← Chapters

ချိန်း ကျွန်းစု

Vol. 26 Ch. 379

ချိန်း ကျွန်းစု

Vol. 26 Ch. 379

ကျယ်ပြန့်သော ဟင်းလင်းပြင် အမှောင်ထုထဲမှာတော့..နဂါးငွေ့တန်း ကြယ်ပွင့်များက နူးညံ့သိမ်မွေ့တဲ့ အလင်းရောင် တွေနဲ့ တဖျတ်ဖျတ် တောက်ပနေခဲ့တယ်။ညဘက် ကောင်းကင်ယံ ရဲ့ မြင်ကွင်းဟာ အဆုံးမရှိ ကျယ်​ဝန်းပြီး ..လှပမူ ၊ ဆန်းကျယ်မူ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

သူ့ရဲ့ အထက်မှာတော့ နောက်ထပ် ကောင်းကင်တစ်ခု ရှိနေခဲ့တယ်။ဒီတစ်ခုက အပြာရောင်ဖြစ်ပြီး တောက်ပနေခဲ့တယ်..။နေရောင်ခြည်တွေနဲ့ ပြည့်နှက်ပြီး နူးညံ့တဲ့ လေထုက တိုက်ခတ်နေခဲ့ပါတယ်။အဖြူရောင် တိမ်တိုက်တွေက..ဒီအရာကို ဖြတ်သန်း စီးဆင်းနေကြပြီ..သူတို့ရဲ့ လှုပ်ရှားမူ ၊ ပုံသဏ္ဍာန်တွေနဲ့အတူ ဇာတ်လမ်းတွေကို ပြောပြနေခဲ့တယ်။

တောက်ပတဲ့ ကောင်းကင်နဲ့ အနက်ရောင် ကောင်းကင် ကြားထဲမှာတော့..ကျွန်းတစ်ကျွန်းဟာ လေထဲမှာ လွင့်မျှောနေခဲ့တယ်။ဒီကျွန်းကို လွတ်လပ်စွာ လွင့်မျှောနေတဲ့ ကျောက်အစိုင်အခဲတွေ ..ရှေးဟောင်း အကြွင်းအကျန် တွေက..ဝန်းရံထားပြီး..သူ့ရဲ့ မျက်နှာပြင်ပေါ်မှာတော့..နူးညံ့တဲ့ နေရောင်ခြည် အလင်းတန်းများ ဖြာထွက်နေခဲ့တယ်။နေရောင်ခြည်အောက်ဘက်ထိ ရောက်မလာနိုင်အောင်..အောက်ဘက်ကအမှောင်ထုက တားဆီးထားခဲ့ပါသေးတယ်။

ကျွန်းမှ ဆွဲထားသော ကြီးမားတဲ့ သံကြိုးကြီးများဟာ..ကျွန်းက အပေါ်မှအောက် ဖြည်းညှင်းစွာ ရွေးလျားတိုင်း..မိုးခြိမ်းသံလို ဆူညံတဲ့ အသံကြီးတွေ ထွက်ပေါ်နေခဲ့ပါတယ်။

သံကြိုးတွေကနေ ထွက်ပေါ်လာတဲ့ အသံက..ဆန်နီရဲ့ အသံကို တောင် နစ်မြုပ်စေလုနီးပါးပါပဲ....။

လုနီးပါး...

"...အား ! ဒီကောင်...,ခွေးသား ! ချီးပဲ မင်း..ခရက် "

ဆန်နီ ဒီလောက်အထိ အသည်းအသန်း အော်ဟစ်နေရတာက ကောင်းမွန်းတဲ့ အကြောင်းပြချက် တစ်ခုရှိပါတယ်။အဲတာကတော့..သူက အသက်ရှင်လျက် စားသုံးခံရဖို့ စက္ကန့်အနည်းငယ်ပဲလိုတော့တာပါ။

ပျံသန်းနေတဲ့ ကျွန်းရဲ့ အစွန်းဘက် ၊ သစ်တောများရဲ့ကြားထဲ ကျဥ်းမြောင်းတဲ့ မျက်ခင်ပြင် လမ်းကြောင်းနားမှာတော့..ကြီးမားတဲ့ ဝံပုလွေပုံစံ သားရဲတစ်ကောင်ဟာ လတ်တလောမှာ လူသားတစ်ယောက်ကို ဝါးမြိုဖို့ ကြိုးစားနေခဲ့တယ်။

အိပ်မက်ဆိုးသတ္တဝါ ရဲ့ အရွယ်အစားက သေးငယ်တဲ့ ထရတ်ကား တစ်စီး စာလောက်ရှိပါတယ်။သူ့ရဲ့ အမွှေးအတောင် တွေက..သံမဏိ ဝိုင်ယာ လောက်ကို မာကျောပြီး..ရှည်လျား ကြောက်မက်ဖွယ်ကောင်းတဲ့..ပါးစပ်ကြီးတစ်ခု ရှိနေခဲ့တယ်။သူ့ရဲ့ မေးရိုးတွေက လူသားတစ်ယောက်ရဲ့ တစ်ဝက်လောကို ကိုက်ဖြတ်ဖို့အတွက် လုံလောက်အောင် ကြီးမားနေခဲ့ပြီး..အရိုးတွေ အကာအကွယ်တွေကို အမှုန့်ဖြစ်သွာစစေနိုင်လောက်တဲ့အထိ သန်မာပါတယ်။

လတ်တလောမှာတော့ ပါးစပ်ကြီးဟာ ဆန်နီရဲ့ အနားကို နီးကပ်ဖို့ ကြိုးစားနေခဲ့ပြီး..ဒီလိုအရာကို တားဆီးထားတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့လက်တွေပါပဲ..။ဆန်နီဟာ သူ့ရဲ့ အပေါ်ဘက် လက်တစ်ဖက် နဲ့ သတ္တဝါကြီးရဲ့ ပါးစပ် အပေါ်ဘက် ကို တွန်းထားပြီး ၊ နောက်ထပ် လက်တစ်ဖက်က..အောက်ဘက် မေးရိုးကို ကိုင်ထားကာ..၊ ပါးစပ်ကြီးကို ပွင့်နေစေဖို့ အစွမ်းကုန် ကြိုးစားနေခဲ့တယ်။

သူ့ရဲ့ ကြွက်သားတွေကတော့..ပေါက်ကွဲထွက်မတတ်တောင် ခံစားနေခဲ့ရပါပြီ။

သတ္တဝါကြီးကလည်း မုန်းစရာကောင်းတဲ့ လူသားကို တစ်ချက်တည်းနဲ့ ကိုက်ဖြတ်ဖို့ အသည်းအသန် ကြိုးစားနေခဲ့တယ်။သို့ပေမယ့် အချိန်တစ်ခနလောက် တစ်ယောက်ကို တစ်ယောက် ခွန်အားပိူင်း မတွန်းလှန်နိုင်ခဲ့ကြပါဘူး..။

သို့ပေမယ့် ဒါက အချိန်ကျလာ ရင်တော့ အဆုံးသတ်သွားမှာပါ။

ဆန်နီက သူ့ရဲ့ အဆီအနှစ်တွေကို ရုပ်ပိုင်းဆိုင်ရာ သန်မာ ဖို့အတွက် လောင်ကျွမ်းစေကာ အသုံးချနေရတာဖြစ်ပြီး..ဒီအရာတွေက အဆုံးမရှိတည်ရှိနေတဲ့ အရာတွေ မဟုတ်ပေ..။စွမ်းအင် အရင်းအမြစ်မှာ ကုန်ခမ်းသွားတဲ့ အချိန်ရောက်ရင်..သူက ဒီပြိုင်ပွဲကို ရှုံးနိမ့်သွားပါလိမ့်မယ်။

'မကောင်းတော့ဘူး..'

သူ ဒီနေရာကိုလာဖို့ ရွေးချယ်အပြီး နှစ်လခန့် ကြာသွားတဲ့နောက်..အခုချိန်မှာ..ဆန်နီဟာ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးလေးနက်နက်ကို သံသယဖြစ်နေမ်ိပါပြီ။

သူက ဘာလို့ ဒီတိုင်း ဘတ်ရှင် ကို မသွားလိုက်ရတာလဲ..။အခုချိန်လောက်ဆို သူက နံရံတွေရဲ့ နောက်ဘက်မှာ လုံခြုံပြီး အေးဆေးဖြစ်နေလောက်မှာပါ။ဖြစ်နိုင်တာက သူက မိန်းမလှလေး တစ်ယောက်ရဲ့ ပွေ့ဖက်...

သူ့ကို ပိုမ်ို နာကျင်စေဖို့ ကြိုးစားလာခဲ့တဲ့ အလား ၊ အိပ်မက်ဆိုး သတ္တဝါဟာ..ကျယ်လောင်စွာ အော်ဟစ်ပြီး..သူ့ကို ဝါးမြိုဖို့ နှစ်ဆကြိုးစားကာ သူ့အတွေးတွေကို ရပ်တန့်ပေးလိုက်တယ်။ဆန်နီဟာ အနံ့အသက် ဆိုးဝါးလှတဲ့ လေထုက သူ့ရဲ့ မျက်နှာပေါ်ကို ရိုက်ခတိလာတာကို ခံစားလိုက်ရတာကြောင့် မျက်နှာကို ရှုံ့မဲ့လိုက်တယ်။

'ကျေးဇူးပြုပြီး..သတိမလစ် သွားနဲ့...'

သူ့လက်တွေက တုန်ရီနေခဲ့တယ်။သတ္တဝါကြီးရဲ့ အစွယ်တွေက သူ့ရဲ့ အသားထဲကို နစ်ဝင်ဖို့ အတွက် နှစ်စင်တီမီတာလောက်ပဲ..လိုအပ်ပါတော့တယ်။ဆန်နီ အံကိုကြိတ်ထားရင်း ကနေ အော်ဟစ်လိုက်တယ်။

"သူတော်စင်..ဒီကို နည်းနည်းလောက် ကူညီပါဦး..ချီးပဲ.."

သို့ပေမယ့်..တိတ်ဆိတ်တဲ့ နတ်မိစ္ဆာကို ဘယ်နေရာမှာမှ မမြင်တွေ့ရပါဘူး..။သူမက သူနဲ့ မီတာ တစ်ရာကျော်လောက် အကွာအဝေးမှာ ရောက်နေပြီး..တောင်ကုန်းပေါ်မှာ..မတ်တတ်ရပ်နေခဲ့ ပါတယ်။

ဆန်နီ ညဥ်းညူလိုက်ပြီး..သတ္တဝါကြီးရဲ့ ပါးစပ်ကြီးကို တွန်းဖယ်ဖို့ ကြိုးစားလိုက်ပေမယ့် ဒါက အသုံးမဝင်ခဲ့ပေ..။ဒီ သောက်ကျိုးနဲ သတ္တဝါက အရမ်းကို သန်မာလွန်းနေခဲ့တာပါ။

သို့ပေမယ့် စက္ကန့်အနည်းငယ် အကြာမှာတော့ တစ်စုံတစ်ခုက သူ့ရဲ့ ပုခုံးကို ဖြတ်သန်းသွားခဲ့တယ်။ကြောက်မက်ဖွယ် အနက်ရောင်မြားနှစ်စင်းက..သားရဲရဲ့ တောက်ပနေတဲ့ မျက်လုံးတွေထဲကို ထိုးစိုက်ဝင်သွားခဲ့ပါတယ်။သူတိူ့က တစ်ပြိုင်နက်တည်း နီးပါးကို ရောက်လာခဲ့ကြတာပါ။

'ကျေးဇူးပါ '

ဝံပုလွေရဲ့ ခန္တာကိုယ် တုန်ခါသွားမူကို အသုံးချလ်ိုက်ပြီး ဆန်နီဟာ ပါးစပ်ကြီးကို ဘေးကို တွန်းဖယ်လိုက်ကာ ကျယ်လောက်တဲ့ အသံနဲ့အတူပဲ ပိတ်ခိုင်းလိုက်ပါတယ်။ယင်းနောက် အဆီးအနှစ်တွေကို အဆုံးစွန် အသုံးချပြီး..ရက်စက်စွာ ထိုးနှက်လိုက်တယ်။

အိပ်မက်ဆ်ိုး သတ္တဝါရဲ့ ကြီးမားတဲ့ ခန္တာကိူယ်ကြီးက နောက်ဘက်ကို ဆယ်မီတာလောက် လွင့်ပျံသွားပြီး ရှေးဟောင်း သစ်ပင်ကြီးတစ်ခုရဲ့ ပင်စည်နဲ့ တိုက်မိကာ..အစအနတွေ လွင့်စင်သွားစေခဲ့တယ်။

ဆန်နီ ဒူးထောက်လျက်သား ဖြစ်နေပြီး တုန်ရီစွာ အသက်ရူနေခဲ့ရပါတယ်။ယင်းနောက် သူအ လျင်အမြန် နောက်ကို ကြည့်လိုက်တယ်။

အဝေးတစ်နေရာမှာတော့..ကျတ်သရေရှိတဲ့ အနက်ရောင် အရိပ်တစ်ခုဟာ..တောက်ပတဲ့ ကောင်းကင်အောက်မှာ ရှိနေခဲ့တယ်။သူတော်စင်က သူမရဲ့လက်ထဲမှာ လေးကို ဆုပ်ကိုင်ထားခဲ့ပါတယ်။သူမရဲ့ ခေါင်းဆောင်းအောက်မှာ ပတ္တမြားရောင် မျက်လုံးနှစ်လုံး ရှိနေခဲ့ပြီး..ကြက်သွေးရောင် သန္တာကျောက်မျက် တစ်ခုက သူမရဲ့ ရင်အုပ်ချပ်ဝတ်ရဲ့ အလယ်မှာ ရှိနေခဲ့တယ်။

' ပစ်ချက်ကောင်းတယ်...'

သူမက သူ့ကို ထပ်ပြီး ကူညီနိုင်တော့မှာ မဟုတ်ပါဘူး။အနည်းဆုံးတော့ နောက်ထပ် စက္ကန့်အနည်းငယ် အထိပါ..။သူမက သားရဲအုပ်နဲ့ တိုက်ခိုက်ခဲ့တုန်းကမြားတွေ အားလုံး သုံးထားခဲ့တာကို ဆန်နီ သိထားအါတယ်။အခုတော့ ..သူမက ဒီမြားတွေကို ပြန်သိမ်းယူပြီး အသစ်ပြန်ထုတ်ဖော်ရဦးမှာပါ။

အနည်းဆုံးတော့..အခုချိန်မှာ ဝံပုလွေတွေရဲ့ ခေါင်းဆောင်က မျက်လုံးကန်းနေခဲ့ပါပြီ..။ဒီလိုဖြစ်နိုင်တယ်...။သ်ို့ပေမယ့် ဒီအကောင်က ရပ်တန့်သွားမယ်လို့ မဆိုလိုနိုင်ပေ..။

အိပ်မက်ဆိုးသတ္တဝါဟာ မြေကြီးပေါ် ပြန်ထလာပြီ ဖြစ်ပြီး..ပြင်းထန်စွာ အော်ဟစ်လိုက်တယ်။

' ချီးပဲ ..မင်း...'

ဆန်နီ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ပြီး သန်းခေါင်းယံ အမြုတေကို ကောက်ကိုင်လိုက်တယ်။ဓားဦးကတော့ အရင်အတိုင်း ချွန်ထက်ပြီး..သေစေနိုင်စွမ်း ရှိနေဆဲပါပဲ။

ပြသနာက..နောက်ဆုံးကျန်ရှိနေတဲ့ သတ္တဝါက သိသာစွာပဲ..ကျရှုံးမူအဆင့် ဖြစ်နေတာကြောင့်..အားထားရတဲ့ ဓားက..သူ့ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။

ဒါတောင်မှ ဆန်နီက သူ့မှာ ရှိနေတဲ့ အရာနဲ့ လုပ်ဆောင်ရဦးမှာပါ။

နေရောင်ခြည်ကို သူ့နောက်မှာ..ရှိတာ သေချာအောင် လုပ်ထားပြီးတဲ့ နောက်မှာတော့..သူက မတ်တတ်ထရပ်လိုက်ပြီး ဓားကို မှီနေခဲ့တယ်။ယင်းနောက် ကြီးမားတဲ့ သားရဲကြီးက သူ့ရဲ့ ရုပ်ဆိုးတဲ့ ဦးခေါင်းကိုမော့လာပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်တာကို ကြည့်နေခဲ့ပါတယ်။

ကြောက်မက်ဖွယ် ဝံပုလွေက ပါးစပ်ကို အနည်းငယ်နိမ့်လိုက်ပြီး သတ်ဖြတ်လိုတဲ့ အငွေ့အသက် တွေ နဲ့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။ချွဲပျစ်ပျစ် တံတွေးတွေက သူ့ရဲ့ ပါးစပ်ကနေ ပြုတ်ကျလာခဲ့ပြီး မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။ယင်းနောက် သူ့ရဲ့ သန်မာလှတဲ့ ခြေထောက်တွေကို အားပြုပြီး အိပ်မက်ဆ်ိုး သတ္တဝါဟာ ဆန်နီ ရှိရာကို တက်လာခဲ့တယ်။

သူတို့နှစ်ယောက်ကြားထဲက အကွာအဝေးက ရုတ်ချည်း ဆိုသလို နီးကပ်လာခဲ့တယ်။သားရဲ ရဲ့ ပါးစပ်တွေက သေးငယ်တဲ့ လူသားလေး ဆီကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။ယင်းနောက် ဘာမှ မရှိတဲ့ အရာကို သာ ကိုက်လိုက်မိတယ်။

အစောက ဆန်နီ မတ်တတ်ရပ်နေတဲ့ နေရာမှာတော့ ဘာမှ ရှိမနေတော့ပဲ..လေထု ၊ အလင်းရောင်နဲ့ အရိပ်တွေသာ ရှိနေခဲ့တယ်။

ဆန်နီကတော့ အိပ်မက်ဆိုး သတ္တဝါရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီ..သူ့ရဲ့ ခြေထောက်တွေကြားထဲကို တိုးဝင်လိုက်ကာ သန်းခေါင်းယံ အမြုတေနဲ့ ထိုးလိုက်ပါတယ်။ဓားက ကြောက်မက်ဖွယ် သားရဲ ရဲ့ နူးညံ့တဲ့ ဝမ်းဗိုက်အတွင်းကို တ်ိုးဝင်သွားခဲ့တယ်။ဓားဦးက အဖြူရောင် အရည်ပြားထဲကို ပြသနာ မရှိပဲ ထိုးဖောက် ဝင်နိုင်ခဲ့ပြီး ..သတ္တဝါကြီးရဲ့ အသားထဲကို နစ်မြုပ်သွားခဲ့တယ်။

သွေးတွေက မြေကြီးပေါ်ကို ဒလဟော စီးဆင်းလာခဲ့ပြီး နောက်မှာတော့..သတ္တဝါဟာ တုန်ခါပြီး လဲကျသွားခဲ့ပါတယ်..။တိုးညှင်းတဲ့ ညဥ်းတွားသံ တစ်ခုက သူ့ ပါးစပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

မကြာခင်မှာတော့ ဒါတွေအားလုံး ပြီးဆုံးသွားခဲ့ပါပြီ။

ဆန်နီဟာ ​လုံးဝ မောပန်းသွားခဲ့ပြီး မြေကြီးပေါ်ကို လဲကျသွားခဲ့တယ်။သူက အသက်ကို အမောတကော ရူနေခဲ့ပြီး..တိတ်ဆိတ်မူကို နားထောင်နေခဲ့ပါတယ်။မကြာခင်မှာပဲ..အခိုက်အတန့်ရဲ့ ချိုသာ တဲ့ အသံလေးကို ကြားလိုက်ရတယ်။

[ သင်က ကျရှုံးမူအဆင့် မွန်းစတား , ထိပ်လန့်မူ ဝံပုလွေ ကို သတ်လိုက်ပါပြီ ]

[ သင့်အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

All Chapters