူ အကျိုးကျေးဇူးတစ်ခု ဆိုရင်လည်း မမှားပါဘူး..။အိပ်မက်ဆိုး သတ္တဝါ အများစုက နိုးထသူ တွေကို ဖျက်ဆီးဖို့ တူညီတဲ့ နည်းလမ်းတွေကို အသုံးပြုကြတာ မို့လို့ပါ။
...မသုံးရင်လည်း မသုံးဘူးပေါ့။
သို့ပေမယ့် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်က [ မြေအောက်ကမ္ဘာ လက်နက် ] ထဲမှာ ဖုံးကွယ်ထားခဲ့တယ်။သူတော်စင်ရဲ့ ချပ်ဝတ်က အဆောင် မှတ်သားမူ တစ်ခုကို လက်ခံနိုင်တဲ့ အချိန်မှာ..မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော်က..လက်ခံတာရော ၊ တိုးမြင့်တာရော တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပါတယ်။ဆန်နီဟာ သူ့ရဲ့ မှဆ်သားမူ အသစ်ရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ မစောင့်နိုင်တော့ပါဘူး။
အဲ့အချိန်မှာတော့ [ သက်ရှိ ကျောက်တုံး ] နဲ့ [ အမှန်တရား ငှက်တောင် ] တို့က အတော်လေး သိသာနေခဲ့တယ်။ဒီနှစ်ခုကို တိုက်ပွဲမှာ အသုံးပြုဖို့ အတွက် သူ နည်းလမ်းတွေကို မြင်ထားပြီးပါပြီ။အားနည်းချက်ကသူတို့ နှစ်ခုလုံးက ဖြတ်လတ်တဲ့ တိုးမြင့်မူတွေဖြစ်ပြီး အသက်သွင်းဖို့အတွက်ဆိူရင် အဆီအနှစ်တွေ အဆက်မပြတ် စီးဆင်းနေဖို့လိုအပ်ပါတယ်။ပိုဆိုးတာက..ဒီအကာအကွယ်က ပထမ တစ်ခုကို အသက်မသွင်းပဲ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
သိူ့ပေမယ့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တိုးမြင့်မူကသံသယမရှိစွာပဲ...[ မြေအောက်ကမ္ဘာရဲ့ မငိးသား ] ပါ။
' တိုးပွားလာတဲ့ မှတ်သားမူ '
ထူးဆန်းပြီး ဆန်းကျယ်တဲ့ တိုးမြင့်မူကို စဥ်းစားရင်း ၊ ဆန်နီ အကူအညီ မဲ့စွာပဲ..ရဲတိုက်ရဲ့ပထမအရှင်သခင်ကို တွေးတောလိုက်မိတယ်။သူက မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော်ကို ပထမဆုံးပိုင်ဆိုင်တဲ့သူပါ။
သူ ဒီဟာကို တွေ့တဲ့ အချိန်မှာ မဟူရာ အကာအကွယ်က ဘယ်သတ်မှတ်ချက် နဲ့ အဆင့်မှာ ရှိနေခဲ့တာလဲ..။ရန်သူတွေ ဘယ်လောက်တောင် သူ့ရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့တာလဲ..။သူ့ရဲ့ ဒဏ္ဍာရီလာ အောင်မြင်မူတွေရဲ့ အကြောင်းပြချက်တွေထဲက တစ်ခုက..မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော်လား..။
အချိန်အတော်ကြာတဲ့အထိ ဆန်နီဟာ သတ်မှတ်ချက် ၆ နဲ့ တက်ရောက်မူအဆင့် မှတ်သားမူက အနက်ရောင်မြို့တော်က လူသားတွေရဲ့ လက်ထဲကို ဘယ်လိုရောက်လာတာလဲ ဆိုတာကို တွေးတောနေခဲ့တယ်။ဒါက ကျရှုံးမူအဆင့် တယ်ရာကို သတ်ပြီး ရလာခဲ့တာလား...။အခုတော့ ဖြစ်နိုင်ချေ တွေ အများကြီး ရှိနေပါသေးတယ်။
သို့ပေမယ့် ဒီမေးခွန်းတွေအားလုံးအတွက် အဖြေမရှိသေးပဲ ကျန်နေရဦးမှာပါ။စိတ်မကောင်းစရာပဲ...
ပထမအရှင် နဲ့ သူ့ရဲ့ အပေါင်းအပါတွေက..ဒီအဖြေကို သူတို့နဲ့အတူ အုတ်ဂူထဲကို ယူသွားကြပါပြီ။
ဟောလိုး တောင်တန်းမှာရှိနေတဲ့ အထိီးကျန်နေတဲ့ အလောင်းကို ပြန်တွေးမိတဲ့ အချိန်မှာတော့..ဆန်နီ သက်ပြင်းချလိုက်တယ်။ယင်းနောက် သူ့အတွေးတွေက တစ်ခြား တစ်ခုဆီကို ရောက်သွားခဲ့ပါတယ်။
'အနက်ရောင် ကောင်းကင်ရဲ့ နတ်သမီးက..မုန်တိုင်း နတ်ဘုရား လား...'
ဆရာ ဂျူလီယက် ပြောပြပုံ အရဆိုရင်တော့ မုန်တိုင်း နတ်ဘုရားက..နက်ရှိုင်းမူ ၊ သမုဒ္ဒရာတွေ ၊ အမှောင်ထုတွေ ၊ ကြယ်တွေ ၊ ခရီးသွားလာမူ ၊ လမ်းပြမူ နဲ့ ကပ်ဆိုးတွေရဲ့ နတ်ဘုရား အဖြစ်ဖော်ပြထားခဲ့တာပါ။နတ်ဘုရားတွေရဲ့..ဖို ၊ မ ကလည်း ပြောင််းလဲ ပြောဆိုနေတဲ့ အရာလို့ ပြောခဲ့ပါသေးတယ်။ကြယ်တွေ ၊ အမှောင်ထုတွေ နဲ့ မုန်တိုင်းတွေ ဆိုတာက..တစ်နည်းအားဖြင့်..အနက်ရောင် ကောင်းကင်နဲ့ ဆက်နွယ်နေတာပါပဲ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..မြေအောက်ကမ္ဘာရဲ့ ဝတ်လုံတော်က စာသား အချက်အလက်တွေကို ပြန် စဥ်းစားလိုက်တယ်။အမှန်ပဲ "အနက်ရောင် ကောင်းကင်တွေ " ဆိုတာ စာသားကို မုန်တိုင်းတိမ်တွေ နဲ့ ဖုံးလွှမ်းနေတဲ့ ကောင်းကင် ဒါမှမဟုတ် ညကောင်းကင် လို့ ဘာသာ ပြန်လို့ လည်း ရပါတယ်။
' စိတ်ဝင်စားစရာပဲ...'
စာသားတွေကို ဘာသာပြန်တာက သူ့ကို တစ်ခုခုကိုသတိရစေခဲ့တယ်။သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ဖွင့်ကြည့်လိုက်တဲ့ အချိနိမှာတော့..ဆန်နီဟာ ကိုင် နဲ့ အယ်ဖီ တို့နဲ့ စကားပြောတုန်းက မှတ်သားခဲ့တဲ့ မှတ်စုကို ပြန်တွေ့လိုက်ရတယ်။
အဲဲဒီမှာတော့ သူတို့ရဲ့ အစစ်အမှန်နာမည်ကို ရူးနစ် ဘာသာစကားနဲ့ ရေးသားထားခဲ့ပါတယ်။
'နိက်တင်ဂေး '
ကိုင်ရဲ့ အစစ်အမှန်နာမည်က နားလည်ဖို့အတွက် အတော်လေးကို လွယ်ကူပေမယ့်..အခိုက်အတန့်က ဒါက ဖန်တီးနိုင်စွမ်းရှိစွာ အဓိပ္ပါယ်ဖွင့်ထားခဲ့ပါတယ်။အိပ်မက်ကမ္ဘာထဲမှာ အမှန်တကယ်ပဲ နိုက်တင်ဂေး ငှက်တွေ ရှိကြတာလား ဆိုတာကို ဆန်နီ မသိပေမယ့်လည်း..စာသားအရဆိုရင်တော့ ငှက်တစ်ကောင်နဲ့ အတော်လေးကို ဆင်တူတာပါ။စာသားကို ပြန်ဆိုရမယ် ဆိုရင်...သူတို့က..ညကောင်းကင်ရဲ့ လှပစွာ တေးသီဆိုမူ လို့ အဓိပ္ပါယ်ရပါတယ်။ဒါက ညဘက်၏ ဆွဲဆောင်မူရှိသော ခမာယာရှင် ဒါမှမဟုတ် ရိုးရှင်းစွာပဲ.. ညဘက်သီချင်းဆို တဲ့ ငှက်တစ်ကောင် ပါ။
ခမာယာရှင် = ဂရိဒဏ္ဍာရီလာများရှိ မိန်းမကိုယ်လုံး ငှက်ဦးခေါင်း ရှိသည့် ရေသတ္တဝါ ။
'ဟင်...'
အယ်ဖီ ရဲ့ အစစ်အမှန်နာမည်က ပိုမို တည့်တိုးဆန်ပေမယ့် ပြီးပြီး ကြောက်ဖို့ကောင်းပါတယ်။ဝံပုလွေ စောင့်ရှောက်သူ ဆိုတာက..ဒီလိုပဲ ဆ်ိုလိုတာဖြစ်ပေမယ့်..သေချာ တည့်တည့်ပြန်ဆ်ိုရင်တော့ မတူညီတဲ့ အဓိပ္ပါယ်ထွက်မှာပါ။
ဝံပုလွေ များမှ မွေးဖွားသူ ဒါမှမဟုတ် အသက်ရှင်လျက် စားသုံးခံရရင်း မွေးဖွားလာသူ ..။
ဆန်နီ ကြက်သီးထသွားခဲ့ပြီး ဆက်သွယ်ရေးစက်ကို ပိတ်ကာ..မျက်လုံးတွေကို စက္ကန့်အနည်းငယ်လောက် မှိတ်ထားခဲ့တယ်။
သူ လုပ်နိုင်တဲ့ နောက်ထပ် တစ်ခု ရှိပါသေးတယ်။
သူက ဝီဗာရဲ့ မျက်နှာဖုံးမှာ ပါဝင်တဲ့ စာသားတွေကို ထုတ်ဖော်လိုက်ပြီး ဖတ်လိုက်တယ်။
မှတ်သားမူ တိုးမြင့်ချက်များ : [ အလိမ်အညာများ၏ မျက်နှာဖုံး ] [ ??? ] [ ရိုးရှင်းသော လှည့်စားမူ ]
အခု သူက နိုးထသူတစ်ယောက် ဖြစ်လာပြီဆိုတော့ မေးခွန်းပုံစံ သုံးခုနဲ့ ဖော်ပြထားတဲ့ ဆန်းကျယ်တဲ့ တိုးမြင့်မူကို အသက်သွင်းလို့ ရလောက်ပါပြီ။သူ့ရဲ့ အဆီအနှစ်တွေအားလုံးက..ဒီအရာကို အသက်သွင်းဖို့အတွက် စက္ကန့်အပိုင်းအခြားလောက်ပဲ လုံလောက်နိုင်တယ် ဆိုရင်တောင် သူလုပ်လို့ရပါတယ်။
..သို့ပေမယ့် သူ မလုပ်ခဲ့ပေ..။
ဆန်နီ ဒီ တ်ိုးမြင့်မူအကြောင်းကို ဘာမှမသိပေ..။သို့ပေမယ့် မျက်နှာဖုံး ရက်လုပ်မူတွေရဲ့ ကျယ်ပြန့်ပြီး မယုံနိုင်စရာ ကောင်းတဲ့ ပုံစံခွက်တွေအရ ဒါက မျက်လုံးတွေ ၊ အမြင်အာရုံ တွေ ၊ မြင်ကွင်းတွေနဲ့ တစ်နည်းနည်း ဆက်စပ်နေနိုင်တယ် ဆိုတာကို သူ ခံစားမိပါတယ်။
သူခိုးငှက်က ကျိန်စာသင့် နတ်ဆိုးလား ဆိုတာကိုတောင် သူက သံသယဖြစ်မိပါသေးတယ်။ဒီအပြင်က သူက ဝီဗာရဲ့ မျက်လုံးထဲက အလင်းပြန်မူကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ရူးသွပ်သွားခဲ့တာပါ။သူ့ဆီမှာ တစ်ခြားတစ်ခုခု ဆင်တူတာ ဖြစ်ခဲ့သေးတာလား။
ဘာပဲဖြစ်ဖြစ်..လူသားတွေ ကြည့်ရူဖို့ မသင့်တော်တဲ့ အရာတွေ ကအများကြီးပါပဲ။
ကြည့်ရတာတော့ တစ်ချို့အမှန်တရားတွေကို နတ်ဘုရားတွေတောင် မြင်ရဖို့ ရုန်းကန်ကြရပုံပေါ်ပါတယ်။
'မဟုတ်ဘူး..အခု မဟုတ်သေးဘူး..'
ဆန်နီဟာ ဒီဟာနဲ့ပတ်သက်ပြီး စွန့်စားမိချင်ပေမယ့် အခုချိန်မှာ ဒီလိုလုပ်တာက ဥာဏ်ပညာရှိရာ မရောက်ပါဘူး။သူက အလန့်အကြားဖြစ်ပြီး သတ်ိလစ်သွားရင် ဘယ်လိုလုပ်မလဲ။ဒါက သူ့ကို အိပ်မက်ကမ္ဘာထဲက ကြုံရာ နေရာတစ်ခုကို ခေါ်ဆောင်သွားတော့မှာပါ။သူ့ရဲ့ ကံတရားကို သိနေတာကြောင့်..အဲ့နေရာက စိတ်ကူးယဥ်ကြည့်လို့ မရအောင် ကြောက်ဖို့ကောင်းနေမှာ ပြောစရာ မလိုပါဘူး။
သက်ပြင်းတစ်ချက်ချပြီး..သူက စာသားတွေကို ဖယ်ရှားကာ..နောက်ထပ်..လန်းဆန်းတက်ကြွစေတဲ့
ပလာစတာ တစ်ခုကို ထုတ်ယူလိုက်တယ်။
'တစ်ခြားတစ်ရက်..ငါ ပိုပြီး အားကောင်းလာတဲ့ အချိန်ကျရင်...'
ဒီလိုပြောပြီးတာနဲ့ သူက ပလာစတာ အဟောင်းကို ခွာလိုက်ပြီး အသစ်တစ်ခု နဲ့ အစားထိုးလိုက်တယ်။
'ငါ သိထားသမျှ အရာအားလုံးကို စုပေါင်းပြီး နောက်ဆုံး ဆုံးဖြတ်ရမယ့် အချိန်ကို ရောက်ပြီ..။ငါ ဘာကို ရွေးချယ်သင့်လဲ..။တည်ငြိမ်မူလား ဒါမှမဟုတ် အန္တရာယ်ကိုလား...။
လုံခြုံတဲ့ လမ်းကိုလား...ဒါမှမဟုတ် ..ဘာမှန်းမသိရတဲ့ လမ်းကိုလား..။
***
နှစ်ရက်ကြာပြီးနောက်မှာတော့ ၊ ဆန်နီဟာ ဆေးရုံအဆောက်အဦးရဲ့ ဝင်ပေါက် ဆန့်ကျင်ဘက်မှာ ရှိတဲ့ ခုံတန်းရှည် တစ်ခုပေါ်မှာ ထိုင်နေခဲ့တယ်။ခါးသက်တဲ့ အနက်ရောင် ကော်ဖီခွက် တစ်ခွက်ကတော့ သူ့လက်ထဲမှာ ရှိနေခဲ့ပါတယ်။သူ့ရဲ့ နောက်ထပ်လက်တစ်ဖက်မှာတော့ ဆက်သွယ်ရေး စက်ကို ကိုင်ထားခဲ့တယ်။
ဆိုးဝါးတဲ့ ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး..ဆန်နီ မျက်နှာရှုံ့တွသွားကာ..ခနလောက် စဥ်းစားနေပြီးမှ သက်ပြင်းချလိုက်ပါတယ်။
နောက်ဆုံးတော့..မာစတာဂျက် ကို ခေါ်ဆိုမယ့် နံပါတ် ခလုတ်ကို နိပ်လိုက်တယ်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူမ ပြန်ဖြေလာခဲ့ပါတယ်။သူမရဲ့ အသံက အနည်းငယ် တင်းမာနေပြီး..နောက်ခံမှာလည်း ထူးဆန်းတဲ့ မပီမသ စကားသံတွေ ရေနှောနေခဲ့ပါသေးတယ်။
"အာ..နိုးထသူ ဆန်းလပ်စ်။ဘာ..ခနလေး..ငါ့ကို ခနလောက် အချိန်ပေးပါဦး.."
တစ်ခုခုက ကြမ်းတမ်းစွာ အသံထွက်ပေါ် ပြီးတဲ့ နောက်မှာတော့..နောက်ခံအသံတွေက ပျောက်ကွယ်သွားခဲ့တယ်။
"ပိုကောင်းသွားပြီ..။ဒီတော့..နင်ဆုံးဖြတ်ပြီးပြီလား.."
ဆန်နီ ကော်ဖီကို နောက်တစ်ငုံသောက်ပြီး ပြောလိုက်တယ်။
"ဟုတ်တယ်.."
သူက ခနလောက် တွေဝေပြီးကာမှ ထပ်ပြောလိုက်တယ်။
"ဆက်ခံသူ ကလန် တွေ ဒါမှမဟုတ် အစိုးရ နဲ့ ပူးပေါင်းမူ မျိုးကို ကျွန်တော် မလုပ်တော့ဘူး။ကောင်းမွန်တဲ့ အပေးအယူဖြစ်လာအောင် လုံလောက်တဲ့ အချက်အလက်တွေ ၊ အချိန်တွေ ကျွန်တော်မှာ ရှိမနေသေးဘူးလေ..။ထပ်ပြောရရင် ကျွန်တော်က အခုချိန်မှာ တစ်ကိုယ်တော် နေမယ်ဆိုရင် အနာဂတ်မှာ ဒီရွေးချယ်မူတွေက ဆက်ပြီး ရှိနေဦးမှာပဲ..။အပြန်အလှန်အနေနဲ့..အခုချိန်မှာ ရွေးချယ်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ လွတ်လပ်မူကို ပြန်ရနိုင်မလားဆိုတာ မသေချာဘူးလေ..။ဘာပဲဖြစ်ဖြစ် ဒါက လေးနက်တဲ့ ကိစ္စ တစ်ခုပဲ..။အိပ်ရေးပျက်ပြီး စတီမြူလန့် တွေ သုံးစွဲနေရတဲ့ အချိန်..ရက်ပိုင်းလေး အတွင်းမှာ ဆုံးဖြတ်ချက်ချလို့ရတဲ့ အရာမဟုတ်ဘူး.."
မာစတာ ဂျက်ဟာ ဗီဒိယို ခေါ်ဆိုမူ အဖြစ်ပြောင်းလဲလိုက်ပြီး ပြုံးလိုက်တယ်။ဒီအပြုံးက တောက်ပပြီး လှပနေပေမယ့်..ဆန်နီ အကူအညီမဲ့စွာပဲ သူမရဲ့ ညာဘက်ထောင့်နားမှာ တစ်ခုခုက ပြသနာတက်နေတာကို မြင်နေရပါတယ်။
"အဓိပ္ပါယ် ရှိတယ်။ဒီတော့..ဘယ် ခံတပ်လဲ.."
ဒါကမှ စစ်မှန်တဲ့ မေးခွန်းပါ။ဆန်နီက အခုချိန်မှာ လွတ်လပ်စွာနေဖို့ ရွေးချယ်ပြီး၊ အင်အားကြီး အဖွဲ့တွေနဲ့ နောက်ပိုင်းမှ ပူးပေါင်းဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တောင်..သူရွေးချယ်လိုက်တဲ့ ခံတပ်က..နောက်ပိုင်းမှာ ဘယ် အင်အားစု နဲ့ ဆက်သွယ်ရမလဲ ဆ်ိုတာကို ကန့်သတ်ထားပါလိမ့်မယ်။
သူ ခနလောက် တိတ်ဆိတ်နေပြီးကာမှ..
"ဗာလာ ကလန် ရဲ့ နယ်နိမိတ်.."
မာစတာ ဂျက် ခေါင်းညိမ့်လိုက်တယ်။
"ကျစ်လစ်တဲ့ ရွေးချယ်မူပဲ။ဘတ်ရှင် လား ။ဒါမှမဟုတ် ခံတပ်အသေးလား..."
ဆန်နီ ကော်ဖီ တစ်ချို့ကို ထပ်သောက်လိုက်ပြီးမှ သူ ရွေးချယ်ထားတဲ့ ခံတပ်ကို ဆက်သွယ်ရေး စက်ကနေ တဆင့် ပြောလိုက်တယ်။
ဂျက် ရဲ့ မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားခဲ့ပါတယ်။သူမ အတော်ကြာတဲ့ အထိဘာမှ မပြောခဲ့ပါဘူး..။ယင်းနောက် အနည်းငယ် အံ့ဩသင့်တဲ့ လေသံနဲ့ မေးလာခဲ့တယ်။
"မင်း..တကယ် သေချာရဲ့လား.."
သူ ခေါင်းညိမ့်လိုက်တယ်။
"ဟုတ်တယ်..ကျွန်တော် အကြာကြီးနဲ့ ခက်ခက်ခဲခဲ စဥ်းစားထားရတာ.."
မာစတာ ဂျက်ဟာ သူ့ကို ခနလောက် မျက်မှောင်ကျုတ် ကြည့်နေပြီးကာမှ ပုခုံးတွန့်လိုက်တယ်။
"ကောင်းပြီလေ..အိုကေ ဒါဆ်ိုလည်း။ဒါပေမဲ့ ...အင်း..ဒါကို စီစဥ်ဖို့ ရက်အနည်းငယ် ကြာလိမ့်ဦးမယ်..။ဒီနေရာက မြောက်ပိုင်းအဝေးကြီးမှာ ရှိနေတာ..။ပြီးတော့..အဲ့အပိုင်းမှာ သူတော်စင်လည်း အများကြီး ရှိနေတာ မဟုတ်ဘူး။ဒါပေမဲ့ ငါ နည်းလမ်းရှာပေးမယ်.."
ဆန်နီ ပြုံးလိုက်ပြီး..
"ကျေးဇူးပါ။ကျွန်တော် တကယ် အကြွေးတင်နေပြီ "
သူမက ပြန်ပြုံးပြလ်ိုက်ပြီး..သူ့ကို မျက်စိမှိတ်ပြလိုက်တယ်။
"ကိုယ့်စကားလုံးတွေကို ဂရုစိုက်နော် ဆန်းလပ်စ်။တစ်နေ့ကျရင် ငါက တောင်းဆိုစရာတစ်ခု နဲ့ နင့်ရဲ့ တံခါးကို လာခေါက်ပြီး အကူအညီတောင်းတဲ့ အချိန် ရောက်လာနိုင်တယ်.."
သူ ကော်ဖီ တစ်ငုံသောက်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်။
"သေချာတာပေါ့..။ပြသနာ မရှိဘူး။အိုး..ကျွန်တော်ကိုဆန်နီီ လို့ပဲ ခေါ်ပါ..ကျေးဇူးပြုပြီး။လူတိုင်း အဲလိုပဲ ခေါ်ကြတာ.."
မာစတာဂျက်ဟာ မျက်တောင် အနည်းငယ် ခတ်ပြီး ပြုံးလိုက်တယ်။
"ကောင်းပြီလေ.."
သူမက ကင်မရာကနေ တစ်ဖက်ကို လှည့်လိုက်ပြီး စခရင် အပြင်ဘက်က အခြေအနေကို တစ်ချက်ကြည့်လိုက်ကာ..ထပ်ပြောလိုက်တယ်။
"...ချိန်း ကျွန်းစု ပေါ့..ဟင်? ။ကံကောင်းပါစေ ဆန်နီ။အဲ့နေရာက တကယ့် ငရဲ လိုပဲလို့ ငါကြားဖူး ထားတယ်.."